စုံတွဲ တိုင်း ဘဝမှာ တစ်ကြိမ်တော့ အတူတူလုပ်သင့်တဲ့ အရာများ အခုနေမှာမလုပ်ရင် တစ်ချိန်မှာ နောင်တရလာနိုင်တယ်နော်။ ကိုယ့်မှာ ချစ်သူရည်းစား ၊အိမ်ထောင်ဖက် ရှိတယ်ဆိုလျှင်တော့ အနည်းဆုံး ဘဝ မှာ တစ်ကြိမ်တော့ အတူတူလုပ်သင့်တဲ့ အရာလေးတွေ ရှိပါတယ်။ တချို့အရာတွေက ငယ်ရွယ်တဲ့အချိန်မှာ မလုပ်ခဲ့လျှင် အသက်ကြီးသွားမှ ပြုလုပ်တဲ့အခါ အနည်းငယ် ရှက်ရွံစိုးရိမ်ဖွယ် ဖြစ်သွားတတ်ပါတယ်။ ၁။အပြန်အလှန်နှိပ်ပါ။ ကိုယ့်ရဲ့လက်တွဲဖော်ကို နှိပ်နယ်ပေးခြင်း က ခန္ဓာကိုယ် မှာရှိနေတဲ့ ဖိစီးမှုတွေမှန်သမျှကို ပြေပျောက်သွားစေပါတယ်။ ဒီလိုနှိပ်ပေးခြင်းက ကိုယ့်ချစ်သူရဲ့ အလေးပေးမှုကိုလည်း ပြန်လည်ရစေပါတယ်။ ၂။အတူတူချက်ပါ။ နှစ်ဦးသား ဆက်ဆံရေး မှာ ပိုပြီးပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာတွေ ဖြစ်ဖို့ဆိုလျှင် နှစ်ယောက်အတူတူ ဟင်းချက်ပြုတ်စားသောက်ဖို့ကို မမေ့သင့်ပါဘူး။ ဒီလို အတူတူချက်ပြုတ်ခြင်းက နှစ်ဦးသားကို ပိုပြီးရင်းနှီးကာ ပျော်ရွှင်မှုရစေသလို စားသောက်ဆိုင်တွေမှာ […]
အချစ်ရေး
မင်းကို အရမ်းချစ်ဖို့ ( 3 )မိနစ်လောက် အချိန်ပေးပြီးဖက်လိုက်ပါ…
3 မိနစ်လောက် အချိန်ပေးပြီးဖက်လိုက်ပါ…. သူက မင်းကို တစ်အားလည်းရစ်တယ် ။စိတ်ကောက်ရင်လည်း ခဏ ခဏ ပဲ ။သဝန်တိုတာလည်း အကြိမ်ကြိမ် ။ ဘယ်မှာလဲ ? ဘာလုပ်နေလဲ ?ဆိုတဲ့ မေးခွန်းတွေ နဲ့ မင်း ကို မေးနေ ၊ ပြောနေတာ ကို မင်း က သံသယ မျက်လုံးတွေ နဲ့ အကြည့်ခံနေရတယ် ဆိုပြီး မကြိုက်ဘူး။ အဲ့လို များ ထင်ရင် အကြီးကြီးလွဲပြီပေါ့ ။တစ်ခါတစ်ရံမှာ လူတွေက သိပ်ကို ချစ်မိသွားရင် အချစ်ကြီးလာတတ်ကြတယ် ။ အချစ်ကြီးပြီ ဆိုတာနဲ့ မင်းအပေါ်ထားတဲ့ စိတ်က ပေါ့ပေါ့တန်တန် မဟုတ်တော့ဘူး။လေးလေး နက်နက်ဖြစ်သွားပြီ ။ မင်းလုပ်သမျှ အသေး အဖွဲ ကိစ္စ […]
ယောကျာ်း တစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး
ယောကျာ်း တစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး ယောကျာ်းတစ်ယောက် အလုပ်ကိုင်အောင်မြင်ဖို့ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့အိမ်ထောင်ရက်သားကျလာတဲ့အခါ ကိုယ့်ရဲ့လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိကကျသွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့အရာဟာ ငွေကြေးပိုင်းရယ်မှာ မဟုတ်ပါဘူး ကျန်တဲ့အချက်တွေနဲ့လည်း အများကြီးဆက်နွယ်နေပါသေးတယ်။ မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံးဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။ ၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေးတတ်ပါတယ်။ သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို […]
ချစ်သူ/လင်မယား အချင်းချင်း mutual respect လိုသလား?
ချစ်သူအချင်းချင်း mutual respect လိုသလား? လင်မယားအချင်းချင်း mutual respect လိုသလား? ဟုတ်ကဲ့ လိုပါတယ်… မတူညီတဲ့လူနှစ်ဦး တူတူသွားရမယ့်ခရီးမို့လို့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်လေးစားဖို့သိပ်လိုပါတယ် အပြန်အလှန်လေးစားမှုမရှိရင် ရှေ့ဆက်လို့မရပါဘူး… တစ်ဦးကိုတစ်ဦး အထင်မကြီးရင် လက်တွဲလို့မရပါဘူး…. တစ်ယောက်အပေါ်တစ်ယောက်မလေးစားဘဲ အပြစ်သာမြင်နေရင် တူတူသြားလို့မရပါဘူး….. ကျွန်တော်တို့တွေက တစိမ်းတွေပါ.. အတိတ်တွေမတူကြပါဘူး အတွေးတွေမတူကြပါဘူး အမြင်တွေကွဲပြားကြပါတယ်… တစ်ယောက်မှာရှိတဲ့ အရည်အချင်းကိုမြင်အောင်ကြည့်ရပါမယ် တစ်ယောက်မှာရှိတဲ့ စေတနာတွေကို လေးစားရပါမယ် တစ်ယောက်မှာရှိတဲ့ အားနည်းချက်တွေကို နားလည်ပေးပြီး တက်နိုင်သလောက်ပြုပြင်ယူရပါမယ်.. ဒါဟာ mutual respect ပါ… ကျွန်တော်တို့ဟာ သူတို့တွေရဲ့ အရည်အချင်းကို အသိအမှတ်မပြုခဲ့ဘူး သူတို့တွေရဲ့ ယုံကြည်ချက်တွေကို အထင်မကြီးခဲ့မိဘူး သူတို့တွေရဲ့ ဝါသနာတွေကိုပြက်ရယ်ပြုမိခဲ့တယ် သူတို့တွေရဲ့ စေတနာတွေ ကူညီမှုတွေ အနစ်နာခံပေးမှုတွေကို တန်ဖိုးမထားမိခဲ့ဘူး သူတို့အတွေးတွေကို […]
ကျွန်မ…ရှင့်ကိုချစ်တယ်
ကျွန်မ လူတယောက်ကို တကယ်ချစ်မိတဲ့အခါ သူ့ရဲ့အချစ်တွေကို အကုန်လိုချင်တယ်။ ဒါမိန်းကလေး တယောက်ရဲ့ အတ္တပါ ဂရုစိုက်တာ အလေးထားတာ အင်မတန်လိုချင်တယ်။ ဒါပေမဲ့ ကိုယ်ပြောမှ လိုက်လုပ်ပေးတဲ့ အရာမျိုးလဲ မလိုချင်ပြန်တော့ဘူး။ ဒါကို အပြောင်းလဲမြန်တယ်လို့ ခေါင်းစဉ်တပ်ကြတယ် မဟုတ်ဘူး ငါ့ကိုဂရုစိုက်ပါလား ဆိုပီး ကြည်နူး ချင်တဲ့ ဆန္ဒပါ။ ပြတ်စဲမယ် လမ်းခွဲမယ်လို့ ခနခန ပြောတတ်တယ်။ ဒါမချစ်လို့မဟုတ်ဘူး အဲလိုပြောတဲ့ အခုမှာတောင် ဖက်တွယ်ထားပါလားဆိုတဲ့ ပျော်ရွှင်မှုလေး လိုချင်မိရုံပါ။ အလုပ်လုပ်ပါ ငွေရှာပါဆိုပီး အမြဲတွန်းအားပေးနေတာ ကျွန်မ ငွေမက်လို့ မဟုတ်ပါဘူး။ ကျွန်မ ချစ်သူ အဲလိုတော်တာ ဆိုပီး ကြွားချင်လို့ပါ။ ကျွန်မ အမှာသေးသေးလေးကအစ အပြစ်ရှာတယ်တဲ့ ကျွန်မ သိပ်ချစ်တဲ့ ရှင့်ကို ကျွန်မပဲပြောမယ် သူများပြောလာတဲ့အခါ ကျွန်မ […]
နောက်မီး မလင်းပါနဲ့ (နောက်မီးလင်းလို့ လှတာ ပိုးစုန်းကြူးပဲရှိတယ်)
ယောကျာ်းဆိုတာ ဘယ်လောက်ရာထူးအာဏာရှိရှိ အောင်မြင်မူတွေဘယ်လောက်ပဲရရေ ငွကြေးဥစ္စာတွေဘယ်လောက်ပဲချမ်းသာနေနေ ပညာတွေဘယ်လိုပဲတက်တက် အရှက်တရားမရှိ ကိုယ်ကျင့်တရားမကောင်းခဲ့ရင် အလကားပါပဲ။ ယောင်္ကျားတစ်ချို့က ကိုယ့်ရဲ့ကိုယ်ကျင့်တရား ဖောက်ပြားမူတွေကို ငွေကြေးဥစ္စာတွေနဲ့ ဖုံးဖိပြီး ရာထူး ဂုဏ်အရှိန်အဝါတွေနဲ့ ဆီးကာလို့ လုံနိုင်လှပြီလို့ ထင်တတ်ကြတယ်။ လူ့ပါးစပ်တစ်ပေါက်ဆိုတာ ဆန်တစ်တင်းနဲ့ဖို့တောင် မလုံနိုင်တာ ကိုယ့်ရဲ့စာရိတ္တပျက်ပြားမူတွေကို အများက မသိချင်ယောင်ဆောင်နေတာသာရှိမယ် မသိပဲနေပါ့မလား? ယောင်္ကျားကောင်းတွေဆိုတာ မိန်းကလေးတစ်ယောက်နဲ့ လူမမြင်ကွယ်ရာမှာ ရှိခဲ့ရင်တောင် တစ်နပ်စားဥာဏ်နဲ့ မကြံစည်ဘူး။ မိန်းကလေးတစ်ယောက်ကေ ရလာမြောင်းပေးလာရင်တောင်မသာယာတတ်ဘူး။ မိန်းကလေးတစ်ယောက်က အခွင့်အရေးပေးခဲ့ရင်တောင် အခွင့်အရေးမယူဘူး။ ယောင်္ကျားကောင်းဆိုတာ ကိုယ့်ချစ်သူကို အခွင့်အရေးရရင်တောင် အခွင့်အရေးမယူပဲ စည်းဘောင်အတွင်းမှာ တန်ဖိုး ထားမူနဲ့ သစ္စာရှိတတ်ကြတယ်။ တစ်ကယ့်ယောင်္ကျားကောင်းတွေဆိုတာဖြစ်ချင်တာထက်ဖြစ်သင့်တာကို ဦးစားပေးလို့ ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားပြီး အချစ်ဆိုတာကို ဦးနှောက်နဲ့ ထိန်းချုပ်လို့ ကိုယ့်သမိုင်းကို လှပအောင် ရေးဆွဲနိုင်ကြသူတွေဖြစ်တယ်။ Nan […]
သိပ်ချစ်ရင် စောင့်လိုက်ပါ
လူတစ်ယောက်ကို တကယ် ချစ်တယ်ဆိုရင် စောင့်ဆိုင်းခြင်းကို လေ့ကျင့် သင်ယူပါ… ဒီနေ့အတွက်သာ ကိုယ်နဲ့ အတူတူ ဘေးနားမှာ မရှိနိုင်ပေမယ့် နောင်အနာဂတ် အတွက်တော့ သူ တစ်နေ့ ကိုယ့်အနားကို ရောက်လာနိုင်ပါတယ်.. လူတစ်ယောက်ကို တကယ် ချစ်တယ်ဆိုရင် စိတ်ရှည် သည်းခံခြင်းကို လေ့လာသင်ယူပါ.. ဒီနေ့အတွက်သာ ကိုယ့်အချစ်ကို သက်သေမပြနိုင်သေးပေမယ့် နောင်အနာဂတ်အတွက်တော့ တကယ်စစ်မှန်ရင် သူ နားလည်လာနိုင်ပါတယ်… ကိုယ့်တကယ် အလိုရှိတဲ့သူကို မျှော်လင့်စောင့်စားရတယ်ဆိုတာ နာကျင်စရာ အကောင်းဆုံးပါပဲ.. ဒါပေမယ့် လက်လျှော့လိုက်ရတဲ့ ဘဝမှာ တစ်သက်တာ နောင်တတွေ ပါသွားခဲ့ရင်တော့ ပိုပြီး အရမ်း နာကျင်စရာ ကောင်းပါလိမ့်မယ်.. Mei လူတစ်ယောက်ကို တကယ်ချစ်တယ်ဆိုရင် စောင့်ဆိုင်းခြင်းကို လေ့ကျင့်သင်ယူပါ… ဒီနေ့အတွက်သာ ကိုယ်နဲ့အတူတူ ဘေးနားမှာ မရှိနိုင်ပေမယ့် နောင်အနာဂတ်အတွက်တော့ […]
လက်ရှိချစ်သူနဲ့ ရေစက်ပါ၊ မပါ သိနိုင်တဲ့ အချက် (၄) ချက်
ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ။ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ။ ၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ။ သင့်အချစ်ကတစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။ ၂။ အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် ရှောင်လွဲလို့မရပါဘူး။ ကြံဖန်ပြီးကိုဆုံရမှာပါ။ ပထမဆုံးတွေ့ရုံနဲ့ ရင်းနှီးတဲ့ခံစားချက်မျိုးထက် သူက ကိုယ့်ရှေ့ကိုအကြောင်းအရင်းမတိုက်ဆိုင် ပါပဲ ခဏ ခဏရောက်လာတာမျိုးပါ။ မျက်လုံးချင်းဆုံတွေ့တဲ့အခါမျိုးမှာလည်း စကားသာမပြောဖူး ရင်မပြောဖူးမယ် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးပြီးသားဖြစ်နေပါပြီ။ ၃။ Telepathy လို့ခေါ်တဲ့ စိတ်ချင်းဆက်နွယ်နေမှုမျိုး ဒီအဆင့်ကတော့ ချစ်သူတွေဖြစ်ပြီးမှကြုံတွေ့ရတဲ့အဆင့်ပါ။ မက်ဆေ့ပို့နေရင်း တူညီတဲ့စာ ကြောင်းလေးတွေပို့မိတာမျိုး၊ ကိုယ်ကသူ့ကိုဖုန်းဆက်ဖို့ဖုန်းဖွင့်လိုက်တဲ့အချိန် သူ့ဆီကဖုန်းလာတာ မျိုး၊ကိုယ်စားချင်တဲ့အစားအသောက်လေးတွေဆို […]
လမ်းခွဲဖို့အတွက် တွေဝေနေပြီလား
လူတိုင်းအချစ်နဲ့တော့ မကင်းဘူးပေါ့နော်။ ဒါပေမယ့် ကိုယ့်ကို မချစ်တဲ့ သူအတွက်နဲ့တော့ လမ်းခွဲရရင် ကောင်းမလားဆိုတဲ့ တွေဝေနေတဲ့ အတွေးမျိုးနဲ့တော့ ဖြစ်မနေပါနဲ့နော်။ အခုပြောပြမယ့် အကြောင်းအရာလေးတွေနဲ့ ကိုက်ညီနေရင်တော့ ကိုယ့်ကို မချစ်တဲ့ သူတစ်ယောက်အတွက်နဲ့တော့ အပင်ပမ်းခံပြီး ဆွဲမထားပါနဲ့တော့နော်။ ၁။ သူမရှိဘဲ အဆင်ပြေပြီလား လမ်းခွဲခါစမှာတော့ သူမရှိဘဲ အဆင်မပြေလောက်ပါဘူး။ ဘာလို့လဲဆိုတော့ အမှတ်တရတွေ တွေးပြီး သတိရနေမှာ သေချာတာကိုး။ သူမရှိဘဲ အဆင်မပြေဘူးလို့ အမြဲခံစားနေရမှာ သေချာသလောက်ပါပဲ။ ဒါပေမယ့် သူနဲ့ ပတ်သက်တာပြီး တွေးတာတွေ၊ အဆက်အသွယ် လုပ်တာတွေကို နည်းနည်းချင်းစီ လျှော့ကြည့်ပါ။ အဆင်ပြေတယ်ဆိုရင် တကယ်လမ်းခွဲတဲ့အခါ ပိုအဆင်ပြေမှာပါ။ သူမရှိဘဲ နေနိုင်လားဆိုတာ ကိုယ့်ခံစားချက်ကို ကိုယ်သာ အသိဆုံးပါ။ ၂။ သည်းမခံနိုင်တဲ့အချက်တွေ လမ်းခွဲဖို့ စပြီးစဉ်းစားမိပြီဆိုကတည်းက ကိုယ့်ချစ်သူမှာ […]
ရည်းစားဖြစ်တဲ့အချိန် လင်လိုမယားလို နေကြပြီဆိုရင်
အနာရှိရင် စပ်ပါတယ်။ စပ်အောင်လည်း တမင်ဆားဖြူးတာ မဟုတ်ပါဘူး။ ကောင်းစေချင်တဲ့ စေတနာကြောင့်ပါ။ သမီးရည်းစားတွေ တွဲတာ ကြာလာတဲ့အပြင် တယောက်အကြောင်း တယောက်သိပြီး လင်လို မယားလိုဖြစ်နေရင် လက်ထပ်ကြပါ။ အချိန်တွေဆွဲပြီး တွဲနေတာ ယောက်ျားလေးဘက်က မနစ်နာပေမယ့် မိန်းကလေးဘက်က နစ်နာတယ်။ အချိန်တန်ရင် ခေါ်အိပ်လိုက် ပြန်လွှတ်လိုက်နဲ့ တချို့ မိန်းကလေးတွေ လက်ဆုပ်လက်ကိုင် ပြစရာ ယောက်ျားသာ မရှိတာ အိမ်ထောင်သည် မိန်းမကြီးတွေနဲ့တူပြီး Snare သီချင်းထဲကလို ဂျုံးဂျုံးကျနေပြီ။ နိုင်ငံခြားတွေကို အားကျပြီး တစ်ယောက်အကြောင်း တစ်ယောက်သိအောင် တစ်ယောက်ရဲ့ စရိုက်တွေ တစ်ယောက် လေ့လာနိုင်အောင် living together နေကြပြီး တခါတလေ သွေးသားဆန္ဒအရ အတူနေမိ အတူအိပ်မိတာကို ဒီဘက်ခေတ်မှာ နားလည်ပေးရပါမယ် ၊ လက်ခံပေးရပါမယ်။ (ဘာမှမကျူးလွန်ပဲ […]









