ကျောနဲ့ချိုင်းကြားက အဆီတွေက ကြည့်ရဆိုးစေတဲ့ အပြင် အဝတ်အစားဝတ်တဲ့ အခါမှာလည်း အဆင်မပြေစေပါဘူး။ လူအများစုက လေ့ကျင့်ခန်းလုပ်တဲ့အခါ ခြေ၊ လက်စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကိုပဲ အဓိကလုပ်တတ်ကြပြီး ကျောနဲ့ ချိုင်းကြားက အဆီတွေကို မေ့နေတတ်ကြ ပါတယ်။ ဝတ်စုံတွေဝတ်တဲ့အခါ အချိုးက လှပနေဖို့ ကျောနဲ့ ချိုင်းကြားလေ့ကျင့်ခန်းတွေ ရှိပါတယ်။ ဒီလေ့ကျင့်ခန်းတွေက နှလုံးကျန်းမာရေး အတွက်လည်း ကောင်းပါတယ်။ တပတ်ကို နှစ်ခါ၊ သုံးခါပြုလုပ်နိုင်ပြီး လေ့ကျင့်ခန်းတစ်ခုနဲ့ တစ်ခုအကြားမှာ အနည်းငယ်နားဖို့ လိုပါတယ်။ 1. ကြိုးခုန်ခြင်း ခန္ဓာကိုယ် အပေါ်ပိုင်း သွေးပူအောင်လို့ နှစ်မိနစ်ခန့် ကြိုးခုန်ရပါမယ်။ ကြိုးခုန်ခြင်းက ပုခုံးနဲ့ ကျောကအဆီတွေ ချေဖျက်တဲ့နေရာမှာ ထိရောက်ပါတယ်။ လက်ကောက်ဝတ်ကို အားပြုပြီး ကြိုးခုန်ပေးဖို့ မမေ့ပါနဲ့။ 2. ဒမ်ဘယ်တုံးနဲ့ လေ့ကျင့်ခန်းလုပ်ပါ။ […]
