ၾကားသိရသမွ်

CDMခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းထွန်း အကျဉ်းထောင်တွင် ကွယ်လွန်

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသော မန္တလေးမှ CDMခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းထွန်း အကျဉ်းထောင်တွင် ကွယ်လွန် ရန်ကုန်၊ ဩဂုတ် ၈ အကြမ်းဖက် လူသတ်စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသော မန္တလေးမှ CDM ခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာမောင်မောင်ငြိမ်းထွန်းသည် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၆ နာရီ ၃၈ မိနစ်တွင် ကိုဗစ်ရောဂါဖြင့် မန္တလေး အကျဉ်းထောင်တွင် ကွယ်လွန်သွားကြောင်း မိသားစုက တရားဝင် သတင်းထုတ်ပြန်သည်။ “သားကြီးဒေါက်တာမောင်မောင်ငြိမ်းထွန်း အသက် ၄၅ နှစ်သည် ဒီနေ့ ၈.၈.၂၀၂၁ နံနက် ၆နာရီ ၃၈ မိနစ် မှာကိုဗစ် ပြင်းထန် ဝေဒနာများမှလွတ်မြောက်ပြီးကောင်းမွန်ရာ ဘုံဘဝတပါးသို့ငြိမ်းချမ်းစွာ ကူးပြောင်းသွားပါပြီ” ဟု မိခင်ဖြစ်သူက လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။ အကြမ်းဖက်လူသတ်စစ်ကောင်စီက မန္တလေးဆေးရုံကြီးမှ CDM ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်မောင်ငြိမ်းနှင့် […]

ၾကားသိရသမွ်

အချုပ်ကားမီးလောင်ပျက်စီးတဲ့အထိ အရှိန်အဟုန်မြင့်နေပြီး ရာဘာကျည်တွေ၊မျက်ရည်ယိုဗုံးတွေနဲ့ အင်အားသုံးဖြိုခွင်းခံလိုက်ရတဲ့ ထိုင်းဆန္ဒပြသူများ

မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီအရေးအတွက် ရရာနည်းလမ်းတွေသုံးပြီး အာဏာရှင်ကိုတွန်းလှန်နေသလို အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း ဒီမိုကရေစီအရေးအတွက် ထိုင်းပြည်သူတွေဟာ ဆန္ဒထုတ်ဖော်နေကြပါတယ်။ သြဂုတ်လ(၇)ရက်နေ့ မနေ့ကတော့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ ပြည်သူတွေဟာ စစ်ဗိုလ်ချုပ်ဟောင်းဖြစ်တဲ့ ဝန်ကြီးချုပ်ပရာယွတ်နုတ်ထွက်ပေးရေးအတွက် သူတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော်ခဲ့ကြပါတယ်။ ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြတဲ့ ပြည်သူတွေက ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha ရဲ့အစိုးရရုံးကို ချီတက်ခဲ့ကြရင်း ရဲတွေနဲ့ ထိပ်တိုက်တိုးခဲ့ကြပြီး နှစ်ဖက်တင်းမာမှုတွေရှိခဲ့တာဖြစ်ပါတယ်။ ထိုင်းရဲတွေက ဆန္ဒပြနေတဲ့ ပြည်သူတွေကို ရာဘာကျည်တွေ၊မျက်ရည်ယိုဗုံးတွေ၊ အသုံးပြုပြီး အင်အားသုံးဖြိုခွင်းခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြသူတွေကလည်း မီးရှုးတွေ၊ဗောက်အိုးတွေနဲ့ပြန်လည်ခုခံကြသလို ရဲအချုပ်ကားတစ်စီးလည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ဒီမိုကရေစီအရေးတောင်းဆိုတဲ့ အဆိုပါဆန္ဒပြပွဲကို ရဲတွေကအင်အားသုံးဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြနေတဲ့ပြည်သူအချို့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ်။ အဆိုပါဆန္ဒထုတ်ဖော်ပွဲမှာ ထိုင်းပြည်သူတစ်ယောက်က မြန်မာနိုင်ငံနဲ့အတူ ရပ်တည်ကြောင်းပြသတဲ့ ဆိုင်းဘုတ်ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။ မြန်မာပြည်သူတွေကလည်း ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြနေတဲ့ ထိုင်းပြည်သူတွေအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး လိုချင်တဲ့ပန်းတိုင်တွေဆီ ရောက်ရှိကြပါစေကြောင်း ဆုတောင်းပေးနေကြပါတယ်။ မြန်မာပြည်သူတွေ ဆန္ဒပြခဲ့စဥ်တုန်းက […]

ၾကားသိရသမွ်

(7.8.2021) ရက်နေ့ မှာပေးပို့လာတဲ့ “မိုင်းကျက်ဂူမှ မိုင်းဖုန်းဆရာတော်ဘုရား မေတ္တာစာ “

(7.8.2021) ရက်နေ့ ဒီနေ့မှာပေးပို့လာတဲ့ “မိုင်းကျက်ဂူမှ မိုင်းဖုန်းဆရာတော်ဘုရား မေတ္တာစာ “ သာသနာတော်နှစ် ၂၅၆၅ ခု ဝါဆိုလကွယ်နေ့ (7.8.2021) တပည့်ဒကာဒကာမအပေါင်းတို့အား မိုင်းကျက်ဂူမှ မိုင်းဖုန်းဆရာတော်ဘုရား ပေးပို့လာသော မေတ္တာစာ ဖြစ်ပါသည်။ နှာ၁ ဆရာတော်လည်း ကျန်းမာစွာအေးချမ်းစွာနဲ့ ဘာဝနာတရားများကို ကောင်းစွာပွားများအားထုတ်လျက်ပါ။ကိုယ်စိတ်နှစ်ပါးပေ့ါပါးပြီးဘာရောဂါဝေဒနာမှမခံစားရပါဘူး။ဆရာတော်အတွက်စိတ်မပူပါနဲ့။ သဘာဝတရားနဲ့ တည့်အောင်နေကာ ဇရာကို အံတုရင်း အနာဒုက္ခကင်းလျက်ပါ။ စိတ်ထဲမှာ အစွဲအလန်းကင်းစွားနဲ့ မဟာသတိပဋ္ဌာန်တရားကို ပွားများလျက်ပါ။ ဝိပဿနာဉာဏ်ဖြင့်ခန္ဓာရဲ့ ဖြစ်ပျက်မှုတွေကိုနေ့ရောညပါမပျက်မကွက်ရှုမှတ်ပါတယ်။ ရုပ်နာမ်ဓမ္မသင်္ခါရတရားအပေါ် ညီးငွေ့မှုနဲ့အတူ သံဝေဂတွေပွားပါတယ်။ခဏိကမရဏခဏိကနိဗ္ဗာန်ကို အာရုံပြုပါတယ်။ မိမိရဲ့အားကိုးရာအစစ်လဲအဲဒီဉာဏ်တရားပါပဲ။ ခန္ဓာကိုယ်ရဲ့အနိစ္စဖြစ်ပျက်၊ဒုက္ခဖြစ်ပျက်၊အနတ္တဖြစ်ပျက်ကိုရှုမြင်ကာမမြဲခြင်း၊ဆင်းရဲခြင်း၊ အစိုးမရခြင်းအနှစ်သာရမရှိခြင်းသဘောတရားတွေပါပဲ။မွေးဖွားလာခြင်း ရှင်သန်လာခြင်းဟာသေမင်းကိုစောင့်နေခြင်းပါပဲ။ မွေးဖွားလာရင်အိုမင်းရင့်ရော်မယ်။ ဗျာဓိဒုက္ခကြုံရမယ်၊သေခြင်းနဲ့ အဆုံးသတ်ရမယ်။ဒါကြောင့်အချိန်ကိုအလဟသမဖြစ်စေနဲ့။ အင်္ကျီသစ်ကို အထဲမှာဝတ်တဲ့ လူအလို မဖြစ်စေနဲ့။ သေသွားရင် မိမိနောက် ဘာမှ ပါမသွားဘူး။ နှာ ၂ […]

ၾကားသိရသမွ်

အူဝဲရဲ့ လက်ရှိအခြေအနေနဲ့ ပါတ်သက်ပြီး စိတ်မကောင်းစွာနဲ့ တောင်းပန်စကားပြောလာတဲ့…

အူဝဲရဲ့ လက်ရှိအခြေအနေနဲ့ ပါတ်သက်ပြီး စိတ်မကောင်းစွာနဲ့ တောင်းပန်စကားပြောလာတဲ့ ပရိသတ်တွေချစ်ခင်အားပေး ရတဲ့မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ ကျရာဇာတ်ရုပ်မှာ ပီပြင်စွာသရုပ်ဆောင်နိုင်ပြီး သဘာဝကျတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ် သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော့ မင်းသားချောပြေတီဦးနဲ့ ရွှေလက်တွဲခဲ့ပြီး ချစ်စရာသားသားမီးမီးလေးတွေလည်း ပိုင်ဆိုင်ထားပါသေးတယ် ပြေတီဦး နဲ့အိန္ဒြာကျော်ဇင်ကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာစုံတွဲဘဲ ဖြစ်ပါတယ် အိန္ဒြာကျော်ဇင်ကတော်လှန်ရေးကြီးမှာလဲ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကပါဝင်ပြီး လမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာ အားတက်သရောပါဝင်တာကြောင့် ပုဒ်မ၅၀၅ကနဲ့ မတရားအမှုဖွင့်ထားခြင်းခံရပြီး ခင်ပွန်းဖြစ်သူပြေတီဦးနဲ့အတူ နေအိမ်မှာပဲ ခြိမ်းခြောက်ခံရပြီး အဖမ်းဆီးခံလိုက်ရပါတယ် ဒီအတောအတွင်းမှာဆို ရင်လဲအိန္ဒြာကျော်ဇင်နဲ့ပတ်သတ်ပြီး သတင်းအမှားတွေကိုမယုံကြဖို့ သူမရဲ့ပရိတ်သတ်တစ်ဦးက အခုလိုပြောကြားထားပါတယ်။ အိန္ဒြာကျော်ဇင်ဆိုတာသူလိုကိုယ်လိုလူမဟုတ်ပါဘူး၊သူမနောက်မှာစောင့်ကြည့်နေတဲ့သန်းပေါင်းများစွာပရိသတ်တွေရှိတယ်၊ ဒါကြောင့်လက်ရှိသူမဘာလုပ်နေတယ်၊ဘာဖြစ်နေတယ်ဆိုတာသူမမိသားစုဝင်တွေကလွဲလို့သိမှာမဟုတ်ပါဘူး သူမတစ်ခုခုဖြစ်ရင်ပရိသတ်ကိုသူမမိသားစုကပဲအတည်ပြုပါလိမ့်မယ်၊မိသားစုဝင်တွေကအတည်ပြုမထားတဲ့ သတင်းအမှားများကိုမယုံကြဖို့နဲ့ သတင်းအမှားများရေးသားကြသူများလည်းထပ်မံမလုပ်ကြဖို့မေတ္တာရပ်ခံပါတယ် ပြည်သူတွေက အစစအရာရာ ကိုယ်အားဖြင့် ခက်ခဲနေကြရတဲ့အထဲ စိတ်အားဖြင့် မပင်ပန်းစေဖို့ သတင်းအမှားတွေမရေးသားကြပါနဲ့၊ အူဝဲဆိုတာပရိသတ်ရှေ့မှောက်၊ပြည်သူ့ရှေ့မှောက်ပြန်လည်ရောက်ရှိလာဦးမှာပါ၊ရုပ်ရှင်တွေထဲမှာမင်းသမီးကြီး […]

ကြားသိရသမျှ

ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြံစည်ခဲ့သူ လူငယ်နှစ်ဦးမှာ စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများဖြစ်

ဒေါ်လာ ၄၀၀၀ ဖြင့် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးကို တိုက်ခိုက်ရန်စေခိုင်းခဲ့သူမှာ ထိုင်းအခြေစိုက် မြန်မာလူမျိုးလက်နက်ပွဲစားဖြစ်ကာ NUG အစိုးရထံ ရန်ပုံငွေများမည်သို့ပေးပို့နေသည်ကိုလည်း စုံစမ်းပေးရန် စေခိုင်းခဲ့သည်သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြံစည်မှုတွင် ပါဝင်သော ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြံစည်မှုတွင် ပါဝင်သော ဖြိုးဟိန်းထွဋ်နှင့် ရဲဟိန်းဇော်။ (ဖြိုးဟိန်းထွဋ် − ငါးယောက်တွဲပုံတွင် အင်္ကျီအကွက်ကြား) ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြံစည်ခဲ့သူ လူငယ်နှစ်ဦးမှာ စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူများဖြစ်ကြပြီး ၎င်းတို့နောက်ကွယ်တွင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာလူမျိုးလက်နက်ပွဲစားတစ်ဦး ပါဝင်ပတ်သက်နေသည်။ ဦးကျော်မိုးထွန်းကို အန္တရာယ်ပြုရန် ကြံစည်ခဲ့သည့် မြန်မာလူငယ်နှစ်ဦးကို အမေရိကန်ဗဟိုထောက်လှမ်းရေးအဖွဲ့ (FBI) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း အမေရိကန်တရားရေးဌာန၏ နယူးယောက်တောင်ပိုင်း အစိုးရရှေ့နေရုံးက ယမန်နေ့ (ဇူလိုင် […]

ၾကားသိရသမွ်

အရမ်းလှူချင်နေတာကြောင့် သူမပိုင်ဆိုင်တဲ့ရွှေတုံးကိုရောင်းချခိုင်းပြီး ရသလောက်အကုန်လုံး ရက်ရက်ရောရောလှူဒါန်းလိုက်တဲ့ စေတနာရှင်အန်တီကြီး

ပရဟိတအဖွဲ့အစည်းတွေ အဆင်ပြေပြေလည်ပတ်နိုင်ဖို့အတွက် အလှူရှင်တွေရဲ့အင်အားကလည်း အရမ်းအရေးကြီးပါတယ်။ဒါ့ကြောင့် တချို့ပြည်သူတွေဆိုရင် မိမိတို့တတ်နိုင်သလောက် ၅၀၀၊၁၀၀၀မှ စတင်ပြီး အလှူငွေတွေ ထည့်ဝင်လှူဒါန်းနေကြတာဖြစ်ပါတယ်။ ကိုဗစ် တတိယလှိုင်းအတွက်လည်း ပြည်သူတွေကတစ်တပ်တစ်အားလှူဒါန်းကြသလို ကိုယ်ကျိုးစွန့်အနစ်နာခံပြီး တောထဲရောက်နေတဲ့ PDFတွေကိုလည်း ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။ ပြည်သူတွေက ဒီလိုကာလမှာ စီးပွါးရှာဖို့ကြပ်တည်းနေတာတောင် သဒ္ဓါတရားထက်သန်ပြီး မိမိတို့မှာရှိတာလေးတွေကို ခွဲဝေပေးနေကြတာဖြစ်ပါတယ်။Clean Yangon အဖွဲ့လေးကလည်း ပြည်သူတွေရဲ့အလှူငွေနဲ့ နေရာအနှံ့အပြားကိုသွားရောက်ပြီး ပရဟိတအလုပ်တွေဆောင်ရွက်နေကြတာဖြစ်ပါတယ်။စေတနာရှင်အန်တီကြီးတစ်ယောက်ဆိုရင် Clean Yangon အဖွဲ့က လူငယ်လေးတွေရဲ့ ကြိုးစားကူညီပေးနေမှုကို အသိအမှတ်ပြုပြီး အရမ်းလှူပေးချင်နေတာဖြစ်ပါတယ်။ သူမက နေရာမျိုးစုံအတွက် တတ်နိုင်သလောက်လှူနေတာဖြစ်လို့ လက်ထဲမှာငွေသား သိပ်မကျန်တော့တာကြောင့်ရွှေတုံးတစ်တုံး ရောင်းခိုင်းလိုက်တာဖြစ်ပါတယ်။အခေါက်ရွှေတစ်တုံး ရောင်းလို့ ရလာတဲ့ ပိုက်ဆံတွေအကုန်လုံးကိုလည်း Clean Yangon အဖွဲ့ကို ရက်ရက်ရောရောလှူဒါန်းခဲ့တာဖြစ်ပါတယ်။စေတနာအရမ်းကောင်းပြီးသဒ္ဓါတရားပြည့်ဝတဲ့ အန်တီကြီးရဲ့စိတ်ဓာတ်က လေးစားစရာကောင်းပါတယ်။ဒါ့ကြောင့် ပြည်သူအားလုံးလည်းအန်တီကြီးရဲ့အလှူဒါနကို ပီတိပွါးများရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Source&Photo Credit: […]

ၾကားသိရသမွ်

ကျောင်းထွက်ပြီး ပန်းကုံးများလိုက်ရောင်းကာ ရသမျှပိုက်ဆံနှင့် ဖခင်ဖြစ်သူကိုဆေးကုပေးနေသော အသက် ၁၁နှစ်အရွယ် ကလေးမလေး

အချို့သော ကလေးငယ်တို့သည် သူတို့ဧ။် ဖြစ်တည်နေရသော အခြေအနေကို နားလည်ပြီး အလိုက်တသိရှိကြသည်။ သို့ဖြစ်၍ ထိုင်းနိုင်ငံ Surat Thaniတွင် နေထိုင်သော Yod Kuatyu အမည်ရှိ အသက် ၁၁နှစ်အရွယ် ကလေးမလေးသည် မိခင်ဖြစ်သူမှာ ဆုံးပါးသွားပြီး ဖခင်ဖြစ်သူမှာလည်း ရောဂါနှင့် အိပ်ရာထဲလှဲနေရသည်။ ကလေးမလေးသည် အသက်ငယ်ငယ်ရွယ်ရွယ်နှင့် လောကဓံဧ။် ဆိုးရွားသော ရိုက်ချက်များကို ခံစားနေရပြီး ဖခင်ဖြစ်သူအလုပ်မသွားနိုင်၍ စားဝတ်နေရေးအတွက် သူမကိုယ်တိုင် ရုန်းကန်နေရသည်။ ကလေးမလေးသည် ပိုက်ဆံရှာရန် ကျောင်းမှထွက်ခဲ့ပြီး လမ်းမပေါ်ထွက်၍ ပန်းကုန်းလေးများသီကာ ရောင်းခဲ့ပြီး မနက်အစောကနေ တစ်ခါတစ်လေ ညနေစောင်းထိရောက်ကာ ရသမျှငွေကြေးများကို ချွေတာစားခဲ့ပြီး ဆေးလည်းကုပေးခဲ့သည်။ ထိုအဖြစ်သည် လူမှုကွန်ယက်တွင် ပျံ့နှံ့ပြီးနောက် ကလေးမလေးတို့ သားအဖနှစ်ယောက်ကို ငွေကြေးများနှင့် ထောက်ပံ့ကူညီခဲ့ကြသည်။ Rain (For Ialinks) […]

ကြားသိရသမျှ

ပေါင် ၁.၅ တန်ကျော်အလေးချိန်ရှိပြီး ညတိုင်းလည်း ဝီစကီသောက်တတ်တဲ့ ဒေါ်လာ ၂.၅သန်းတန်ဖိုးရှိကမ္ဘာ့အကြီးဆုံးနွားထီး(ရုပ်သံ)

အိန္ဒိယနိုင်ငံရှိ အခုဖော်ပြမဲ့ Sultan အမည်ရှိနွားထီးတစ်ကောင်ဟာ ဝီစကီသောက်ရတာကို အတော်လေးကြိုက်ပါတယ်။၎င်းဟာ ညတိုင်း ဝီစကီတစ်ပုလင်းကို သောက်ပါတယ်။ Sultan က ဝီစကီရဲ့အရသာကို ဘယ်လိုခံစားရလဲဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။အိန္ဒိယနိုင်ငံ Haryana ပြည်နယ်ရှိ Sultan ရဲ့ပိုင်ရှင်ဖြစ်သူ Naresh Kumar က Sultan ဟာ ဒေါ်လာ သုံးသန်းကျော်တန်ဖိုးရှိပြီး Sultan အား မနက်တိုင်း ၅ကီလိုမီတာအကွာအဝေးအထိ လမ်းလျှောက်ထွက်ခိုင်းပြီး ညရောက်တိုင်း ဝီစကီတစ်ပုလင်းတိုက်ကြောင်း ပြောပြခဲ့ပါတယ်။နွားတောင် ညတိုင်း ဝီစကီတစ်ပုလင်းသောက်ရတဲ့ဆိုတော့ ကောင်းလိုက်တဲ့ကံဇာတာပါဘဲဗျာ။Sultan ဟာ လက်တစ်လောလေးမှာဘဲ အတော်လေးကို နာမည်ကြီးလာခဲ့တာပါ။ ၎င်းဟာ ပြိုင်ပွဲ ၇ ခုမှာ ပထမဆုချည်းသာရရှိခဲ့ပြီး ပိုင်ရှင်ဖြစ်သူက ၎င်းဟာ တစ်နိုင်ငံလုံးမှာ ဈေးအကြီးဆုံးနှင့် အကြီးဆုံးသောနွားတစ်ကောင်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။Sultan ရဲ့အစားအသောက်ကုန်ကျစရိတ်ကတော့ သင့်ကို ပိုအံ့အားသင့်သွားစေမှာပါ။၎င်းရဲ့တစ်နှစ်စာအစားအသောက်ကုန်ကျစရိတ်က […]

ကြားသိရသမျှ

ဒီနေ့မှာပဲ ကိုဗစ်ကူးစက်ခံလိုက်ရပြီဖြစ်ကြောင်း ပရိသတ်တွေကိုအသိပေးလာတဲ့ ဝိုင်းစုခိုင်သိန်း

ဒီနေ့မှာပဲ ကိုဗစ်ကူးစက်ခံလိုက်ရပြီဖြစ်ကြောင်း ပရိသတ်တွေကိုအသိပေးလာတဲ့ ဝိုင်းစုခိုင်သိန်း ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်တဲ့ အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေ း ဝိုင်းစု ကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ကိုဗစ်ကူးစက်ခံလိုက်ရပြီဖြစ်တဲ့ အကြောင်း မျှဝေဖော်ပြလာခဲ့ပါတယ်။ ဝိုင်းစုကတော့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ကိုဗစ် စစ်ဆေးမှုရလဒ်နဲ့အတူ “ခေတ်မှီသွားပြီ” ဆိုပြီး ကူးစက်ခံလိုက်ရပြီဖြစ်ကြောင်းမျှဝေလာခဲ့တာပါ။ လတ်တလော မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းကြောင့် ကူးစက်မှုနှုန်းက မြင့်တက်နေခဲ့ပြီး လူ တိုင်းလိုလို ကိုဗစ်ကူးစက်ခံ နေရပါတယ်။ အောင်လကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ကိုဗစ် ကူးစက်ခံ ခဲ့ကြောင်း ဝိုင်းစုကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြီးတော့ပဲ ပရိသတ်တွေကို အသိပေးခဲ့ပြီးနောက် ဒီနေ့မှာ သူလည်း ကူးစက်ခံရကြောင်းကို ထပ်မံမျှဝေဖော်ပြလာခဲ့တာပဲဖြစ်ပါတယ်။ ဝိုင်းစုကို ချစ်ပြီး အားပေးကြတဲ့ ပရိသတ်တွေ ကတော့ အားမငယ်ဖို့ စိတ်ဓာတ်မကျဖို့ […]

ၾကားသိရသမွ်

ငွေ(၅၀)ကျပ်နှုန်းနဲ့ စားနပ်ရိက္ခာတွေကို ရောင်းချပေးလို့ ဝမ်းသာမျက်ရည်ကျကာ အသံတွေ တုန်သည်အထိ ကြည်နူးပီတိဖြစ်နေတဲ့ ပြည်သူတစ်ဦးရဲ့ ဗီဒီယိုဖိုင်…

ငွေ(၅၀)ကျပ်နှုန်းနဲ့ စားနပ်ရိက္ခာတွေကို ရောင်းချပေးလို့ ဝမ်းသာမျက်ရည်ကျကာ အသံတွေ တုန်သည်အထိ ကြည်နူးပီတိဖြစ်နေတဲ့ ပြည်သူတစ်ဦးရဲ့ ဗီဒီယိုဖိုင်… အကြောင်းတရား မျိုးစုံကြောင့် အခြေအနေဆိုးတွေကို အချိန်အတော်ကြာ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူ ပြည်သားတွေအဖို့ အဆင်မပြေမှုတွေလည်း ပိုပိုပြီး ကြုံတွေ့လာကြရပါတယ် ။ လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားရတာ​ကြောင့် အခြေခံ လုပ်သားပြည်သူတွေ အဖို့တော့ အတော်လေး ဘဝကို ရုန်းကန်းဖြတ်သန်းနေရတဲ့ အချိန်တွေပါပဲ ။ ရောဂါတွေကလည်း ကူးစက်ဖြစ်ပွားနေချိန်မို့ မတော်တဆများ ဒီလို ပြည်သူတွေ ကူးစက်ခံရရင် ကုစရာ ငွေကြေးလည်း အလုံအလောက်မရှိလို့ မတွေးရဲစရာပါပဲ ။ ဒါကြောင့်လည်း ပြည်သူတွေအချင်းချင်း ဒီလို အဆင်မပြေမှုတွေအတွက် ခုဆိုရင် အစားအေသာက်တွေ ၊ ဆေးဝါးတွေ အခမဲ့ လှူဒါန်းပေးလာကြတာကိုတွေ့ရပါတယ် ။ တစ်ချို့ကလည်း အခမဲ့ပေးရင် လာယူရမှာရှက်မှာ […]