ကြားသိရသမျှ

CDM ကျောင်းဆရာ ရဲဘော်ဇော်လင်းထွန်းနှင့် သူနာပြု ဒုတိယနှစ်ကျောင်းသူ ရဲဘော် အဲလစ္စဘက်တို့ ကျဆုံး

ကရင်နီပြည်နယ်တွင် CDM ကျောင်းဆရာ ရဲဘော်ဇော်လင်းထွန်းနှင့် သူနာပြု ဒုတိယနှစ်ကျောင်းသူ ရဲဘော် အဲလစ္စဘက်တို့ ကျဆုံး ရန်ကုန်၊ မတ် ၁၀ ကရင်နီပြည်နယ်တွင် CDM ကျောင်းဆရာ ရဲဘော်ဇော်လင်းထွန်းနှင့် သူနာပြု ဒုတိယနှစ်ကျောင်းသူ ရဲဘော် အဲလစ္စဘက်တို့ အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုများကြောင့် မတ်လ ၉ ရက်နေ့တွင် ကျဆုံးသွားကြောင်း သိရှိရသည်။ ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် သေးလေးဆူ တိုက်ပွဲ ၌ Karenni Generation Z တပ်ဖွဲ့မှ CDM ​ကျောင်းဆရာ ရဲဘော် ဇော်လင်းထွန်း ကျဆုံးခဲ့ရကြောင်း ၊ စစ်ကောင်စီဘက်မှ စနိုက်ပါကြောင့် ထိမှန်၍ ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။ အသက် (၂၄)နှစ်အရွယ် ကျဆုံး ရဲဘော်ဇော်လင်းထွန်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် ငြိမ်းချမ်းစွာ […]

ကြားသိရသမျှ

ထိုင်းကပရိတ်သတ်တွေကို ထိုင်းဘာသာစကားနဲ့ နှုတ်ဆက်ခွင့်ရခဲ့တဲ့ ပိုင်တံခွန်

သူ့ကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ် တစ်ယောက်ရဲ့အကူအညီနဲ့ ထိုင်းကပရိတ်သတ်တွေကို ထိုင်းဘာသာစကားနဲ့ နှုတ်ဆက်ခွင့်ရခဲ့တဲ့ ပိုင်တံခွန် မတရားထောင်ဒဏ် ချမှတ်ခံထားရတဲ့ ပိုင်တံခွန်ကတော့ ပြီးခဲ့တဲ့ မတ်လ (၂) ရက်နေ့ကပဲ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက် လာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပိုင်တံခွန် လွတ်မြောက် လာခြင်းအတွက် သူ့ရဲ့မိတ်ဆွေတွေ သူငယ်ချင်းတွေက ဝမ်းသာနေကြပြီး အထူးသဖြင့် သူ့ကိုချစ်ကြတဲ့ ပြည်တွင်း ပြည်ပ ပရိသတ်တွေက ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ပရိသတ်တွေက ပိုင်တံခွန်ကိုတွေ့တိုင်း အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးကြသလို သူတို့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်လေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း နာမည်ကြီး Blogger တစ်ယောက်ဖြစ်တဲ့ It’s Me SF ပေ့ခ်ျက Siri ဟာလည်း ပိုင်တံခွန်နဲ့ စားသောက်ဆိုင် တစ်ခုမှာ ဆုံတွေ့ခဲ့တယ်ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်ပေ့ခ်ျမှာ […]

ကြားသိရသမျှ

အကျဉ်းထောင်က လွတ်လာတာနဲ့ နိုင်ငံခြားရောက်နေတဲ့ သူ့ရဲ့ဆရာဖြစ်သူဂျွန်လွင်ကို သတိတရဆက်သွယ်ခဲ့တဲ့ ပိုင်တံခွန်

အကျဉ်းထောင်က လွတ်လာတာနဲ့ နိုင်ငံခြားရောက်နေတဲ့ သူ့ရဲ့ဆရာဖြစ်သူဂျွန်လွင်ကို သတိတရဆက်သွယ်ခဲ့တဲ့ ပိုင်တံခွန် ဂျွန်လွင် ကတော့ တပည့် သားသမီးတွေ များစွာရှိသလို တပည့်တွေ ကြောင့်လည်း စိတ်ချမ်းသာ ရှိခဲ့ရတဲ့ အချိန် တွေလည်း မနည်းမနော ရှိခဲ့တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် တပည့်တပန်းတွေဟာ ကျေးဇူးသိတတ်ပြီး သူ့အပေါ် သိတတ်ဂါရဝထားတဲ့အချိန်မှာ ပိုပြီးပီတိဖြစ်ဝမ်းသာရကာ သူ့ရဲ့အပျော်တွေကို အမြဲတမ်းမျှဝေပေးလေ့ရှိတာပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဂျွန်လွင်က သူ့ရဲ့တပည့်ဟောင်း ပိုင်တံခွန်နဲ့ ပြန်လည်ဆုံတွေ့ခွင့်ရလို့ ဝမ်းသာရတဲ့အကြောင်းကို ပြောလာပါတယ်။ ဂျွန်လွင်က အကျဉ်းကျခံနေတာ ကနေ ပြန်လည်လွတ်မြောက်လာပြီး သူ့ကိုဆက်သွယ်လာတဲ့ ပိုင်တံခွန်နဲ့ Video Call ပြောဖြစ်တဲ့ SS လေးကို ပြသပြီး “Welcome back တပည့်ရေ” ဆိုပြီး သူ့ရဲ့အပျော်တွေကို မျှဝေပေးထား ပါတယ်။ […]

ကြားသိရသမျှ

ရုပ် / သံသတင်းအစီအစဉ်တွေကို စမ်းသပ် ထုတ်လွှင့်နေပြီ ဖြစ်တဲ့ပြည်သူဘက်က ရပ်တည်ခဲ့တဲ့မီဒီယာ….

မတ် ၉ ရက်နေ့ ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဖေဖော်ဝါရီလမှစလို့ နေ့စဉ် ရုပ်/သံသတင်းအစီအစဉ်တွေကို စမ်းသပ် ထုတ်လွှင့်နေပြီး မကြာမီ နေ့စဉ်ပုံမှန် ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီကနေ့ မတ်လ ၉ ရက်နေ့ နောက်ဆုံးရရှိထားတဲ့ သတင်း တွေကတော့ -အမေရိကန်နိုင်ငံခြာရေးဝန်ကြီးဌာနက ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၂အတွက် နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိ-ရှင် ဆုကို အမျိုးသားညီညွတ်ရေးအစိုးရမှ ဒုဝန်ကြီး မအိသဉ္စာမောင် ရရှိခဲ့ပါတယ်။ – မန္တလေးတိုင်း မြစ်ငယ်မြို့က ရပ်ကွက် ၁၃ ခုကို အကြမ်းဖက်စစ်ကောင်စီက မတ်လ ၅ ရက်နေ့က စပြီး ကျူးကျော်လို့ သတ်မှတ်ပြီးတော့ ပြောင်းရွှေ့ခိုင်းနေပါတယ်။ – လေးကေ့ကော်ဒေနဲ့ ကော့ကရိတ်တောင်းပိုင်း ဒေသမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ဒီကနေ့ နောက်ဆုံးထား ဆုတ်ခွာဖို့ […]

ၾကားသိရသမွ်


NUGဒုဝန်ကြီး မအိသဉ္စာမောင် နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆု ရရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရွေးချယ်ချီးမြှင့်တဲ့ ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးရဲစွမ်း သတ္တိရှင်ဆု International Women of Courage Award(IWOC) ကို မြန်မာနိုင်ငံက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဒုဝန်ကြီး မအိသဉ္စာမောင်က ရရှိခဲ့ပါတယ်။ ဒီဆုဟာ ကမ္ဘာတဝန်း ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျား/မ တန်းတူရေးနဲ့ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ လှုပ်ရှားဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေကို နှစ်စဉ်ဂုဏ်ပြုပေးအပ်တဲ့ဆု ဖြစ်ပါတယ်။ IWOC ဆုကို ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကတည်းက ချီးမြှင့်လာတာဖြစ်ပြီးတော့ နိုင်ငံပေါင်း ၈၀ ကျော်က အမျိုးသမီးပေါင်း ၁၇၀ ကို ဆုချီးမြှင့်ခဲ့တာဖြစ်ကာ အခုနှစ်အတွက် ဆုရရှိသူ ၁၂ […]

ၾကားသိရသမွ်

ကြမ္မာရဟတ် တပတ်လည်လာပြီ

ကြမ္မာရဟတ် တပတ်လည်လာပြီ ၂၄ နာရီ လုံးလုံး လျှပ်စစ်ဓါတ်အားများ ဖြတ်တောက်ရမည့် အခြေအနေဖြစ် လာသဖြင့် ရန်ကုန်ရှိ စက်ရုံ အတော်များများ ရပ်ဆိုင်းပြစ်ရတော့မည် အခြေ ဆိုက်လာနေပြီဟု သတင်းများက ဆိုသည်။ ရခိုင် ကမ်းလွန်ရှိ ရွှေ ဓါတ်ငွေ့တွင်းသစ်များမှ သဘာဝ ဓါတ်ငွေ့ကို သွယ်တန်းရန် ရေအောက် ပိုက်လိုင်းများကို လက်ရှိ ရွှေဓါတ်ငွေ့ ပိုက်လိုင်းများ နှင့် ချိတ်ဆက်နိုင်ရန် မတ်လ ၁၈ ရက် နေ့အထိ ဖြတ်တောက် မည်ဟု စစ်ကောင်စီ၏ စွမ်းအင်ဌာန က ကြေညာခဲ့သော်လည်း ထိုသို့ သော လုပ်ငန်းကြီးကို တိုတောင်းလှသော ကာလအတွင်း ပြီးစီးနိုင်မည် ဆိုသည်ကား မည်သူမျှ အယုံအကြည် ရှိကြမည်လည်း မဟုတ်ပေ။ ထိုပိုက်လိုင်းများသည် တရုတ်ပြည်သို့ ဓါတ်ငွေ့များ […]

ကြားသိရသမျှ

မိုင် ၆၀၀ ခရီးကို တစ်ယောက်ထဲ လျှောက်လမ်းခဲ့တဲ့ ယူကရိန်း စစ်ဘေးရှောင် ကလေးငယ်ကို…….seemore

မိုင် ၆၀၀ ခရီးကို တစ်ယောက်ထဲ လျှောက်လမ်းခဲ့တဲ့ ယူကရိန်း စစ်ဘေးရှောင် ကလေးငယ်ကို…….seemore မိုင် ၆၀၀ ခရီးကို တစ်ယောက်ထဲ စစ်ရှောင်လာတဲ့ ယူကရိန်း ကလေးငယ်ကို ဆလိုဗားကီးယား ပြည်သူတွေက ချီးကျူးကြိုဆို ရုရှား ရဲ့ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံကနေ မိုင် ၆၀၀ ကွာဝေးတဲ့ ဆလိုဗားကီးယား ကို လူကြီးမိဘတွေမပါဘဲ တစ်ယောက်ထဲ စစ်ရှောင်လာတဲ့ အသက် (၁၁) နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးကို သူရဲကောင်းအဖြစ် ပြည်သူတွေက ချီးကျူးဂုဏ်ပြုနေပါတယ်။ ဘာအတွက်ကြောင့် မိဘတွေအနေနဲ့ ယူကရိန်းနိုင်ငံမှာ ကျန်နေခဲ့တာလဲဆိုတာ မဖော်ပြထားပေမယ့် ကလေးငယ်ဟာ လက်ခုံမှာ ရေးသားထားတဲ့ သတင်းအချက်အလက်နဲ့ နိုင်ငံကူးလက်မှတ်ထဲမှာ ညှပ်ကာထည့်ထားတဲ့ စာရွက်နဲ့အတူ စစ်ဘေးရှောင်အဖြစ် ရောက်လာခဲ့တာဖြစ်တယ်လို့ Manchester Evening News မှာ ရေးသားထားပါတယ်။ […]

ၾကားသိရသမွ်

လှေမောင်းမကျွမ်းကျင်မှုကြောင့် ထိုင်းမင်းသမီး တိုင်မို မတော်တဆ ရေထဲပြုတ်ကျသေဆုံးဟု ရဲတပ်ဖွဲ့ ရှင်းလင်း

ထိုင်းသရုပ်ဆောင် ရုပ်ရှင်မင်းသမီး တိုင်မိုနိဒါးဟာ လှေမောင်းသူ မကျွမ်းကျင်မှုကြောင့် မတော်တဆ ရေထဲပြုတ်ကျပြီး ရေနစ်သေဆုံးရတာလို့ နွန်ထပူရီရဲတပ်ဖွဲ့က ပြောပါတယ်။ တိုင်မိုနိဒါး သေဆုံးမှု အမှုမှန်ပေါ်ပေါက်ရေးအတွက် ရဲတပ်ဖွဲ့က လူ ၇၇ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး စီစီတီဗွီကင်မရာ ၆၀ လုံးနဲ့ ဗွီဒီယိုဖိုင် ၂၀ ဖိုင်ကိုပါ စစ်ဆေးခဲ့ပြီး အားရမှုရှိကြောင်း၊ လှေပေါ်ပါ အဖော်တွေရဲ့ ထွက်ဆိုချက်တွေအရ အမှုကို ပုံဖော်လို့ရပြီလို့ နွန်ထပူရီခရိုင်ရဲစခန်း ဒုရဲမှူးကြီး ဥဒွန်းယွမ်းကျရွန်းက မတ်လ ၈ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ စပိဘုတ်လှေမောင်းသူ ရောဘတ်ရဲ့ ဖွင့်ဟဝန်ခံချက်အရ သူဟာ လှေမမောင်းတတ်ဘဲ စမ်းသပ်မောင်းနှင်ခြင်းသာဖြစ်ကြောင်း၊ လှေမောင်းတာလည်း သတ်မှတ်နှုန်းထက် အရှိန်ပိုမြင့်နေတာ စစ်ဆေးတွေ့ရှိကြောင်း၊ လှေဦးခုန်တက်သွားတဲ့အခိုက် လှေအမြီးပိုင်းမှာ အပေါ့သွားနေတဲ့ မင်းသမီး တိုင်မိုဟာ ရုတ်တရက် […]

ၾကားသိရသမွ်


ယနေ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့​သည့် CDM ကျောင်းဆရာ KGZ Army ရဲဘော်၏ မတ်လ (၃)ရက်နေ့ တိုက်ပွဲမှတ်တမ်း (ရုပ်/သံ) ဧရာဝတီတိုင်းမ် မတ်လ ၉ ရက် ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း Karenni Generation Z တပ်ဖွဲ့မှ ရဲဘော် ဇော်လင်းထွန်း ကျဆုံးခဲ့ပြီး အဆိုပါ ရုပ်သံဖိုင်သည် မကျဆုံးမှီ ရိုက်ကူးထားခြင်းဖြစ်သည်။ ကျဆုံးရဲဘော် ဇော်လင်းထွန်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM တွင် ပါဝင်ခဲ့သူဖြစ်ပြီး Karenni Generation Z (KGZ) တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေစဉ် ယနေ့ ဒီးမော့ဆိုတိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်သည်။ Ayeyarwaddy_Times ယနေ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် CDM ကျောင်းဆရာ […]

ၾကားသိရသမွ်

အိန္ဒိယသဲပန်းပုဆရာမှ ဒေါ်အောင်ဆန်းစုကြည် ကို သဲပန်းပုထုလုပ်ပြီး ဂုဏ်ပြု

Zawgyi အိန္ဒိယသဲပန်းပုဆရာမှ ဒေါ်အောင်ဆန်းစုကြည် ကို သဲပန်းပုထုလုပ်ပြီး ဂုဏ်ပြု ကျွန်တော်တို့ရဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာက သိတဲ့ ပုဂ္ဂိုတစ်ဦးလို့ ဆိုရင် မမှား နိုင်ပါ ဘူးနော်။ ခု အခါမှာလည်း အိန္ဒိယပန်းပု ဆရာတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံကို သဲပန်းပု ထုပြီး ဂုဏ်ပြုလိုက်တာဘဲဖြစ်ပါ တယ်နော်။ ကမ္ဘာသိ အိန္ဒိယသဲ ပန်းပုဆရာ ဆူဒါရှန်ပတ်ဒ်နိတ်က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သဲပုံတူရုပ်တု ထု လုပ်ကာ ဂုဏ်ပြု လိုက်တာ ဖြစ်ပါတယ်နော်။တနလာင်္နေ့က အိန္ဒိယနိုင်ငံ အိုဒီရှားရှိ ပူရီကမ်းခြေတစ်နေရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်မျက်နှာပုံစံတူ သဲပန်းပုထုလုပ်ပြီးတော့ ဂုဏ်ယူပါတယ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒီမိုကရေစီ အဓွန့်ရှည်ပါစေ ဆိုပြီးတော့ ထုလုပ်ရေးသားဂုဏ်ပြုခဲ့တာဘဲ ဖြစ်ပါတယ်နော်။ Unicode အိန္ဒိယသဲပန်းပုဆရာမှ […]