ၾကားသိရသမွ်
ကျုပ်ပါးပြင်ပေါ်က မျက်ရည်ပေါက်တွေ မရည်ရွယ်ဘဲ”ရေခံစာမျက်နှာပေါ်”လွင့်ကျလာတယ်
“ရေခံစာမျက်နှာ” စာအုပ်တစ်အုပ်ရဲ့ ရှေ့ဆုံးမှာ မျက်နှာဖုံးကိုလှန်လိုက်ပြီဆိုတာနဲ့..အရင်ဆုံးတွေ့ရတဲ့ စာရွက်လွတ် ဖြူလွှလွှတွေဟာ ရေခံစာမျက်နှာပေါ့..။ နှင်းတွေပိတ်နေအောင် ကျတဲ့နေ့လည်း အပျင်းထူနေလို့မရ။ လူပျိုကြီးတစ်ကိုယ်တည်း ဆိုပေမယ့် ဝမ်းရေးက ဒီစာအုပ်ဆိုင်လေးက ဖြေရှင်းပေးနေတာလေ..။ “အင်း…ခက်တယ်..ခက်တယ်..ဒီအပေအတေလေး ရောက်နေပြန်ပြီ..” နှင်းတွေကြားက ဝိုးတဝါးအရိပ်ဟာ စွပ်ကျယ်ဂျိုင်းပြတ်နဲ့ ရေခဲချောင်းပုံးလွယ်ထားတဲ့ ကောင်လေး…သူလည်းမချမ်းနိုင်ရှာ။ ခဏနေ ဆိုင်ခင်းပြီး စာအုပ်တွေစီပြီးပြီ ဆိုတာနဲ့ ကောင်လေးပြန်သွားနေကြ..။ဦးကြီးသန်းတစ်ယောက် စဉ်းစားရ ကြပ်နေတာ တစ်ပတ်လောက်ရှိပြီ …ဆိုင်ရှေ့ကိုကောင်လေး စရောက်လာတဲ့ နေ့ကစလို့ပေါ့။ “ဟေ့ကောင်…သွား…သွား…သွား…ဘယ်လိုပေါက်လွှတ်ပဲစားလေးလဲကွ …ဟေ.. နေတိုင်းဆိုင်ရှေ့ ဘာခိုးမလို့…. လာချောင်းနေတာလဲ…” မောင်းထုတ်လိုက် တော့လည်း ကောင်းလေးက ပြုံးဖြဲဖြဲနဲ့ ကျုပ်ဆိုင်ထဲကို တစ်ချက် စူးစူးစိုက်စိုက်ကြည့်…ဂလိုင်လေးလွှဲပြီး ရေခဲချောင်ပုံးကြီး မနိုင့်တနိုင်နဲ့ ပြေးထွက်သွားတာပဲ…။ ကျုပ်ကလည်း လူတစ်မျိုးဗျ ကျုပ်ကို လာစောင့်ကြည့်နေသလို လာချောင်းနေလို လုပ်ရင်ဘယ်သူဖြစ်ဖြစ် မကြိုက်ဘူး […]
ၾကားသိရသမွ်
အမှန်တကယ် လိုအပ်သူတွေ အင်္ကျီအသစ်တစ်ထည်ဆီ အခမဲ့လာယူဖို့ ဖိတ်ခေါ်
Zawgyi အမှန်တကယ် လိုအပ်သူတွေ အင်္ကျီအသစ်တစ်ထည်ဆီ အခမဲ့လာယူဖို့ ဖိတ်ခေါ် ပရိသတ်ရေ ကိုဗစ် ကာလမှာ သူဌေးကြီးတွေ ကရော သူဌေး မဟုတ် ပေမယ့် ရှိတာလေးတွေ လှူနေ ကြသူတွေ မြန်မာပြည်မှာ ရှိပါတယ်။ ရှိရှိ မရှိရှိ လှူတတ် တာကြောင့် မြန်မာ လူမျိုးတွေက လှူဖို့တန်းဖို့ဆို ကမ္ဘာမှာ နံပါတ်တစ် ဖြစ်နေတာ ဖြစ်မယ်နော်။ ခုလည်းပဲ တအား မချမ်းသာပေမယ့် မိမိ တတ်နိုင် သလောက် လှူတဲ့ စေတနာရှင် လေးစားဖွယ် အစ်ကိုကြီးရဲ့ အလှူလေး ကိုဖော်ပြ လိုက်ရပါတယ်နော် လိုသူတွေ အင်္ကျီ အသစ် တစ်ထည်စီ အခမဲ့ လာယူပါတဲ့။ “အမှန် တကယ် လိုအပ် သူများ အတွက် […]
ကြားသိရသမျှ
Zawgyi ခင်ပွန်း ကွယ်လွန်သွားလို့ တက္ကစီမောင်းပြီး ကလေးတွေကို ရှာကျွေးနေတဲ့ အာဂအမျိုးသမီး “ယနေ့ခေတ်မှာ မိန်းမသားတွေဟာလည်းပဲ ယောက်ကျားတွေနည်းတူ အလုပ်အကိုင်တွေ တန်းတူလုပ်ကိုင်လာကြပါတယ် ဒါပေမယ့် မိန်းကလေး တက္ကစီမောင်းသူဆိုတာတော့ ရှားပါလိမ့်မယ် ဒီထဲမှာမှာ ခင်ပွန်းသည်မရှိတော့လို့ တက္ကစီမောင်းပြီး မိသားစုကိုတာဝန်ယူထားတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့မမိမိပြုံးဟာလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်… ခင်ပွန်းဆုံးပါးသွားပြီးနောက်ပိုင်းမှာ တက္ကစီမောင်းခဲ့ပြီးတော့ကလေးတွေကို ရှာကျွေးလာတာ ၆ နှစ်ခန့်ရှိပြီလို့ သိရပါတယ်… အမျိုးသားတက္ကစီမောင်းသူတွေများတဲ့ထဲမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ တက္ကစီမောင်းရတာ လွယ်တော့မလွယ်ပါဘူး… ဒါပေမယ့် မိမိသားသမီးတွေအတွက် အခက်အခဲတွေ ဘယ်လောက်ရင်ဆိုင်ရပါစေ သမ္မာအာဇီဝအလုပ်ကို လုပ်နိုင်တဲ့မမိမိပြုံးရဲ့စိတ်ဓာတ်ကတော့ ချီးကျူးစရာပါ… ဒါကြောင့် စာဖတ်ရှုသူမိတ်ဆွေတို့လည်း မိန်းမသားပေမဲ့ တက္ကစီမောင်းပြီး ဘဝကိုကျော်ဖြတ်နေတဲ့ မမိမိပြုံးကို ချီးကျူးအားပေးစကားလေးတွေ ဆိုခဲ့ကြပါအုံးနော်.. Unicode ခင်ပွန်း ကွယ်လွန်သွားလို့ တက္ကစီမောင်းပြီး ကလေးတွေကို ရှာကျွေးနေတဲ့ အာဂအမျိုးသမီး “ယနေ့ခေတ်မှာ […]
ၾကားသိရသမွ်
ခြံခုန်နွားတွေအတွက် ကိုယ့်ရင်ခွင်ကလည်း နေရာအကျယ်ကြီးပါ ဆိုတဲ့ သဇင်ဦး(ရုပ်သံ)…
ကြားသိရသမျှ
ဘုရား … ဘုရား … ပြည်သူတွေ ဒုက္ခရောက်နေပြီ…
unicode စစ်ရှောင်စခန်းများကို လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်နေသဖြင့် ပြည်သူများ … Breaking News- စစ်ကောင်စီတပ်က စစ်ရှောင်စခန်းများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး ထိုးစစ်ဆင်၊ စစ်ဘေးရှောင်ပြည်သူများ အလုံးအရင်းဖြင့် ထိုင်းဘက် ထွက်ပြေးရ ရန်ကုန်၊ ဒီဇင်ဘာ ၁၉ အကြမ်းဖက်စစ်ကောင်စီတပ်က ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးရှိ စစ်ရှောင်စခန်းများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ထိုးစစ်ဆင်လာသဖြင့် စစ်ဘေးရှောင်ပြည်သူအများအပြား အလုံးအရင်းဖြင့် ထိုင်းဘက်သို့ သောင်းရင်းမြစ်ကို ဖြတ်သန်း၍ ထွက်ပြေးနေရကြောင်း သိရှိရသည်။ အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် လေးကေ့ကော် ဖလူး မယ်ဝါးခီး သုံးရွာမှဖြစ်‌ပြီး စုစုပေါင်း လူဦးရေ ၁၀၀၀ နီးပါးရှိကြောင်း သိရှိရသည်။ စစ်ရှောင်စခန်းများကို လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်နေသဖြင့် ပြည်သူများ … Breaking News- စစ်ကောင်စီတပ်က စစ်ရှောင်စခန်းများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး ထိုးစစ်ဆင်၊ […]
ၾကားသိရသမွ်
ရှေ့တန်းမှာနေ့လည်စာ သင်္ဘောသီးစားပြီး တိုက်ပွဲဝင်နေတဲ့ PRA
ရှေ့တန်းမှာ သင်္ဘောသီးစားပြီး တိုက်ပွဲဝင်နေတဲ့ PRA(ရုပ်/သံ) ဧရာဝတီတိုင်းမ် ဒီဇင်ဘာ ၂၀ ရက် ရှေ့တန်းက ပြည်သူ့တော်လှန်ရေးတပ်မတော်-PRA မှ ရဲဘော်များထံသို့ နောက်တန်းမှ ရိက္ခာမပို့နိုင်သောကြောင့် မနက်စာနဲ့ နေ့လည်စာကို သင်္ဘောသီးများစားကာ ဝမ်းဝအောင်​ဖြေရှင်းခဲ့ရတယ်လို့ PRA ကဆိုပါတယ်။ “ရှေ့တန်းမှာ တိုက်ပွဲပြင်းထန်နေလို့ နောက်တန်းက ရိက္ခာမပို့နိုင်ပေမယ်လည်း တောထဲက သဘောသီး ကိုစားရင်း မနက်စာ/နေ့လည်စာကို အန်တုနိုင်ခဲ့ကြတယ်”လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် – PRA က ၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ရေးသားဖော်ပြထားပါတယ်။ ပြည်သူ့တော်လှန်ရေးတပ်မတော်-PRA မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၄ရက်အတွင်း စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှု ၄ကြိမ်၊တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅၄ ဦး သေဆုံးခဲ့ကာ […]
ကြားသိရသမျှ
တပ်မဟာအားလုံးကို KNLA က ပစ်မိန့်ပေးလိုက်ပြီလို့သိရ
တပ်မဟာအားလုံးကို KNLA က ပစ်မိန့်ပေးလိုက်ပြီလို့သိရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ခုလုံးကို ပစ်မိန့်ပေးလိုက်ပြီးလို့ KNLA စစ်ဘက်ဆိုင်ရာထိပ်တန်း အရာရှိနှစ်ဦးထံမှ သိရပါတယ်။ မကြာသေးခင်က KNU နှင့် KNLA ထိပ်ပိုင်းခေါင်းဆောင်တွေအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ လာမယ့်ကွန်ဂရက် မှာဆွေးနွေးမည့်အကြောင်းအရာနှင့် တိုက်ရေး၊ မတိုက်ရေးကိစ္စကိုလည်းဆွေးနွေးခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့သည့် KNLA အရာရှိတစ်ဦးကပြောပါတယ်။ “အမြဲတမ်းကော်မတီအစည်းအဝေးမှာ တိုက်ရေးကို အစီအစဉ်ကိုချမှတ်ခဲ့တယ်။ ကွန်ဂရက်မှာ ဆွေးနွေးမယ့်ကိစ္စလည်းပါတယ်” ဟု အမည်မဖော်လိုတဲ့ KNLA တပ်မဟာတစ်ခုမှ ခေါင်းဆောင်တစ်ဦးကပြောပါတယ်။ တပ်မဟာ ၇ ခုလုံး ပစ်မိန့်ပေးထားတာမှန်ကန်ကြောင်း နောက်ထပ် KNLA ထိပ်တန်းအရာရှိတစ်ဦးကလည်း အတည်ပြုပြောပါတယ်။ အခုလည်း KNU တပ်မဟာ ၆ နယ်မြေဘက်မှာ ဖလူးကြီး၊ ဖလူးလေးဒေသက ပြည်သူတွေကို ရှောင်းခိုင်းနေပြီးလို့ KNLA […]
ၾကားသိရသမွ်
မိမိလက်ထဲရှိတဲ့ လက်နက်ခဲယမ်းတွေလာအပ်ကြဖို့ စစ်ကောင်စီ ထုတ်ပြန်
မိမိလက်ထဲရှိတဲ့ လက်နက်ခဲယမ်းတွေလာအပ်ကြဖို့ စစ်ကောင်စီ ထုတ်ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ပြည်သူတွေအနေနဲ့ မိမိတို့ နေအိမ်နဲ့ တိုက်ခန်းတွေမှာ လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအ၀င် မူးယစ်ဆေးဝါးတွေကို တွေ့ရှိပါက လာရောက်အပ်နှံကြဖို့ SAC က ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။SAC အနေနဲ့ တရားမ၀င် လက်နက်ခဲယမ်းတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ တားမြစ်ပစ္စည်းတွေကို အပ်နှံသိမ်းဆည်းမှုတွေကို ဖော်ထုတ်ဖမ်းဆီးမိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပြည်သူတွေကို လက်နက်ခဲယမ်းနဲ့ ပစ္စည်းတွေ လက်ဝယ်သိမ်းဆည်းထားမိပါက အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီလာရောက် အပ်နှံကြဖို့ ထုတ်ပြန်ထားပါတယ်။သတ်မှတ်ရက်ကို ​ကျော်လွန်ပြီး စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ မိမိလက်ထဲရှိတဲ့ လက်နက်ခဲယမ်းတွေလာအပ်ကြဖို့ စစ်ကောင်စီ ထုတ်ပြန် ရန်ကုန်၊ […]
ၾကားသိရသမွ်
ဖခင်တစ်ဦးက သူ့သမီးကို ဂိုဒေါင်ထဲမှာ ရပ်ထားတဲ့ ကားတစ်စီးနဲ့ နှိုင်းယှဉ်ပြလိုက်တဲ့ ဥပမာ
ဖခင်တစ်ဦးက သူ့သမီးကို ဂိုဒေါင်ထဲမှာ ရပ်ထားတဲ့ ကားတစ်စီးကို ပြကာ ခုလိုပြောလိုက်ပါတယ်။ သမီးကျောင်းပြီးသွားလို့ ဂုဏ်ပြု လက်ဆောင်အဖြစ် ဒီကားကို ပေးမယ်။ သမီး မမွေးခင်ကတည်းက သမီးအတွက် ဆိုပြီး ဝယ်ထားခဲ့တာ။ တခါမှမသုံးပဲ သိမ်းပေးထား တယ်လို့ ဆိုပါတယ်… ဖခင်က သမီးရေ ကားကို အပိုင်မပေးခင် ဒီကား ဘယ်လောက်တန်လဲ သိရအောင် တစ်ပတ်နွမ်း ကားဈေးတန်းမှာ သွားပြကြည့်ပါ။ သူ့သမီးက တစ်ပတ်နွမ်း ကားဈေးတန်းမှာ သွားပြပြီး အဖေရေ သူတို့က ဒေါ်လာ တစ်ထောင် ပေးမယ် လို့ ပြောကြပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ကားက နည်းနည်းဟောင်း နေလို့တဲ့။ ဒါနဲ့ သူ့အဖေက သမီးရေ အပေါင်ဆိုင်ကို သွားပြကြည့်ပါအုံးလို့ ခိုင်းပြန်ပါတယ်။ သမီးက အပေါင်ဆိုင်ကို သွားပြခဲ့ပြီး […]
ၾကားသိရသမွ်
ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မနှစ်ခုဖြင့် ယနေ့ အမိန့်ချရန်ရှိ
ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မနှစ်ခုဖြင့် ယနေ့ အမိန့်ချရန်ရှိ ဧရာဝတီ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၁ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားမှုအား ယနေ့တွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအမှုနှစ်ခုသည် စစ်တပ် အာဏာသိမ်းသည့်နေ့က ဒေါ်အောင်ဆန်းစုကြည်နေအိမ်အား ဝင်ရောက် စီးနင်းစဉ် ဆက်သွယ်ရေးစကားပြောများ ဖမ်းဆီးရမိသည်ဟုဆိုတာ စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုထားခြင်း ဖြစ် သည်။ ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈ သည် အမြင့်ဆုံး ထောင် ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ သည် […]