ဗီဒီယိုဖိုင်အောက်တွင်ဖော်ပြထားပါသည် ပျက်ယွင်းသွားသည့်မြန်မာနိုင်ငံဟာ စစ်ကောင်စီကြောင့်မဟုတ်ဟု စစ်ကောင်စီအမိန့်ထုတ်ငြင်းဆို
ၾကားသိရသမွ်
မနက် ၄ နာရီ ဒေါ်စုခြံကိုဝင်လိုက်တဲ့အချိန်မှာ ဂိတ်မှာလူမရှိဘူး၊ အရာရှိဆောင်ရော၊ ကိုယ်ရေးအရာရှိဆောင်မှာရော
စစ်တပ်အာဏာသိမ်းစဉ် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဝင်ရောက်စီးနင်းရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များရှိမနေ ဘဲ စကားပြောစက်များသာတွေ့ခဲ့သည်ကို ယနေ့တရားခွင် စစ်မေးမှုများအရ ပေါ်ပေါက်ကြောင်း ရှေ့နေများက ပြောသည်။ ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ဝင်ရောက်စီးနင်းရှာဖွေခဲ့သည့် အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး ဝင်းထွဋ်ဦး အား စစ်မေးခဲ့ခြင်းဖြစ်ပြီး ဝင်ရောက်ရှာဖွေမှုအတွက်လည်း ဝရမ်းမပါရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။ ရှေ့နေတဦး က “မနက် ၄ နာရီ ဒေါ်စုခြံကိုဝင်လိုက်တဲ့အချိန်မှာ ဂိတ်မှာလူမရှိဘူး၊ အရာရှိဆောင်ရော၊ ကိုယ်ရေးအရာရှိဆောင်မှာရော လူမရှိဘူး၊ ဒါကထူးခြားတာပေါ့၊ လူမရှိဘဲ စက်တွေပဲမိတယ်ပေါ့၊ ဝန်ထမ်းတွေက ရှိနေရမှာပေါ့၊ ဒါဘာအ ဓိပ္ပါယ်လဲ စဉ်းစားကြည့်ပေါ့၊ ဒါကြောင့် အမှုပေါ်သွားပြီလို့ ပြောတာ၊ လာရှာတာ ဝရမ်းလဲမပါဘူး” ဟု ပြောသည်။ စကားပြောစက်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၎င်းတို့ကိုယ်တိုင် ဝယ်ယူကိုင်ဆောင်ကြောင်း သက်သေပြနိုင်သည့် ပြေစာများလည်း […]
အောက်စီဂျင်ဗန်းပြပြီးsocial mediaပေါ်ပြန်ရောက်လာတဲ့မုံရွာသားsee more
Social Media facebook ပေါ်တွင် အောက်ဆီဂျင်အိုး အလှူပိုစ့်များ ခပ်စိတ်စိတ် ရေးသားနေတဲ့ မုံရွာသား အဆိုတော် မိုးမိုးဟာ ၎င်း၏ လူမှု ကွန်ယက် Facebook စာမျက်နှာထက်၌ အောက်ဆီဂျင်အိုး လှူဒန်းနိုင်ရန်အတွက် အလှူများ ဦးဆောင်ကောက်ခံပြုလုပ်နေသည်ကို တွေ့ရှိရပါတယ်။ နှင်းဆီ အငြိမ့်အဖွဲ့ဝင်တဦးလည်း ဖြစ်ခဲ့ဖူးသူ၊ အဆိုတော်နှင့် သရုပ်ဆောင်တဦး ဖြစ်သူ မိုးမိုး သည် Covid19တကျော့ပြန်လာချိန်၌ ၎င်း၏ လူမှု ကွန်ယက် Facebook စာမျက်နှာထက်၌ အောက်ဆီဂျင်အိုး လှူဒန်းနိုင်ရန်အတွက် အလှူများ ဦးဆောင်ကောက်ခံနေ ပါသည်။ အဆိုတော် မိုးမိုးသည် လူပေါင်းများစွာ၏ အငြင်းပွားစရာ ဝေဖန်မှုခံခဲ့ရသည့် ယုန်လေး၏ MTV သီချင်းသရုပ်ဆောင်တွင်လည်း ပါဝင်ခဲ့ဖူးသလို နန်းတွင်းမှာကျင်းပခဲ့သည့် တပ်မတော်သားများသကြ်န် တွင်လည်း တက်ရောက်ခဲ့ သူဖြစ်ခြင်းကြောင့် ပရိတ်သတ်များ […]
ပြည်သူက ပြည်သူသို့ ဒေါက်တာဇော်ဝေစိုးရဲ့ တိုက်တွန်းနှိုးဆောက်ချက်(ရုပ်သံ)
“ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကှိုဗစ် ရောဂါကို အနိုင်ယူပါ” ဒေါက်တာဇော်ဝေစိုး ရုပ်သံ “ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကှိုဗစ် ရောဂါကို အနိုင်ယူပါ” မြန်မာပြည်သူများ ကပ်ဘေးကင်းရှင်းကာ ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ “ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကှိုဗစ် ရောဂါကို အနိုင်ယူပါ” ဒေါက်တာဇော်ဝေစိုး ရုပ်သံ “ပြည်သူက ပြည်သူကို စောင့်ရှောက်ခြင်းဖြင့် ကှိုဗစ် ရောဂါကို အနိုင်ယူပါ” မြန်မာပြည်သူများ ကပ်ဘေးကင်းရှင်းကာ ကိုယ်ကျန်းမာ စိတ်ချမ်းသာကြပါစေ
ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရှာဖွေဝရမ်းမပါဘဲ ဝင်ရောက်ရှာဖွေခဲ့မှု စစ်ဆေးပေါ်ပေါက်
ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရှာဖွေဝရမ်းမပါဘဲ ဝင်ရောက်ရှာဖွေခဲ့ကြောင်း တရားလိုပြသက်သေအား စစ်ဆေးပေါ်ပေါက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရှာဖွေဝရမ်းမပါဘဲ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ယနေ့(ဇူလိုင် ၁၂)ရုံးချိန်းတွင် တရားလိုပြသက်သေအား စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးကပြောသည်။ ၎င်းက”စစ်ဆေးပေါ်ပေါက်ချက်က သူတို့ရှာဖွေတဲ့အခါ မနက်၄နာရီလောက်မှာစပြီးဆက်သွယ်ရေးပစ္စည်းတွေကို ရှာတယ်ဆိုတဲ့အခါမှာ ရှာဖွေဝရမ်းမပါခဲ့ဘူးဆိုတာလည်း ပေါ်ပေါက်တယ်။ သူတို့မှာ ရှာဖွေပုံစံတွေလည်း မပါခဲ့ဘူးဆိုတာပေါ်ပေါက်တယ်”ဟုပြောသည်။ ယနေ့ရုံးချိန်းတွင် နိိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကိုစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅နှင့်ပတ်သတ်ပြီး နေပြည်တော် ရွှေကြာပင်ရပ်ကွက်မှ တရားလိုပြသက်သေ ၁ ဦးကိုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထို့နောက်ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့နှင့်ပတ်သတ်ပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တရားလိုပြသက်သေ ၃ဦးကိုဆက်လက် စစ်ဆေးခဲ့ကြောင်းသိရသည်။ ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအဖွဲ့နှင့် တွေ့ဆုံရာတွင် COVID-19 ဖြစ်ပွားမှုများနှင့် ပတ်သတ်ပြီး အမှာစကားပြောကြားခဲ့ကြောင်း […]
တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးခဲ့သည့် သူနာပြုဆရာမ သေဆုံး
ထိုင်းနိုင်ငံမှာ တရုတ်ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးခဲ့တဲ့ သူနာပြုတစ်ယောက် သေဆုံးခဲ့ပြီးနောက် ကျန်းမာရေးဆိုင်ရာဝန်ထမ်းတွေအပေါ် ကာကွယ်ဆေးထိုးမှုတွေ မြှင့်တင်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ဒီသေဆုံးမှုသတင်းကိုတော့ ဇူလိုင် ၁၁ ရက်က ဆီဝါကွန်ရက်တနာကန်ထီ အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူ တစ်ယောက်က မျှဝေခဲ့တာဖြစ်ပါတယ်။ သေဆုံးခဲ့တဲ့ သူနာပြုရဲ့ အမည်ကိုတော့ ဒိုးနတ်လို့ ဖော်ပြထားခဲ့ပြီး သူနဲ့ ဝမ်းကွဲ ညီအစ်မ တော်စပ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။ “သူဟာ စီနီယာဆေးပညာရှင်တွေက သေဆုံးမှုနဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ လျှော့ချနိုင်တယ်လို့ ပြောထားခဲ့ကြတဲ့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသူ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကျမရဲ့ ဝမ်းကွဲညီအစ်မဟာ ရောဂါကူးစက်ခံရပြီး တပတ်အကြာမှာ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်” ဒီသေဆုံးမှုဟာ […]
လျှပ်စစ်မီတာခ ပေးဆောင်ပြီး နိုင်ငံကြီးသား ပီသကြဖို့ စစ်ကောင်စီ ပြော
လျှပ်စစ်မီတာခ ပေးဆောင်ပြီး နိုင်ငံကြီးသား ပီသကြဖို့ စစ်ကောင်စီ ပြော မဇ္ဈိမ လျှပ်စစ်ဓာတ်အား သုံးစွဲထားတဲ့ သတ်မှတ်ယူနစ်အတိုင်း လျှပ်စစ်မီတာခတွေ ပေးဆောင်ရမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ နိုင်ငံကြီးသား ပီသကြဖို့ အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားလိုက်ပါတယ်။ ဒီကနေ့ (ဇူလိုင်လ ၁၂ ရက်) နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့တာ ဖြစ်ပါတယ်။ “လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး ပြန်လည်စဉ်းစား သုံးသပ်နေတာတွေ ရှိပါတယ်။ ပြန်လည်စဉ်းစား သုံးသပ်ပေးနိုင်မယ့်အထဲမှာ တကယ့်ကို အကျပ်အတည်းတွေ့နေတဲ့ အခြေခံလူတန်းစားတွေ ဖြစ်ပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေ၊ လျှပ်စစ်ဓာတ်အား သုံးစွဲထားတဲ့ သတ်မှတ်သုံးစွဲထားတဲ့ သူတွေကတော့ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အဓိကတော့ နိုင်ငံကြီးသား ပီသကြဖို့ […]
NUG အစိုးရပြည်ထဲရေးဝန်ကြီးဌာနသို့ AAC အဖွဲ့မှကျပ်ငွေ သိန်း(၁၀၀၀) လှူဒါန်းခြင်း အောင်မြင်ခဲ့ပါပြီ…
PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက် NUG အစိုးရပြည်ထဲရေးဝန်ကြီးဌာနသို့ AAC အဖွဲ့မှကျပ်ငွေ သိန်း(၁၀၀၀) လှူဒါန်းခြင်း အောင်မြင်ခဲ့ပါပြီ… NUG အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနသို့ ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့မှ အရေးပေါ် လိုအပ်သည့် နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ကျပ်ငွေ သိန်း(၁၀၀၀)ကို ၆ ကြိမ်တိတိပေးပို့လှူဒါန်းခဲ့ပါတယ်။ ဇွန် -၂၃ မှ ဂျူလိုင်လ ၁၁ အထိ။ ၁။(612000)ဘတ်. ၂။( 219421 )ဘတ် ၃။( 336430 )ဘတ် ၄။(242002) ဘတ် ၅။( 456272 )ဘတ် ၆။(173875)-ဘတ် 11-7-2021..ရက်နေ့ထိပြည်ထဲရေးကို ပေးပို့ထားပြီး ထိုင်းဘတ်ငွေစုစုပေါင်း နှစ်သန်းလေးသောင်း( 2,040,000 )ဘတ်ဖြစ်ပါတယ်။ ပထမ အကြိမ်း လှူဒါန်းပွဲအား Zoom meeting အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ […]
အောက်စီဂျင် စက်ရုံများမှ ပြည်သူတစ်ဦးချင်း၏ အောက်စီဂျင် ဖြည့်ဆည်းဝယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထား
အောက်စီဂျင် စက်ရုံများမှ ပြည်သူတစ်ဦးချင်း၏ အောက်စီဂျင် ဖြည့်ဆည်းဝယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ထားဟု ဇော်မင်းထွန်း ဝန်ခံ၊ မလိုအပ်ဘဲ ပြည်သူများ အောက်စီဂျင်ဝယ်နေ၍ ကန့်သတ်ဟုဆို ရန်ကုန်၊ ဇူလိုင် ၁၂ စစ်ကောင်စီအနေဖြင့် အောက်စီဂျင်စီစက်ရုံများမှ ပြည်သူများ၏ တစ်ဦးချင်း အောက်စီဂျင် ဖြည့်ဆည်းဝယ်ယူခွင့်ကို ကန့်သတ်ရန် ညွှန်ကြားထားကြောင်း အကြမ်းဖက်စစ်အုပ်စု၏ ပြောခွင့်ရ ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဝန်ခံပြောဆိုလိုက်သည်။ ရန်ကုန်အပါအဝင် ပုဂ္ဂလိက အောက်စီဂျင်စက်ရုံများတွင် ပြည်သူများသို့ အောက်စီဂျင်ရောင်းချမှု ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းမှစတင်ကန့်သတ်မှုများဖြစ်ပေါ်လာပြီး လက်ရှိတွင် စက်ရုံအများစုမှာ စစ်ကောင်စီ၏ ညွှန် ကြားချက်ကြောင့် ပြည်သူများကို အောက်စီဂျင်ရောင်းချခွင့် ပိတ်ပင်ခံထားရသည်။ ” အောက်ဆီဂျင် နဲ့ပတ်သက်ပြီး ပုဂ္ဂလိက ပိုင်တဲ့ဟာကို ကန့်သတ်တာရှိပါတယ်။ တစ်ဦးချင်းကိုဖြည့်မပေးဘဲနဲ့ အဓိကလိုအပ်တဲ့ဆေးရုံတွေကိုသာဖြည့်ပေးဖို့ […]
ပခုက္ကူဆေးရုံရဲ့ ကိုဗစ်ကိုင်တွယ်ပုံ . Positive နော်…. အိမ်တန်းပြန် ဆိုဘဲ
ပခုက္ကူဆေးရုံရဲ့ ကိုဗစ်ကိုင်တွယ်ပုံ 🙄🙄 Positive နော်…. အိမ်တန်းပြန် ဆိုဘဲ 🥴🥴 အောက်ဆုံးတွင် ဗီဒီယို တင်ပေးထားသည်. ကိုဗစ်ပိုးတွေ့လူနာသစ် ၄၃၀၀ ကျော်တွင် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းက အများဆုံးဖြစ် မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၃၇၇ ယောက်ရှိခဲ့ပြီး ရန်ကုန်နဲ့ ပဲခူးတိုင်းတိုင်းဒေသကြီးတွေက အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။ ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၅,၁၂၈ ခုကို […]









