အချစ်ဆိုတာ လူတစ်ယောက်ချင်းစီအလိုက် ခံယူပုံချင်းကွဲပြားနိုင်ပါတယ်။ တစ်ချို့တွေက အချစ်ကို ထုတ်ဖော်ပြသတတ်ကြပေမယ့် တစ်ချို့တွေကတော့ အချစ်ကိုထုတ်မပြကြပါဘူး။ ဖွင့်မပြောပေမယ့် အဝေးကနေ သင့်ကိုချစ်နေတဲ့သူတွေရှိနိုင်ပါတယ်။ သင့်ရဲ့ Ex ဒါမှမဟုတ် သင့်သူငယ်ချင်း၊ သင်မသိတဲ့သူ စသဖြင့် ဘယ်သူမဆိုဖြစ်နေနိုင်ပါတယ်။ အဝေးကနေသင့်ကိုချစ်နေတဲ့သူမှန်း သိနိုင်မယ့်အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါဦး။ (၁) သင့်ကိုမနာကျင်စေချင်ဘူး လူတစ်ယောက်ဟာ သင့်ကိုမနာကျင်စေချင်ဘူးလို့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားတွေကို သင့်ကိုပြောနေတယ်ဆိုရင်တော့ ဒါဟာ သင့်ကိုချစ်လို့ပါ။ အကြောင်းကတော့ရှင်းပါတယ်။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့သူတစ်ယောက်ကို မနာကျင်စေချင်ပဲ သူကောင်းဖို့ကိုပဲ လိုလားပေးတတ်ကြတာ သဘာဝပါပဲ။ (၂) ချစ်သူမရှိဘူး လူတစ်ယောက်က ကိုယ့်ကိုချစ်နေတယ်ဆိုတာကို မသိစိတ်ထဲကနေ အလိုလို သိနိုင်ပါတယ်။ မသိစိတ်ကအလိုလို သိနေတဲ့အပြင် နောက်ထပ်သေချာတဲ့အချက်ကတော့ အဲဒီ့လူမှာ ချစ်သူမရှိတာပါပဲ။ လူတစ်ယောက်ဟာ သင့်ကိုချစ်တဲ့အရိပ်အယောင်တွေပြတယ်၊ ချစ်သူလည်းမရှိဘူးဆိုရင်တော့ သေချာပါတယ်။ သင့်ကိုအဝေးကနေ ချစ်နေတာပါ။ […]
Life Style
လူတစ်ယောက်ကို လိုတာထက်ပိုပြီးချစ်မိသွားတဲ့အခါ
လူတစ်ယောက်ကို လိုတာထက်ပိုပြီးချစ်မိသွားတဲ့အခါ သူတို့ မင်းကိုတန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး လူတစ်ယောက်ကို လိုတာထက်ပိုပြီးသည်းခံမိတဲ့အခါ သူတို့ မင်းကိုအလျော့ပေးရကောင်းမှန်း မသိကြတော့ဘူး လူတစ်ယောက်ကို လိုတာထက်ပိုပြီးမေတ္တာထားမိတဲ့အခါ သူတို့ မင်းကိုဂရုစိုက်ရကောင်းမှန်း မသိကြတော့ဘူး လူတစ်ယောက်ကို လိုတာထက်ပိုပြီးသံယောဇဉ်ဖြစ်မိတဲ့အခါ သူတို့ မင်းကိုအလေးထားရကောင်းမှန်း မသိကြတော့ဘူး တစ်ခါတစ်လေတော့လဲ ကိုယ်ကသာ ကိုယ်စိတ်ထဲရှိတဲ့အတိုင်း ဆက်ဆံပေးနေတာ တစ်ချို့သောလူတွေက ကိုယ်သာမာန် ဆက်ဆံပေးနေတဲ့ အပြုအမူတွေ ခံစားချက်တွေနဲ့တောင် မတန်အောင်တုန့်ပြန်ကြတယ် အဲဒီအခါ ကိုယ့်မှာ ရင်နင့်အောင်ခံစားရပြီး စိတ်တွေပူလောင်ရတယ် ငါဘာတွေမှားနေလို့လဲဆိုပြီးတော့..။ တကယ်က ကိုယ်က သူတို့လိုတာထက် ပိုပေးမိနေတာ။ မလိုပဲ ပိုတဲ့အရာတွေက အမှိုက်ဖြစ်သွားကြတာချည်းပါပဲ။ ကိုယ့် ဒုက္ခကိုယ်ရှာမိသလို ဘယ်သူမပြု မိမိမှုပါပဲနော် ဒါကြောင့် ဘယ်သူကိုမှ လိုတာထက်မပိုပါစေနဲ့ပိုခဲ့ရင်လဲ သိအောင်မလုပ်ပါနဲ့ ကိုယ်ကပိုပြလေသူက အနိုင်ယူလေ ဖြစ်နေတတ်ပါတယ် လူတစ်ချို့ကလိုတာထက်ပိုပြီး ဆက်ဆံပေးတာနဲ့မတန်ကြဘူးလေ..💔 […]
သူငယ်ချင်း အရင်းကြီးတွေသာ အချင်းချင်း သိကြတဲ့ အချက် (၁၀) ချက်
ဘဝမှာ သူငယ်ချင်းကောင်းတစ်ယောက် ရှိထားရင်တောင် သင်က ကံကောင်းတဲ့သူ ဖြစ်ပါတယ်။ သူငယ်ချင်း အရင်းကြီးတွေဆိုတာ ဘယ်လောက် အဖိုးတန်လဲဆိုတာကို သူငယ်ချင်းရှိရင် သိမှာပါ။ သူငယ်ချင်း အရင်းကြီး မရှိထားရင် သင်က ဒီအချက်တွေကိုလည်း နားလည်မှာ မဟုတ်ပါဘူး။ သူငယ်ချင်းအရင်းကြီးတွေမှပဲ ဒီအချက်တွေကို နားလည်တာပါ။ (၁) စကားလုံးတွေထက် ပိုတယ် တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့ စကားတွေနဲ့ ပြောပြဖို့ မလိုပါဘူး။ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တာနဲ့ ဘာဖြစ်တယ်ဆိုတာကို နားလည်တာက သူငယ်ချင်း ဖြစ်ခြင်းကြောင့်ပါပဲနော်။ (၂) နေ့တိုင်း ပြောနေဖို့ မလိုဘူး စကားတွေ ပြောမနေလည်း စိမ်းမသွားတာ သူငယ်ချင်းတွေပါပဲ။ စကားပြောပြော မပြောပြော စိတ်ခုစရာ မရှိတာကလည်း သူငယ်ချင်းဆိုတဲ့ သံယောဇဉ်ကြောင့်ပါပဲ။ (၃) တစ်ယောက် ဘဝ […]
တန်ဖိုးရှိတဲ့ မိန်းကလေးတွေဆိုတာ အချစ်ရေးနဲ့ ပတ်သက်ပြီး ဒီလိုစိတ်ဓာတ်မျိုး ရှိသူတွေပါ
မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးဟာ သူများက သတ်မှတ်ပေးရတာ မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် သတ်မှတ်တာမျိုးပါ။ မိန်းကလေးတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့ သူ့ကို တန်ဖိုးထားခြင်းတွေက သူ့ရဲ့တန်ဖိုးကို ဖော်ပြနေတာဖြစ်ပါတယ် အခုဖော်ပြပေးမှာကတော့ တန်ဖိုးရှိတဲ့ မိန်းကလေးတွေဟာ အချစ်ရေးနဲ့ ပတ်သက်ရင် ဘယ်လိုပြုမူတတ်သလဲ၊ ဘယ်လိုဆုံးဖြတ်ချက်ချတတ်သလဲ ပြီးတော့ ဘယ်လိုစိတ်ဓာတ်ရှိသလဲ ဆိုတာပါပဲ။ တကယ်လို့ သင်ဟာ ဒီအချက်တွေနဲ့ ကိုက်ညီနေခဲ့ရင် တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါနော် …။ (၁) မချစ်သင့်တဲ့သူကို မချစ်ဘူး။ ဒီလို မိန်းကလေးတွေ အနေနဲ့ မချစ်သင့်တဲ့သူတွေကို ဘယ်တော့မှ ချစ်မိမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူတို့ဟာ ကိုယ်ကျင့်တရားဖောက်ပြန်တာ၊ လူမှုရေး ဖောက်ပြန်တာမျိုးတွေကို အရမ်းမုန်းပြီး အဲလိုမဖြစ်အောင်လည်း အရမ်းဂရုစိုက်ကြပါတယ်။ မချစ်သင့်တဲ့ သူမျိုးကိုဆို အစကတည်းက မပတ်သက်မိအောင် နေတတ်ကြပါတယ်။ ဒါကြောင့်မို့လည်းသူတို့ဟာ […]
ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင်ကြိုးစားနည်း
လူတိုင်းဟာ အချစ်ဦးနဲ့ လက်တွဲခွင့်မရတတ်ကြပါဘူး။ အချစ်ဦးတင်မဟုတ်ပဲ။ တစ်ခါတစ်လေ အချစ်ဆုံးဆိုသူတွေနဲ့လည်းကွဲကွာတတ်ကြပါတယ်။ ဒီလိုကွဲကွာတဲ့အခိုက်အတန့်မှာ ခံစားရတဲ့ဝေဒနာမျိုးဟာ ပြောမပြတတ်လောက်အောင်နာကျင်ရပါတယ်။ အချို့သူတွေကတော့ နှစ်အနည်းငယ်အကြာမှာ အနည်ကျသွားပေမယ့် အချို့သူတွေကတော့နှစ်တွေအများကြီးကြာသွားတာတောင် အနည်မထိုင်ပဲရှိနေတတ်ပါတယ်။ အသဲကွဲခြင်းက ရေရှည်ဖြစ်နေပြီး မိမိကိုယ်ကို လွင့်ချင်ရာလွင့်ပါစေဆိုပြီး မျှောထားတဲ့လှေတစ်စင်းလိုပြုမူနေရင်တော့ သင့်ဘဝကို အမြန်ဆုံးပြုပြင်သင့်ပါပြီ။ အောက်ပါအချက်တွေက သင့်ရဲ့အချစ်ရဆုံးကို ချက်ချင်းကြီးမေ့အောင်တော့ မကူညီနိုင်ပေမယ့် အချိန်အမြန်ဆုံးမေ့အောင်ကြိုးစားတဲ့နေရာမှာတော့ ကူညီပေးနိုင်ပါလိမ့်မယ်။ (၁) ပထမဆုံးသင်သတိရဖို့က အချိန်တွေအများကြီးရှိသေးတယ်ဆိုတာပါပဲ။ သင့်ရဲ့အချစ်ဆုံးကို ဘယ်လောက်ကြာရင် မေ့နိုင်အောင်ကြိုးစားမယ်ဆိုပြီး ပုံသေကြီးချမထားပါနဲ့။ ဒီအချက်ကသူ့ကိုပိုပြီးသတိရစေပါတယ်။ အချိန်ကတဖြည်းဖြည်းကုစားသွားမယ်ဆိုပေမယ့် အဲ့ဒိအချိန်ဆိုတာကြီးကို ခဏခဏခေါင်းထဲမရောက်ပါစေနဲ့။ သင်ကအချိန်ကာလာအကန့်အသတ်ပေးထားရင် အချိန်ပြည့်လို့ မမေ့နိုင်သေးရင် ပိုပြီးတော့တောင် သူက စိတ်ထဲရောက်လာနိုင်ပါတယ်။ အခုကစပြီး အချိန်ကာလအကြောင်းက ခဏမေ့ထားပါ။ (၂) အပြည့်အဝနာကျင်လိုက်ပါ။ အသဲကွဲရင် ရင်ကွဲမတတ်ခံစားရတာ သင်တစ်ယောက်ထဲမဟုတ်ပါဘူး။ ရင်ဘတ်ထဲ ဘာလိုလို့လိုနေမှန်းမသိခြင်း၊အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ […]
အနက်ရောင် ကြိုက်နှစ်သက်သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး
အနက်ရောင် ကြိုက်နှစ်သက်သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး “အနက်ရောင်ဆိုတာ အမြဲတမ်း ကျော့ရှင်းတဲ့အရောင် ဖြစ်ပါတယ်။ အနက်ရောင်ဆိုတာ ရောင်စုံကားချပ်ထဲက အရောင်တွေအားလုံး ပေါင်းစပ်ထားတာဖြစ်လို့ အရောင်တွေထဲမှာ အပြည့်စုံဆုံး အရောင်ပါပဲ။” အနက်ရောင်ဆိုတာ ဘယ်အရောင်နဲ့တွဲတွဲ လိုက်ဖက်တဲ့အရောင်ပါ။ ဒါကြောင့် လူတော်တော်များများမှာ အနက်ရောင်နဲ့ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေရှိကြပါတယ်။ ဒါပေမဲ့ လိုအပ်တာနဲ့ ကြိုက်နှစ်သက်တာက မတူပါဘူး။ အနက်ရောင်ကို သုံးရမယ့်နေရာရှိလို့/လိုအပ်လို့ရွေးချယ်တာထက် လိုအပ်အပ် မအပ်အပ် ရွေးချယ်တာကိုမှ အနက်ရောင်ကြိုက်တယ်လို့ ဆိုနိုင်ပါမယ်။ အနက်ရောင်ကြိုက်နှစ်သက်တယ်ဆိုတာ အရောင်အားလုံး ရောထားရင်တောင် အနက်ရောင်ကိုပဲ အလှဆုံးလို့ထင်နေတာမျိုး၊ အနက်ရောင်ဝတ်ထားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတာမျိုး၊ ကိုယ့်ရဲ့ Happy Colour က အနက်ရောင်ဖြစ်နေတာမျိုးပါ။ အနက်ရောင်ကြိုက်သူအများစုရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကတော့ —– ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ် အနက်ရောင်ကြိုက်သူဟာ ကိုယ့်ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ယုံကြည်မှု ရှိသူပါ။ […]
Single ဘဝမှာ သာယာနေတတ်ကြတဲ့ သူတွေမှာ ရှိနေတတ်တဲ့ အကြောင်းပြချက်များ …
တကယ်တော့ လူငယ်တွေအနေနဲ့ ရည်းစားထားဖို့ဆိုတာ သိပ်ကို လွယ်တဲ့ အချက် ဖြစ်ပါတယ်။ တစ်နေ့ မဟုတ် တစ်နေ့မှာ ဒီလိုမျိုး အချစ်ရေးနဲ့ ပတ်သတ်ပြီး သမီးရည်းစား ဆက်ဆံရေးကို တည်ဆောက်ကြရတာချည်းပါပဲ။ ဒါပေမယ့်လည်း တစ်ချို့သူတွေကတော့ ချစ်သူရည်းစား မထားဘဲ တစ်ကိုယ်တည်း single ဘဝနဲ့ပဲ ပျော်ပျော်ရွှင်ရွှင် နေနေကြလေ့ ရှိပါတယ်။ သူတို့ကို ကြိုက်မယ့်သူ မရှိတာမျိုး မဟုတ်ဘဲ သူတို့ကိုယ်က single ဘဝကို ပျော်နေကြတာ ဖြစ်ပါတယ်။ သူတို့တွေမှာ ရှိနေတဲ့ အကြောင်းပြချက်တွေကတော့….. လွတ်လွတ်လပ်လပ်ပဲ နေချင်တယ် ချစ်သူ ထားကြတဲ့သူတွေက သူ့ဆန္ဒ ကိုယ့်ဆန္ဒ လိုက်လျောရတာမျိုးတွေ ရှိလာကြပါတယ်။ ဒါ့အပြင် အလေးထားတဲ့ အနေနဲ့ မလုပ်စေချင်တာကို မလုပ်ရတာမျိုးတွေလည်း ရှိနေပါတယ်။ ဒါမျိုးကို Single ဘဝမှာ […]
နဖူးပြောင်သူတွေရဲ့ သူများနဲ့မတူဘဲ ကွဲပြားတဲ့ စိတ်နေစိတ်ထားနဲ့ အားသာချက်
နဖူးကျယ်တဲ့သူလေးတွေကို သူငယ်ချင်းတွေက ပြောင်ကြီးလို့ ခေါ်ပြီး စနောက်တတ်ကြတာကြောင့် အများစုက ဆံမြိတ်လေးတွေနဲ့ နဖူးကျယ်ကျယ်တွေကို ဖုံးအုပ်ထားတတ်ကြပါတယ်တကယ်တော့ နဖူးကျယ်တယ်ဆိုတာ ကောင်းတဲ့ လက္ခဏာရပ်ဖြစ်ပြီး နောက်ထပ် ဒီလိုထူးခြားချက်မျိုးတွေကိုလည်း ပိုင်ဆိုင်ထားတာပါနော် (၁) ကိုယ့်အားကိုယ်ကိုးတတ်တယ် သူတို့တွေဟာ တခြားသူတွေကို မှီခိုတာထက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ့်အားကိုယ်ကိုးတတ်ကြတဲ့သူလေးတွေဖြစ်ပါတယ်။ အခက်အခဲနဲ့ကြုံတွေ့ရတဲ့အချိန်မှာ ကိုယ်တိုင်ကြိတ်ဖြေရှင်းနေတတ်ပြီး တခြားလူတွေကို အကူအညီတောင်းဖို့ ဝန်လေးတတ်တဲ့သူတွေပါ။ (၂) လွယ်လွယ်နဲ့မပြိုလဲတတ်ဘူး တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ပြီးရင် မရရအောင်လုပ်တတ်တယ်၊ ဘယ်လိုအတိုက်အခိုက်မျိုးတွေနဲ့ပဲကြုံရပါစေ လွယ်လွယ်နဲ့ပြိုလဲမသွားဘဲ ကြံ့ကြံ့ခံနိုင်တဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့ သူလေးတွေလည်းဖြစ်ကြပါတယ်။ (၃) ကန့်သတ်ချုပ်ချယ်တာကိုမုန်းတယ် လွတ်လပ်တာကိုကြိုက်တယ်၊ ကိုယ်တိုင်ရွေးချယ် ဆုံးဖြတ်တတ်တယ်၊ ကိုယ့်ကို ကန့်သတ်ချုပ်ချယ်တာမျိုးကို လုံးဝလက်ခံမှာ မဟုတ်တဲ့သူတွေပေါ့ ။ (၄) တော်တဲ့သူတွေ နဖူးကျယ်တဲ့သူတွေရဲ့ cranial cavity ပိုကြီးတာကြောင့် ဦးနှောက်လုပ်ဆောင်မှု […]
“ငါ့တို့ သူငယ်ချင်းတွေ ပြန်တွေ့ ဖြစ်ခဲ့ရင် ဒီလိုလုပ်ရအောင်”
“ငါ့တို့ သူငယ်ချင်းတွေ ပြန်တွေ့ ဖြစ်ခဲ့ရင် ဒီလိုလုပ်ရအောင်” လည်ပင်းက နားကြပ်ကို ခဏဖြုတ်ထားခဲ့၊ ပခုံးပေါ်က အပွင့်တွေ ခဏဖြုတ်ထားခဲ့၊ ခေါင်းပေါ်က အင်ဂျီနီယာ ဦးထုပ်ကို ခဏချွတ်ထား၊ မင်းရဲ့  Certificate တွေ ဘွဲ့ လက်မှတ်တွေ ဂုဏ်ပြု မှတ်တမ်းတွေ အိမ်မှာထားခဲ့ မင်းရဲ့  ရင့်ကျက်မူတွေ လူကြီးလူကောင်းဆန်မူတွေ၊ ခဏလောက် သော့ခတ် သိမ်းထားခဲ့။ ဆယ်တန်း အောင်တာ မအောင်တာတွေ မေ့ထားခဲ့ လက်လုပ်လက်စား ဘဝတွေ ရာထူးဂုဏ်ရှိန်ဝါတွေ ခန ဖယ်ထားခဲ လာပါ သူငယ်ချင်း ။ အဝတ်အစား တွေ သိပ်ကြီး အဖိုးတန်တွေ မဝတ်ခဲ့နဲ့  တော်ရုံ သင့်ရုံ ဆိုရပြီ။ နောက်တစ်ခုက ကိုင်နေကျ […]
သင့်ချစ်သူကို တခြားမိန်းကလေးတွေဆီ စိတ်မရောက်စေချင်ရင် သိထားရမယ့်အရာတွေ
သင့်ချစ်သူကို တခြားမိန်းကလေးတွေဆီ စိတ်မရောက်စေချင်ရင် သိထားရမယ့်အရာတွေ မိန်းကလေးတစ်ယောက်ရဲ့ အလိုချင်ဆုံးဆန္ဒတစ်ခုကတော့ ကိုယ့်ချစ်သူက ကိုယ့်အပြင် တခြားကောင်မလေးတွေကို ရှေ့တင်မှာရော၊ နောက်ကွယ်မှာပါ စိတ်မဝင်စားပဲ ကိုယ့်တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲ ချစ်နေစေချင်တာပါပဲ။ ခုဖော်ပြပေးမှာကတော့ အဲလိုချစ်နေစေချင်တဲ့ ပျိုမေလေးတို့ရဲ့ ဆန္ဒကိုအကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ ကြည့်လိုက်ရအောင်နော်။ (၁) သူ့ဘဝအကြောင်းကို စိတ်ဝင်စားပါ ဒါဟာထူးဆန်းတယ်လို့ ထင်ချင်စရာပါပဲ။ ဒါပေမယ့် ဒီအချက်ဟာတကယ်ကိုအရေးကြီးပါတယ်။ သူဘာတွေကိုစိတ်ဝင်စားလဲ၊ ဘာတွေဝါသနာပါလဲဆိုတာကို အမေးအဖြေတစ်ခုကို သဘောထားပြီး မေးနေမယ့် အစား၊ သူ့ဘဝထဲကို ကိုယ်တိုင်ဝင်ကြည့်လိုက်ပါ၊ သူဘယ်အရာမှာပျော်လဲ၊ ဘာတွေလုပ်ရတာကြိုက်လဲဆိုတာကို ကိုယ်တိုင် ဝင်ပြီး မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်။ သူစိတ်ဝင်စားတဲ့၊ သူနှစ်သက်တဲ့အရာတွေကို အတွဲညီညီလေး လိုက်လုပ်ပေးနိုင်တဲ့မိန်းကလေးမျိုးကိုမှ တမ်းတမ်းမစွဲရင် ဘယ်သူ့ကိုသွားစွဲမလဲနော့။ (၂) အမြဲတမ်းစိတ်ဝင်စားစရာကောင်းအောင်နေပါ ယောက်ျားလေးတွေဟာ တော်ရုံတန်ရုံကိစ္စလောက်ကို စိတ်ဝင်စားမှုနည်းပါတယ်။ အဓိကကတော့သင်ဟာ ခန့်မှန်းရလွယ်တဲ့၊ ချုပ်ကိုင်ရလွယ်တဲ့သူတစ်ယောက် […]









