စက်ဆွဲစရာမလိုပဲ ဆံပင်ကို ပျော့ပျောင်းစေမယ့်နည်းလမ်း မိန်းကလေးတွေတော်တော်များများက ဆံပင်ကို ကောက်လိုက်ဖြောင့်လိုက်လုပ်ကြတာများပါတယ်။ တချို့က ဆံပင်ရေလှိုင်းပုံလေးတွေလုပ်တာကို ကြိုက်ကြတယ်။ တချို့ကျ ဖြောင့်စင်းနေတဲ့ ဆံပင်ကို ကြိုက်ကြပါတယ်။ဒါပေမယ့် ကောက်တာပဲဖြစ်ဖြစ် ဖြောင့်တာပဲဖြစ်ဖြစ် ဆံပင်ကို စက်နဲ့ဆွဲပြီးလုပ်ရတာမလို့ ဆံကေသာကို အနည်းနဲ့ အများတော့ ပျက်ဆီးစေမှာပါ။ အဲ့လိုမျိုးတွေ မဖြစ်ရအောင် ဆံကေသာကို ဖြောင့်စင်းချင်သူများအတွက် သဘာဝအတိုင်းပေါင်းတင်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ ပေါင်းတင်တာဆိုတဲ့အတွက် ခေါင်းလျှော်သလို လျှော်လို့မရပါဘူး။ဆံကေသာမှာ နှံအောင်လိမ်းထားပြီးမှ အချိန်တစ်ခုထားပြီး လျှော်ရမှာပါာပထမဆုံး ဘာတွေလိုအပ်လဲဆိုတာ ပြောပြပါမယ်။ လိုအပ်တဲ့ ပစ္စည်း လေးတွေကတော့ – ကြက်ဥ – ရှားစောင်းလက်ပက် – သံလွင်ဆီ – ပျားရည် ဆံပင်အတိုအရှည်ပေါ်မူတည်ပြီး ချင့်ချိန်ပြီးရောစပ်ဖို့တော့လိုပါတယ်။ ပထမဆုံး ကြက်ဥကို လိုသလောက် ဖောက်ပြီးထည့်လိုက်ပါ။ပြီးရင် ရှားစောင်းလက်ပက်ကို အထဲက အနှစ်တွေ […]
Day: September 14, 2020
ကျောက်ကပ်ကိုပျက်စီးစေနိုင်တာကြောင့် သတိထားစားသုံးရမယ့် အစားအစာ(၅)မျိုး…..
ကျောက်ကပ်ဟာ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့အဆိပ်အတောက်တွေကို ဆီးအဖြစ်စွန့်ထုတ်ဖို့အတွက် လုပ်ဆောင်နေတဲ့ ကိုယ်တွင်းအင်္ဂါတစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်ကိုထိခိုက်စေတဲ့ဓာတ်တွေအများအပြားပါဝင်တာကြောင့် ဆင်ခြင်ပြီးစားသင့်တဲ့အစားအစာတွေကတော့ ဒါတွေပဲဖြစ်ပါတယ်။ (၁) ထောပတ်သီး ထောပတ်သီးက အာဟာရကြွယ်ဝတဲ့အသီးတစ်မျိုးဖြစ်ပေမယ့် ပိုတက်စီယမ်ပါဝင်မှုပမာဏများလွန်းတာကြောင့် တော်ရုံသင့်ရုံမဟုတ်ဘဲ အလွန်အကျွံစားလိုက်ရင် ကျောက်ကပ်ကိုထိခိုက်စေတဲ့အပြင် ကြွက်သားနာကျင်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတာတွေကိုပါဖြစ်စေပါတယ်။ (၂) အနီရောင်အသား အနီရောင်အသားမှာပါဝင်တဲ့ ပရိုတင်းဓာတ်က ချေဖျက်ဖို့ခက်တာကြောင့် အများအပြားစားလိုက်မယ်ဆိုရင် ကျောက်ကပ်မှာကျောက်တည်စေနိုင်ပါတယ်။ (၃) ဆား ဆားပါဝင်မှုများတဲ့ သရေစာတွေ၊ အသင့်စားအစားအစာတွေက ကျောက်ကပ်မှာကျောက်တည်စေပါတယ်။ အေးခဲထားတဲ့ပီဇာ၊ အရသာမှုန့်နဲ့ အသင့်စားအာလူးကြော် စတဲ့အစားအစာတွေကို အထူးရှောင်သင့်ပါတယ်။ (၄) ငှက်ပျောသီး ငှက်ပျောသီးမှာ ပိုတက်စီယမ်ပါဝင်မှုမြင့်မားတာကြောင့် တစ်နေ့ကို နှစ်လုံးထက်ပိုမစားသင့်ပါဘူး။ တစ်နေ့ကို ငှက်ပျောသီးနှစ်လုံးထက် ပိုစားလိုက်ရင် ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ (၅) လိမ္မော်ရည် လိမ္မောသီးက ဗီတာမင် စီ ကြွယ်ဝတဲ့အသီးဖြစ်ပေမယ့် လိမ္မော်သီးကိုလတ်လတ်ဆတ်ဆတ်ညှစ်ထားလို့ရလာတဲ့ […]
လူတွေလို စကားစမြည်ဖောင်းဖွဲ့ကာ ပြောဆိုနေကြတဲ့ ချစ်စရာကောင်းလွန်းတဲ့ ကြက်တူရွေးနှစ်ကောင် (ရုပ်သံ)
ကြက်တူရွေးတွေဟာတကယ့်ကို ချစ်စရာကောင်းတယ်ဆိုတာသိကြမှာပါ၊ ဒါ့အပြင်သူတို့မှာရှိတဲ့ ထူခြားတဲ့အရာတစ်ခုကတော့ သူတို့ကြားတဲ့အသံတွေကိုလိုက်တုပြီး ပြန်လိုက်ပြောတတ်ကြတာပါပဲ။ သူတို့ရဲ့စွမ်းရည်တစ်ခုဖြစ်တဲ့ လူတွေရဲ့ဘာသာစကားကိုလိုက်ပြောတဲ့ မှတ်တမ်းတွေကိုအင်တာနက်ပေါ်မှာတွေ့နိုင်ပါတယ်။ ဒါနဲ့သူတို့တွေဟာ လူတွေရဲ့စကားသံကို ဘာကြောင့်ကောင်မွန်စွာလိုက်တုနိုင်လည်ဆိုတာ သင်သိပါသလား၊ ရှင်ပြချက်တစ်ခုအရ ပြောင်းလဲဖြစ်စဉ်ကြောင့်လို့ဆိုကြပါတယ်။ Youtube နှင့် အင်တာနက်စာမျက်နှာပေါ်မှာရေပန်းစားနေတဲ့ ဒီကြက်တူရွေးနှစ်ကောင်ကို ‘relationship goals’လို့ကြည့်ရှုသူတွေက သတ်မှတ်ခေါ်ဆိုခဲ့ကြပါတယ်။ ကြက်တူရွေးတွေဟာ တစ်ကောင်နှင့်တစ်ကောင် စကားပြောဆိုဆက်ဆံတတ်ကျတယ်ဆိုတာ အံ့ဩစရာမဟုတ်ပါဘူး။ ဒီလိုအုပ်စုလိုက်နေတတ်တဲ့ ငှက်တွေဟာအတူစားတယ်၊ အတူလာတယ်၊ အတူနေတတ်ကြပါတယ်။ သူတို့တွေဟာ မုဆိုးတွေရဲ့သားကောင်တွေလဲ ဖြစ်ကြပါတယ်၊ ဒါ့ကြောင့်အုပ်စုလိုက်နေထိုင်ခြင်းဟာသူတို့အတွက် ပိုပြီးလုံခြုံစေပါတယ်။ ဒီကြက်တူရွေးနှစ်ကောင်ရဲ့ လူတွေလိုပြောဆိုနေကြသော video file လေးဟာ လူတွေကြားအတော်လေးပျံ့နှံ့နေလျက်ရှိပါတယ်။ စကားပြောတာအပြင် တစ်ကောင်နှင့်တစ်ကောင် ပွေ့ဖက်တတ်ကြပါတယ်။ ဒါတွေမကသေးပါဘူး အနမ်းလည်းပေးတတ်ကြပါသေးတယ်။ အခုလို သူတို့လေးတွေရဲ့ ကြည်နူးစရာစကားပြောဆိုနေပုံ၊ လူတွေလိုဘယ်လိုပြောနေလဲဆိုတာကို ကြည့်ရူလိုက်ရအောင်။ ဒီvideo file လေးကို ကြည့်ရူသူပေါင်း […]


