ၾကားသိရသမွ်

နိုင်ငံ့ခေါင်းဆောင်များအပါအဝင် ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ဖို့ ကုလလုံခြုံရေးကောင်စီ တောင်းဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် တခြားသူတွေကို စစ်ကောင်စီက ထောင်ဒဏ် စီရင်ချက်ချလိုက်တဲ့အပေါ် လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက အလွန်အမင်း စိုးရိမ်ကြောင်း လုံခြုံရေးကောင်စီ ဥက္ကဋ္ဌက သတင်းထုတ်ပြန်ပါတယ်။ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ဂျာနိုင်ငံရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစတင်ပြီး မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့တောင်းဆိုထားလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အကူးအပြောင်းဖြစ်စဉ်ကို လုံခြုံရေးကောင်စီ အနေနဲ့ ဆက်လက်ထောက်ခံကြောင်း ဖော်ပြထားပြီး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းစဉ် ဆက်လက်ဖော်ဆောင်ဖို့၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှောင်ရှားဖို့၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့တိုက်တွန်းထားပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို အလေးအနက်ထားဖို့၊ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေကို လေးစားဖို့၊ တရားဥပဒေစိုးမိုးရေး ရှိဖို့ စတာတွေ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ […]

ၾကားသိရသမွ်

မသေခင်လေးမှာ အသံတိတ်ဆုံးမပြီး တရားပြသွားသူ မိန်းကလေး

အသံတိတ်ဆုံးမပြီး တရားပြသွားသူ…တခါက ဆေးရုံတရုံမှာ အမျိုးသမီးတစ်ယောက် ဆေးရုံလာတက်တယ်သူ့ကြည့်ရတာ နှုတ်ခမ်းနီဆိုးသနပ်ခါးတွေ အဖွေးသားနဲ့ဆိုတော့တခြားလူနာတွေ လူနာစောင့်တွေ သူနာပြုဆရာမအငယ်လေးတွေရဲ့မျက်လုံးထဲမှာ cross ဖြစ်ကြပါလေကော အလုပ်ကနေ ခွင့်ရအောင်လို့နေမကောင်းတာအကြောင်းပြ ဂယ်ရှာတာလား ဘာလား ညာလားပေါ့ဆရာဝန်ကြီးတွေက သူ့ကို ပိုပြီးအရေးပေးသယောင်ရှိတော့ ငွေရှိလို့လား ဆွေမျိုးလား ဘာလား ညာလားပေါ့ ဟုတ်တော့လည်း ဟုတ်နေတာပဲလေသနပ်ခါးကိုခြေဆုံးခေါင်းဆုံးလိမ်း နှုတ်ခမ်းနီတွေဆိုး အဝတ်အစားအသစ်တွေဝတ်နဲ့မင်းသမီးက ဟိုတယ်မှာလာတည်းတာကျနေတာပဲ လုံဝအလန်းဒါ့အပြင် လူနာစောင့်ကမပါတော့ အဝတ်အစားက ကိုယ်တိုင်လျှော်သေးတာစာအုပ်ဖတ်လိုက် နားကြပ်လေးတပ်ထားလိုက်နဲ့သူရောက်နေတဲ့ ICU အရေးပေါ်ခန်းနဲ့ လာလားမှမသက်ဆိုင်… အေးဆေးပဲနောက်နှစ်ရက်လောက်မှာ သူသေသွားတော့မှ အဖြေက ရှင်းသွားတော့တယ်ကျောက်ကပ်နှစ်ခုလုံးပျက်စီးနေတဲ့ တခြားသော သွေးတိုး ဆီးချို နှလုံးတွေပါမကောင်းတော့တဲ့လင်ယောက်ျားရဲ့စွန့်ပစ်ခြင်းခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက် သူ့ရဲ့နောက်ဆုံးအချိန်ထိ သူတပါးရဲ့သနားတဲ့အကြည့်မခံခဲ့ဘူးပိန်ချုံးပိန်လှီပြီး ကိုယ့်ကိုမြင်တဲ့သူတပါးကို စိတ်မညစ်ညူးစေခဲ့ဘူးမိဘဆွေမျိုးတွေခေါ်ပြီး အလုပ်မရှုပ်စေခဲ့ဘူးသူလျှော်ဖွတ်ထားတဲ့အဝတ်အစားတွေ ပစ္စည်းတွေမှာ ဘယ်ကိုလှူပေးပါဆိုပြီး စာတောင်ရေးထားကပ်ထားခဲ့သေးသေဆုံးသွားတဲ့ခန္ဓာကိုယ်ကိုလည်း မြေချပေးမယ့်သူတွေ လုပ်ကိုင်ပေးချင်စိတ်ရှိအောင်ကြိုတင်နေထိုင်သွားတယ်အိမ်မှာ သေဆုံးရင် […]

ၾကားသိရသမွ်

မိခင်ဝမ်းအပြင်ဖက် ရောက်ရှိခဲ့တာကို လုံးဝမသိဘဲ မိခင်ဝမ်းဗိုက် အတွင်းထဲကလို အတင်းပွေ့ဖက်ထားနေဆဲဖြစ်တဲ့ အမြွှာလေးကလေးနှစ်ဦးရဲ့ချစ်စရာ ဗီဒီယို

မကြာသေးမီက လူ့လောကထဲသို့ရောက်ရှိလာတဲ့ မွေးကင်းစ အမြွှာယောကျ်ားလေးနှစ်ဦးဟာ မိခင်ရဲ့သားအိမ်ထဲမှာနေခဲ့ရသလို အချင်းချင်းပွေ့ဖက်ခြင်းကိုရပ်တန့်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။ အဆိုပါ အသက် နှစ်လအောက် အမြွှာယောကျ်ားလေးနှစ်ဦးအား သားဖွားသူနာပြုများက ရေချိုးပေးနေစဉ် တစ်ယောက်ကို တစ်ယောက် ဆုပ်ကိုင်ထားခဲ့ကြပြီး ၎င်းလက်နှစ်ဖက်နှင့် ခြေထောက်များဖြင့် တစ်ဦးနှင့်တစ်ဦး ဖက်သွယ်ထားကြတာကို ဗီဒီယိုထဲမှာ တွေ့မြင်နိုင်ပါတယ်။ ဒီမယုံနိုင်လောက်တဲ့ဗီဒီယိုတစ်ခုမှာ မွေးကင်းစကတည်းကပင် ထိုနှောင်ကြိုးက မည်မျှနက်ရှိုင်းတာကို ပြသနေပါတယ်။ ဒီဗီဒီယိုတစ်ခု ဟာ YouTube မှာ အကြိမ်ရေ သန်း 50 နီးပါး ကြည့်ရှုခံခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့မှ Sonia Rochel အမည်ရှိ သားဖွားသူနာပြုတစ်ဦးက ထိုအမြွှာယောကျ်ားလေးနှစ်ဦးကို မွေးဖွါးပေးခဲ့ပြီး ထိုအမြွှာလေးများကို အထူးရေချိုးနည်းဖြင့်ရေချိုးပေးနေခဲ့တာဘဲဖြစ်ပါတယ်။ အဆိုပါနည်းပညာက သားအိမ်တွင်းရှိ ခံစားချက်ကိုထပ်တူထပ်မျှဖြစ်စေပြီး အသက်နှစ်လအောက် ကလေးငယ်များအတွက် ဒီဇိုင်းထုတ်ထားတာဘဲဖြစ်ပါတယ်။ ဗီဒီယိုရှိ ထိုအမြွှာယောကျ်ားလေးနှစ်ဦးဟာ ၎င်းတို့ကို […]

ၾကားသိရသမွ်

၂၀၂၁ တစ်နှစ်လုံး ပျော်ခဲ့ရတယ်ဆိုတာ တစ်ရက်မှ မရှိခဲ့ဘူးလို့ ဝမ်းနည်းစွာ ငြီးတွားလာတဲ့ ဇေသီဟ..

(Unicodeဖြင့် ဖတ်ရန်) သရုပ်ဆောင် နန္ဒာလှိုင် ကတော့ (၂၀၀၈) ခုနှစ်မှာ အိမ်ထောင်ကျ ခဲ့ပြီး ဇေဝတီလှိုင်၊ ဇေရတီလှိုင် နဲ့ ဇေမဒီလှိုင်ဆိုတဲ့ သမီးသုံးယောက်ကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ နန္ဒာလှိုင်က အိမ်ထောင်ကျပြီး နောက်ပိုင်း အနုပညာ အလုပ်တွေကို မလုပ်ကိုင်တော့ ပေမယ့် ခရိုနီအသိုင်းအဝိုင်းဆိုပြီး နာမည်ကြီးတဲ့ သူမရဲ့ အိမ်ထောင်ရေးကြောင့် ပရိသတ်တွေက စိတ်ဝင်စားခြင်း ခံရသူပဲ ဖြစ်ပါတယ်နော်။ နန္ဒာလှိုင်ရဲ့ခင်ပွန်း ဇေသီဟ ဟာဆိုရင် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး နာမည်ကျော် လူသိများတဲ့ ဇေကမ္ဘာဦးခင်ရွှေရဲ့ သားတစ် ယောက်လည်း ဖြစ်ပါတယ်.. ခရိုနီတစ်ယောက်ဖြစ်တဲ့ ဇေသီဟဟာ လက်ရှိနိုင်ငံရေး ပြဿနာတွေကြား ဝင်ရောက် ပတ်သက်ခြင်း မရှိပေမယ့် ၂၀၂၁ခုနှစ်မှာလည်း ပျော်ရွှင်မှုတွေ မရှိခဲ့ကြောင်း ပြောလာပါတယ်။ ဇေသီဟက […]

ၾကားသိရသမွ်

၅ဝဝိ/ထမင်းဆိုင်တွေဟာဘယ်သူတွေအတွက်ရည်ရွယ်ရောင်းချတာလဲ

“မရေးဘူးလို့နေတာ အဆဲခံပြီး ရေးပါရစေ” အမှန်တကယ့်တော့ ၅၀ဝိ/- ဆိုတာ အဆင်မပြေကျတဲ့ မရှိဆင်းရဲသား ပြည်သူတွေ အတွက်ဆို ပိုအစဉ်ပြေ လိမ့်မယ်လို့ ကျုပ်အမုန်း ထင်မိပါတယ် ဘာကြောင့်ဆို ဒီအချိန် ဒီကာလကြီးမှာ ဆန်ပြုတ်သောက် မနည်းရှာစားပြီးနေနေရ‌တဲ့ ပြည်သူတချို့ရှိပါတယ်ဗျအဲ့လိုအခြေနေမှာ မိမိတို့ မိသားစုလေးတွေ အတွက် ယခုကဲ့သို့ ၅၀ဝိ/- ဆိုင်လေးတွေပေါ်လာတော့ သူတို့အတွက် အစဉ်မပြေဘူးလား? ဖွင့်ပေးကျတဲ့ အလှူရှင်များကိုလည်း ကျေးဇူးသို့သော် တခုတော့ လွဲနေတယ်လို့ထင်မိ၏။ အများပြည်သူ လာရောက် စားသောက်နိုင်အောင် ၅၀ဝိ/- ဆိုင် ဖွင့်ထားတဲ့နေရာကို တော်ရုံ စားနိုင်သောက်နိုင်သူတွေက မစားပဲ အမှန်တကယ့် ဒုက္ခရောက်နေတဲ့ လူတွေဆန်ပြုတ်တောင်အနိုင်နိုင် သောက်နေရတဲ့ မိသားစုတွေကို ခေါ်လာ လမ်းပြရပါမယ်ဒါကိုတချို့ ၅၀ဝိ/- အလှူရှင်နဲ့ သိတယ်ဆိုပြီး အလှူဒါနမြောက်အောင် အလကားဝါးတီး ဖွင့်သွားသေးတယ် […]

ၾကားသိရသမွ်

မြန်မာနိုင်ငံမှာ မာစီဒီးကားကို ပထမဆုံး စီးခဲ့တဲ့ လေးထပ်ကွမ်း အကယ်ဒမီ ပိုင်ရှင် ကြည်ကြည်ဋ္ဌေး ရဲ့ အကြောင်း

နာမည်ကျော်မင်း သမီး ယောင်္ကျား ‘သာ ဂ ဒိုး တစ်နေ့က ဂီတလုလင်မောင်ကိုကိုသည်သတင်းစာအတွက် ဆောင်းပါးလာပေးရာ ဟိုပြောသည်ပြောနှင့် ကြည်ကြည်ဌေး တိုက်ကြီးဟည်းနေတာလည်းရောက် ဦးအောင်သိန်းအကြောင်းလည်းပါ စကားပြောကြရင်း ကွယ်လွန်သူဦးအောင်သိန်းမျက်နှာကိုတဝဲ လယ်လယ် သတိရမိသည်။ သာဂဒိုး၏မုန်းတီးမြင်ပြင်းကတ်သူများစာရင်းတွင်ဟိုစဉ်က ထိုဦးအောင်သိန်းသည်ထိပ်ဆုံးကပါ၏။သူနှင့်ပက်သက်သမျှ ဟိုကဒီကပြောကြသမျှကလည်းမကောင်းသတင်းချည်းပင်။ ထိတွေ့ရာစာနယ်ဇင်းနယ်ရုပ်ရှင်ပြဇာတ်နယ်ဝန်းကျင်ကလည်းအဆိုးသတင်းသာပြောကြ ကြားရလေသည်။ထိုဦးအောင်သိန်းနှင့်တစ်နေ့လုပ်ဖော်ကိုင်ဖက်ဖြစ်လာရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိချေ။ ရန်ကုန်မြို့ပန်းဆိုးတန်းဝင်းဝင်းပြဇာတ်ရုံဘက်၌ ပြဇာတ်များခေတ်စားနေချိန်ကယင်းနှင့်မနီးမဝေး လွစ္စလမ်း၌ အိုးဝေသတင်းစာတွင်သတင်းထောက်အယ်ဒီ တာလုပ်နေစဉ်က အချိန်အားလျှင်ဝင်းဝင်းရုံ၌ပြဇာတ်ဆက်တင်တွေကြား မင်း သားမင်းသမီးတွေကြားသတင်းထောက်တာဝန်တစ်ဖက်ဖြင့်ရောက်တတ် သည်။ အဲဒီမှာနာမည်ကျော်အကယ်ဒမီမင်းသမီးကြည်ကြည်ဌေးယောင်္ကျား ဦးအောင်သိန်းကိုစတွေ့ဖူးခဲ့သည်။လူက ဗကောင်းကောင်းအသားညိုညိုမေးရိုးကားကား ဗိုက်တွဲတွဲ။သူလာလျှင်ရှောင်ကြရှားကြလက်တတကားကားနဲ့လျှောက်တတ်သည်။ လုံချည်ကိုချက်ပြုတ်ဝတ်လျှက် ခြောက်လုံးပြူးအတွဲလိုက်ခါးကြားမှာထိုးထားသေး၏။သုန်သုန်မှုန်မှုန်ဖြင့်အလကားနေရင်း ဒေါသပြင်းကာစိတ်ဆိုးနေသလိုမျိုးမျက်နှာကတင်းမာခက်ထန်လွန်းလှသည်။ ကြားရသမျှဝင်းဝင်းပြဇာတ်ခုံပေါ်၌ပင်မင်းသားလုပ်ပုံကိုမကျေနပ်သဖြင့်သူ့မယားကြည်ကြည်ဌေးကိုပါးပိတ်ရိုက်လိုက်တာ ချာကနဲပစ်လဲ၍ သတိပင်လစ်သွားကြောင်း။မင်းသမီးခမျာ လူလည်ခေါင်တွင်မျက်ရည်ဖြာအောင်ငိုရရှာကြောင်း စတဲ့ခပ်ပူပူခပ်ဆူဆူသတင်းမျိုးတွေချည်းသာကြားရသည်။ ရုပ်ရှင်နယ်တွင်ထိုကြည်ကြည်ဌေး လင်ဦးအောင်သိန်းကတစ်ခုထွင်တာရှိသေးသည်။ရုပ်ရှင်ကုမ္ပဏီတွေကသူ့ကို မင်းသမီးလင်ဖြစ်လို့လင်ကြေးပေးရသည်။ သူ့စနစ်ကမင်းသမီးရှုတင်ရောက်သည်နှင့်သူ့ကိုငွေ၂၀ကျပ်ပေးရန်အလုပ်မပြီး၍ညနေ၆နာရီကျော်လျှင်အချိန်ပိုလင်ကြေးသူ့ကို၂၀ကျပ်ထပ်မံပေးရန်ထိုမှ မပြီးသေး ည၁၂နာရီကျော်ဦးမည် ဆိုလျှင်နောက်ထပ်၂၀ကျပ်ပေးရန်ဖြစ်သည်။ဒါကိုလည်း ကုမ္ပဏီတွေကကြည်ကြည်ဖြူဖြူပေးကြရပါသည်။ ထိုစဉ်ကာလပြဇာတ်ရုပ်ရှင်လောက၌ ကြည်ကြည်ဌေးမပါလျှင် […]

ၾကားသိရသမွ်

၈နှစ်တာ အိမ်ငှားဘ၀ကနေ ကျွတ်လွတ်ပြီး.. ကိုယ်ပိုင်အိုးအိမ် ပိုင်ဆိုင် နိုင်ခဲ့သည့် နည်းလမ်းကောင်းလေး ပြောပြပေးလာတဲ့ ဆယ်လီမယ်အိ..

(Unicodeဖြင့် ဖတ်ရန်) ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာဆိုရင်တော့ Tiktokဆယ်လီ မယ်အိက ၈နှစ်တာအိမ်ငှား ဘ၀ကနေအိုးအိမ်ပိုင်ဆိုင်ရမည့် နည်းလမ်းကိုအခုလို ပြောပြလာခဲ့ ပါတယ်နော်။ တစ်တော့ပ် ဆယ်လီမယ်အိက အိမ်ငှားဘဝက ကျွတ်ချင်ရင် ဆိုပြီး “အိမ်ငှားဘဝနဲ့ ၈နှစ်လောက် နေခဲ့ဖူးတယ်၊ တနှစ်တနှစ်ကုန်မှာကို ကြောက်နေရတာ.. စားဖို့အတွက် မပူနိုင်ဘူး အိမ်ငှားခ မပြည့်မှာ ပူနေရတယ်၊ တနေ့တနေ့ ဖယ်ထား လိုက်ရတဲ့ အိမ်ငှားခ။ တနှစ်လာလည်း အိမ်ငှားခပေးရ၊ ၂နှစ်လာလည်း အိမ်ငှားခပေးရနဲ့ .. ဒီလိုတော့ မဖြစ်ချေဘူး ဆိုပြီး ကိုယ်အလုပ်လုပ်ရတဲ့ ထဲကနေ တနေ့ဘယ်လောက်ဆိုပြီး ဖဲ့ဖဲ့စုတာ၊ ငွေတော့ နဲနဲကြပ် တာပေါ့လေ၊ ကြပ်လည်း ဒီလိုဘဲ ကျိတ်မှိတ် သည်းခံပြီး တနေ့နဲနဲချင်းစီ စုစုလာလိုက်တာ။ အစကတော့ ဒီလိုဘဲ စုလိုက် ငှားခလေးပေးလိုက်နဲ့ […]

ၾကားသိရသမွ်

အုပ်စိုးခန့်နဲ့နေခြည်ဦးတို့နှစ်ဦးရဲ့ နောက်ကွယ်က အတွင်းသတင်းများ

ဇာတ်လမ်းတွဲရိုက်ကူးနေစဉ်အတွင်းမှာ ချစ်သူတွေဖြစ်သွားကြတဲ့ အုပ်စိုးခန့်နဲ့နေခြည်ဦးတို့နှစ်ဦးရဲ့ နောက်ကွယ်က အတွင်းသတင်းများ ပရိသတ်ကြီးရေ သရုပ်ဆောင် နေခြည်ဦးနဲ့ အုပ်စိုးခန့်တို့က တော့ ” အိမ်မက်တွေ မိုးထားတဲ့အိမ် ” ဆိုတဲ့ ရုပ်သံဇာတ် လမ်းတွဲရိုက်ကူးနေစဉ် အတွင်းမှာ ချစ်သူတွေ ဖြစ်သွား ခဲ့ကြပါတယ်။ ဘယ်သူမှ သိပ်မသိကြသေးတဲ့ အုပ်စိုးခန့်ရဲ့ အကြောင်းတွေကိုလည်း နာမည်ကြီး Page တစ်ခုမှ အခုလို ရေးသားပြောပြ ထားပါတယ်နော်။ မြန်မာနိုင်ငံက ကိုယ့်ထမင်းကိုစားပြီး သူများကျွန်လုပ်ပေးနေတဲ့ Fan တွေဆိုတဲ့ ဟာတွေကို အရမ်းသနားတာပဲ ခုထောင်ထဲမှာ ပေးဆပ်နေရတဲ့ အူဝဲဆို ငယ်ငယ်ကတည်းက အားပေးရတာတန်တယ်လို့ ကိုယ့်ကိုယ်ကိုတွေးမိတယ်။ ဒီလို OSKလို တစ်ရာဖိုးသုံးပုဒ် အနုပညာသည်ကို စပေါ်ကထဲက အားမပေးခဲ့တာ အ ရမ်းဂုဏ်ယူတယ်။ ကဲလာပါပီ OSK အကြောင်းလေး […]

ၾကားသိရသမွ်

ဒီခေတ်ထဲမှာ ဒီလိုစိတ်ရင်းကောင်းတဲ့ ကလေးရှိသေးသကို ( နောက်ကနေ မရီးမရီးနဲ့ လိုက်ခေါ်နေလို့ လှည့်ကြည့်လိုက်တဲ့ အခါ )

ဒီခေတ်ထဲမှာ ဒီလိုစိတ်ရင်းကောင်းတဲ့ ကလေးရှိသေးသကို ( နောက်ကနေ မရီးမရီးနဲ့ လိုက်ခေါ်နေလို့ လှည့်ကြည့်လိုက်တဲ့ အခါ ) ဒီအကြောင်းအရာလေးကို ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ Daw Su Lay အကောင့်ပိုင်ရှင်မှ တင်ပြထားတာကို တွေ့ရပါတယ်။ လောကမှာ ဒီလို စိတ်ထားလေး ရိုးဖြောင့်တဲ့ ကလေးတွေ လေးစားဖွယ်ရာ ရှိနေသေးတယ်ဆိုတာ လေး အများသိအောင် ဒီကလေးကို လေးစား ဂုဏ်ပြုလိုသော ရည်ရွယ်ချက်ဖြင့် တစ်ဆင့် ပြန်လည် မျှဝေပေးလိုက်ပါသည်။ 73 လမ်း 37 ဒေါင့် ဆိုင်ကယ်လေးရပ်ပီး အထဲဝင်သွားတာ ကိုယ့်အနောက်ကနေ မရီး မရီးနဲ့ခေါ်နေလို့ လှည့်ကြည့်မကြားတစ်ကြားနဲ့ဆိုတော့ ကိုယ်လဲ ကလေးက မုန့်ဖိုးလေးတောင်းတယ်ထင်နာပေါ့ ပြီးတော့မှ ဆိုင်ကယ်ထဲမယ် မရီးဖုန်းကျန်ခဲ့တယ်တဲ့ ကိုယ်လဲတုံလှုပ်ပီး ဝမ်းသာသွားတယ်… တော်သေးတာပေါ့ ကျေးဇူးပါ မောင်လေးရယ် […]

ၾကားသိရသမွ်

“ချစ်သူ ရည်းစားတွေကြားမှာ တော်တော်လေးရေပန်းစားခဲ့တဲ့ မွေးနေ့ကိတ်လေး”

“ချစ်သူ ရည်းစားတွေကြားမှာ တော်တော်လေးရေပန်းစားခဲ့တဲ့ မွေးနေ့ကိတ်လေး” လူတိုင်းလူတိုင်းအတွက် မွေးနေ့ဆိုတာဟာ အမှတ်တရတွေ များစွာနဲ့ ပြည့်နှက်နေတဲ့ နေ့ထူးရက်မြတ်လေး ဖြစ်မယ်လို့ထင်ပါတယ်။ ဒီမွေးနေ့လေးမှာ ချစ်ရခင်ရသူတွေနဲ့ အတူပျော်ကြ အမှတ်တရတွေ ဖန်တီးကြနဲ့ ပျော်ရွှင်ကြရပီး အမှတ်တရအနေနဲ့ မွေးနေ့ကိတ်လေးခွဲကြပါတယ်။ မွေးနေ့ကိတ်ကိုတော့ ကိုယ့်စိတ်ကူးစိတ်ကြိုက် ပုံစံအမျိုးမျိုး ပြုလုပ်ပေးတတ်ကြပီး အခုတစ်ခေါက်မှာဆိုရင်လည်း လူအများကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေတဲ့ မွေးနေ့ကိတ်လေးကို ဖော်ပြပေးချင်ပါတယ်။ ဒီမွေးနေ့ကိတ်လေး ဒီဇိုင်းလေးဟာ လက်ထပ်ပီးသားသူတွေ မကြာခင်လက်ထပ်တော့မယ့်သူတွေအတွက် ဖန်တီးထားတာဆိုပေမယ့် လူမှုကွန်ယက်ပေါ်မှာ တော်တော်လေးဟော့သွားခဲ့ပါတယ်။ ဒီမွေးနေ့ကိတ်လေးဟာ ကလေးတွေ အိပ်ပျော်နေချိန်မှာ မိဘတွေရဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ ကိတ်လေးဖြစ်ပီး ဖန်တီးထားတဲ့ လက်ရာတွေကလည်း တော်တော်လေးအသေးစိတ်ကျပါတယ်။ ဒီမွေးနေ့ကိတ်လေးဟာ ဖန်တီးထားတဲ့ ဒီဇိုင်းနဲ့ အသက်ဝင်လှတဲ့ ပုံတွေကြောင့် ချစ်သူရည်းစား couples တွေကြားထဲမှာလည်း တော်တော်လေးရေပန်းစားသွားခဲ့ပါသေးတယ်။ […]