Life Style

မိသားစုစိတ်ဓာတ်ရှိတဲ့သူကသာ ပိုပြီး ပင်ပန်းရတာပါ…

မိသားစုတစ်ခုမှာ အကြီးမို့ အငယ်မို့ ပိုပြီးအနစ်နာခံရတယ် ပိုပြီးပင်ပန်းရတယ်လို့ မရှိပါဘူး မိသားစုတစ်ခုမှာ မိသားစုစိတ်ဓာတ်ပိုပြီးရှိတဲ့လူက ပိုပြီး ပင်ပန်းရတာပါ မိသားစုစိတ်ဓာတ်ဆိုတာ တာဝန်ယူတတ်တဲ့စိတ် တာဝန်သိတတ်တဲ့ စိတ်ပါပဲ ကိုယ့်တစ်ယောက်တည်းအတွက် အဆင်ပြေမယ့်အရာကို မရွေးပဲ မိသားစုလေးယောက်ရှိတဲ့အခါ လေးယောက်လုံး အဆင်ပြေစေချင်တဲ့ ဆန္ဒ ငါးယောက်ရှိတဲ့အခါ ငါးယောက်လုံး အဆင်ပြေစေချင်တဲ့ ဆန္ဒပေါ့ အရာရာမှာ ကိုယ်ဖြစ်ချင်နေတာထက် ဖြစ်သင့်ဖြစ်ထိုက်တာကို ပိုပြီးရွေးချယ်တဲ့အတွက် သာမန်ထက်ပိုပြီး စွန့်လွှတ်ရတာတွေ များတတ်ပါတယ် ဥပမာ – ကိုယ်မက်ခဲ့တဲ့အိပ်မက်တွေ မိသားစုအတွက် မေ့ပစ်လိုက်ရတာမျိုးပေါ့ ကိုယ်ဖြစ်ချင်နေတဲ့အရာတွေထက် အကြီးမှသည် အငယ်အဆုံး သူတို့ရဲ့ရည်မှန်းချက်တွေကို ပိုပြီးဖြည့်ဆည်းပေးတတ်တယ်နောက်ဆုံး ကိုယ်သာ ဘာမှမဟုတ်တဲ့လူတစ်ယောက်အဖြစ် ကျန်ခဲ့ရတာလေ အိမ်ကို ပိုပြီးသံယောဇဉ်ကြီးတတ်တဲ့သူက ရပ်ဝေးမသွားနိုင် နယ်ဝေးမထွက်နိုင်နဲ့ ခြေချုပ်မိနေသလိုမျိုးပေါ့ အိမ်ကို ပိုပြီးတွယ်တာလေလေ ကိုယ့်မှာပိုပြီး ဆင်ခြင်ရလေလေ ပိုပြီး […]

Life Style

တကယ်ချစ်တဲ့ ယောက်ျားလေးတွေ ပြောတတ်တဲ့ စကား (၉) ခွန်း

မင်္ဂလာပါနော်။ ချစ်သူရှိတဲ့ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ ချစ်သူအမျိုးသား ကိုယ့်အပေါ် တကယ်ချစ်မချစ်ဆိုတာကို သူပြောတဲ့စကား သူလုပ်တဲ့အပြုအမူတွေကနေ တဆင့် သိရှိနိုင်ပါတယ်နော်။ ချစ်မိသွားပြီဆိုရင် သူပြောတဲ့ စကားတွေထဲမှာ အခုဖော်ပြမယ့် စကားလုံးတွေ ပါဝင်လာမှာပါနော်။ ၁။ ကိုယ်သတိထားမိတယ်… တကယ်ချစ်တဲ့ ကောင်လေးက သင့်ရဲ့ အသေးစိတ်ကအစ သတိထားမိနေမှာပါ။ သင်စိတ်မကောင်းဖြစ်နေတာလား စိတ်ခုနေတာလား သင့်စိတ်ခံစားချက် ဘယ်လိုရှိသလဲဆိုတာကို အမြဲတမ်း သတိထားမိနေမှာဖြစ်ပါတယ်။ ၂။ ကိုယ်မင်းကို ကူညီနိုင်ပါတယ်… ချစ်တဲ့ ကောင်လေးတစ်ယောက်က သင့်ကို အမြဲတမ်း ကူညီဖို့ ဆန္ဒရှိနေမာဖြစ်ပါတယ်။ သင့်ကို တစ်ယောက်တည်းအထီးကျန်စေမှာမဟုတ်ပါသလို သင်လိုအပ်တဲ့အချိန်တိုင်း အနားမှာရှိနေမှာပါ။ ၃။ ဒီအရာက မင်းကို သတိရသွားစေတယ်… ဥပမာ သင်ကြိုက်တတ်တဲ့ ဟင်းလေး ချက်စားဖြစ်ရင် သင့်ကိုသတိရတာမျိုး၊ သင်ကြိုက်နှစ်သက်တဲ့ အဝတ်အစား ဒီဇိုင်းမျိုးတွေ့ရင် […]

Life Style

“ယောက်ျားလေးတိုင်း လိုလိုချင်ချင်နဲ့ မက်မောတဲ့ မိန်းကလေးဆိုတာ”

ယောက်ျားလေးတစ်ယောက်က ပြောတယ်…… (၁) မိန်းကလေး တစ်ယောက်ဟာ သိပ်ချော သိပ်လှစရာ မလိုဘူး။ လူကြားသူကြားထဲ ခေါ်ထွက်လို့ရပြီး အိမ်အပြန် ခေါ်ပြန်လာလို့ရရင် ရပြီ။ (၂) ဖြစ်ခဲ့ဖူးတဲ့ အတိတ်ကို ငါလိုက်မမေးဘူး။ ဒါပေမယ့် ငါနဲ့တွေ့ပြီးတဲ့နောက် ငါ့တစ်ယောက်တည်းကိုပဲ ကောင်းကောင်းချစ်ရင် ရပြီ။ (၃) အလုပ်လုပ်ချင်ရင် အလုပ်တစ်ခုရှာ လုပ်နိုင်တယ်။ မလုပ်ချင်ရင် အိမ်မှာပဲ အိမ်ရှင်မအဖြစ် ပီပီသသနေ။ နင့်ကို ငါယူရဲရင် နင့်ကိုကျွေးနိုင်တဲ့ အား ငါ့မှာရှိတယ်။ (၄) တခြားလူလောက် ငါချမ်းသာချင်မှ ချမ်းသာမယ်။ ဒါပေမယ့် တခြားလူ နင့်ကို ပေးနိုင်တဲ့အရာ ငါလည်းပေးနိုင်တယ်။ (၅) နင့်အနားမှာ ငါနေ့တိုင်းအဖော်ပြုနိုင်ချင်မှ ပြုနိုင်မယ်။ ဒီအိမ်အတွက် ငါအပြင်ထွက် ရုန်းကန်ရမယ်။ ဒါပေမယ့် ငါ့ဖုန်း ဘယ်တော့မှ ပိတ်မထားဘူး… […]

Life Style

ယောက်ျားတစ်ယောက် ထားသွားခံရလို့ မိန်ကလေးတစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး

မိန်းကလေးတိုင်းဖတ်ဖို့ ယောက်ျားတစ်ယောက် ထားသွားခံရလို့ မိန်ကလေးတစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး အဲ့ဒီ ယောက်ျားကို ချစ်နေသေးတဲ့ စိတ်ကြောင့်သာ ဘဝ ပျက်စီးသွားမှာပါ မိန်းကလေးတစ်ယောက် အယုံကြည်လွယ်တယ် ခံစားရလွယ်တယ် အားနာလွယ်တယ် အစွဲလမ်းကြီးတတ်တယ်ဆိုရင် နောင်တတွေနဲ့ အလိမ်အညာတွေပဲ ခဏခဏ ခံနေရမှာပေါ့. ဖောက်ပြန်တတ်တဲ့ ယောက်ျားတစ်ယောက်ကို ဘယ်တော့မှ ခွင့်လွှတ်ပြီး ရှေ့ဆက်လက်မတွဲပါနဲ့ အနေနီးမှုကို မလွန်ဆန်နိုင်ပဲ ဖောက်ပြန်တာဟာ အချစ်ကို ကိုးကွယ်တာမဟုတ်ဘူး မွေးရာပါဆင်ခြင်တုံတရား အားနည်းတာ စာရိတ္တသက်လုံမကောင်းခဲ့တာပါ ပြောချင်တာက ဆန္ဒနဲ့ သိက္ခာကို ရွေးချယ်ရတဲ့အခါ သိက္ခာကိုသာ ဦးစားပေးပါ လိုချင်တာနဲ့လိုအပ်တာကို ရွေးချယ်တဲ့အခါ လိုအပ်တာကိုသာ ဦးစားပေးပါ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ်တဲ့အခါ ဖြစ်သင့်တာကိုသာ ဦးစားပေးပါ လက်တလော အဆင်မပြေဘူးထင်ရပေမယ့် နောင်တချိန် နောင်တ ကင်းလိမ့်မယ်ဆိုတာ သိလာပါလိမ့်မယ် ကိုယ့်ကစပြီး […]

Life Style

နာမည်မှာ ”K” ပါခဲ့ရင်

~ ရယ်လိုက်ရင် အသေချစ်ဖို့ကောင်းတာ 9+…(နာမည်မှာ ”K” ပါတဲ့သူတွေရဲ့ အဓိက လျှို့ဝှက်လက်နက် တစ်ခုပဲ) ~ လူတစ်ဖက်သားကို ကူညီတတ်တဲ့စိတ်က မွေးရာပါပဲ…(အဲ့ဒီအားနည်းချက်ကိုမှ အသုံးချသွားတဲ့သူတွေက ရှိသေး) ~ သဘောထားကြီးပြီး ခွင့်လွှတ်လွယ်တယ်…(ဒေါသထွက်လည်းခဏပဲ ပြီးရင်သူမဟုတ်သလိုနဲ့) နောက် နာမည်မှာ ”K” ပါနဲ့သူတွေရဲ့အားသာချက်က ~ ခလေးဆန်လွန်းတဲ့အပြုအမူလေးကြောင့် ချစ်မိသွားမယ်…(နေတတ်သလိုနေနေတာလေးကိုက အသဲယားစရာလေး) ~ တွေးတွေးပြီးငိုတတ်တဲ့”Style”က ကြွေလောက်တယ်…(ဝမ်းနည်းစရာတစ်ခုဆို”Version”ပြန်ပြန်မြှင့်လိုက်ရမှ) ~ အိပ်ချင်မူးတူးနဲ့ ယောင်နေတဲ့ ပုံစံလေးက ချစ်စရာလေး…(မယုံရင် အသာလေးခိုးကြည့် ခွိ ရလွန်းလို့ အူပါတက်တာ) ~ ရုပ်တည်ချက်က တစ်လောကလုံး ရှာကျွေးထားရသလိုနဲ့…(ပေါပြီဟေ့ဆို ဘယ်သူမှလိုက်မမှီစေရဘူး သေသွားမယ်) ~ အချစ်ရေး ကံမကောင်းတာလေ ဘာဖြစ်မှန်းမသိ…(အချစ်ကြောင့် သိပ်ပျော်ရွှင်နေရတာက ရှားတယ်မျက်ရည်နဲ့မျက်ခွက် မဖြစ်ရရင် ဘဝက မပြီးဘူး) ထိုကြောင့် […]

Life Style

မမျှော်လင့်ဘဲ ကောင်လေးတွေ ကြွေသွားတတ်တဲ့ မိန်းကလေးတွေရဲ့ အပြုအမူလေးများ

လူတစ်ယောက်ကို ချစ်ဖို့ အချိန် စက္ကန့်ပိုင်းပဲ လိုပါတယ်တဲ့။ တစ်ယောက် အကြောင်း တစ်ယောက် မသိဘဲနဲ့လည်း ချစ်မိတတ်ကြတာ ဒါကြောင့်ပါပဲ။ အချစ်ကို စတင်တွေ့ရှိတဲ့ အချိန်တွေ အများစုကတော့ ကောင်မလေးတွေရဲ့ အပြုအမူတစ်ခုခုကို ကောင်လေးတွေ မြင်လိုက်ရလို့ ဖြစ်ပါတယ်။ အမှတ်တမဲ့ ကောင်မလေးတွေ ပြုလုပ်တဲ့ လှုပ်ရှားမှုမှာ ကောင်လေးတွေက ကြွေသွားတာမျိုး ဖြစ်ပါတယ်။ ဘယ်လို အပြုအမူတွေကို ကောင်လေးတွေက ကြွေတတ်လဲ ဆိုရင်တော့.. စိတ်ဆိုးနေတာ ဒေါသထွက်နေတဲ့အချိန် မဟုတ်ဘဲ မိန်းကလေးတွေ စိတ်ဆိုးစိတ်ကောက် ဖြစ်တဲ့အခါမှာ ဖြစ်နေတတ်တဲ့ အလိုမကျတဲ့ မျက်နှာအနေအထားက ကောင်လေး အများစုအတွက် သဘောကျစရာ ကောင်းနေတတ်ပါတယ်။ ဒီလို မျက်နှာပေးလေးနဲ့ ဆောင့်အောင် ပြုမူနေတာမျိုးကို မြင်မိပြီးလည်း ကောင်လေးတွေက ကြွေသွားတတ်ကြပါတယ်။ ကလေးဆန်တာ ကလေးဆန်တဲ့ အပြုအမူရှိတဲ့ […]

Life Style

အချစ်ရေး ကံမကောင်းတဲ့ သူတွေအတွက် အချစ်ရေး ကံကောင်းလာဖို့ နည်းလမ်းကောင်းလေး

တစ်ချို့ လူတွေက အရမ်းချစ်တတ်တဲ့ သူတွေဖြစ်ပေမယ့်လို့ အချစ်ရေးကံမကောင်း တတ်ကြပါဘူး။ အမြဲတမ်း ထားပစ်ခံရတာတွေ၊ အသည်းခွဲသွားတာတွေ၊ နာကျင် ရတာတွေပဲ များနေတတ် ပါတယ်။ ဒီလို အချစ်ရေး ကံမကောင်းတာကြီးက ကိုယ့်အပြစ် မဟုတ်ပေမယ့်လို့ ကိုယ့်ဘက်ကနေ ပြင်ဆင်ရမယ့် အချက်လေးတွေ ရှိလို့ နေပါတယ်။ ဒီအချက်တွေက သင့်ကို အချစ်ရေး ကံကောင်းသူတစ်ယောက် ဖြစ်လာစေမှာပါ။ ထားရစ်ခဲ့တဲ့ သူတွေကို ကျေးဇူးတင်လိုက်ပါ ကိုယ့်အပေါ် ထားရစ်ခဲ့ဖူးတယ်၊ ကိုယ့်ကိုယ် နာကျင်စေခဲ့ဖူးတဲ့ တစ်ချိန်က လူတွေကို ကျေးဇူးတင်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ဒါဟာလည်း ဘဝရဲ့ သင်ခန်းစာ တစ်ခုပါပဲ။ သူတို့ဆီက ရလိုက်တဲ့ သင်ခန်းစာတွေနဲ့ တစ်ချိန်က ကိုယ့်ကိုယ် ချစ်ပေးခဲ့တာတွေ အတွက် ကျေးဇူးတင်လိုက်ပါ။ သူတို့ ကိုယ့်ဆီက […]

Life Style

သင့်လက်ရှိချစ်သူက သင့်ကို ရိုးမြေကျ သစ္စာရှိသွားမယ့်သူဆိုရင် ဒီအချက်တွေ ခံစားမိမှာပါ..

ဘယ်သူမဆို ကိုယ့် ချစ်သူ နဲ့ တစ်သက်လုံးမခွဲဘဲ လက်တွဲသွားချင်ကြတာ ချည်းပါပဲ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ကြရတာမျိုးလည်း ရှိကြပါတယ်။ ဒါဆို အခုလက်ရှိ ချစ်သူက သင့်အတွက်စစ်မှန်တဲ့သူတစ်ယောက်လား။ သင့်ဘ၀နောက်ဆုံးအချိန်အထိလက်တွဲသွားနိုင်မယ့်သူတစ်ယောက်လား ဆိုတာကို သိချင်မိမှာပါပဲ။ အခုဖော်ပြမယ့်အချက်တွေနဲ့တိုက်ဆိုင်နေတယ်ဆိုရင်တော့ ဒီတစ်ယောက်က သင့်အတွက် သေချာပေါက်နောက်ဆုံးအချိန်အထိအတူရှိမယ့်သူမျိုးလို့ လက်ခံလို့ရပါပြီ။ (၁) ကိုယ်ကသူ့ရဲ့ ပထမဦးစားပေး ဖြစ်နေပြီဆိုရင် ဘယ်အချိန်၊ ဘယ်နေရာရောက်ရောက်၊ ဘာကိစ္စတွေပဲဖြစ်ဖြစ် သူ့ရဲ့ပထမဦးစားပေးက ကိုယ်ပဲဖြစ်နေတယ်ဆိုရင် သေချာပေါက်နောက်ဆုံးအချိန်ထိအတူရှိမယ့်လူက သူပါပဲ။ (၂) ကိုယ့်ကိုအရမ်းနားလည်နေတယ်ဆိုရင် ကိုယ့်မျက်နှာကိုကြည့်တာနဲ့ဘာဖြစ်နေမှန်းသိနေတာမျိုး၊ ကိုယ့်ရဲ့လေသံကိုနားထောင်တာနဲ့ ဘာလိုချင်မှန်းသိနေတာမျိုး၊ ကိုယ့်ရဲ့ အချစ်နဲ့အပြစ်တွေကို နားလည်ပေးနေတာမျိုးဆိုရင်တော့ ဘ၀လက်တွဲဖော်က သူကလွဲရင်ဘယ်သူမှမရှိနိုင်တော့ပါဘူးနော်။ (၃) သူနဲ့ရှိချိန်တိုင်းစိတ်မပင်ပန်းဘူးဆိုရင် သူနဲ့အတူတူရှိတဲ့အချိန်တိုင်းမှာ စိတ်က သက်တောင့်သက်သာဖြစ်နေမယ် ၊ စိတ်ညစ်တာတွေ စိတ်တင်းကြပ်တာတွေမဖြစ်ဘူး၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သိကျွမ်းခဲ့သလိုခံစားချက်မျိုးဖြစ်နေမှာပါ။ (၄) […]

Life Style

သစ္စာရှိတဲ့ ချစ်သူကောင်လေးတွေမှာပဲ တွေ့ရတတ်တဲ့ လက္ခဏာရပ်များ

သစ္စာရှိတယ်ဆိုတာမျိုးက သာယာတဲ့ အချစ်ရေးတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားတဲ့သူတိုင်းက သစ္စာရှိမှုကိုလည်း မြတ်နိုးကြတာ သဘာဝပါပဲ။ အချစ်ရေးမှာ သစ္စာမရှိသူတွေကြောင့် ဝမ်းနည်းရတဲ့ မိန်းကလေးတွေကလည်း အများအပြား ရှိနေပါတယ်။ ကိုယ့်ချစ်သူကောင်လေးက ကိုယ့်အပေါ် သစ္စာ ရှိသလားဆိုတာကို ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်နော်။ (၁) တစ်ကိုယ်ကောင်း မဆန်ဘူး ဖောက်ပြန်တယ်ဆိုတာက တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ သူ့အလိုအတွက် သင်ဘာဖြစ်ဖြစ် ဖြည့်မတွေးထားတာမျိုး ဖြစ်ပါတယ်။ သစ္စာရှိတဲ့သူတွေကတော့ သင် ဘာလိုအပ်လဲဆိုတာကို တွေးပေးပြီး သူ့ကိုယ်သူလည်း သင့်အတွက်ပါလို့ တွေးထားတဲ့သူမျိုး ဖြစ်ကြပါတယ်။ (၂) တခြားမိန်းကလေးတွေကို လှည့်တောင် မကြည့်ဘူး သစ္စာရှိတဲ့ ချစ်သူကောင်လေးတွေက ကိုယ့်ချစ်သူကလွဲရင် တခြားမိန်းကလေးတွေကို မျက်စိမကစားတတ်ကြပါဘူး။ ကိုယ့်ရဲ့ အချစ်နဲ့ စိတ်ဝင်စားမှုက ကိုယ့်ကောင်မလေးအတွက် ဖြစ်ရမယ်ဆိုတဲ့ […]

Life Style

ပုရိသတွေပြောတဲ့ သူတို့သဘောအကျဆုံး ၊ အသဲအယားဆုံး ပျိုပျိုမေတို့ရဲ့ အပြုအမူများ

ယောက်ျားလေးတွေရဲ့စိတ်ကတော့ နားလည်ရခက်ပါတယ်။ သူတို့ ကြိုက်တာ မကြိုက်တာတွေကို သိပ်ထုတ်ပြောကြလေ့မရှိသလို မိန်းကလေးတွေနဲ့ပတ်သတ်ရင်လည်း သိုသိပ်တတ်ကြပါတယ်။ သူ့ဘက်ကကိုယ့်ကိုသဘောကျနေလား ၊ ကိုယ့်ရဲ့အပြုအမူတွေကရော မှားနေလားဆိုပြီး တွေဝေနေတဲ့ မိန်းကလေးတွေအတွက် ယောက်ျားလေးတွေပြောတဲ့ သူတို့သဘောအကျဆုံး ၊အသဲအယားဆုံး မိန်းကလေးတွေရဲ့အပြုအမူလေးတွေကို ဖော်ပြပေးလိုက်ပါတယ်… (1) ဆံပင်မြင့်မြင့် စည်းတာ ယောကျာ်းလေးတွေက သူတို့ရှေ့မာ မိန်းကလေးတွေ ဆံပင်စည်းလိုက်တဲ့ပုံစံကို နှစ်သက်ကြပါတယ်တဲ့။ အိမ်အလုပ်လုပ်လို့ပဲဖြစ်ဖြစ် ၊ ပူလို့ပဲဖြစ်ဖြစ် ဆံပင်စည်းလိုက်တဲ့အခါ သူတို့မျက်စိထဲ ချစ်စရာကောင်းတယ်လို့မြင်ကြပါတယ်။ (2) နှာခေါင်းရှုံ့တာ တစ်ခုခုကို အာရုံစိုက်နေတဲ့အခါမျိုး၊ စကားပြောတဲ့အခါမျိုးတွေမှာ နှာခေါင်းလေးရှုံ့သွားတဲ့ မိန်းကလေးတွေရဲ့ အပြုအမူကိုလည်း အရမ်းချစ်စရာကောင်းလို့ နှစ်သက်ကြပါတယ်တဲ့ (3) Hoodie ဌားဝတ်တာ အေးတဲ့အခါမျိုးမှာ Hoodie ဌားဝတ်တာ၊ အနွေးထည်ဌားဝတ်ထားတဲ့ ပုံစံမျိုးလေးတွေကိုလည်း သဘောကျကြပါတယ်။ အကျ င်္ီ ပွပွလေးနဲ့ […]