သင်ဟာ ရုပ်ရှင်ရုံထဲမှာ လူအများနဲ့ ထိုင်နေပြီးတော့ လေလည်ချင်တယ် ဆိုရင် အခက်တွေ့မှာပါ။ ထွက်ပေါက်ကလည်း သင်နဲ့ မလှမ်းမကမ်းမှာ ရှိနေပေမယ့်လည်း ထွက်ဖို့ ခက်နေတယ်ဆိုရင် အဆင်မပြေပါဘူးနော်။ လေလည်ချင်တာကို အောင့်ထားရင်လည်း သင့်ခန္ဓာကိုယ်အတွက် မကောင်းစေပါဘူး။ ဒီနေရာကနေ ထွက်သွားဖို့ကလည်း မလွယ်ကူဘူး၊လူတွေကလည်းနေရာတိုင်းမှာ ရှိနေတယ်၊ ပြောပြီးထွက်ရင်တော့ရပေမယ့် သင်ကရှက်နေမယ်၊ အကြောက်တရား တစ်ခုတည်းက သင့်ကို ချုပ်နှောင်ထားတယ်၊ သင်ဒီအခန်းထဲကနေ ထွက်ကိုထွက်ရမှ ဖြစ်တော့မယ်ဆိုရင် ဒီလိုဖိအားမျိုးကို ဘယ်သူကမှ ရေရှည် တောင့်မခံနိုင်ပါဘူး။ တကယ်လို့ သင်သာ ဒီအချိန်မှာ လေလည်လိုက်ရင် ဘယ်လို ခံစားရမလဲ။ အမြှောက်ပြောင်းထဲကနေ ထွက်သွားတဲ့ အမြှောက်ဆံလိုမျိုးလား။အရာအားလုံးက ပေါ့ပါးသွားသလို ခံစားရပြီးတော့ အရမ်းကို နေလို့ထိုင်လို့ ကောင်းသွားမလား။ လေက အရမ်းလည်ချင်နေတာကို တိုးတိုးလေး ထွက်သွားတယ်ဆိုရင်ကော သင်ဘယ်လို ခံစားရမလဲ။ […]
ၾကားသိရသမွ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ထောင်ဒဏ် ၄ နှစ်စီ စစ်ကောင်စီတရားရုံး ချမှတ်
Breaking News- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ ထောင်ဒဏ် ၄ နှစ်စီ စစ်ကောင်စီတရားရုံး ချမှတ် ရန်ကုန်၊ ဒီဇင်ဘာ ၆ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ထောင်ဒဏ် ၄ နှစ်စီ စစ်ကောင်စီတရားရုံးက ချမှတ်လိုက်ကြောင်း AFP သတင်းနှင့် ဘီဘီစီသတင်းများအရ သိရှိရသည်။ AFP က စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်ကို ကိုးကား၍ သတင်းဖော်ပြခြင်းဖြစ်ပြီး ဘီဘီစီသတင်းအရမူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ထောင်ဒဏ် ၄ နှစ်၊ သမ္မတဦးဝင်းမြင့်က ထောင်ဒဏ် ၄ နှစ်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရကြောင်း သတင်းဖော်ပြထားကြသည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို သဘာ၀ ဘေး အန္တရာယ်စီမံခန့်ခွဲမှုဥပဒေအရ ထောင်ဒဏ် ၂ နှစ်၊ […]
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့် ကို အမိန့်ချမှတ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့ အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုခံထားရတဲ့အမှုနဲ့ ပုဒ်မ ၅၀၅(ခ)တို့အတွက် ဒီကနေ့ ဒီဇင်ဘာ ၆ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ အပြီးသတ်အမိန့်ချလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၅၀၅ (ခ) အမှုအတွက် ၂နှစ် နဲ့ သဘာဘေးစီမံ ပုဒ်မနဲ့ ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။ အလားတူ သမ္မတဦးဝင်းမြင့်ကိုလည်း ၅၀၅ (ခ) နဲ့ ၂နှစ် နဲ့ သဘာဘေးစီမံ ပုဒ်မနဲ့ ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။ ဒေါက်တာမျိုေးအာင်ကိုလည်း ၅၀၅ (ခ) နဲ့ ၂နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံကိုဆက်လက်ဖော်ပြပါမယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့် ကို အမိန့်ချမှတ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့ အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ […]
ရန်ကုန်ဆန္ဒပြသူတွေ စစ်ကားနဲ့တိုက် လူစုခွဲခံရမှု ကန်သံရုံးထုတ်ပြန်
ရန်ကုန်ဆန္ဒပြသူတွေ စစ်ကားနဲ့တိုက် လူစုခွဲခံရမှု ကန်သံရုံးထုတ်ပြန် ရန်ကုန်မြို့ထဲ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်ကားနဲ့တိုက်ပြီး လူစုခွဲလို့ ဆန္ဒပြသူ အများအပြား သေဆုံးတယ်ဆိုတဲ့ သတင်းအပေါ်မှာ ထိတ်လန့်တုန်လှုပ်မိတယ်လို့ ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူအုပ်ထဲကို စစ်တပ်က ကားနဲ့ အနောက်ကနေ ဝင်တိုက်ပြီး သေနတ်နဲ့ပစ်ခတ် အကြမ်းဖက် ဖြိုခွင်းလိုက်တာကြောင့် ၅ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် လိုလားတောင့်တနေသော မြန်မာပြည်သူများနှင့်အတူ မိမိတို့ အတူတကွ ရပ်တည်နေပြီး အကြမ်းဖက်မှုများ အဆုံးသတ်ရန်၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်နှင့် ပြည်သူတို့၏ဆန္ဒကို လေးစားတန်ဖိုးထားရန် စစ်အာဏာရှင်ကို တောင်းဆိုတယ်လို့လည်း ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားတဲ့ သံရုံးထုတ်ပြန်ချက်မှာ […]
ကြည့်မြင်တိုင်သပိတ် ကားဖြင့်တိုက်မှု “စက်ဆုပ်ရွှံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ်” ဟု AA စစ်ဦးစီးချုပ်ပြော
ကြည့်မြင်တိုင်သပိတ် ကားဖြင့်တိုက်မှု “စက်ဆုပ်ရွှံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ်” ဟု AA စစ်ဦးစီးချုပ်ပြော ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် လမ်းလျှောက်ချီတက်နေသော စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရှိန်ပြင်းစွာ မောင်းနှင်လာသော စစ်ကားဖြင့် အနောက်မှ ဝင်ရောက် တိုက်သတ်ဖမ်းဆီးမှုကို ရည်ရွယ်ပြီး “စက်ဆုပ်ရွှံရှာဖွယ်ကောင်းတဲ့ လူရိုင်းတွေရဲ့လုပ်ရပ်” ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ယမန်နေ့ ညပိုင်းက ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။ ယမန်နေ့ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းက ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ပြုလုပ်ခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေသူများကို အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကားဖြင့်အရှိန်ပြင်းပြင်း ဝင်တိုက်ကာ အကြမ်းဖက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်တွင် […]
ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ ဦးဆောင်ဟု ရဲ CDM အဖွဲ့က သတင်းထုတ်ပြန်
ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ ဦးဆောင်ဟု ရဲ CDM အဖွဲ့က သတင်းထုတ်ပြန် ကြည့်မြင်တိုင်တွင် စစ်တပ်က ဆန္ဒပြသူများကို ကားဖြင့် တိုက်သတ်မှု ဦး ဆောင် သူများတွင် ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ ပါဝင်ဟု ရဲ CDM အဖွဲ့က သတင်းထုတ်ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၅ ယနေ့ ရန်ကုန်တိုင်းကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြသူများကို စစ်ကားဖြင့် တိုက်သတ် ဖမ်းဆီးရာတွင် ဦးဆောင်သူများမှာ ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ ဦးဆောင်ဟု ရဲ CDM အဖွဲ့က သတင်းထုတ်ပြန်သည်။ Myanmar Police CDM Channel ၏ သတင်းထုတ်ပြန်ချက်အရ ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ […]
ကြည့်မြင့်တိုင်အတွက် ညတွင်းချင်းသွေးကြွေးဆပ်နေပီ
ရန်ကုန်တစ်မြို့လုံး စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးပြန်တီးပြီ
Breaking News- စစ်တပ်က ဆန္ဒပြ လူငယ်များကို ကားဖြင့် တိုက်သတ်ပြီးနောက် ရန်ကုန်တစ်မြို့လုံး စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးပြန်တီးပြီ ရန်ကုန်၊ ဒီဇင်ဘာ ၅ အကြမ်းဖက်စစ်တပ်က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ဆန္ဒပြလူငယ်များကို ကားဖြင့် တိုက်သတ်ပြီးနောက် ယနေ့ ည ၈ နာရီမှ စတင်၍ ရန်ကုန်တစ်မြို့လုံး သံပုံးများ ပြန်တီးပြီဖြစ်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ “ကျနော်က ကျနော့်ဟာကျနော် ည ၈ နာရီ ဖမ်းချင်လည်းဖမ်း ကားနဲ့တိုက်သတ်တဲ့ ကလေးတွေအတွက် သံပုံးတီးမယ်ဆိုပြီး လုပ်နေတာ။ ည ၈ နာရီကျတော့ ကျနော်တို့ တစ်ရပ်ကွက်လုံး နေရာတိုင်းမှာ သံပုံးသံတွေ ညံနေတာပဲ။ မျက်ရည်တောင် ကျတယ်။ ကျနော်တို့ ပြည်သူတွေ […]
“တစ်နိုင်ငံလုံးက (၅၀၀) တန် ထမင်းဆိုင်တွေအတွက် ကြက်သွန်နီ အခမဲ့ လှူဒါန်းမယ် ဆိုတဲ့ ကြက်သွန်ပွဲရုံပိုင်ရှင်”
တနိုင်ငံလုံးမှ ငါးရာကျပ်တန်ထမင်းဆိုင်များ ကြက်သွန်နီလိုအပ်ပါက အခမဲ့ လှူပါမည် ကားခသာ ကျခံရန်လိုအပ်ပါသည် ပြင်ဦးလွင်မြို့၏ အကြီးဆုံး ပွဲရုံကြီးဒေါ်ကြင်မေ ပွဲရုံ မိသားစု နှင့် ပြင်ဦးလွင် စေတနာရှင်များ၏ စေတနာ မျှဝေပေါင်းကူး အလှူတော်ပါ။ ဖုန်းနံပါတ် ၀၉၅၀၃၅၆၄၉ သီဟဗလဒေါ်ခင်ထွေး လိပ်စာ ဈေးကြီးမြောက်ဖက် ဒေါ်ကြင်မေပွဲရုံ ကုန်သည်လမ်း သီဟဗလတိုက် ၀၈၅၂၀၂၂၄၀၈. ၀၈၅၂၀၂၃၀၉၉ ပြင်ဦးလွင်မြို့ ပြည်သူပြည်သားများအား စေတနာထားကာ အဝစား ၅၀၀ ကျပ်ဖြင့် ရောင်းချနေကြသော ရောင်းချမည်ကြံစည်ကြသူများအား စေတနာ ပေါင်းကူး အလှူတော်အဖြစ် လိုအပ်သမျှ ကြက်သွန်နီ အား အခမဲ့ ကုသိုလ်ပြုပါမည် ယခုပို့စ်ကို share ခြင်း mention ခြင်းဖြင့် ကုသိုလ်ထပ်တူယူကြရအောင်ပါခင်ဗျား မူရင်း Credit နောက်ထပ် သတင်းကောင်း မြန်မာနိုင်ငံတဝန်လုံးမှာရှိတဲ့ […]
စိုက်ခင်းထဲသွားပြီး အလှုပ်ရှုပ်နေတာကြောင့် ကလေးကို ဆိုင်ကယ်ထဲ အိပ်စေခဲ့တဲ့ မိခင်ရဲ့လုပ်ရပ်ကြောင့် ကလေးငယ်အတွက် စိုးရိမ်နေကြ
မကြာသေးမီက ငရုတ်သီးခြံဥယျာဉ်မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးရဲ့ ဓာတ်ပုံများကို လူမှုကွန်ရက်မှာ မျှဝေတဲ့အခါ လူအများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ် ။ အံ့သြစရာကောင်းတာက ဆိုင်ကယ်ထဲမှာ ငြင်ငြင်သာသာ အိပ်နေတဲ့ ကလေးလေးတစ်ယောက်ရှိပြီး အောက်ဘက်မှာ နူးညံ့တဲ့ခေါင်းအုံးတစ်ခုပါရှိတာကြောင့် ကလေးက ပုခက်ထဲမှာ လဲလျောင်းနေရသကဲ့သို့ ခံစားရပါတယ် ။ အဆိုပါ post ကို မျှဝေးချက်အရ ကလေးငယ်ကို မိခင်က စိုက်ခင်းထဲ အတူခေါ်သွားပြီး မိခင်ဖြစ်သူက အလုပ်ရှုပ်ကာ ကလေးက အိပ်ချင်နေတာကြောင့် အခြားနည်းလမ်းမရှိတာနဲ့ မိခင်က သူ့ကလေးကို ဆိုင်ကယ်ထဲမှာ အိပ်စေခဲ့ကြောင်း သိရပါတယ် ။ မှတ်ချက်ကဏ္ဍမှာ အင်တာနက်အသုံးပြုသူများက မတူညီတဲ့ ထင်မြင်ချက်နှစ်ခုကို ခွဲခြားထားပါတယ် ။ အရေးပေါ်လိုအပ်ရင် အချိန်အကြာကြီး မထားခဲ့သင့်ဘူးလို့ လူတချို့က ထင်မြင်ကြပြီး တချို့ကတော့ ကလေးက […]