ပြည်တွင်းသတင်း

စံချိန်တင် အတည်ပြုလူနာသစ် အယောက် ၇၀ တွေ့ရှိ

စံချိန်တင် အတည်ပြုလူနာသစ် အယောက် ၇၀ တွေ့ရှိ စံချိန်တင် အတည်ပြုလူနာသစ် အယောက် ၇၀ တွေ့ရှိတဲ့ အားလုံး မပေါ့ကြဖို့ သတိပေးရင်း မျှဝေသွားကြပါ။   ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ ၁။ (၂၅-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၇၁၈)ခုနှင့် – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲ နမူနာ (၁၀၇)ခု၊ စုစုပေါင်း (၈၂၅)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ – • ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၇၀) ဦး တွေ့ရှိရပါသည်။ ၂။ […]

ပြည်တွင်းသတင်း

အားရပါးရစိတ်ပူရတော့မယ် အယောက် ၃၀ တဲ့ဗျာ

အားရပါးရစိတ်ပူရတော့မယ် အယောက် ၃၀ တဲ့ဗျာ ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၅-၈-၂၀၂၀) ရက်နေ့၊ ည (၈:၃၀)နာရီ   ၁။ (၂၅-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၆၅၅) ခု၊ – ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၂၃၇) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၅၅) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၁၄၉) ခု၊ – ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၅) ခုနှင့် […]

ပြည်တွင်းသတင်း

ရခိုင်ကနေပြန်လာပြီး ကွာရန်တင်းမဝင်သူ(၂)ဦးအနက် (၁)ဦးမှာဖျားနေ

ရခိုင်ကနေပြန်လာပြီး ကွာရန်တင်းမဝင်သူ(၂)ဦးအနက် (၁)ဦးမှာဖျားနေ ပြီးခဲ့တဲ့ နှစ်ရက်လောက်က ရခိုင်ကနေ ပြန်လာပြီး ကွာရန်တင်းမဝင်တဲ့သူ နှစ်ဦးမှာ တစ်ဦးကဖျားနေတာကြောင့် ကျန်းမာရေးဌာနကနေလာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ အဆိုပါနှစ်ဦးက ဇနီးမောင်နှံတွေဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ ရခိုင်ကနေ လှိုင်သာယာကို ပြန်လာတဲ့ သူတွေဖြစ်ပါတယ်။လက်ရှိမှာ အမျိုးသားက ဖျားနေတာကြောင့် မနေ့က ညနေပိုင်းကပဲ ကျန်းမာရေးဌာနတာဝန်ရှိသူတွေက လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ “ ဟုတ်ပါတယ်။ မနေ့ကပဲ ကျန်းမာရေးအဖွဲ့ကနေလာခေါ်သွားပြီ။ ခေါ်သွားတဲ့အချိန်မှာ အမျိုးသားက ဖျားနေတယ်။ သူတို့က ဝန်ထမ်းတွေဆိုတော့ ရခိုင်နဲ့ ရန်ကုန်ကို အသွားအပြန်လုပ်နေတဲ့သူတွေ။ ရခိုင်ကပြန်လာတဲ့ အခါမှာ သူတို့ကလေးပါလားတော့မသိဘူး။ မနေ့က ကျန်းမာရေးဌာနက လာခေါ်သွားတာတော့ ကလေးပါ ပါတယ်။ တာဝန်ရှိသူတွေဘက်ကပဲ လုပ်စရာရှိတာ ဆက်လုပ်ပါလိမ့်မယ်” လို့ လှိုင်သာယာ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက […]

ပြည်တွင်းသတင်း

မြန်မာနိုင်ငံ၌ ၃ လခန့်အတွင်း Mask မတပ်သူ ၂၉၀၀၀ ကျော်ကိုဒဏ်ရိုက်၊ ကျပ်သိန်း ၁၀၀၀ ကျော်ရရှိ 

မြန်မာနိုင်ငံ၌ ၃ လခန့်အတွင်း Mask မတပ်သူ ၂၉၀၀၀ ကျော်ကိုဒဏ်ရိုက်၊ ကျပ်သိန်း ၁၀၀၀ ကျော်ရရှိ ​ ​မြန်မာပြည်မှာ ကိုဗစ်-၁၉ ရောဂါကို မတ်လ ၂၃ ရက်​နေ့က စတင်​တွေ့ရှိပြီး ဧပြီလနဲ့​ မေလ​တွေမှာ ကူးစက်မှု​တွေထပ်​တွေ့လာရပြီး​တဲ့​နောက် ​ရောဂါကာကွယ်ထိန်းချုပ်​ရေးအတွက် နှာ​ခေါင်းစည်းမတပ်ရင်ဒဏ်ရိုက်အ​ရေးယူတဲ့အစီအစဉ်ကို ပြည်နယ်နဲ့တိုင်း ​ဒေသန္တရအစိုးရ​တွေက စတင်ကျင့်သုံးလာပါတယ်။ ​မေလ ဒုတိယပတ်ကစလို့ ကျင့်သုံးလာတဲ့ ဒီအစီအစဉ်အရ ၃ လ ​လောက်အတွင်း လူ​ပေါင်း ၂၉၀၀၀ ​ကျော်ကို ဒဏ်ရိုက်အ​ရေးယူခဲ့ရာ စုစု​ပေါင်းဒဏ်​ငွေ ကျပ် သိန်း၁၀၀၀​ကျော် ရရှိခဲ့​ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က သိရပါတယ်။ စာရင်း​တွေအရ​တော့ ​မေလဒုတိယပတ်ကစပြီး ​မေလကုန်အထိ လူ​ပေါင်း ၁၃၂၈၇​ ယောက်ကို ဒဏ်​ငွေ ကျပ်သိန်း ၄၆၀​ကျော် (၄၆၀၇၁၉၀၀ ကျပ်)၊ ဇွန်လ […]

ပြည်တွင်းသတင်း

ည ၈ နာရီဆေးစစ်ချက်အဖြေထွက်ပါပြီ

ည ၈ နာရီဆေးစစ်ချက်အဖြေထွက်ပါပြီ ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၄-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ (၂၄-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၄၆၅) ခု၊ – ဆေးသုတေသနဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ (၂၉၁) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ (၉၀) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ (၁၇၆) ခုနှင့် – ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၄၆) ခု၊ စုစုပေါင်း (၁,၀၆၈)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ – • ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) […]

ပြည်တွင်းသတင်း

မန္တလေးဈေးချိုမှ စည်းကမ်းမလိုက်နာသော ဆိုင်ခန်းများအား ယာယီပိတ်မှုများပြုလုပ်

မန္တလေးဈေးချိုမှ စည်းကမ်းမလိုက်နာသော ဆိုင်ခန်းများအား ယာယီပိတ်မှုများပြုလုပ် မန္တလေးဈေးချိုတွင်စည်းကမ်းမလိုက်နာသော ဆိုင်ခန်းများကို ယာယီပိတ်သိမ်းအရေးယူကြောင်းမန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကသိရသည်။   ၂၁-၈-၂၀၂၀ရက်က သတိမှတ်ဧရိယာထက်ကုန်ပစ္စည်းများကျူးကျော်ဈေးခင်းသည့်အတွက် ဈေးချိုတော် (C) ရုံ ပထမထပ် ကအထည်ဆိုင် တစ်ဆိုင်၊(D)ရုံပထမထပ်က အထည်ဆိုင်တစ်ဆိုင်တို့ကို ပထမအကြိမ်အဖြစ်သတိပေးပြီး ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ ဆိုင်သုံးရက် ယာယီပိတ်သိမ်းစေခဲ့ကြောင်းသိရသည်။   ဒုတိယအကြိမ် တွေ့ရှိပါက ဆိုင် ၁၀ ရက် ပိတ်သိမ်းမည်ဖြစ်ပြီး တတိယအကြိမ် ကျူးလွန်ပါက ဆိုင်ခန်းကို ကော်မတီပိုင်အဖြစ် သိမ်းယူမှာဖြစ်ကြောင်းနှင့် ယင်းကိုသိရှိကြောင်း ဝန်ခံကတိ ရေးထိုးစေကြောင်းလည်း သိရသည်။ ယင်းအပြင် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဈေးဆိုင်များကို စည်းကမ်းတကျ ဖွင့်လှစ်စေလျက်ရှိကြောင်း ဈေးသည်ဈေးဝယ်များ နှာခေါင်းစည်းမပါဘဲဈေးအတွင်းမဝင်ရောက်ရေးကိုကြပ်မတ်လျက်ရှိကြောင်းလည်းသိရသည်။   Credit Unicode မန္တလေးဈေးချိုမှ စည်းကမ်းမလိုက်နာသော […]

ပြည်တွင်းသတင်း

စစ်တွေမြို့မှာတွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံ လူနာအမှတ် ၄၃၉ ဟာ ဆယ်တန်းကျောင်းသူဖြစ်နေ

စစ်တွေမြို့မှာတွေ့ရှိခဲ့တဲ့ ဗိုင်းရပ်စ်ကူးစက်ခံ လူနာအမှတ် ၄၃၉ ဟာ ဆယ်တန်းကျောင်းသူဖြစ်နေ စစ်တွေမြို့မှာတွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လူနာအမှတ် ၄၃၉ ဟာ ဆယ်တန်းတက်ရောက်နေတဲ့ ကျောင်းသူတစ်ယောက် ဖြစ်တယ်လို့ သိရှိရပါတယ်။ အ.ထ.က(၂) စစ်တွေမှာ တက်ရောက် ပညာသင်ကြားနေတဲ့ ဒီကျောင်းသူဟာ ပြည်တွင်းကူးစက်မှုကို ခံလိုက်ရတဲ့ လူနာတွေထဲမှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။   လက်ရှိမှာတော့ သူမနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ဆရာ၊ ဆရာမတွေကို တာဝန်ရှိသူတွေက Quarantine ထားရှိပြီး စောင့်ကြည့် စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။ ကျောင်းတွေကို တစ်ပတ်ခြား တစ်ခါ ဖွင့်လှစ်နေတာဖြစ်ပြီး ကျောင်းတွေ ပိတ်လိုက်ပြီးတော့မှ ဒီကျောင်းသူမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာတွေ့လို့ ထိတွေ့ခဲ့သူအရေအတွက်ကို အတည်ပြုနိုင်ဖို့က အခက်အခဲတွေ ရှိနေပါတယ်။ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှု အရေအတွက် မြင့်တက်လာတာကြောင့် […]

ပြည်တွင်းသတင်း

စစ်တွေ ၁၃ ဦး ထပ်တိုး (သတိရှိကြပါ)

စစ်တွေ ၁၃ ဦး ထပ်တိုး (သတိရှိကြပါ) COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၄-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီ   ၁။ (၂၃-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ထပ်မံစစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၇) ခု၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃) ဦးတွေ့ရှိရပါသည်။   ၂။ (၂၄-၈-၂၀၂၀)ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၄၆၃) ဦး ရှိပါသည်။ ၃။ (၂၃-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုများအနေဖြင့် – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) […]

ပြည်တွင်းသတင်း

စစ်တွေ ရိုး မဘဏ်က တစ်ယောက်ပါပြန်ပြီတဲ့

စစ်တွေ ရိုး မဘဏ်က တစ်ယောက်ပါပြန်ပြီတဲ့ ရခိုင်မှ ကိုဗစ်လူနာအမှတ်စဉ် ၄၁၁ သည် စစ်တွေမှ ရိုးမဘဏ်ဝန်ထမ်းဖြစ်ပြီး ဘဏ်ဝန်ထမ်း ၂၈ ဦးကို အသွားအလာကန့်သတ်ထား ရခိုင်ပြည်နယ်မှ ကိုဗစ်လူနာအမှတ်စဉ် ၄၁၁ သည် စစ်တွေရိုးမဘဏ်ခွဲမှ ဘဏ်ဝန်ထမ်းဖြစ်ပြီး ဘဏ်ဝန်ထမ်း၂၈ ဦးကို အသွားအလာကန့်သတ်ထားကြောင်း ရိုးမဘဏ်က တရားဝင်သတင်းထုတ်ပြန်သည်။ စစ်တွေ မြို့၊ မြောက်ရူပါ ရပ်ကွက် ရှိ ရိုးမဘဏ်ခွဲ တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင်ကိုဗစ် ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၁ ရက်ည ၈ နာရီတွင် ထုတ်ပြန်သော ကိုဗစ် ရောဂါဓာတ်ခွဲစစ်ဆေးမှုအဖြေအရ အဆိုပါ ရိုးမဘဏ်ဝန်ထမ်းသည် လူနာအမှတ်စဉ် (၄၁၁) အဖြစ် ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုသတ်မှတ်ခဲ့ပြီး လက်ရှိတွင် […]

ပြည်တွင်းသတင်း

လေးစားဂုဏ်ယူဖွယ်ရာ ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ

လေးစားဂုဏ်ယူဖွယ်ရာ ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများ ခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ ရခိုင်ပြည်နယ်တွင် “မိမိဆန္ဒအလျောက်” ယာယီတာဝန်ထမ်းဆောင်မည့် ဆရာဝန်နှင့် သူနာပြုများသည် မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေလေဆိပ်သို့ – ယနေ့ (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက်တွင် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ (၂၀၂၀) ပြည့်နှစ်၊ ဩဂုတ်လ (၂၃) ရက်နေ့က သတင်းဖော်ပြထားသည်။ “မိမိဆန္ဒအလျောက်” ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်ကြမည့် • ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး (၁) ဦး၊ • ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦး၊ • လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦး၊ • […]