ဘယ်အရာနဲ့ပဲနှိုင်းယှဥ်ပါစေ မေတ္တာတရားကပဲ အလေးသာပါတယ် အမျိုးသားတစ်ယောက်က အဖွားအိုကြီးရောင်းတဲ့ လိမ္မော်သီးတွေကို အမြဲ ဝယ်လေ့ရှိတယ် သူ့စိတ်ကြိုက် လိမ္မော်သီးတွေ ရွေးပြီးတာနဲ့ ကီလိုချိန်တယ်…အဲဒီ့အတွက် ကျသင့်ငွေတွေရှင်းပြီး သူ့လွယ်အိတ်ထဲပဲ ထည့်ယူသွားတယ် ဒါပေမဲ့ အဲဒီလို လွယ်အိတ်ထဲ လိမ္မော်သီးတွေထည့်တိုင်း သူလုပ်လေ့ရှိတာကတော့ လွယ်အိတ်ထဲ ပိုက်ဆံရှင်းပြီးသား လိမ္မော်သီးအားလုံးထည့်ပီးတာနဲ့ လိမ္မော်သီးတစ်လုံးကို အိတ်ထဲက ပြန်ထုတ်တယ်…ဆိုင်မှာပဲ အခွံခွာပြီး လိမ္မော်သီးကို စားကြည့်တယ် ပြီးတော့ “ဒီလိမ္မော်သီးက အရမ်းချဉ်တာပဲ” လို့ လိမ္မော်သီးတစ်စိတ်ကို စားရင်း သူကပြောပြီးတာနဲ့ ကျန်တဲ့ တစ်လုံးလုံးကို ဆိုင်ရှင်အဖွားကြီးကို ပေးလိုက်တယ် အဖွားအိုကြီးကလဲ….တစ်စိတ်စီ စားကြည့်ရင်းနဲ့ “ဘာဖြစ်လို့လဲ မချဉ်ပါဘူး သူက ချိုပါတယ် လူကလေးရဲ့” လို့ ပြန်ပြောတယ်ဆိုရင်ပဲ အဲဒီလူဟာ သူ့ရဲ့ လိမ္မော်သီးအိတ်ကလေးလွယ်လို့ ထွက်သွားနှင့်ပြီ ဖြစ်တယ် ဒီအပြုအမူဟာ […]
Day: May 13, 2021
အရက်ဆိုင် မှာ စားပွဲထိုးလုပ်ခဲ့ရပေမယ့် ငယ်ဘဝ အိပ်မက်ကို တည်ဆောက်နိုင်ခဲ့တဲ့ မြန်မာလူငယ်တဦး
အရက်ဆိုင် မှာ စားပွဲထိုးလုပ်ခဲ့ရပေမယ့် ငယ်ဘဝ အိပ်မက်ကို တည်ဆောက်နိုင်ခဲ့တဲ့ မြန်မာလူငယ်တဦး ကျွန်တော်ငယ်ငယ်က အိမ်က အတော်ဆင်းရဲတယ်။ ကျွန်တော် ၄ တန်းအောင်တော့ အိမ်က စားသောက်ဆိုင်ကလေး စ ဖွင့်တယ်။ နယ်ဘက်ဖြစ်လို့ အစားအသောက်ထက် အရက် ဘီယာ ပိုရောင်းရတယ်။ အဲ့တုန်းက ကျူ ရှင်မနေဘူး ဆိုင်မှာပဲ စားပွဲထိုးရတယ်။ညနေ ၅ နာရီဆို ဆိုင်ထဲ လူ စ စည်ပြီ။ ရွာက အရက်သမားတွေ စ စုနေလောက်ပြီလို့ ပြောလို့ရတယ်။ ဆိုင်ထဲ တဖွဲဖွဲ ဝင်လိုက် ထွက်လိုက်ပါပဲ။ ဂရမ်း၊ rc၊ မန်းလေးရမ်၊ ဟိုက်ကလက်၊ မြန်မာ၊ မန်းလေး၊ ဘီယာချမ်း၊ မေမြို့ဝိုင်၊ မန်ကျည်း၊ ကော်ဝီ အစုံပဲ ( မှတ်မိသလောက် […]
ရုပ်ရည်မမျှပေမယ့် ချစ်ရည်တူမျှကြလို့ တီဗွီထဲမှာတောင် ထုတ်လွှင့်ပြသခံရတဲ့ ချစ်သူစုံတွဲ
unicode ရုပ်ရည်မမျှပေမယ့် ချစ်ရည်တူမျှကြလို့ တီဗွီထဲမှာတောင် ထုတ်လွှင့်ပြသခံရတဲ့ ချစ်သူစုံတွဲ အချစ်ဆိုတာ မျက်စိမရှိပါဘူး … ဒါပေမယ့် မျက်စိရှိလို့သာ မြင်မြင်ချင်း ချစ်တယ်ဆိုတာ ဖြစ်လာတာပါ။ အချစ်ဆိုတာ မျက်စိမရှိဘူးဆိုတဲ့ အဓိပ္ပါယ်က တကယ်တော့ ကိုယ်ချစ်တဲ့သူဆိုရင် ဘယ်လိုပဲ ချို့ယွင်းချက်တွေ၊ ပြစ်ချက်တွေရှိနေနေ မမြင်ဘူးလို့ ဆိုလိုတာပါ။ ဒီအချက်ကို ဖိလစ်ပိုင်နိုင်ငံသား Roger Casugay နဲ့ ဒက်ချ်နတ်သမီးလေးတို့ရဲ့ ချစ်ပုံပြင်က သက်သေခံနေပါလိမ့်မယ်။ Viral သတင်းမှာ ဖော်ပြထားချက်အရ Roger Casugay အမည်ရ ဖိလစ်ပိုင်နိုင်ငံသားဟာ ဓာတ်ပုံထဲမှာ မြင်ရတဲ့အတိုင်းပဲ အသားရေက မည်းတဲ့ဘက်မှာ ပါပါတယ်။ ရုပ်ရည်အားဖြင့်လည်း မြင်တဲ့အတိုင်းပါဘဲ စွဲဆောင်မှုရှိတဲ့ ရုပ်ရည်မျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အရပ်အမောင်းကတော့ ကောင်းပြီး၊ ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ ယောက်ျားပီသတယ်လို့ […]
ငွေထုတ်ဖို့ အပင်ပန်းခံ တန်းစီနေရတဲ့ လူတွေ အတွက် AYA ATM ကတ်ထဲကငွေထုတ်ဖို့ အဆင်ပြေတဲ့ နည်းလမ်း တခုပြောပြပါမယ်
ငွေထုတ်ဖို့ အပင်ပန်းခံ တန်းစီနေရတဲ့ လူတွေအတွက် AYA ATM ကတ်ထဲကငွေ ထုတ်ဖို့အဆင်ပြေတဲ့နည်းလမ်းတခုပြောပြပါမယ် တချို့ဆို ATM ကတ်ထဲကငွေထုတ်ဖို့ကိုမနက်၆နာရီလောက်ထဲကထပြီးသွားတန်းစီရတယ်…. လူတွေအရမ်းများတော့တနေကုန်နီးပါးတန်းစီ…. နေ့ခင်း၃လေးနာရီလောက်မှတရက်စာအတွက်ထုတ်ပေးတဲ့၃သိန်းလေးပဲရတာ ဒါတောင်တခါတလေကိုယ့်အလှည့်ရောက်လို့ATM စက်ရှေ့ရောက်ပြီဆိုမှပိုက်ဆံကုန်သွားပြီဆိုပင်ပန်းလွန်းခဲ့သမျှသေပါလေရောပဲ…. အဲ့လိုလုပ်မဲ့အစားAYA Pay အကောင့်တခုဖွင့်လိုက်ပြီးAYA Pay Agent ( သို့) Max ဆီဆိုင်ကနေပဲငွေထုတ်ခFees နဲနဲလောက်ပေးပြီးထုတ်လိုက်ကြပါ…… တနေကုန်အိပ်ရေးပျက်အပင်ပန်းခံတန်းစီနေမဲ့အစား ပိုက်ဆံ၃သိန်းကိုထုတ်ခ2500 လောက်ပေးလိုက်ရတာကပဲပိုအဆင်ပြေကြမှာပါ….( ခုချိန်မှာတော့agent တွေလဲငွေထုတ်ပေးဖို့အဆင်မပြေလောက်တော့ ကျွန်တော်က တော့Max ဆီဆိုင်ကနေပဲ သွားထုတ်ခဲ့တယ်…) တနေ့ကို၃သိန်းထုတ်ပေးပါတယ်…… ( AYA Pay Acc ကLevel 2 ဖြစ်ရပါမယ်) 1…. အရင်ဆုံးPlay store ကနေပြီးAYA Pay App ကိုdownload ဆွဲပါ…. 2…. ပြီးရင်Acc ဖွင့်လိုက်ပါ..Acc ဖွင့်တာလွယ်လွယ်လေးပါ.. Ph […]
အရွယ်ရောက်လို့ ရည်းစားထားတာမင်းအပြစ်မဟုတ်ဘူး လူရွေးမှားရင်တော့မင်းအပြစ်ပဲ
ဒီမှာ…ညီမလေး ကိုယ့်ကို တစ်ကယ် မချစ်တဲ့လူအတွက် ပေးဆပ်နေရတာ တန်ရဲ့လား… ကိုယ့်ကို ဥပေက္ခာပြုထားတဲ့ လူတစ်ယောက်ကို ဆက်ချစ်နေရင်ရော…အဆင်ပြေနိုင်ပါ့မလား… … ကိုယ့်အချစ်တွေကို တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်အတွက်…နာကျင်ခံစားနေရတာတွေ ကိုယ်ပေးသလို ပြန်ရလာနိုးနိုးနဲ့ မျော်လင့်နေရတာတွေက ဖြစ်သင့်သလား သေချာစဉ်းစားပါအုံး… … … ညီမလေး သိထားပါ… …တစ်ကယ့်အချစ်စစ်က << 50000 ကျပ်ဝန်းကျင်နဲ့ 360 ဒီဂရီလှည့်ကြည့်လို့ရတဲ့ CCTV ရှာနေပါသလား? >> ကိုယ်က ပေးမှပြန်ရတာ မဟုတ်ဘူး…ကိုယ်က မပေးရင်တောင် သူ့ဘက်က ပေးချင်နေတာမျိုး… … ညီမလေး…တန်ဖိုးထားပြီးကိုးကွယ်နေတဲ့…အချစ်ဆိုတာ… သူ့အတွက်…ပျံကျဈေးတန်းမှာ ရောင်းနေတဲ့… မုန့်ဟင်းခါးတစ်ပွဲလောက်တောင် တန်ဖိုး ရှိချင်မှရှိမှာပါ… … ဒီမှာ ညီမလေး…တန်ဖိုးဆိုတာ ထားတတ်တဲ့သူဆီရောက်မှ တက်တာပါ… ညီမလေးရဲ့ ရွှေလို အဖိုးတန်တဲ့ အချစ်စစ်က သူ့လိုနွားအတွက် […]
ကမ္ဘာ့အလယ်မှာ မြန်မာဆိုတာလူသိများလာအောင် မြန်မာ့ဓလေ့ရိုးရာသူငယ်တော်ဝတ်စုံနဲ့ဖော်ပြတော့မယ့် MISS UNIVERSE MYANMAR သူဇာဝင့်လွင်
ပရိတ်သတ်ကြီးရေ…ဘယ်တော့ မှလဲကျ မသွားဘဲ ပစ်လိုက်တိုင်းထောင်ေ နတဲ့ မြန်မာ့ရိုးရာ ကစားစရာ အရုပ်လေး ပစ်တိုင်းထော င်ရဲ့အနှစ်သာ ရကို ဒီနှစ်ရဲ့ Miss Universe စင်မြင့်ထ က်မှာ မြန်မာကိုယ်စားြ ပု အလှမယ် သူဇာဝင့်လွင်က ဖော်ပြတော့မှာပါ။ ရည်ရွယ်ချက်ေ ကာင်းတွေ ရှိတဲ့ဒီအရုပ်လေးကို မြန်မာတင်မက ကမ္ဘာကပါအသိအမှ တ်ပြုပြီး စိတ်ဝင်စားမှု ခံရတော့မှာ အသေအချာပါပဲ။ ဒီဝတ်စုံလေးကို National Costume အဖြစ်နဲ့ ပွဲထုတ်ဖို့စီစဉ်ထားပေမယ့်လက်ရှိအချိန်ထိ Candy လက်ထဲမရောက်လာသေးပါဘူး။ ဒီအကြောင်းကို လည်း ” ၅.၅. ၂၁ – DHL Agent မှ ရန်ကုန်တွင်ပစ္စည်းလာယူ ၆.၅. ၂၁ – ရန်ကုန်မှ မြဝတီသို့ပို့ဆောင် ၇.၅. ၂၁ – […]
ဆရာလေး သောမာထေရီဆိုတဲ့ ဘွဲ့နာမည်နဲ့သာသနာ့ဘောင်ထဲသို့ ရာသက်ပန်ဝင်ရောက်သွားတဲ့ အဆိုတော်မေသက်ထားဆွေ
ပရိတ်သတ်ကြီးရေ…ဂီတလောကမှာ မြန်မာသံတေးသီချင်းတွေကိုသီဆိုပြီး ပရိတ်သတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ တေးသံရှင်မေသက်ထားဆွေကတော့ငယ်စဉ်ကတည်းကသီချင်းဆိုပြိုင်ပွဲတွေမှာဝင်ပြိုင်ရင်း ရွှေတံဆိပ်ဆုတွေကိုရ၇ှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်။သူမက ဂီတနဲ့ပတ်သက်လာရင် ထူးခြားတဲ့ပါရမီပါခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ငယ်စဉ်ကတည်းက သူမကိုချစ်တဲ့ပရိတ်သတ်အပြည့်အဝရ၇ှိခဲ့တဲ့သူပဲဖြစ်ပါတယ်။ချိုသာလွန်းတဲ့အသံပိုင်ရှင်လေးမေသက်ထားဆွေကတော့ မြန်မာသံစဉ်ကိုပိုင်နိုင်စွာသီဆိုနိုင်ရုံတင်မကပဲ ခောတ်ပေါ်တေးသီချင်းတွေကိုပါသီဆိုနိုင်တဲ့ အဆိုရှင်တစ်ယောက်ပဲဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ…။ ပရိတ်သတ်တွေရဲ့မျက်စိရှေ့မှာတင် တဖြည်းဖြည်းအရွယ်ရောက်ပြီဖြစ်တဲ့မေသက်ထားဆွေက အေးဆေးတည်းငြိမ်ပြီး မြန်မာဆန်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတာကြောင့် ပရိတ်သတ်တွေက ယနေ့အထိသူမကို ချစ်မဝဖြစ်နေကြတာပဲဖြစ်ပါတယ်။စိတ်ထားဖြူစင်လွန်းတဲ့မေသက်ထားဆွေက အလှူအတန်းဆိုရင်လည်းလက်မနှေးပဲရက်ရက်ရောရောလှူဒါန်းတဲ့သူပဲဖြစ်ပါတယ်နော်..။ဒီကနေ့မှာဆိုရင်တော့ မေသက်ထားဆွေက ဆရာလေး သောမာထေရီဆိုတဲ့ ဘွဲ့နာမည်နဲ့ သာသနာ့ဘောင်ထဲသို ရာသက်ပန်ဝင်ရောက်သွားပြီဆိုတဲ့အကြောင်း ပရိတ်သတ်ကို အသိပေးပြောပြလာခဲ့တာဖြစ်ပါတယ်နော်.. “*ဆရာလေး သောမာထေရီ/မေသက်ထားဆွေ*ဆရာလေး ဘယ်နှစ်ရက်ဝတ်မှာလဲ?ရာသက်ပန်ပါဘုရား။ဆရာလေး ဘာရည်ရွယ်ချက်နဲ့ ဝတ်တာလဲ?စာသင်ပြီး သီလရှင်ဘဝနဲ့ တရားဟောကြားချင်ပါတယ်ဘုရား။သာဓု သာဓု သာဓုပါဆရာလေး။ 12.5.2021 =============== ၂၀၁၉က ရေးခဲ့တာလေးကတော့၈.၁၀.၂၀၁၉ဒီနေ့ သမီးလေးမေသက်ထားဆွေက ဦးဇင်းကိုလျှောက်ထားပါတယ်။2020မှာ သမီးဆံပင်ကိုအရင်လှူမယ်ဘုရား။ ပြီးရင် သီလရှင်ကျောင်းမှာ သီလရှင်(၁)လပြည့်အောင်ဝတ်မယ်လို့စိတ်ကူးထားပါတယ်ဘုရားတဲ့။ မွန်မြတ်လှသော သူ့ရဲ့စိတ်ကူးလေးကို ဦးဇင်းကို လျှောက်ထားပါတယ်။သာဓုပါသမီးလေး။သမီးရဲ့ကောင်းမြတ်လှတဲ့စိတ်အကြံ အဓိဌာန်တွေ အောင်မြင်နိုင်ပါစေ။**ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ […]
ယောကျာၤးလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကိုတကယ်ချစ်ရင် ဒီပိုစ့်ကို ဖတ်ဖြစ်အောင်ဖတ်သွားပါ
ယောကျာၤးလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူကိုတကယ်ချစ်ရင် ဒီပိုစ့်ကို ဖတ်ဖြစ်အောင်ဖတ်သွားပါ တကယ်ချစ်တယ်ဆိုရင် သူမှားနေရင်တောင်မှ လက်ခံနားလည် ပေးရမှာပဲ။ ချစ်သူ၊ ရည်းစားရယ်လို့ ဖြစ်လာပြီဆိုရင် တစ်ယောက်သိက္ခာကို တစ်ယောက်က ကာကွယ်ပေးရမယ်။ အပုပ်မချ သင့်ပါဘူး …။ လူတိုင်းဟာ အတ္တသမားချည်းပါပဲ။ သူ့အတ္တကို ထိပါးလာတာ လူတိုင်း မကြိုက်ကြဘူး …။ ပေါင်းသင်းဆက်ဆံရေးမှာ ဒီအချက်ကသိပ်အရေးကြီးတယ်။ ဆိုပါတော့….ထောင်ကျနေတဲ့ လူတွေကိုခင်ဗျားမှားတယ်လို့ သွားပြောရင် ဘာပြန်ပြောမယ်ထင်လဲ …၊ “တကယ်က ကျွန်တော် လူမှားပြီး တရားစွဲခံခဲ့ရတာပါ” “တရားသူကြီးက လာဒ်စားလို့ပါ” “ကျွန်တော် ဘုရားမကြိုက်တာ မလုပ်ခဲ့ပါဘူး”ဆိုတဲ့အဖြေပဲ ပေးကြလိမ့်မယ်။လူ ၁၀၀ မှာ ၈၀ လောက်က ဝန်ခံရဲကြမှာ မဟုတ်ပါဘူး …။ ဒါဟာ ဘာလို့လဲဆိုတော့ လူတိုင်းဟာ မိမိအတ္တကို မိမိကာကွယ်ချင်တဲ့စိတ် ရှိလို့ပဲပေါ့ […]
အမေဆုံးတာတောင်ရောက်မလာတဲ့အင်ဂျင်နီယာဖြစ်အောင်ရုန်းကန်ပေးခဲ့ပေမယ့် အဆက်အသွယ်ဖြတ်ထားတဲ့သား
အမေဆုံးတာတောင်ရောက်မလာတဲ့အင်ဂျင်နီယာဖြစ်အောင်ရုန်းကန်ပေးခဲ့ပေမယ့် အဆက်အသွယ်ဖြတ်ထားတဲ့သား အင်ဂျင်နီယာကြီးဖြစ်အောင် မိဘတွေက ကားမောင်းလို့ကျောင်းထားခဲ့ပြီးမှ ဘွဲ့ရရော မိဘတွေကို အဆက်အသွယ်ဖြတ်သွားတဲ့အပြင် အမေဆုံးတာသိရက်နဲ့မလာဘူးတဲ့ မောင်ဝေဖြိုးမင်းလိုမိုက်တဲ့သူတောင် မင်းလောက်မိုက်မယ်မထင်မင်းကို အင်ဂျင်နီ ယာကြီးဖြစ်အောင် မင်းအဖေက ကားမောင်းမင်းအမေက မင်းအမ နဲ့ မင်းညီမတွေ ဘွဲ့ရအောင်အိမ်မှု့ကိစ္စတွေလုပ်ပေးရတယ်။ မင်းတို့ မောင်နှမ လေးယောက်မှာ အခုထိ မင်းဘဲ အိမ်ထောင်ကျသေးတယ်။မင်းမင်္ဂလာဆောင်တော့လည်း မိဘတွေက M 3 မှာ ပြည့်ပြည့်စုံစုံ ဆောင်ပေးတယ်။မကြာပါဘူး ကြီးမားတဲ့ ပြဿာနာ တစ်စုံတရာမရှိပါဘဲ မိသားစုကို အဆက်အသွယ်ဖြတ်သွားတယ်။အခု မင်းကို မွေးခဲ့တဲ့ မင်းအမေဆုံးတယ်။မနေနိုင်တဲ့ မင်းသူငယ်ချင်းတွေက မင်းကိုဆက်သွယ်ကြတယ် မင်းသိသွားပြီဆိုတော့အားလုံးက တစ်ဦးတည်းသောသား မင်းကိုမျှော်ကြတယ်။မင်းလာရင်လည်း အားလုံးက နွေးထွေးစွာ ကြိုဆိုကြမယ်ပေါ့။ ဒီနေ့ရက်လည်ပြီအခုချိန်ထိ မင်းက လာဘို့ဝေးစွ ဖုန်းလေးတောင် မဆက်ဘူး။ဖြစ်နိုင်ရင် မင်းအဖေကို ဖုန်းဆက် အားပေးစကားလေး […]
အားတင်းထားပါ မြင်းခြံရာမင်းတို့နောက်မှာ ရန်ကုန်ရှိတယ်ဆိုပြီးကြွေးကြော်ထွက်လာတဲ့အသံကြီးကကြက်သီးတောင်ထစေခဲ့ပါတယ် …
အားတင်းထားပါ မြင်းခြံရာမင်းတို့နောက်မှာ ရန်ကုန်ရှိတယ် အားတင်းထားပါ မန္တလေးရာမင်းတို့နောက်မှာ ရန်ကုန်ရှိတယ် ပြည်သူတွေရဲ့ ညီညွတ်မှုကကြက်သီးတောင်ထစေခဲ့ပါတယ် … ယနေ့ မေလ (၁၂)ရက်နေ့မှာဆိုရင်လည်း ဒီမိုကရေစီလိုလားနေကြတဲ့ ပြည်သူတွေဟာ ဖိနှိပ်ဖြိုခွင်းမှုတွေကြားထဲကနေ ဆန္ဒထုတ်ဖော်မှုတွေကို ဒေသအသီးသီးမှာပြုလုပ်နေကြတာဖြစ်ပြီး ဖြိုခွင်းမှုတွေနဲ့ ဆက်တိုက်တွေ့ကြုံနေကြရတာဖြစ်ပါတယ်။ ဖြိုခွင်းမှုတွေရှိနေပေမယ့်လည်း မြင်းခြံ၊ မန္တလေး၊ မင်းတပ်တို့မှာ ရဲရင့်တက်ကြွစွာနဲ့လူငယ်လေးတွေဦးဆောင်ပြီး တော်လှန်နေကြတာဖြစ်ပါတယ်……။ ဖြိုခွင်းမှုတွေကြောင့် အသက်ဆုံးရှုံးမှုတွေလည်းရှိလာနေတာဖြစ်ပေမယ့် ပြည်သူတွေဟာ အလျှော့မပေးပဲ ဆက်လက်တော်လှန်နေကြတာဖြစ်ပါတယ်။ ရက်ပေါင်း ၁၀၀ကျော်သွားခဲ့ပြီဖြစ်တဲ့ လူထုလှုပ်ရှားမှုတွေဟာဆိုရင် ယနေ့ထိတိုင် နေရာအနှံ့အပြားမှာ ဆက်လက်ပြုလုပ်နေကြတာဖြစ်ပြီး ရန်ကုန်မှာလည်း ပြောက်ကျားစနစ်နဲ့ ဆန္ဒထုတ်ဖော်မှုတွေကို ပြုလုပ်နေကြတာပါ….။ ယနေ့ မေလ (၁၂)ရက်နေ့မှာဆိုရင်လည်း ရန်ကုန်ရှိ လူငယ်တွေဟာ “အားတင်းထားပါ မြင်းခြံရာ မင်းတို့နောက်မှာ ရန်ကုန်ရှိတယ်။ အားတင်းထားပါ မင်းတပ်ရာ မင်းတို့နောက်မှာ ရန်ကုန်ရှိတယ်။ အားတင်းထားပါ မန္တလေးရာ […]









