မိန်းကလေးတွေအနေနဲ့ တစ်ဘဝလုံးလက်တွဲမယ့်သူဟာ မိမိအပေါ်မှာကောင်းမွန်တဲ့ ယောင်္ကျားကောင်းတစ်ယောက်ဖြစ်စေချင်ကြတာပါ။ သူမရွေးချယ်လိုက်တဲ့ လူအပေါ်မှာမူတည်ပြီး ကံကောင်းတယ် ကံဆိုးတယ်ဆိုတာကလည်း အများကြီးသက်ရောက်မှုရှိစေပါတယ်။ ဒီတော့ သင့်အနေနဲ့ သင့်ချစ်သူ သင့်ဘဝလက်တွဲဖော်ကို ကံကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်စေချင်တယ်ဆိုရင် လိုက်နာရမယ့်အချက်လေးတွေ သိထားသင့်မယ်ထင်ပါတယ်။ (၁) ယုံကြည်ရတဲ့သူဖြစ်ရမယ် မိန်းကလေးတွေရဲ့ ပင်ကိုယ်စိတ်အခံက ယောင်္ကျားလေးတွေထက်ပိုပြီး သံသယကြီးကြပါတယ်။ တကယ်ချစ်မိလာတာနဲ့အမျှ သူတို့ရဲ့လက်တွဲဖော်အပေါ်စိတ်မချခြင်း သံသယဖြစ်ခြင်းတွေ ဖြစ်လာတက်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သူမရဲ့သံသယစိတ်တွေကို ဖျောက်ပေးနိုင်ပြီး သူမစိတ်ချရတဲ့သူတစ်ယောက်အဖြစ် ယုံကြည်မှုခိုင်ခိုင်မာမာတည်ဆောက်ပေးသင့်ပါတယ်။ (၂) သစ္စာရှိရမယ် ခလုတ်လေးတစ်ချက်နှိပ်ရုံနဲ့ ဖောက်ပြန်ဖို့လွယ်ကူနေတဲ့ ဒီဂျစ်တယ်ခေတ်ကြီးမှာ သစ္စာရှိခြင်းဆိုတာ ငွေကြေးစည်းစိမ်တွေထက် တန်ဖိုးရှိတဲ့အရာတစ်ခုလို့ဆိုနိုင်ပါတယ်။ ကိုယ့်ချစ်သူအပေါ် သစ္စာရှိတယ်ဆိုတာကလည်း ယောင်္ကျားကောင်းတို့ရဲ့ လုပ်ရပ်တစ်ခုဖြစ်တာကြောင့် သင့်မိန်းကလေးကို ကံကောင်းတဲ့သူတစ်ယောက်ဖြစ်စေချင်တယ်ဆိုရင် သစ္စာရှိရှိချစ်နေဖို့လည်း လိုအပ်ပါတယ်။ (၃) စိတ်ချမ်းသာအောင်ထားရမယ် ကိုယ်ချစ်မြတ်နိုးတဲ့ မိန်းကလေးကို စိတ်ချမ်းသာအောင်ထားချင်ကြတာ ယောင်္ကျားကောင်းတို့ရဲ့ […]
Day: May 22, 2021
ယောကျာ်းတစ်ယောက်ရဲ့ တလွဲ မာနနှင့် မိန်းမတစ်ယောက်ရဲ့ “မပွင့်လင်းမှု”
အချစ်တစ်ခု ၊ ဆက်ဆံရေး တစ်ခုမှာ နားလည်မှုတွေက အရေးကြီးဆုံးလို့ ပြောကြပေမယ့် ကြင်သူကို ဘယ်လို နားလည်ပေးရမလဲ … သူ့စိတ်ထဲမှာ ဘာတွေရှိနေတယ် ဆိုတာကို ကိုယ်က ဘယ်လို သိနိုင်မှာလဲ ဆိုတဲ့ မေးခွန်းတွေ မကြာခဏ ကြားနေရမှာပါပဲ။ သူတစ်ပါးဟာ ကိုယ်မဟုတ်တဲ့အတွက် သူတစ်ပါးကို အပြည့်အ၀ နားလည်ပေးဖို့ ၊ နားလည်နိုင်ဖို့ ဆိုတာရယ်၊ နားလည်ပေးနိုင်တယ်ပဲ ထားဦးတော့ ကိုယ့်စိတ်ကရော ဘယ်လောက်ထိ သည်းခံနိုင်မှာလဲ ဆိုတာရယ် တွေကရှိလာပြန်ပါတယ်။ မိန်းမသားတွေ နဲ့ ယောကျ်ားတွေရဲ့ အတွင်းစိတ်မတူညီမှုတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် နားမလည်နိုင်မှုတွေက ကြီးထွားလာပါတယ်။ မိန်းမသားတွေက ဘယ်လောက်ပဲ ပွင့်လင်းပါတယ် ဆိုဦးတော့ ဘယ်တော့မှ တိုက်ရိုက်မပြောတတ်ပါဘူး။ မျက်နှာစူပုပ်နေပြီး ရှောင်ဖယ်ဖယ် လုပ်နေတဲ့ မိန်းမတစ်ယောက်ကို သူ့ချစ်သူက […]
NLD ပါတီကို ဖျက်သိမ်းမယ်လို့ စစ်ကောင်စီ ကော်မရှင်ပြော
၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တဲ့အတွက် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းမလား၊ မဲမသာမှု ကျုးလွန်ခဲ့တဲ့သူတွေကို အေရးယူမလား စဉ်းစား ဆောင်ရွက်သွားမယ့်အကြောင်း စစ်အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုပါတယ်။ မကြာခင် မဲစာရင်းတွေ စစ်ဆေးပြီးစီးမှာဖြစ်တဲ့အတွက် ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်တာတွေကို ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ဥပဒေနဲ့မညီ ကြိုတင်ကြံစည်ပြီး ဆောင်ရွက်ခဲ့တဲ့ NLD ပါတီကို ကျနော်တို့ ဘယ္လို လုပ္မလဲ။ ပါတီကို ဖ်က္ပစ္မလား။ ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေသည် နိုင်ငံတော်အတွက် သစ္စာဖောက်တွေအနေနဲ့ အေရးယူမလား။ စဉ်းစား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံတဲ့ အစည်းအေ၀းမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ […]
ချစ်သူရဲ့တန်ဖိုးထားမှုကို အမြဲတမ်းရရှိချင်ရင် ဒီအချက်လေးတွေကို လိုက်နာပါ
မိန်းကလေးတစ်ယောက်အဖို့ ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိနေမှ ပျော်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ရတာပါ။ ဒီလိုမျိုး ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိချင်တယ်ဆိုရင်တော့ မိန်းကလေးတွေအနေနဲ့ လုပ်ဆောင်ရမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ ဒီအချက်လေးတွေကိုသာ လိုက်နာမယ်ဆိုရင်တော့ သင်ဟာချစ်သူအတွက်တန်ဖိုးရှိပြီး လေးစားစရာကောင်းတဲ့ သူတစ်ယောက် ဖြစ်လာမှာပါ။ (၁) ကိုယ့်ဘဝကိုယ် မရှက်ပါနဲ့ သင်ဟာ ပညာတတ်တစ်ယောက်မဟုတ်လို့၊ စည်းစိမ်ဥစ္စာ မချမ်းသာလို့၊ ဒါမှမဟုတ် အားနည်းချက်တွေများလို့ ကိုယ့်ဘဝကို မရှက်ပါနဲ့၊ ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့။ အရှိကိုအရှိတိုင်း လက်ခံပြီး ဘဝကိုအကောင်းမြင်စိတ်ထားပါ။ဒါဟာ စိတ်ထားမွန်မြတ်ခြင်းဖြစ်တာကြောင့် သင့်ချစ်သူဟာ သင့်ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်ကို တွေ့မြင်ပြီး လေးစားတန်ဖိုးထားမှာဖြစ်ပါတယ်။ (၂) ကိုယ့်ကျင့်တရား စောင့်ထိန်းပါ ဒီကိစ္စကတော့ အရေးကြီးဆုံးပါပဲ။ သင့်ချစ်သူနဲ့သင်ဟာ လူမမြင်ကွယ်ရာရောက်နေလည်း စောင့်ထိန်းသင့်တာကိုတော့ စောင့်ထိန်းရမှာပါ။ သင့်ချစ်သူရဲ့ တန်ဖိုးထားလေးစားမှုကို ခံချင်ရင်တော့ ဒီအချက်ကို […]
ကိုယ်ထားတဲ့စိတ်ဓာတ်အပေါ်မူတည်ပြီး ဘဝက ကံတူအကျိုးပေးတတ်တယ်
စိတ်အစဉ်အတိုင်း ရုပ်မှာလာပြီးထင်တတ်ပါတယ် နာမည်ကြီး BRAND တွေ ဘယ်လောက်ပဲ ဝတ်ထားဝတ်ထား စိတ်ဓာတ်မကောင်းတဲ့လူကတော့ အရောင်ထွက်လာမှမဟုတ်ဘူး ပဲရစ်က ရေမွှေးပဲဖြစ်ဖြစ် စိတ်ယုတ်စိတ်ပုတ်တွေကို အနံအသတ်ပျောက်အောင် မစွမ်းနိုင်ပါဘူး ရုပ်မလှလို့ စိတ်ဓာတ်မကျနဲ့ စိတ်နှလုံးလေးကို လှလှလေးထား ဘဝက ဆိုးလွန်းနေလို့လဲ စာရိတ္တတွေကို အရောင်လိုက်မဆိုးနဲ့ ဘဝဆိုတာ ကံတူအကျိုးပေးတတ်တယ် ကိုယ့်ထားတဲ့ စိတ်ဓာတ်အပေါ်မူတည်ပြီး ဘဝက အကျိုးပေးတတ်ပါတယ် မကောင်းတာလုပ်ပြီး ချမ်းသာနေတဲ့လူကို အားမကျနဲ့ အဲ့ဒီ မကောင်းတဲ့အရာတွေနဲ့ ရလာတဲ့ငွေဟာ ကိုယ်ရဲ့ ရိုးရိုးသားသားရှာထားတဲ့ ချွေးနဲစားလေးတွေလောက် မအေးချမ်းဘူး ငွေပုံပေါ်ထိုင်ပြီး စိတ်ညစ်နေရတာထက်စာရင် ကိုယ့်လိပ်ပြာကိုယ်သန့်နေရတာ ပိုကောင်းပါတယ် မွေ့ယာထက်မှာ အိပ်ပျက်ရတာတွေထက်စာရင် ဖျာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ရတာ ပိုသာတဲ့ အိပ်စက်ခြင်းမျိုးပါ အိပ်မက်လှလှတွေတောင် မက်နိုင်တယ် အသားဟင်းတစ်ခွက်ပါမှ ထမင်းက စားလို့မြိန်တာမဟုတ်ဘူး ကိုယ်စားတဲ့ […]
သားမိုက် ရဲ့အိမ်ပြန်ချိန် (အရမ်းကောင်းတဲ့ စာလေးပါ)
ဧည့်ကြိုဌာနရှေ့တွင် အဘိုးအိုတစ်ယောက်က လာရပ်လိုက်ပြီး “မစ္စတာ တာနာကာနဲ့တွေ့ချင်လို့ပါ” ဟုပြောလိုက်သည်။ “မစ္စတာ တာနာကာနဲ့ ဘယ်လို ပတ်သက်ပါသလဲ။ ကြိုတင်တွေ့ခွင့်တောင်းထားပါသလား” “ဦးက မစ္စတာ တာနာကာရဲ့ အဖေပါ” “သြော် … ခေတ္တစောင့်ပါရှင်။ ဆက်သွယ်ကြည့်ပါ့မယ်” ဧည့်ခန်းကြီးက ကြီးကျယ်လှသည်။ လူတွေကလည်း ဝင်ထွက်သွားလာ။ ကုမ္ပဏီကြီးကလည်း အကြီးကြီးဖြစ် နေသဖြင့် ပီတိတွေဖြစ်နေသည်။ ဘေးမှ သူ့လို ထိုင်စောင့်နေသူ တစ်ဦးအား “ဒီကုမ္ပဏီမှာ ကျွန်တော့်သား အလုပ်လုပ်နေတာ” ဟု ဂုဏ်ယူပီတိဖြစ်စွာ ပြောလိုက်သည်။ မကြာမီ ဧည့်ကြို ကောင်မလေးကရောက်လာပြီး“ဦးရှင့် … မစ္စတာ တာနာနဲ့ တွေ့လို့ရပါပြီ။ ၂၄ ထပ်က ရုံးခန်းကို ဓာတ်လှေကားနဲ့ တက်လာခဲ့ပါတဲ့”သားဖြစ်သူ ရုံးခန်းကိုရောက်တော့ အဖေက ဝမ်းသာအားရနှင့် ပြေးဖက်ဖို့ပြင်သည်။ သားက ဖုန်းပြောနေရာက […]
EPC မှ ဝန်ထမ်းအမတစ်ဦး၏ မီတောင်ခ မပေးဆောင်ချင်သူ ပြပည်သူလူထူထံသို့အကြံပြုလွှာ (
EPC မှ ဝန်ထမ်းအမတစ်ဦး၏ မီတောင်ခ မပေးဆောင်ချင်သူ ပြပည်သူလူထူထံသို့အကြံပြုလွှာ ( ဓာတ်အားသုံးစွဲသူပြည်သူများရှင်ယခုလမှစ၍မီတာခများလုံးဝမဆောင်ပါနဲ့အုံးနောက်4/5လအထိမဆောင်ကြပါနဲ့ မီတာခဆောင်ဖို့ငွေရှိလည်းမဆောင်ပါနဲ့။မီတာခဆောင်မည်ငွေကိုလိုအပ်တဲ့ဆန်/ဆီဝယ်ထားကြပါမီတာခမဆောင်လို့မီးမဖြတ်ပါဘူး။ ယခင်ကိုဗစ်ဖြစ်တုန်းကနေယခုအချိန်ထိမီတာခမဆောင်ရသေးသောအိမ်တွေရှိပါတယ်မီးလုံးဝမဖြတ်ပါ။ ယခုအချိန်လည်းရုံးမှမီတာခမဆောင်လို့မီးဖြတ်မည်ဟုလာပြောလျှင်အဆင်မပြေသေး၍မဆောင်နိုင်သေးကြောင် းbankကငွေမထုတ်ပေးကြောင်းပြေလည်စွာပြောပါဘယ်သူမှဇွတ်မဖြတ်ပါဘူး ။နောက်တစ်ခါလာပြောလည်းပထမအကြိမ်တိုင်းပြောလွှတ်ပါဇွတ်ဖြတ်မယ်ဘာညာဆိုလျှင်ဓာတ်ပုံရိုက်ပြီးလိုင်းပေါ်တင်မယ် ဘာညာနဲ့ခြိမ်းခြောက်လွှတ်ပါအဲလိုဆိုကြောက်ကြပါတယ်မီတာခဘယ်နှစ်လရှိရှိဒဏ်ငွေက4000သာပေးရမှာပါ5လလွန်လည်း4000ပါ။6လလွန်လည်း4000ပါ။ ဘယ်အထက်လူကြီးမှလည်းရက်ကွက်ထဲလာပြီးမီးမဖြတ်ရဲပါရက်ကွက်ထဲက အိမ်တွေကိုလည်းမီတာမဆောင်ကြသေးရန်ပြောပေးပါ။လတ်တလောအခွန်မဆောင်ခြင်းဖြင့်ငြိမ်းချမ်းစွာဆန္ဒပြကြပါမီးလုံးဝမဖြတ်ပါဘူးပြည်သူနဲ့အတူရှိနေမှာပါ။ မီတာမဆောင်လို့မီးဖြတ်ရင်ဖြတ်ပါစေ။မစိုးရိမ်ပါနဲ့။ရှင်းပြပါ့မယ်။အိမ်၁၀အိမ်ရှိရင်၊မီးအားက၁၀ရှိတယ်ထားပါ။ တဈအိမ်ကို၁.ဝမီးအားရပါတယ်။အဲ့ဒီထဲကမွ၅အိမ်မေဆာင်လို့မီးဖြတ်ရင်၊ကျန်တဲ့၅အိမ်မွာမီးအားက၂.ဝစီဖြဈသွားပါလိမ့်မယ်။ ၁၀အိမ်မွ၉အိမ်မေဆာင်ရင်၊ကျန်တဲ့တဈအိမ်က၁၀.ဝဖြဈသွားပါလိမ့်မယ်။မီးအားက250Vဖြဈသွားရင်တောင်၊ အိမ်သုံးပစ္စည်းတွေလောင်တော့မွာပါ။အဲ့တော့ကိုယ်တွေကမီးပဲပြတ်တာ၊Gen.leeတွေကပစ္စည်းတွေပါလောင်ပါလိမ့်မယ်။ ၁၀အိမ်လုံးမေဆာင်လို့အကုန်ဖြတ်ရင်၊EPCရုံးကြီးကွှပါလိမ့်မယ်။ဓါတ်အားတွေကိုထိမ်းထားလို့၊သိမ်းထားလို့မရပါဘူ း။ပြည်သူတွေအားလုံးမေဆာင်လို့၊အကုန်လုံးကိုမီးဖြတ်ရင်၊လြှပ်စဈမီးအလကားထိုင်သုံးနေတဲ့စဈတပ်ရုံးတွေရော၊ အိမ်ယာတွေရော၊သူခိုးကြီးတွေရဲ့အိမ်တွေရောအကုန်လုံးဝါယာရွော့ဖြဈပြီးကုန်ပါလိမ့်မယ်။ဒီကိစ္စေတာ့အနီရောအစိမ်းရောအပြာရောအဝါပါညီမယ်ထင်ပါတယ်
ဘယ်တော့မှ မချွဲတတ်တဲ့ ကောင်မလေးတွေရဲ့ သူများနဲ့မတူတဲ့ အကျင့်စရိုက်လေးများ..
ဘယ်တော့မှ မချွဲတတ်တဲ့ ကောင်မလေးတွေရဲ့ သူများနဲ့မတူတဲ့ အကျင့်စရိုက်လေးများ မိန်းကလေးတိုင်းက ချွဲတတ်နေတာမျိုး မဟုတ်ပါဘူး။ ကောင်လေးတွေ အရည်ပျော်သွားလောက်အောင်ကို ချွဲတတ်ကြတဲ့သူတွေ ရှိပေမ ယ့် တချို့ကတော့ နည်းနည်းလေးတောင် မချွဲတတ်ကြပါဘူး။ သူတို့လို မချွဲတတ်တဲ့ မိန်းကလေးမှာတော့ သူများထက် အနည်းငယ် ထူးခြားတဲ့ အကျင့်စရိုက်လေးတွေ ရှိနေတတ်ပါတယ်။ မချွဲတတ်တဲ့ ကောင်မလေးတွေမှာ ဒီလိုမျိုးအရာတွေကို တွေ့ရမှာပါ။ ဘယ်တော့မှ မချွဲတတ်တဲ့ ကောင်မလေးတွေရဲ့ သူများနဲ့မတူတဲ့ အကျင့်စရိုက်လေးများ လွယ်လွယ် အထင်မကြီးဘူး သူတို့တွေက လူတစ်ယောက်ကို လွယ်လွယ်နဲ့ အထင်ကြီးတဲ့အကျင့်မျိုး မရှိကြပါဘူး။ လူတစ်ယောက်ကို မြင်ရုံနဲ့ အထင်ကြီးလို့ မရသလို ရင်းနှီးသွားတိုင်းလည်း အထင်ကြီးလို့ မဖြစ်သေးဘူးဆိုတာမျိုးကို သူတို့က ကောင်းကောင်း နားလည်တတ်ကြပါတယ်။ ဒါကြောင့် သူတို့က တခြားတယောက်ကို အထင်ကြီးပြီး ဖားတာမျိုးကိုလည်း […]
တော်လှန်ရေးမှာ ကိုယ်တိုင်မပါဝင်ဘဲ လိုင်းပေါ်ကနေ ဆရာကြီးလုပ်နေတဲ့ ဆောင်းဦးလှိုင်ကို ဒဲ့စိန်ခေါ်လိုက်တဲ့ ကျားပေါက်.
ပရိသတ်ကြီးရေ ဆောင်းဦးလှိုင်နဲ့ ကျားပေါက်တို့နှစ်ယောက်က ရွေးကောက်ပွဲကာလကတည်းက အချင်းချင်း ငြိနေကြတာပါနော်။ ကျားပေါက်သီဆိုတဲ့ ” ကြောက်ခေတ် ” ဆိုတဲ့ သီချင်းကို ဆောင်းဦးလှိုင်မှ သာကူးဆိုပြီး ဝေဖန်ခဲ့တာကြောင့် ပြသနာအကြီးအကျယ် ဖြစ်ခဲ့တာပါနော် အဖေဖြစ်သူ ရင်ဂိုမှလည်း သားကို ထိခိုက်နစ်နာအောင်ပြောဆိုခဲ့တဲ့ ဆောင်းဦးလှိုင်နဲ့ အချေအတင် ဖြစ်ခဲ့ပါသေးတယ်နော် ဆောင်းဦးလှိုင်က ပြည်ပတွင်နေပြီး မြန်မာနိုင်ငံအရေးအခင်းနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေကို Facebook လူမှုကွန်ယက်မှာ မတင် ဘဲနဲ့ သူ့ရဲ့ YouTube အကောင့်မှာ View တက်အောင် တင်နေတာပါနော်။ ကျားပေါက်ကလည်းဆရာကြီးအထာနဲ့ ပြောနေတဲ့ ဆောင်းဦးလှိုင်ကို ဒဲ့တွေချည်း ပြောပစ်လိုက်တာပါနော်။ သူ့လို ဒဲ့ပြောရဲတဲ့ နိုင်ငံရေးသီချင်းတောင် မရေးနိုင်ဘဲနဲ့ နိုင်ငံခြားမှာနေပြီး ဟောင်နေတဲ့အတွက် ကျားပေါက်ကတော်တော်လေးကို ပေါက်ကွဲနေတာပါနော်။ ကဲ ပရိသတ်ကြီးရော ဒီပွဲကြီးမှာဘယ်သူ့ဘက်က ပါဖို့စိတ်ကူးထားကြလဲဆိုတာ […]
မလိုချင်တဲ့ အမွှေးမျှင်တွေကို ဖယ်ရှားဖို့ မုန့်ဖုတ်ဆော်ဒါတစ်မျိုးပဲ လိုတယ်ဆိုတာသိပြီးပြီလား
မလိုချင်တဲ့ အမွှေးမျှင်တွေကို ဖယ်ရှားဖို့ မုန့်ဖုတ်ဆော်ဒါတစ်မျိုးပဲ လိုတယ်ဆိုတာသိပြီးပြီလား မုန့်ဖုတ်ဆော်ဒါဆိုတာ မုန့်ပဲဖုတ်နေဖို့အတွက် မဟုတ်ပါဘူး။ အသားရည်ကြည်လင်ဝင်းပချင်သူနဲ့ မလိုချင်တဲ့ အမွှေးမျှင်တွေကို ဖယ်ရှားရာမှာလည်း တကယ်အသုံးဝင်တဲ့ ပစ္စည်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဆိုတော့ မုန့်ဖုတ်ဆော်ဒါကို အမွှေးဖယ်ရှားဖို့ ဘယ်လို သုံးစွဲရမလဲ။ နည်းလမ်းလေးက အရမ်းကိုလွယ်ကူရိုးရှင်းပါတယ်။ ကိုယ်သုံးမယ့် ပမာဏပေါ်မူတည်ပြီး မုန့်ဖုတ်ဆော်ဒါကို ရေနွေးလေးနဲ့ ရောလိုက်ပါ။ ပြီးရင် ရောသမမွှေပြီး ခပ်နွှေးနွှေးအနေထားရောက်ပြီဆိုရင် အမွှေးမျှင်ပေါ် သုတ်လိမ်းလိုက်ပါ။ ၅မိနစ်လောက်ကြာရင် သုတ်လိမ်းထားတဲ့ နေရာအနှံ့မှာ အဖြူခဲတွေကပ်နေပါလိမ့်မယ်။ အဲ့ဒါကို အဝတ်စိုလေးနဲ့ (သို့) wax tissue လေးနဲ့ ဖယ်ရှားလိုက်ပါ။ အမွှေးတွေ ပါသွားပါလိမ့်မယ်။ တစ်ခုသတိထားရမှာက စစလုပ်ချင်းမှာ အမွှေးတွေအားလုံး မပြောင်စင်သွားနိုင်ပါဘူး။ သုံးရက်လောက် ဆက်တိုက်လုပ်ပေးမှ အမွှေးတွေဟာ တဖြည်းဖြည်းပါးလာပြီး ပြောင်ရှင်းသွားမှာဖြစ်ပါတယ်။ အိမ်တွင်းနည်းလမ်းတွေကို […]









