၁။ ယောက်ျားတယောက်ရဲ့ ကြင်နာစွာပြောသောစကားသံသည် မိန်းမတယောက်ကိုနွေးထွေးစေသည်။ ၂။ ယောက်ကျားတယောက်ရဲ့ ထွေးပွေ့မှုသည် မိန်းမတယောက်ကို လုံခြုံစေသည်။ ၃။ ယောက်ျားတယောက်ရဲ့ နားလည်ပေးမှုသည် မိန်းမတယောက်ကို စိတ်ချမ်းသာစေသည်။ ၄။ ယောက်ျားတယောက်ရဲ့ တည်ကြည်ဖြောင့်မတ်မှုသည် မိန်းမတယောက်ကို ဆွဲဆောင်မှုအပြည့်ဖြစ်စေသည်။ ၅။ ယောက်ျားတယောက်ရဲ့ အခွင့်အရေးမယူခြင်းသည် မိန်းမတယောက်ကို လေးစားစေသည်။ ၆။ ယောက်ျားတယောက်ရဲ့ ခေါင်းဆောင်နိုင်မှုသည် မိန်းမတယောက်ကို အားကိုးလိုစိတ်ဖြစ်စေသည်။ ကျွန်တော်တို့ယောက်ျားများသည် ချစ်သည်ဆိုသောစကားများပြောနေရုံနဲ့မပြီး ချစ်တတ်ဖို့လည်းအများကြီးကြိုးစားရပါဦးမည်။ Unicode ယောင်္ကျားတယောက်အပေါ် မိန်းမတယောက်ရဲ့ မျှော်လင့်ချက် ၁။ ယောက်ျားတယောက်ရဲ့ ကြင်နာစွာပြောသောစကားသံသည် မိန်းမတယောက်ကိုနွေးထွေးစေသည်။ ၂။ ယောက်ကျားတယောက်ရဲ့ ထွေးပွေ့မှုသည် မိန်းမတယောက်ကို လုံခြုံစေသည်။ ၃။ ယောက်ျားတယောက်ရဲ့ နားလည်ပေးမှုသည် မိန်းမတယောက်ကို စိတ်ချမ်းသာစေသည်။ ၄။ ယောက်ျားတယောက်ရဲ့ တည်ကြည်ဖြောင့်မတ်မှုသည် မိန်းမတယောက်ကို […]
Month: May 2021
တစ်စုံတစ်ဦး ၏ အတွေးထဲတွင် သင်ရှိနေစေရန်
တစ်စုံတစ်ဦး ၏ အတွေးထဲတွင် သင်ရှိနေစေရန် တစ်စုံတစ်ယာက်မှ သင့်ကို စဉ်းစားတွေးတောစေရန် ပြုလုပ်ခြင်းသည် လွယ်သောအလုပ်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏စိတ်ကို ပြောင်းလဲပြီး သင့်ဆီသို့ ညွှန်းခြင်းများပါဝင်နေသည်။ တစ်စုံတစ်ယာက်မှ သင့်အကြောင်းကို စဉ်းစားရန် အတွက် ပြုလုပ်ရန် အကောင်းဆုံးကြာချိန်မှာ ၅/၆ မိနစ်မျှသာဖြစ်သည်။ နံနက်ပိုင်းနှင့် ညပိုင်း အချိန် ၂ ချိန်စလုံးတွင် ပြုလုပ်နိုင်ပါသည်။ အချိန်စာရင်းက အဓိကမဟုတ်သော်လည်း ပုံမှန်လေ့ကျင့်ပေးရန်လိုအပ်သည်။ လေ့ကျင့်ရန်အတွက် ပထမဦးဆုံးပြုလုပ်ရမည်မှာ သက်တောင့်သက်သာရှိပြီး မည်သူမှ မနှောင့်ယှက်နိုင်သော နေရာ ကိုရှာပါ။ မျက်လုံးများကို မှိတ်ထားပြီး အားရုံစူးစိုက်မှုပြုလုပ်ပါ။ သင်အလိုရှိသောသူသည် သင်၏ရှေ့တွင်ထိုင်နေသည်ဟု စိတ်ကူးယဉ်ပါ။ ထို့နောက် ထိုသူအား သင်အလိုရှိသောစကားများကို ပြောပါ။ စကားအကျယ်မပြောရ။ သင့်အနေနဲ့ ထိုသူအား စိတ်ဖြင့်သာပြောပေးပါ။ ဤကဲ့သို့လေ့ကျင့်ခြင်းဖြင့် သင်စိတ်ကူးသောသူသည် […]
ပါချုပ်ဆရာတော်ကြီး မိန့်ကြားတော်မူပြီ…
ရာသီဥတု_ဘာ့ကြောင့်ပျက်စီးရသလဲ ကံကို ရိုးမယ်စွတ်လို့ မရဘူး။ ကံထက် အရေးကြီးတာ လူတွေရဲ့ စိတ်နေသဘောထား ပိုအရေးကြီးတယ်။ လူတွေရဲ့ စိတ်ဓာတ်တွေဟာ အောက်တန်းကျလာပြီ။ အပြစ် မကင်းတဲ့ စိတ်ဓါတ်တွေ။ ဒီကနေ့ခေတ်ပဲကြည့် …လူတွေရဲ့စိတ်ဓါတ်ဟာ ဆိုးသွမ်းသောင်းကျန်းလာတဲ့ အနေအထားမျိုး ရှိလာတယ်။ ထစ်ခနဲရှိရင် ရိုက်ကြမယ် နှက်ကြမယ်သတ်ကြမယ် ဖြတ်ကြမယ်။ လူတွေရဲ့ စိတ်ဓါတ်တွေက ပိုပြီးတော့ ရိုင်းပျလာတယ်။ အဲ့ဒီလို ရိုင်းပျလာတဲ့ စိတ်ဓါတ်တွေကြောင့် သက်တမ်းက တိုသထက် တိုလာမှာပဲ။ ဒါ သဘာဝ ပဲ နော်။ရာသီဥတုတွေက ဆိုးသထက် ဆိုးလာမှာ။ ဘုန်းကြီးတို့ ငယ်ငယ်တုန်းက ဒီလောက် ပူတာ မကြုံဖူးဘူး။ အခုတစ်ခါ ပူလာပြီ။ ဒါ ရာသီဥတု ပျက်ပြားတာ။ ဒီရာသီဥတု ဘာကြောင့် ပျက်တာတုန်းဆိုရင် လူတွေရဲ့ လုပ်ရပ်တွေကြောင့်ပဲ […]
သရဲရှိတဲ့ အိမ် ဖြစ်ကြောင်းသိနိုင်တဲ့ လက္ခဏာ (၁၂) ချက်
သရဲရှိတဲ့ အိမ် ဖြစ်ကြောင်းသိနိုင်တဲ့ လက္ခဏာ (၁၂) ချက် အောက်ပါလက္ခဏာရပ်တွေ ပြနေပြီဆိုရင် အဲဒီအိမ်မှာ သရဲတစ္ဆေရှိနေတာ ဖြစ်နိုင်ပါတယ်။ ၁။ တိရစ္ဆာန်လေးတွေ အကြောင်းမဲ့ မာန်ဖီခြင်း သင့်ခွေးက အခန်းတစ်ခန်းကိုပဲ အကြောင်းမဲ့ ထိုးဟောင်းနေသလား။ အိမ်မွေးတိရစ္ဆာန်လေးတွေက အကြောင်းမဲ့ မာန်ဖီခြင်းတွေနဲ့ ထူးခြားတဲ့ အပြုအမူတွေ ပြုလုပ်လာပြီဆိုရင် သူတို့က သင်မမြင်နိုင်တဲ့ အရာတစ်ခုခုကို မြင်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ၂။ နေရာတစ်နေရာတည်းမှာပဲ ကွက်ပြီး အေးစိမ့်နေခြင်း ရုတ်တရက်ကြီး ချမ်းစိမ့်သွားတာမျိုးဆိုရင် အနီးအနားမှာ သရဲတစ္ဆေရှိနေလို့ ဖြစ်နိုင်ပါတယ်။ ၃။ ဆူညံသံများ တံခါးခေါက်သံ၊ ကုတ်ခြစ်သံ၊ တဒုန်းဒုန်းထုသံတွေ ကြားနေရပြီး လုပ်တဲ့သူကို ရှာမတွေ့ဘူး၊ ဒါမှမဟုတ် အိမ်ထဲမှာ တခြားသူမရှိဘဲ ဒီလိုအသံတွေကြားရရင်လည်း သရဲတစ္ဆေဖြစ်နိုင်ပါတယ်။ ၄။ ပစ္စည်းတွေ ပျောက်သွားပြီး […]
ဘယ်လောက််ပဲခက်ခဲပါစေ အကောင်းမြင််စိတ်် ထားပါ
ဘယ်လောက််ပဲခက်ခဲပါစေ အကောင်းမြင််စိတ်် ထားပါ မည်မျှပင် ခက်ခဲပါစေ အကောင်းမြင်ဝါဒ ဆက်စွဲကိိုင်ထားပါ ၁၃၈၂ ခု မြန်မာနှစ်သစ်ကူးအချိိန်ဟာ ပထမနဲ့ ဒုတိယကမ္ဘာစစ်အချိိျန်က သင်္ကြန်ကာလမျိုးလိုဖြစ်မှာပဲလို့ စိတ်ထဲမှာမှန်းဆနှိိုင်းယှဉ်မိတယ်။ တချို့ကမ္ဘာ့ဒေသတွေမှာ စစ်၏အဟုန်က မြင့်မားရှည်လျားတယ်။ လူသန်းပေါင်းများစွာ သေကြေကြရတယ်။ ထို့ထက်ပို၍ လူသန်းပေါင်းများစွာ ဒဏ်ရာရကြတယ်။ စိတ်ကူးနဲ့တောင် မဖော်ပြနိုင်တဲ့ အတိဒုက္ခတွေ ကြုံခဲ့ကြရတယ်။ ဂျပန်ချွေးတပ်် (ကူလီ) ထဲမှာ သုံးနှစ်ကြာ အာဟာရချို့တဲ့စွာနဲ့ ပင်ပင်ပန််းပန်း အလုပ်လုပ်ခဲ့ရတဲ့ စာရေးသူရဲ့ မယ်တော်ဘက်က အဘိုးဟာ ဒုတိိယကမ္ဘာစစ်အပြီး အိမ်ပြန်ရောက်လာကာ မကြာခင် သေဆုံးသွားပါတယ်။ စာရေးသူရဲ့ ခမည်းတော် (ဖခင်) ကတော့ အသက်ငယ်ရွယ်သေးလို့ ချွေးတပ်ထဲပါသွားပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပြန်ရောက်ပြီး နောက်ထပ်လေးဆယ့်တစ်နှစ် ထပ်နေသွားရပါသေးတယ်။ သို့သော် အလုပ်ကြမ်း မလုပ်နိုင်တော့ပါ။ ဒါက ကိုယ်နှင့်နီးစပ်ရာ […]
GREEN TEA က ဆံသားအတွက် ဘယ်လိုတွေကောင်းမွန်စေလဲ
သင့်ရဲ့ဆံကေသာအတွက် အရမ်းအသုံးဝင်အကျိုးရှိတဲ့ Green Tea ရဲ့အကြောင်းလေးတွေ မျှဝေပေးလိုက်တယ်နော်။Green Tea က ဆံသားကို ဘယ်လိုကောင်းကျိုးတွေဖြစ်စေလဲဆိုရင်… – ဆံပင်ကျွတ်သက်သာစေတယ် ဆံပင်ကျွတ်လို့ မိန်းကလေးတိုင်းလိုလိုစိတ်ညစ်ရပါတယ်။ဒါပေမဲ့ Green Tea ပါဝင်တဲ့ခေါင်းလျှော်ရည်၊ခေါင်းလိမ်းဆီစတဲ့အလှကုန်တွေသုံးပေးမယ်ဆိုရင် ဆံပင်ကျွတ်သက်သာစေတယ်လို့သိရပါတယ်။ – ဆံပင်ရှည်မြန်စေတယ် Green Tea က ဆံပင်ရှည်မြန်စေပြီး ကျန်းမာစေပါတယ်။လေ့လာချက်တွေအရ Green tea ပါဝင်တဲ့ပစ္စည်းတွေသုံးစွဲတာဟာ ဦးရေပြားကိုကောင်းကျိုးဖြစ်စေပြီး ဆံပင်ဆဲလ်တွေပျက်စီးခြင်းမဖြစ်အောင်ကာကွယ်ပေးထားနိုင်တယ်လို့သိရပါတယ်။ – ဦးရေပြားကျန်းမာစေတယ် ဦးရေပြားကျန်းမာမှသာ ကောင်းမွန်တဲ့ဆံသားလေးတွေထွက်လာမှာပါ။တကယ်လို့သင်သာ Green Tea ပါဝင်တဲ့ခေါင်းလိမ်းဆီ၊ခေါင်းလျှော်ရည်၊ပျော့ဆေးမှန်မှန်သုံးစွဲမယ်ဆိုရင်ကျန်းမာတဲ့ဆံသားလေးတွေပိုင်ဆိုင်နိုင်ပါလိမ့်မယ်။လေ့လာချက်တွေအရဆို Green tea ပါဝင်တဲ့ ဆေးဝါးတွေသောက်သုံးတာဟာ အရေပြားတွင်းသွေးစီးဆင်းမှုကိုတိုးတက်ကောင်းမွန်စေပြီး အောက်စီဂျင်ကိုလည်း ၂၉ ရာခိုင်နှုန်း ပိုရတယ်လို့သိရပါတယ်။ Green Tea ကုိ ဆံသားအတြက္ဘယ္လုိသံုးစြဲၾကမလဲ – Green Tea ပါဝင်တဲ့ […]
(၇)ရက်သားသမီးများအတွက် မေ ၇ ရက်မှ ၁၃ ရက်ထိ တစ်ပတ်စာဟောစာတမ်း
(၇)ရက်သားသမီးများအတွက် မေ ၇ ရက်မှ ၁၃ ရက်ထိ တစ်ပတ်စာဟောစာတမ်း “တနင်္ဂနွေ” ဒီအပတ်အတွင်းမှာ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာစရာတွေ များနေတတ်ပါတယ်။ အကြီးအကဲတွေရဲ့ ချစ်ခင်မှု ကူညီထောက်ပံ့မှုတွေလည်း ရလွယ်နေတတ်ပါတယ် …။ ကျန်းမာရေးကလည်း ဒီကာလမှာ သိပ်ပြီးဆိုးဆိုးရွားရွားမဖြစ်နိုင်ပါဘူး။ ကျန်းမာရေး ကောင်းနေလိမ့်မယ်။ လူငယ်လူရွယ်များ စန်းအားတွေ ကောင်းနေတတ်ပါတယ် …။ ဝေးကွာနေတဲ့ချစ် သူနဲ့ဖြစ်စေ၊ ရည်းစားဟောင်းနဲ့ဖြစ်စေ ပြန်ဆုံဆည်းခွင့်ရလွယ်တဲ့ ကာလ ဖြစ်ပါတယ် …။ မထင်မှတ်ပဲ သင်တန်းတစ်ခု တတ်ဖြစ်တာ၊ အလှူအတန်းကိစ္စတစ်ခု၊ ဘာသာရေးကိစ္စတွေ လုပ်ဖြစ်တာမျိုးတွေလည်း ကြုံရတတ်ပါတယ် …။ ဘယ်လောက်ပဲ ငွေတွေဝင်ဝင် မမြဲဘူးဖြစ်နေရတတ်ပါသည်။ ရှိပြီးသားပစ္စည်းတွေလည်း ထွက်သွားတတ်ပါသည်။ ကိုယ်ကအဆင် ပြေနေတော့မနာလိုသူများ၊ နှောက်ယှက်သူများလည်း အလွန်ပေါများနေပါလိမ့်မယ် …။ အထူးသဖြင့် ဆွေမျိုး၊ သားချင်း အရင်းအခြားများကြောင့် […]
မဟာဗောဓိမြိုင်ဆရာတော်် ဘုရားကြီးပြောပြတဲ့ အိမ်မြှောင် စုတ်ထိုး ရတဲ့ အကြောင်းအရင်း
မဟာဗောဓိမြိုင်ဆရာတော်် ဘုရားကြီးပြောပြတဲ့ အိမ်မြှောင် စုတ်ထိုး ရတဲ့ အကြောင်းအရင်း ဆရာတော် ဘုရားကြီးပြောပြတဲ့ အိမ်မြှောင် စုတ်ထိုး ရတဲ့ အကြောင်းအရင်း… အိမ်ရှိလျှင် အိမ်မြှောင်ဆိုတာ ရှိတတ်စမြဲ။ သူ့ စုတ်ထိုးသံ ကြား ရတတ်စမြဲ။ အိမ်မြှောင်စုတ်ထိုးသံကိုလည်း လူတွေ အတိတ်ကောက်ကြလေ့ ရှိတတ်ကြရဲ့။ ဘာကြောင့် အိမ်မြှောင်စုတ်ထိုးပါသလဲ။ အိမ်မြှောင် စုတ်ထိုးခြင်းဟာ နတ်တွေနဲ့ ပတ်သက်နေတတ်ကြောင်းဆရာတော်ဘုရားကြီးက ဒီလိုရှင်းပြထားပါတယ်။ မိဘနဲ့ သားသမီး ဆရာ နဲ့ တပည့် လင်နဲ့မယား ဆက်ဆံရေးမှာ လိုက်လျောမှု မရှိခဲ့လျှင် တကျက်ကျက်ဖြစ်ပြီး ကျက်သရေမင်္ဂလာလည်း ပျက်တတ်တယ် ဆိုပါတယ်။ “ကိုယ်စောင့်နတ် အိမ်စောင့်နတ်တွေ နားမခံသာ။ ကံထိန်းနတ် ဥစ္စာစောင့်နတ်တွေ လည်း နားမခံသာ။ နတ်တို့ နားမခံသာလို့ရှောင်သွားမည်။ သို့မဟုတ် လက်ပိုက်ကြည့်နေမည် […]
သွေးတိုးတတ်သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေမယ့် နည်းလမ်းကောင်း ( ၅ ) ခု
သွေးတိုးတတ်သူတွေ သိထားသင့်တဲ့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေမယ့် နည်းလမ်းကောင်း ( ၅ ) ခု မကြာခဏ ခေါင်းကိုက် တတ် တယ် ၊ မောပန်း လွယ်တယ် ၊ ရင်ဘတ် အောင့်တတ် တယ် ဒါတွေ အပြင် သွေးတိုး တတ် တယ် ဆို ရင် အဲ့ဒါ တွေ ဟာ အိပ်ရေး ပျက်တာ များ လို့ ၊ စိတ် ဖိစီးမှု များ လို့ ၊ ကိုယ် အ လေးချိန် များ နေ လို့ စသဖြင့် ဖြစ် နိုင် ပါ တယ် ။ ဘာကြောင့်ပဲဖြစ် ဖြစ် ကိုယ်တိုင် […]
ဘယ်နှစ်ကြိမ်ပဲ ပြန်ဖတ်ဖတ် ရိုးမသွားနိုင်တဲ့ “အိမ်ရိုက်သံ”….
ဟိုတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ဝင်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။ အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့သူစိတ်တိုတိုင်း သံလေးတွေကို ဝင်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့ ကျဲလာခဲ့တယ်။ ဒီလိုနဲ့ ကောင်လေးဟာ ဝင်းထရံမှာ သံပြေးရိုက်တာထက်စာရင် ဒေါသဖြစ်နေတဲ့ စိတ်ကိုထိန်းရတာ ပိုလွယ်မှန်း သဘောက်ပေါက်လာတော့တယ်၊ အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေ နိုင်တဲ့နေ့ကို ရောက်လာရော၊ ကောင်လေးက ပြေးပြီး သူ့အဖေကို သတင်း […]









