ၾကားသိရသမွ်
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဗုံးဖြင့် သတိပေးတိုက်ခိုက်ခံရ
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဗုံးဖြင့် သတိပေးတိုက်ခိုက်ခံရ ရန်ကုန်၊ နိုဝင်ဘာ ၆ ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ဝင်္ကဘာလမ်း အမှတ် (၁၆) ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ရုံးအား ယမန်နေ့ နိုဝင်ဘာလ ၅ ရက် ည​နေ ၆ နာရီ ၄၅ မိနစ်တွင် အ​ဝေးထိန်းဗုံးဖြင့် သတိ​ပေးတိုက်ခိုက်ခဲ့​ကြောင်း ​မက္ခရာ​တော်လှန်​ရေးအင်အားစု ထံမှ သိရသည်။ “စစ်အာဏာရှင်ရဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့​ နေရာမှာ ပူး​ပေါင်း​ဆောင်ရွက်​နေတဲ့အတွက်ရယ်၊ စစ်အာဏာရှင် လက်​အောက်ခံတဲ့အတွက်​ရယ် ကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို အ​ဝေးထိန်းဗုံးနဲ့​ဖောက်ခွဲခဲ့တာပါ”ဟု ​မက္ခရာ​တော်လှန်​ရေးအင်အားစု၏ တာဝန်ရှိသူက မဇ္စျိ မကို ​ပြောသည်။ သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်းဖြစ်၍ ရုပ်ရှင်အစည်းအရုံး ဆိုင်းဘုတ်ကိုသာ ထိခဲ့ပြီး အခြားထိခိုက်မှုမရှိဟု သိရသည်။ ယ​မန်နေ့ ​ဖောက်ခွဲမှုမှာ​ […]
ၾကားသိရသမွ်
ကမ္ဘာလုံးဆိုင်ရာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ထောက်ခံပွဲ မနက်ဖြန် ကျင်းပမယ်
ကမ္ဘာလုံးဆိုင်ရာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ထောက်ခံပွဲ မနက်ဖြန် ကျင်းပမယ် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ထောက်ခံပွဲကို မနက်ဖြန်(နိုဝင်ဘာ ၇ ရက်)မှာ အွန်လိုင်းကနေ ကျင်းပဖို့စီစဉ်ထားတယ်လို့ ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေး (GMSR- GenZ)က သတင်းထုတ်ပြန်ပါတယ်။ အဲဒီအွန်လိုင်းထောက်ခံပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်၊ တိုင်းရင်း သားခေါင်းဆောင်တွေနဲ့ နိုင်ငံတကာက မြန်မာ့အရေး ကူညီပေးနေတဲ့နိုင်ငံရေးသမားတွေ တက်ရောက်ဆွေး နွေးကြမယ်လို့ဆိုပါတယ်။ ထောက်ခံပွဲကို အွန်လိုင်းကနေ အရင်ဆုံး စာရင်းပေးသွင်း(Register)ပြုလုပ်သူ ၁၀၀၀ တက်ရောက်နိုင်ဖို့ Zoom webinar ကို စီစဉ်ထား ပြီး စာရင်းပေးသွင်းလို့မမီလိုက်သူများအနေနဲ့လည်း ‘Global Myanmar Spring Revolution […]
ၾကားသိရသမွ်
ရေတာရှည် CB ဘဏ် ဓားပြတိုက်ခံရပြန်ပြီး
ရေတာရှည်မြို့လည်ရှိ CB ဘဏ်ကို ဓားပြတိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များက မြို့တွင်း၌ လုံခြုံရေး တင်းကြပ်ထားပြီး စစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရသည်။ ရေတာရှည်မြို့ရှိ CB ဘဏ်ကို နိုဝင်ဘာလ ၅ရက် နေ့လည် ၂နာရီခန့်က လူ ၅ဦးက ဝင်ရောက် ဓားပြတိုက်ခဲ့ခြင်း ဖြစ်ပြီး ကျပ်သိန်း ၅၃၀ ခန့် ပါသွားသည်ဟု သတင်းထွက်ပေါ်နေကြောင်း ရေတာရှည်မြို့ခံ တစ်ဦးက ပြောသည်။ “လုံခြုံရေးတွေတင်းကြပ်ထားတယ်။ စစ်တာဆေးတာတွေ ပိုလုပ်နေတယ်။ ရပ်ကွက်ထဲတွေလည်း လိုက်စစ်နေတယ်” ဟု ၎င်းက ပြောသည်။ ရေတာရှည်မြို့နယ်တွင် ဘဏ်ဓားပြတိုက်ခံရသည့် ဖြစ်စဉ်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း မြို့ခံများက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ဓားပြမှုများ ဖြစ်ပြီးတိုင်း စစ်ကောင်စီက မဆိုင် သူများကို အကြောင်းပြဖမ်းဆီးခြင်း၊ […]
ၾကားသိရသမွ်
ယောနယ်က ဌာနဆိုင်ရာ ဝန်ထမ်းတွေ အုပ်စုလိုက် ထွက်စာတင်နေ
မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ကျန်းမာရေး အကြောင်းပြချက်နဲ့ အလုပ်ထွက်စာ ပေးပို့ တင်ပြတာဆိုရင် အခုနှစ် ဖေဖော်ဝါရီကစလို့ အခုလ ၅ ရက်အထိ တင်ပြစာ ၂ ရာ ကျော်နဲ့ တင်ပြသူ ၄ ရာဝန်းကျင်ရှိ သွားပြီလို့ ထီးလင်းနယ်ခံ ဝန်ထမ်းတယောက်က ပြောပါတယ်။ အဲ့ဒီလို အလုပ်ထွက်စာ တင်ပြတဲ့ ဝန်ထမ်းတွေဟာ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွေအုပ် ဝန်ထမ်းတွေနဲ့ ကျေးလက် ပညာရေး ကျောင်းဆရာ ဆရာမတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအပြင် မြေစာရင်း ဝန်ထမ်းတချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။ ထီးလင်းမြို့နယ်က အလုပ်ထွက်စာ တင်ပြထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး မြို့နယ် […]
ၾကားသိရသမွ်
သူမရဲ့ (၄၇)နှစ်မြောက်မွေးနေ့ရောက်တဲ့အထိ စုဆောင်းမိခဲ့သမျှအရာတွေကိုပရိတ်သတ်ကြီးအားထုတ်ပြလာခဲ့တဲ့ မင်းသမီးနန္ဒာလှိုင်
ကြားသိရသမျှ
သူမအပေါ် မကောင်းပြောကာ ဝေဖန်နေတဲ့ စာရေးဆရာမတစ်ယောက်ကို ထိမိတဲ့စကားလုံးတွေနဲ့ ပြန်လည်တုံ့ပြန်လိုက်တဲ့ မေပန်းချီ
သူမအပေါ် မကောင်းပြောကာ ဝေဖန်နေတဲ့ စာရေးဆရာမတစ်ယောက်ကို ထိမိတဲ့စကားလုံးတွေနဲ့ ပြန်လည်တုံ့ပြန်လိုက်တဲ့ မေပန်းချီ ပရိသတ်တွေ ချစ်ခင်အားပေး ရတဲ့ သရုပ်ဆောင် မေပန်းချီ ကတော့ အမိုက်စား ဘော်ဒီနဲ့ ဆွဲဆောင်မှုရှိတဲ့သူ တစ်ယောက်ပါ။ ဒါအပြင်မေပန်းချီကတော့ ဗီဒီယိုဇာတ် ကားတွေပါရိုက်ကူးရပြီးအနုပညာနယ် ပယ်မှာနေရာတခုရရှိနေပြီဘဲဖြစ်ပါတယ်။သရုပ်ဆောင်မေပန်းချီ ကတော့အနုပညာအလုပ်တွေရပ်နားထားရတာကြောင့် live လွှင့်ပြီး ဈေးရောင်းချနေတာလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ မေပန်းချီက တစ်မိနစ်စာအွန်လိုင်းကြောငြာလေး ရိုက်ကူးရမယ့် အကြောင်းပြောပြလာပြီး နောက်ကြော် ငြာခ ၁၅ သိန်းကို ရရှိခဲ့တယ်ဆိုတဲ့နောက်သူငယ်ချင်းဖြစ်ခဲ့ဖူးသူသရုပ်ဆောင် ဘေဘီမောင်ရဲ့စောင်းမြောင်းပြောဆိုမှု.တွေကြောင့် ဂယက်ထခဲ့ပါသေးတယ်နော်အခု သူမ Mydayမှာ တနှစ်အတွင်း သူမဝင်ငွေတွေနဲ့ ဆောက်ထားတဲ့ ၃ထပ်တိုက်ကြီးကိုပြသလာခဲ့ပါသေးတယ်နော် အခု တစ်ခါမှာဆိုရင်လည်း သူမအဖေကို ကန်တော့ထားတဲ့ postအောက်မှာ သူမအား မကောင်းတာ လုပ်စားလို့ အဖေဖြစ်သူက ရှက်နေ.ကြောင်းလာမန့် ထားတာကို မေပန်းချီကဒေါ […]
ကြားသိရသမျှ
“ငြိမ်း”ဆေးခန်းကို တည်ထောင်နိူင်ခဲ့ပြီဖြစ်ကြောင်း ပြည်သူလူထုကို အသိပေးလာတဲ့ မီးအိမ်ရှင်မလေးအငြိမ်း
ချင်းပြည်နယ်၊ မင်းတပ်ရှိ စစ်ဘေးရှောင်များကို ဆေးဝါးကုသပေးနေသည့် ပရဟိတ ဆရာဝန် ဒေါက်တာ အငြိမ်းသည်အာဏာသိမ်းချိန် မန္တလေး အပစ်အခတ်တွေ စဖြစ်စဉ်ဒဏ်ရာရလူနာများလိုက်ကောက် ဆေးကုသပေးရင်း လူသိများ လာသူတစ်ဦး ဖြစ်သည်။ ဆရာဝန်မလေး အငြိမ်းသည် ယခင်လတွင်စစ်ဘေးရှောင် ဒေသအတွက် အလှူငွေကိစ္စရပ်များနှင့်ပက်သက်ပြီး လူအများရဲ့ ဝေဖန်မှုများ ထွက်ပေါ်ပြီးနောက် ရက်အတော်ကြာ ပျောက်ဆုံးနေပြီး ယနေ့ နိုဝင်ဘာလ ၅ရက်နေ့တွင် သူမ၏ လူမှုကွန်ရက်စာမျက်‌နှာပေါ်တွင် ပြန်ပေါ်လာကြောင်း တွေ့ရှိရပါသည်။သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ရေးသားချက်များ အရ ” အခုတော့ ဆရာဝန်ရှားပါးတဲ့နေရာမှာ ဆေးရုံမရှိတဲ့နေရာမှာ အရေးပေါ်ခွဲခန်း ဆေးခန်းဆောက်မယ်ဆိုတဲ့အဲ့ဒီအိမ်မက်ကောင်အထည်ပေါ်နေပါပြီ ပစ္စည်းအစုံအလင်နဲ့ အရေးပေါ်ခွဲစိတ်ခန်းအပြင် ကျားမ သီးသန့်ခွဲထားတဲ့ ၁၀ ကုတင်ဆန့် လူနာဆောင်လေး ရယ်Labour room OPD room ပါ ပါသေးတယ်။ […]
ၾကားသိရသမွ်
မိခင်အတွက် ငွေတစ်ပြားမှမထုတ်တဲ့ သားဖြစ်သူရဲ့ စိတ်သဘောထားအမှန်ကို မေးကြည့်လိုက်သောအခါ
ချစ်ပရိသတ်ကြီးရေ လူတိုင်းမှာတော့ မိဘကိုယ်စီ ရှိကြမှာပါနော်။မိဘနှစ်ပါးထဲမှာမှ သားသမီးအများစုက မိခင်ဖြစ်သူနဲ့ပဲ ပိုရင်းနှီးကြတာကို တွေ့မြင်ရပါတယ်။ဖခင်တွေကတော့ မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်ရှာဖွေနေရတာမလို့သားသမီးတွေအတွက် အချိန်မပေးနိုင်တာကြောင့် သိပ်မရင်းနှီးကြတာပါ။တကယ်တော့ ဖခင်တွေကလည်း သားသမီးတွေကို ချစ်ကြပါတယ်။ဒီနေ့လေးမှာ ပြောပြပေးသွားမှာကတော့ သားအတွက် အမြဲစဉ်းစားပေးတဲ့ မိခင်နဲ့ မိခင်မသိအောင် နောက်ကွယ်ကအမြဲဂရုတစိုက်ရှိတဲ့သား သူတို့သားအမိ နှစ်ယောက်အကြောင်းလေးပဲ ဖြစ်ပါတယ်။ တစ်နေ့တော့ သန်းကြွယ်သဌေးကြီးက သူ့အမေကိုသွားတုစိုက်ပေးဖို့အတွက် အကောင်းဆုံးသွားဆရာဝန်စီကိုခေါ်သွားပါတယ်။ဆရာဝန်က အမေကြီးကိုသေချာစစ်ဆေးပေးပြီး အကောင်းဆုံးသွားတုကိုထုတ်ပြပါတယ်။ အမေကြီးက ဈေးမေးလိုက်တယ်ပြီးတော့ ခေါင်းခါပြပြီး ဈေးအပေါဆုံးကိုပြခိုင်းပါတယ်။ ဆရာဝန်က သူ့သားကဘောစိအကြီးစားပဲ အကောင်းဆုံးကိုသာသုံးဖို့အတွက်သူ့သားဘောစိကိုမျက်ရိပ်မျက်ကဲပြလိုက်တယ် ဒကောင့်သားက မမြင်ချင်ဟန်ဆောင်နေတယ်။ဆရာဝန်လည်းမနေနိုင်တော့ လှမ်းခေါ်လိုက်တယ်။ဆရာသမားက မကြားချင်ယောင်ဆောင်ပြီး ဖုန်းပွတ်ပြီးဟိုဖက်တောင်လှည့်သွားလိုက်သေးတယ်။ဆရာဝန်စိတ်ထဲမှာတော့ ဒီကောင် ဘယ်လိုကောင်လည်းကွဒီလောက်ချမ်းသာနေတာကိုတောင် သူ့အမေအတွက် သွားတုကို အပေါစားပဲသုံးစေချင်တာတော်တော်မိဘကျေးဇူးမသိတဲ့ကောင်ပဲလို့ ကြိမ်ဆဲနေမိတယ်။အမေကြီးကလည်း အပေါဆုံးမှာအပေါဆုံးပဲယူမယ်ဆိုတော့ နောက်ဆုံးလက်လျော့လိုက်ရတယ်။ အမေကြီးက သူ့အိတ်ကပ်ထဲကနေ လက်ကိုင်ပုဝါအထုတ်ကလေးကိုထုတ်ပြီးတုံတုံရီရီနဲ့ဖြည်ပြီးတော့ အထဲကပိုက်ဆံအနွမ်းလေးတွေကို […]
ၾကားသိရသမွ်
ဒေါ်အောင်ဆန်းစုကြည်အတွက် ဦးဝင်းထိန်သက်သေထွက်ပေးမယ့် သတင်းပေါ်ထွက်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ကို ချိုးဖောက်တယ် ဆိုတဲ့အမှုအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယကတဦးဖြစ်သူ ဦးဝင်းထိန်က ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေလိုက်ပေးဖို့ ရှေ့နေကတဆင့် တရားရုံးကိုတင်ပြထားတယ်လို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရတဲ့ ဦးဝင်းထိန်က သက်သေထွက်ဆိုမယ့် တင်ပြချက်အပေါ် တရားရုံးက လက်ခံ လက်မခံဆိုတာနဲ့ ဘယ်တော့စစ်ဆေးမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဦးဝင်းထိန်ကို နေပြည်တော်အချုပ်ထောင်ကနေ ထောင်ပြောင်းမယ့် အစီအစဉ်ရှိပေမဲ့ ခုချိန်ထိတော့ သူ့ကို ထောင်မပြောင်းသေးပါဘူး။ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေလိုက်ပေးဖို့ တရားရုံးကလက်ခံလို့ မပြောင်းသေးတာဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိပေမယ့် ဒါနဲ့ပတ်သက်ပြီး ဗွီအိုအေက သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်နေတဲ့ အကျိုးဆောင်ရှေ့နေတွေကို ပုဒ်မ ၁၄၄ အမိန့်ထုတ်ပြီး […]
ၾကားသိရသမွ်
ကိုယ့်လက်ရှိ နေနေတဲ့ အိမ်နံပါတ် အလိုက် စီးပွားတက် လာဘ်ပွင့်ချင်ရင်….
အိမ်နံပါတ်ကို ၁ လုံးတည်း ရအောင်ေ ပါင်းရပါမယ်..ကိုယ်အိမ် No(403).7 lucky ဂဏန်း လို ပြောကြပေမယ့်.. အိမ်မှာ လူမမြဲဘူး😁😁 နယ်လှည့်ခရီးသည်တွေလိုပဲ.. အဲဒီတော့ ဆည်းလည်းလေးတော့ ချိတ်အူးမှဘာ ၁ ဂဏန်းရတဲ့ အိမ်မှာ ကျားရုပ်,ဆင်ရုပ် သို့မဟုတ် ရုပ်ပုံထား ၂ ဂဏန်းရတဲ့ အိမ်မှာရေတံခွန်ပုံ,တောင်တန်းပုံ သူရသဌိ မယ်တော် ရုပ် (သို့) ပုံထား ၃ ဂဏန်းရတဲ့ အိမ်မှာ လိပ်ပုံထား ၄ ဂဏန်းရတဲ့ အိမ်တွေဆို ရွေးချယ်လို့ရရင်မနေနဲ့ မရရင်တော့ အနီရောင်အပြားပေါ် အိမ်နံပါတ်ကို ရွှေရောင်နဲ့ရေးပြီးကပ်ထား ခိုက်တတ်လို့ ပြီးရင် မျက်နှာစာမှာမှန်ချိတ်ထား ၅ ဂဏန်းရတဲ့အိမ်ဆို စာအိတ်အနီမှာ ငွေထည့်ပြီး ဆန်အိုးထဲပစ်ထည့်ထားလိုက် ၆ ဂဏန်းရတဲ့ အိမ်ဆို ရှေးဟောင်းပန်ချီကားချိတ် ဂီတသံလေးဖွင့်ဖွင့်ပေး […]