အချစ်နှင့်ဘဝ

မိန်းမတစ်ယောက်က ဘယ်လိုအချိန်မျိုးမှာ သူ့လက်တွဲဖော်နဲ့ ညှိမရ နှိုင်းမရနဲ့ သဟဇာတ မဖြစ်တော့ဆုံးလဲ သိလား

မိန်းမတစ်ယောက်က ဘယ်လိုအချိန်မျိုးမှာ သူ့လက်တွဲဖော်နဲ့ ညှိမရ နှိုင်းမရနဲ့ သဟဇာတ မဖြစ်တော့ဆုံးလဲ သိလား ဥပေက္ခာတွေနဲ့ နေသားကျသွားတဲ့အချိန်ပဲ… အချစ်ကို လိုနေချိန်မှာ အချစ်မခံရတဲ့မိန်းမ၊ နွေးထွေးမှုကို တောင့်တနေချိန်မှာ အေးတိအေးစက် ဆက်ဆံခံရတဲ့မိန်းမ၊ ဂရုတစိုက်နဲ့ကြင်နာတာတွေကို မျှော်လင့်နေချိန်မှာ လျစ်လျူရှုခံခဲ့ရတဲ့မိန်းမ အဲ့လိုမိန်းမတွေ အေးစက်သွားတဲ့အခါ ယောက်ျားတွေ မာကျောပါတယ်ဆိုတာထက် ပိုပြီး ကြောက်ဖို့ကောင်းသွားတယ် သူတို့လိုအပ်နေချိန်မှာ သူတို့လိုအပ်ချက်တွေကို မျက်ကွယ်ပြုခံလိုက်ရတဲ့အတွက် မချစ်တတ် မကြင်နာတတ်တဲ့ဘဝမှာ နေသားကျသွားတဲ့အချိန်က ကြောက်စရာ အကောင်းဆုံးပဲ သူတို့အေးစက်သွားတဲ့အချိန်မှ လာပြီး ကြင်နာပြ ချစ်ပြနေရင် အပိုတွေ လာလုပ်ပြနေတယ် ဘာတွေလဲ စိတ်ရှုပ်လိုက်တာဆိုပြီးတော့ကို စိတ်ထဲမှာ ကသိကအောက်တွေ ဖြစ်ကုန်ရော အနားမှာ လာကပ်နေရင်ကို စိတ်အနှောက်အယှက်တွေ ဖြစ်နေတာ အမြဲတမ်း တယောက်တည်း ပစ်ထားခံရတဲ့ ဘဝမှာ နေသားကျနေတော့ လာပြီး […]

ကြားသိရသမျှ အချစ်နှင့်ဘဝ

သင့်ကို ရက်ရက်စက်စက် ထားခဲ့သူကို ကျေးဇူးတင်ရမယ့် အကြောင်းအရင်းများ

အချစ်ဆိုတာ ချစ်သူတွေ ထားတိုင်းလည်း တွေ့ရတတ်တာမျိုးလည်း မဟုတ်ပါဘူး။ အချစ်ဆိုတာ သိပ်ကို ဆန်းကြယ်ပါတယ်။ သင့်ကို ပစ်ပစ်ခါခါ ပြောပြီး လမ်းခွဲသွားတာမျိုးနဲ့ သင့်ကို ဘာမှ ရေရေရာရာ မပြောဘဲ လမ်းခွဲသွားတာမျိုးလည်း ရှိတတ်ပါတယ်။ သင့်နဲ့ မကိုက်ညီတဲ့ ချစ်သူတွေဆိုတာ သင့်နားမှာ ကြာကြာ ရှိနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အချစ်ကြီး ချစ်ခဲ့လို့ အမုန်းကြီး မုန်းမယ့်အစား ကျေးဇူးတောင် တင်သင့်ပါသေးတယ်။ ဘာလို့လဲဆိုရင်တော့…. (၁) ကံကောင်းခြင်းတွေ ပေးသွားလို့ မကောင်းတဲ့သူတွေက ကောင်းတဲ့သူတွေနားမှာ ကြာကြာ ရှိမနေနိုင်ပါဘူး။ ဒါကြောင့် သင့်ဆီမှာ မနေနိုင်ကြတာပါ။ သင့်ဘက်က အချစ်တွေ ပေးခဲ့ပေးမယ့် မထိုက်တန်တဲ့သူကတော့ ရမှာ မဟုတ်ပါဘူး။ ဒီလို မတူညီမှုက သင့်ကို ကြာရင် စိတ်ညစ်ရစေမှာပါ။ ချစ်သူ […]

အချစ်နှင့်ဘဝ

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ ၁၀ မျိုး>>>>

မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံးဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ ၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေးတတ်ပါတယ်။ သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစားနားလည် ဖြေရှင်းပေးတတ်ပါတယ်။ ၂။ ဂုဏ်သတင်းကျော်ဇော်မွှေးပျံ့တဲ့မိန်းမ သူမဟာ ဘယ်လောက်ပဲ သင့်ထက် ပညာတွေတတ်နေပါစေ၊ ဘယ်လောက်ပဲ ရာထူးဂုဏ်ရှိန်တွေရှိနေပါစေ သင့်ကို သင့်ရဲ့ပတ်ဝန်းကျင်အသိုင်းဝိုင်းမှာ သင့်ကိုနေရာပေး လေးလေးစားစား ဆက်ဆံတတ်ပြီး သူမရဲ့ ဂုဏ်ရှိန်ဝါနဲ့ သင့်ကိုပါ လွှမ်းခြုံတောက်ပစေပါတယ်။ ၃။ သဘာအလှလေးနဲ့ အေးချမ်းတဲ့မိန်းမ […]

အချစ်နှင့်ဘဝ

သူ သင့်အပေါ် အရင်လို ခံစားချက်တွေ မရှိတော့ဘူးဆိုတာ ဖော်ပြနေတဲ့ အချက်များ…

သူ သင့်အပေါ် အရင်လို ဆက်ဆံပုံတွေ မဟုတ်တော့ဘူးလို့ သင့်စိတ်ထဲမှာ ခံစားနေရပြီလား။ အရင်က သူ့ရဲ့ပုံစံနဲ့ အခု သူ့ရဲ့ပုံစံက ကွဲပြားသွားခဲ့ပြီလား။ ဒီအချက်တွေကတော့ သူ သင့်အပေါ် အရင်လို ခံစားချက်တွေ မရှိတော့ဘူးဆိုတာကို ဖော်ပြလို့နေပါတယ်နော်။ စိတ်မရှည်တော့ဘူး shutterstock By fizkes အရင်က သူဟာ သင့်အပေါ်မှာ ဘယ်လောက်ပဲ စိတ်ရှည်သည်းခံခဲ့သူတစ်ယောက် ဖြစ်ခဲ့ပါစေ အခုအချိန်မှာတော့ သင့်ကို နည်းနည်းလေးမှ စိတ်ရှည်မပေးနိုင်တော့ပါဘူး။ အရာရာတိုင်းမှ ငြိုငြင်လာတတ်ပြီး ဘာမဟုတ်တာလေးနဲ့တောင် စိတ်တိုနေတတ်ပါတယ်။ ဒါက သူ့ရဲ့ ခံစားချက်တွေ သင့်အပေါ် ကုန်ခမ်းလာနေပြီဆိုတာ ဖော်ပြနေသလို ပါပဲ။ သင့်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဆက်ဆံလာတတ်တယ် အရင်ကတော့ သင့်ရဲ့လိုအပ်ချက်တွေကို သင်ပြောစရာတောင်မလိုသေးခင် အလိုက်တသိနဲ့ ဖြည့်ဆည်းပေးတတ်တဲ့ သူဟာ အခုခါမှာတော့ သင့်ကို […]

အချစ်နှင့်ဘဝ

တကယ်ချစ်တဲ့ယောက်ျား နဲ့ ဟန်ဆောင်တတ်တဲ့ယောက်ျား

တကယ်ချစ်တဲ့ယောက်ျား နဲ့ ဟန်ဆောင်တတ်တဲ့ယောက်ျား မိန်းခလေး တယောက်က သူ့ချစ်သူ ကောင်လေးနဲ့ 6 နှစ် အကြာ လက်တွဲ ခဲ့တယ် ။ ဒါပေမဲ့ ချစ်သူကောင်လေးက သူမကို လက်ထပ်ယူဖို့ စိတ်ကူး မရှိခဲ့ဘူး ။ အဲဒါကြောင့် ဒီ 6 နှစ် ကြာ အချစ်ဇာတ်လမ်း ကို သူမ ဖြတ်တောက်ပြစ်ဖို့ ရွေးချယ် လိုက်တယ် ။ သူမရဲ့ အခုလက်ရှိ လင်ယောက်ျားကို အိမ်ထောင်ဖက် တွေ့တဲ့ အနေနဲ့ စတွေ့တဲ့ အချိန်တုန်းက သူမ အိမ်ထောင်ပြုချင်ပြီလို့ ပြောခဲ့တယ် ။ သူမရဲ့ ယောက်ျားက တချက်ပြုံးသွားတယ် ။ အတူတူ ထမင်း စားခဲ့ကြပြီး ပျော်ရွှင်စွာ စကားတွေ ပြောခဲ့ကြတယ် ။နောက်တနေ့ […]

အချစ်နှင့်ဘဝ

မိန်းကလေးတစ်ယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူးဆိုတဲ့စကား ကြုံရာလူနဲ့ လက်ဆောင်မပါးပါနဲ့

မိန်းကလေးတစ်ယောက် ပြောင်းလဲသွားမှ သစ္စာမရှိဘူးဆိုတဲ့စကား ကြုံရာလူနဲ့ လက်ဆောင်မပါးပါနဲ့ မိန်းကလေးတွေ လိုချင်တာ ငွေကြေးချမ်းသာမှု မဟုတ်ပါ ဘူး … ။ သူတို့ဘဝကို နားလည်ပေးနိုင်သူရယ် လုံခြုံမှု ပေးနိုင်သူရယ်ပါ မိန်းကလေးဆိုတာ အလိုလိုနေရင်း အားငယ်တတ်သူတွေပါ … ။ အဆင်မပြေချိန် စိတ်အားငယ်ရချိန်တွေမှာ သူတို့ ရင်ဖွင့်ချင်တာ သူတို့ ငိုကြွေးချင်တာ ချစ်သူ ရင်ခွင်မှာပါ … ။ ဒါပေမယ့် ယောက်ျားလေး အများစုက ချစ်တယ်လို့ ပြောပြီးရင် ပြီးသွားပြီ တော်ရုံ ဂရုမစိုက်တတ်ကြဘူး စိတ်မရှည်တတ်ကြဘူး မအားဘူးဆိုတဲ့ စကားက သူတို့ရဲ့ ဆောင်ပုဒ်ပါပဲ … ။ ဂရုစိုက်မှုမရှိရင် အချစ်က အလကားပဲလေ ချစ်တယ်ပြောပြီး … ပစ်ထားတတ်တာ ယောက်ျားလေးတွေ အကျင့်ဆိုရင် သွေးအေးအေးနဲ့ […]

အချစ်နှင့်ဘဝ

ဒီလိုအချက်တွေရှိတဲ့မိန်းမကို သင်လုံးဝမယူပါနဲ့

ချစ်သူရွေးကြတဲ့အခါ ဘယ်လို စံနှုန်းတွေနဲ့ ရွေးကြမှာလဲ။ တစ်ယောက်ချင်းစီရဲ့ ideal type တွေက မတူကြပေမယ့် အချစ်ရေး ကံကောင်းချင်ကြတာကတော့ လူတိုင်းပါ။ ဒီတစ်ခေါက်မှာတော့ ပျိုမေတို့အနေနဲ့ အချစ်ရေးမှာ လူရွေးမှားနေပြီဆိုတာ သိနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ် (၁) သင်လုပ်သမျှအရာရာကို အဆိုးဘက်က ဝေဖန်တတ်တယ် သင်ဝတ်ထားတဲ့ အဝတ်အစား ပုံစံကအစ၊ သင်ရွေးချယ်တဲ့ ဂီတ၊ ရုပ်ရှင်အလယ်၊ သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တာတွေအဆုံး … သူ့အမြင်မှာ အပြစ်တင်စရာ တစ်ခုမဟုတ် တစ်ခု ရှိနေတယ်။ ပြီးတော့ ကိုယ့်ရဲ့အရာရာကို အဆိုးဘက်က ဝေဖန်နေတတ်တယ်ဆိုရင် သင့်အနေနဲ့ လူရွေးမမှားဘူး ဆိုရင်တောင် မှန်တော့ မမှန်ပါဘူးလို့ ပြောရ မှာပါ…။ (၂) စကားပြောမှားသွားမှာအမြဲစိုးရိမ်နေရတယ် တခါတရံ ကိုယ်ချစ်တဲ့သူနဲ့ ပြောနေတာမှ ဟုတ်ရဲ့လားလို့တောင် တွေးမိတဲ့ အထိပါပဲ။ […]

အချစ်နှင့်ဘဝ

အချိန်တွေအကြာကြီးတွဲလာခဲ့ပြီးမှ လက်တွဲဖြုတ်တော့မယ်ဆို သေချာစဉ်းစားပါ

အချိန်တွေအကြာကြီးတွဲလာခဲ့ပြီးမှ လက်တွဲဖြုတ်တော့မယ်ဆို သေချာစဉ်းစားပါ အသစ်တွေနဲ့ သာယာပြီး ကြည်နူးနေရတာရင်ခုန်နေရတာ စိတ်လှုပ်ရှားနေရတာကို ဘဝမထင်ပါနဲ့ ဘယ်စုံတွဲမဆို တွဲကာစ သုံးလေးငါးလလောက်အထိ ပျော်စရာကောင်းပါတယ် ရင်ခုန်စရာကောင်းပါတယ် ဒီထက်နည်းနည်း အချိန်ပိုကြာလာတာနဲ့အမျှညှိစရာနှိုင်းစရာတွေ ပြဿနာတွေ… သူ့အကြိုက် ကိုယ့်အကြိုက်တွေနဲ့ဇယားတွေရှုပ်ပြီး နားလည်မှုတွေလွဲပျော်စရာတွေ နည်းလာတတ်တာ သဘာဝပါ အဲ့တော့ လက်ရှိ relationship ကိုတောင်သာယာအောင် မဖန်တီးနိုင်ပဲ အသစ်တစ်ခုကို ပြန်စချင်တယ်ဆိုတာ… ကိုယ်ကိုယ်တိုင်ရှုပ်ထွေးအောင် ရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ကို ပြီးအောင်အဆုံးမသတ်ပဲအသစ်တစ်ခု ထပ်ရေးတာနဲ့ တူပါတယ် စိတ်ညစ်တဲ့ဒဏ်ကို မခံနိုင်လို့ နောက်တယောက်တွဲမယ်ဆိုရင် အချစ်ဆိုတာကို ဘယ်တော့မှ ရှာတွေ့နိုင်မှာ မဟုတ်ဘူး အဆင်မပြေချိန် စိတ်ညစ်လာတတ်တာ အချစ်မဟုတ်ဘူး ဒုက္ခရောက်နေချိန် ညည်းညူနေတတ်တာ အချစ်မဟုတ်ဘူး ပျော်နေရတဲ့အချိန် မေ့ထားတတ်တာ အချစ်မဟုတ်ဘူး ကိုယ်အဆင်မပြေတဲ့အချိန်ရော အောင်မြင်တဲ့အချိန်ရောလိုအပ်တဲ့သူက သူတစ်ယောက်တည်း ဖြစ်နေမှသာ အချစ်လို့ခေါ်တာပါ […]

အချစ်နှင့်ဘဝ

ဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့…

ဒီအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကို ဘယ်တော့မှ လက်မလွှတ်ပါနဲ့… လူတိုင်းကတော့ လှတာာမက်တာပါပဲ။ အထူးသဖြင့် ယောက်ျားလေးတွေက လှတာလေးတွေ၊ ချစ်စရာကောင်းတဲ့ မိန်းကလေးတွေကို ပိုသဘောကျပါတယ်။ တကယ်တမ်း လက်တွဲမယ့် မိန်းကလေးတစ်ယောက်ဟာ လှနေဖို့လိုအပ်သလားဆိုရင် သူတို့ကတော့ လိုတယ်လို့ပဲဖြေမှာပါပဲ …။ လှတာထက် ဒီလိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံနေတဲ့ မိန်မသားတစ်ယောက်ကိုတော့ မင်းလက်မလွှတ်သင့်ပါဘူးတဲ့။ သူတို့က တကယ်ပဲ မင်းဘဝအတွက်အထောက်ကူဖြစ်စေမယ့် ၊ လမ်းပြပေးနိုင်မယ့် မိန်းမကောင်းတွေ ဖြစ်နေလို့ပါပဲ …။ ပျော်ရွှင်မှုတွေပေးနိုင်သူ” မင်းချစ်တဲ့လူက ပျော်ရွှင်မှုတွေ ပေးနိုင်မယ် ထင်လား။ ပေးခဲ့ရင်လည်း ခဏပါပဲ။ ကိုယ်ကချစ်ပေမယ့်ထင်သလောက် မပျော်ရတဲ့ အချိန်တွေရှိမှာပါ။ အဓိက သူနဲ့ကိုယ်ကြားမှာ စိတ်ချမ်းသာစရာကိစ္စတွေပေးစွမ်းနိုင်တဲ့ မိန်းကလေးမျိုးပေါ့ …။ သူ့ကိုတွေ့လိုက်တာနဲ့ အေးချမ်းသွားတာမျိုးပေါ့။ ဒီလိုခံစားချက်မျိုးမိန်းကလေးတိုင်းပေးနိုင်မှာမဟုတ်ပါဘူး။ မင်းအတွက် စစ်မှန်တဲ့ မိန်းကလေး တစ်ယောက်တည်းဆီကသာ […]

အချစ်နှင့်ဘဝ

ရင့်နင့်ဖွယ် ဇာတ်လမ်းလေး(စိတ်ခိုင်မှ ဖတ်ကြည့်ကြပါနော်)

ရင့်နင့်ဖွယ် ဇာတ်လမ်း မိုးက မသည်းပေမဲ့ တစ်စိမ့်စိမ့် ရွာနေသည် ။ဘယ်လို ဖြစ်မှန်းမသိ မှော်ထဲ သွားရမှာ စိတ်လေးနေမိသည် ။ အိပ်ယာထဲမှ ကိုကြီးကိုလည်း သနားမိသည် ။ ကိုကြီးက ကျွန်တော်တို့ မောင်နှမတွေကို ငဲ့ကာ ကျောင်းထွက်ပြီးး မှော်ထဲ အရင် ရောက်နှင့်သူ ။ ခုတော့ ဆေးသမား ဖြစ်နေရှာပြီလေ ။ မှော်ထဲက မသွားလို့ မဖြစ် ၊ ပိုက်ဆံရှာရမည်။ ကိုကြီးကိုလဲ ရွာပြန်ခေါ်ပြီးး ဆေးဖြတ်ပေးချင်သည်။ အိမ်က ညီနဲ့ ညီမလေးတွက် ကျောင်းစရိတ်က ရှိသေးသည် ။ covide ကပ်ရောဂါကြောင့် အိမ်မှာလဲ ကြပ်တည်း နေတာ ကျွန်တော် သိသည် ။ ခုရက်ပိုင်းး ကျောက်ကောင်းတွေက ရနေတော့ လက်လွတ် […]