ညီမအစ်မ ဒီနေ့ စမ်းချောင်း ရွှေလောင်းcb backပိုက်ဆံသွားထုတ်တာ ၉ခွဲကနေ ၁၂ထိကို အဲ့တနေရာကနေကို မရွေ့ပါဘူး ….အရှေ့ကိုကြည့်လိုက်တော့ တမိသားစုလုံး လာထုတ်ကြပြီး ထုတ်ပီးရင် အနောက်ကနေတန်းမစီပဲ သူတို့မိသားစုနားမှာတင် ပြန်နေပြီးထပ်ထပ်ထုတ်နေကြရော ညီမ အမကနေပြီး အနောက်ကလူတွေကိုလဲအားနာပါအုံးဆိုပီးပြောတာကို မကျေနပ်ရင်နင်တို့တမိသားစုလူံး ခေါ်လာခဲ့ဆိုပီး အော်ပါလေရော လူအများက ရဲနဲ့မတွေ့ချင်လို့ရှောင်ချင်လို့ပြသနာမဖစ်တာကိုအခွင့်ရေးယူပြီး တလှည့်စီပတ်ထုတ် နေကြတာပါ ၁၂ခွဲကြတော့ ညီမ အမကနေပြီး အနောက်ကိုလဲကြည့်ပါအုံးဆိုပီး ထပ်လှမ်းပြောတာကို တမိသားစုလုံး သားနှစ်ယောက်ရောအဲ့နားက ကွမ်းယာဆိုင်က သူတို့အမျိုးတွေကပါ ခုံတွေနဲ့ဝိုငိးရိုက်ကြပါတယ်  ပုံထဲက မိန်းမနဲ့ ယောက်ကျားရော သူတို့အမေတွေ အဒေါ်တွေပါ ဆံပင်ဆွဲ ခုံနဲ့ဝိုင်းရိုက်ကြတာပါ အများနဲ့မိန်းကလေးတယောက်ကိုဝိုင်းလူပ်ကြတာ မြင်မကောင်းပါဘူး ဘယ်လိုပင်ဖြစ်စေအဲ့လောက် လုပ်ဖို့ လိုလားဟင်? ခေါင်းတွေလဲနာ နှုတ်ခမ်းတွေလဲပေါက်သွားပါတယ် တစ်ကိုယ်လုံးလဲ ပွန်းပဲ့နေတာပါပဲ 😓 ညီမကိုဖုန်းဆက်ခေါ်လို့ […]
Month: May 2021
“မိန်းကလေးတစ်ယောက် ပွစိပွစိလုပ်နေသေးရင် တန်ဖိုးထားပါ”
မိန်းကလေး တစ်ယောက်က မလိုအပ် ပဲနဲ့ စကားတွေ အများကြီး မပြောတတ်ဘူး အရေးမ ပါပဲနဲ့လဲ လေကုန်မခံ တတ်ဘူး ဟိုလို မလုပ်နဲ့ ဒီလို မလုပ် တားနေသေးတယ် ဆိုတာ စိတ်ပူနေသေးလို့ လို့သာ မှတ်ပါ ပြီးတော့ သဝန်တိုတတ် တယ်ဆိုတာ မိန်းကလေးတိုင်းရဲ့ သဘာ ဝပါ ဒါစိတ် ပျက်စရာမှ မဟုတ်တာ သဝန်တို တယ်ဆိုတာ ဆုံးရှုံးရ မှာကြောက် တဲ့စိတ် ခေါင်းစဉ်တွေ တပ်ချင်သ လိုတပ်ပြီး နာမည်ဆိုးတွေ ထပ်ထပ်မပေးပါနဲ့ မိန်းကလေးတစ်ယောက် ပွစိပွစိလုပ်နေသေးရင် တန်ဖိုးထားပါ ကိုယ့်ချစ်သူကို ကိုယ်တစ်ယောက် တည်း ပိုင်ချင်တဲ့ အတ္တတော့ ချစ်တတ်တဲ့ လူတိုင်းမှာ ရှိတတ် ပါတယ် တကယ်မ ချစ်ပဲနဲ့ ဘယ်သူက ဆုံးရှုံးရမှာ […]
သူတောင် မစဉ်းစားမိတဲ့ကိစ္စ နိုင်ငံခြားသားတစ်ဦးမေးလာလို့ အံ့သားသင့်သွားရတဲ့ ဦးသုမောင် “ခင်ဗျားတို့မြန်မာစာက အဝိုင်းလေးတွေချည်းပဲနော်” တဲ့
Unicode Version> သူတောင် မစဉ်းစားမိတဲ့ကိစ္စ နိုင်ငံခြားသားတစ်ဦးမေးလာလို့ အံ့သားသင့်သွားရတဲ့ ဦးသုမောင် “ခင်ဗျားတို့မြန်မာစာက အဝိုင်းလေးတွေချည်းပဲနော်” တဲ့ သုမောင်ရဲ့ By the way ဆိုတဲ့ စာအုပ်ထဲမှာပါတယ်။ သူ့ကို နိုင်ငံခြားသားတစ်ယောက်က မေးတာ “ခင်ဗျားတို့မြန်မာစာက အဝိုင်းလေးတွေချည်းပဲနော် ”တဲ့ ။ သုမောင် အံ့သြသွားတယ်။ သူသတိမထားမိခဲ့တဲ့အရာမို့လို့။ ဘာဖြစ်လို့မြန်မာအက္ခရာတွေ ဝိုင်းနေသလဲသိချင်ရင်ဆက်ဖတ်ကြည့်လိုက်ပါ ။ မြန်မာဗျည်း(၃၃)လုံး ဆိုတာ ဘယ်လို စတင်ဖြစ်ပေါ်လာသလဲ။ သေချာဖတ်ကြည့်ပါ။ ဗဟုသုတ ရပါတယ်။ မြန်မာဗျည်း( ၃၃-လုံး) ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာBC- 500 လောက်ကနေ700 -ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်းပညာရှင်တွေက […]
လူ ၁၀၀ မှာ ၉၉ ဦး မှားကြတဲ့ ဖုန်းအားသွင်းနည်း အလွဲများ
စာဖတ်သူတွေထဲမှာ နေ့စဉ်ဖုန်းမသုံးတဲ့သူမရှိဘူးလို့ထင်ပါတယ်။ နေ့တိုင်းဖုန်းသုံးကြတဲ့အခါ တစ်နေ့ကိုတစ်ကြိမ်မက ဖုန်းအားသွင်းတတ်ကြပါတယ်။ဖုန်းအားသွင်းတာနဲ့ပတ်သက်လို့ လူတိုင်းလိုလိုလုပ်တတ်ကြတဲ့ အမှားအယွင်းလေ တွေကို သတိထားဆင်ခြင်နိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။ဖုန်းအားသွင်းကြိုးကို ပလပ်ပေါက်မှာ အမြဲတပ်ထားခြင်းက အခန်းတွင်းစိုထိုင်းဆနဲ့ဓာတ်ပြုပြီး မီးလောင်ခြင်းကိုဖြစ်စေနိုင်လို့ ဖုန်းအား သွင်းပြီးတိုင်း အားသွင်းကြိုး ကိုဖြုတ်ထားပါ။ ဖုန်းအားကို ၁၀၀ ပြည့်တဲ့အထိသွင်းထားတာက အားကုန်ဖို့ပိုလွယ်စေတာကြောင့် ဖုန်းအားသွင်းတဲ့အခါ ၉၈ လောက်ဖြစ်ရင် ဖြုတ်ထားလိုက်ပါ။ဖုန်းအားကုန်ပြီးပိတ်သွားတဲ့အထိသုံးခြင်း၊ ဖုန်းအား ၁၀ အောက်ရောက်မှ အား သွင်း ခြင်းက ဖုန်းဘက္ထရီကိုလွယ်လွယ်ပျက်စေပါတယ်။ ဖုန်းအား၂၀အောက်ရောက်တာနဲ့ ားပြန်သွင်းတာကဖုန်းဘက္ထရီသက်တမ်းကို ပိုကြာရှည်စေပါတယ်။ဖုန်းကိုတစ်ညလုံးအားသွင်းထားတာက ဖုန်းဘက္ထရီ မြန်မြန်ပျက်အောင် လုပ်နေသလိုပါပဲ။ဖုန်းအားသွင်းထားတုန်း ဖုန်းသုံးတာက ဘက္ထရီပေါက်ကွဲခြင်းကိုတောင် ဖြစ်စေနိုင်လို့ လုံးဝမလုပ်သင့်ပါဘူး။ဖုန်းအား ၂၀ အထက်ရှိနေတဲ့အခါ ဖုန်းအားသွင်းတာကလည်း ဖုန်းကို မြန်မြန်ပျက်စေ နိုင်ပါတယ်။ အောက်ရောက်မှ ဖုန်းအားသွင်းတာက အသင့်တော်ဆုံးပါ။မူလ အားသွင်းကြိုးမဟုတ်ဘဲ တွေ့ကရာအားသွင်းကြိုးတွေနဲ့ သွင်းတာကလည်း […]
ခေါင်းကိုက်လို့ အိပ်ယာဝင်ခဲ့ရာမှ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့(၂၁)နှစ်အရွယ် မိန်းကလေး
News.AU မှ ဖော်ပြချက်အရ အသက်၂၁နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦးမှာ ခေါင်းကိုက်ကိုက် နဲ့ ညအိပ်ယာဝင်သွားခဲ့ပြီး နောက်တစ်နေ့မနက် မှာတော့ အသက်ဆုံးရှုံးခဲ့ရတယ် ဆိုပြီး ဖတ်ခဲ့ရပါတယ်။ ညအိပ်ယာဝင်သွားခဲ့ပြီး နောက်တစ်နေ့မနက် မှာတော့ အသက်ဆုံးရှုံးခဲ့ရတယ် ဆိုပြီး ဖတ်ခဲ့ရပါတယ်။ ဖြစ်စဉ် အသေးစိတ်ကိုတော့ ကိုးကားဖော်ပြပေးလိုက် ပါတယ်။ UK, Gateshead မှာ မိခင်နဲ့ အတူတူနေထိုင်နေတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေး Jessica Cain ပါ။သူမဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလ တုန်းက ရုတ်တရက် အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ မသေဆုံးခင်ညတုန်းက Jessica ဟာ မိခင်ကိုခေါင်းကိုက်တယ်လို့ပြောခဲ့တယ်တဲ့။ ဒါကြောင့် ပါရာစီတမောတောင်းသောက်ကာ အိပ်ယာစောစောဝ င်သွားခဲ့ပါတယ်။နောက်တစ်နေ့ မနက်ကျတော့ မိခင်ဖြစ်သူက သမီးလေး သက်သာလားမေးမလို့ သွားနှိုးခဲ့ပေမယ့် […]
ကိုယ်ချစ်သလောက်ပြန်အချစ်မခံရတဲ့သူတွေပဲ နားလည်နိုင်တဲ့ခံစားချက်(၅)မျိုး
ကိုယ်ချစ်သလောက်ပြန်အချစ်မခံရတဲ့သူတွေပဲ နားလည်နိုင်တဲ့ခံစားချက်(၅)မျိုး ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတာ ချစ်သူတစ်ယောက်တည်းဆီကမှ မဟုတ်ပါဘူး။ မိဘ၊ မောင်နှမ၊ သူငယ်ချင်းအပေါင်းသင်းတွေဆီကလည်း ဖြစ်နိုင်ပါတယ် …။ ကိုယ့်ဖက်က ဘယ်လောက်ပဲ ချစ်ချစ်၊ မေတ္တာထားထား တူညီတဲ့ တန်ပြန်သက်ရောက်မှုမျိုးကို မခံရတဲ့သူတွေပဲ နားလည်နိုင်မယ့် ခံစားချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်နော် …။ (၁) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့သူတွေဟာ ခွင့်လွှတ်ခြင်းအကြောင်းကို ကောင်းမွန်စွာ သိရှိနားလည်ထားတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ဖက်က တစ်ဖက်လူကို ခွင့်လွှတ်သည်းခံပါ များနေတော့ သူတစ်ပါးကို ခွင့်လွှတ်ဖို့ သူတို့အတွက် မခက်ခဲတော့ပါဘူး …။ (၂) ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့ သူတွေဟာ လူတွေရဲ့ ပြောင်းလဲနိုင်ခြင်း သဘောတရားကို ကောင်းမွန်စွာ သိရှိနားလည်ထားသူတွေပဲ ဖြစ်ပါတယ် …။ ဒါကြောင့် ဘယ်လိုလူကိုမှ ထစ်ထစ်ချ မယုံကြည်တော့သလို၊ ခုချိန်မှာ ကိုယ့်အပေါ်ကောင်းနေလည်း […]
ပထမလူပဲ ဖြစ်ဖြစ် ဒုတိယ လူပဲဖြစ်ဖြစ်တန်ဖိုးဆိုတာ ထားတဲ့ လူအပေါ်မှာပဲမူတည်ပါတယ်
ပထမလူပဲ ဖြစ်ဖြစ် ဒုတိယ လူပဲဖြစ်ဖြစ်တန်ဖိုးဆိုတာ ထားတဲ့ လူအပေါ်မှာပဲမူတည်ပါတယ် ပထမလူပဲ ဖြစ်ဖြစ် ဒုတိယ လူပဲဖြစ်ဖြစ်တန်ဖိုးဆိုတာ ထားတဲ့ လူအပေါ်မှာပဲမူတည်ပါတယ်…… သင့်ကို ချစ်ပါတယ် ဆိုတဲ့လူထက်သင့်ကို တန်ဖိုးထားတဲ့ လူရဲ့ဘဝထဲမှာပဲ ရှင်သန်လိုက်ပါ……. သင့်ကို ချစ်တဲ့ လူထက် သင့် အကြောင်းကို အပြည့်အဝ နားလည်ပေးနိုင်တဲ့ လူကသာ သင့် ဘဝအတွက် အလိုအပ်ဆုးံ လူပါ…… ယောက်ကျားပဲ ဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ် အရာရာ အပေါ် နားလည်မူနဲ့ ပထမလူ ရယ်ဒုတိယ လူရယ်လို့ မခွဲခြားပဲသင့် လက်ထဲ ရောက်တဲ့ အရာတိုင်းက သင် ပိုင်ဆိုင်တဲ့ အတွက်သင် တန်ဖိုးထားတဲ့ အပေါ်မူတည်ပြီး တန်ဖိုးကတော့ ရှိနေမှာပါ…… crd […]
ဘယ်သူကများ လယ်သမားကြီးမေးတဲ့ မေးခွန်းမျိုးကို ဘဏ်ကို မေးဖူးကြသလဲ
မေးခဲ့ဖို့သင့်တာ… တနေ့မှာ လယ်သမားအဖိုးကြီးတစ်ယောက်ဟာ ဘဏ်ကို ငွေချေးဖို့ ရောက်လာပါတယ်။ ဘဏ်အရာရှိက သူ့ကို မေးလိုက်တယ်။ – “ဦးလေးက ပိုက်ဆံ ဘယ်လောက် ချေးချင်လို့လဲ။” – “တစ်သိန်းပါ” ဘဏ်အရာရှိဟာ ငွေချေးတဲ့ ပုံစံကို သူ့ကို ထုတ်ပေးရင်း ခုလို မေးလိုက်ပြန်ပါတယ်။ – “အဲဒီငွေက ဘာအတွက် သုံးမှာလဲ” – “မြို့က ပစ္စည်းတွေ ဝယ်ပြီး ရွာမှာ အမြတ်နဲ့ ပြန်ရောင်းဖို့ပါ” – “ဦးလေးမှာ ဘာအပေါင်ပစ္စည်း ရှိလဲ” – “အပေါင်ပစ္စည်းဆိုတာ ဘာကို ပြောတာလဲ” – “အခု ချေးသွားတဲ့ ငွေတစ်သိန်းနဲ့ ညီမျှတဲ့ ပစ္စည်းတစ်ခုခုပေါ့။ ဦးလေးက ချေးထားတဲ့ ငွေကို ပြန်မဆပ်နိုင်ရင် အဲဒီပစ္စည်းကို ဘဏ်က သိမ်းယူခွင့်ရှိပါတယ်” […]
စိတ်ကောက်နေတဲ့ ချစ်သူကို အမြန်ဆုံး စိတ်ကောက်ပြေသွားစေမယ့် နည်းလေးများ
စိတ်ကောက်နေတဲ့ ချစ်သူကို အမြန်ဆုံး စိတ်ကောက်ပြေသွားစေမယ့် နည်းလေးများ မိန်းကလေးတွေပဲ စိတ်ကောက်တတ်တာ မဟုတ်ပါဘူး။ ကောင်လေးတွေကလည်း စိတ်ကောက်တတ် ပါသေးတယ်။ ကိုယ့်ချစ်သူကို စိတ်ဆိုးပေမယ့် အရမ်း ဒေါသထွက်တဲ့ အခြေအနေမျိုး မဟုတ်တဲ့ အခါမျိုးမှာ ကောင်လေးတွေက စိတ်ကောက်တတ် ကြပါတယ်။ ကိုယ့်ကောင်လေး စိတ်ဆိုးနေတဲ့ အခါ၊ စိတ်ကောက်နေတဲ့အခါမှာ ရန်ပြန်ဖြစ်မယ့်အစား ဒီလိုနည်းလေး သုံးပြီး ချော့လိုက်လို့ ရပါတယ်နော်။ ထပ်မလုပ်တော့ကြောင်း ပြောပါ ။ ကိုယ့်ကောင်လေးက သူ မကြိုက်တဲ့အရာ တစ်ခုခုကို ကိုယ်က လုပ်မိမှသာ စိတ်ဆိုးတတ် ကြတာမျိုးပါ။ ဒီတော့ ကိုယ့်ဘက်က သူ့ကို အလေးထားကြောင်း ပြန်ပြပေး ဖို့တော့ လိုပါတယ်။ မကြိုက်တာ ထပ်မလုပ်တော့ ပါဘူးလို့ မျက်နှာငယ်လေးနဲ့သာ ပြောကြည့် လိုက်ပါ။ သင့်ကောင်လေးက […]
လွန်ခဲ့သောအနှစ် ၁၀၀ခန့်က SOCIAL PUNISHMENT လုပ်ခံရတဲ့ဦးဖိုးစိန်၏ဖြစ်ရပ်အမှန်
လွန်ခဲ့တဲ့နှစ်၁၀၀ကမြန်မာ့CeleတွေထဲကSocial Punishment ရဲ့အရသာကို ပထမဆုံးခံစားဖူးသူကတော့ဂရိတ်ဦးဖိုးစိန်ပါပဲမင်းသားဦးဖိုးစိန်အကြောင်းကိုအလယ်တန်း သင်ရိုးမှာသင်ဖူးကြမှာပါဦးဖိုးစိန်ဆိုတာပေါ့သေးသေးတစ်ယောက်မဟုတ်ပါဘူးသူ့ခေတ်မှာတော့ဒိတ်ဒိတ်ကြဲ Cele ကြီးပါရန်ကုန်တာမွေကသူနေသွားတဲ့လမ်းကိုဖိုးစိန်လမ်းဆိုပြီး နာမည်တွင်ကျန်တဲ့သူဇာတ်ပွဲကိုရွက်ထည်ရုံကြီးနဲ့စတင်ကပြသူကိုယ်ပိုင်သင်္ဘောဝယ်ဇာတ်တဖွဲ့လုံးကိုသင်္ဘောပေါ်တင်အင်္ဂလိပ်ကိုမာလိန်မှူးခန့် ဧရာဝတီကိုစုန်ဆန်မောင်းပြီးဇာတ်ပွဲကတဲ့ပုဂ္ဂိုလ် ယိမ်းအဖွဲ့ကိုမျက်နှာဖြူမတွေနဲ့ချည်းဖွဲ့ပြီးယိမ်းကစေတဲ့မင်းသား အင်္ဂလိပ်အစိုးရကပေးတဲ့တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့TPSဘွဲ့ရှင်အဲ့ဒီခေတ်က ယောက်ျားခြင်းမနာလိုလောက်အောင်အမျိုးသမီးထုကြီးရဲ့အားပေးမှုကိုတခဲနက် ရထားသူအလှူအတန်းဆိုလည်းလက်မနှေးတဲ့စိန်မဟာသဘင်ဇာတ်ဆရာကြီးဘုရားဒကာကြီးဦးဖိုးစိန်ခမျာအပွဲပွဲနွဲလာသမျှတစ်ပွဲမှာတော့နောက်ကောက်ကျသွားရှာပါတယ်အဲ့ဒီဖြစ်ရပ် က၁၉၂၀လွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀ကဖြစ်ခဲ့တာပါမြန့်မာသမိုင်းမှာ ပထမကျောင်းသားသပိတ်ဆိုပြီး မော်ကွန်းတင်ကျန်ရစ်တဲ့တက္ကသိုလ်ကျောင်းသားသပိတ်သပိတ်မှောက်ခဲ့တဲ့ရက်တန်ဆောင်မုန်းလ ပြည့်ကျော်၁၀ရက်ကို အမျိုးသားနေ့ဆိုပြီး ဂုဏ်ပြုကြရတဲ့ သပိတ်မှာကျောင်းသားတွေနဲ့ ဦးဖိုးစိန်ကြီး ထိပ်တိုက်တွေ့သွားတာပါကျောင်းသားတွေသပိတ်မှောက်ကြတော့သပိတ်ကော်မတီမှာ ရန်ကုန်မြို့မြို့မျက်နှာဖုံးတွေပါဝင်အားဖြည့်ပေးကြပါတယ်။ ရံပုံငွေအတွက်လည်း လူကြီးတွေက ဦးဆောင်ကောက်ခံပေးကြရှာပါတယ်။ သပိတ်ကော်မတီက ဦးဖိုးစိန်ဆီမှာအလှူခံတဲ့အခါ ဦးဖိုးစိန်ကသပိတ်ကိုမထောက်ခံကြောင်းပြောဆိုပြီးအလှူငွေမဖြစ်စလောက်လေးသာထည့်ပါသတဲ့ဒါနဲ့ကျောင်းသားတွေကမြို့တိုင်းမြို့တိုင်းမှာဖိုးစိန်ပွဲကလို့မရအောင်ကျောင်းသားတွေက ဦးဆောင်တားဆီးရမယ်လို့အမိန့်ထုတ်လိုက်ကြပါတယ်မြို့လူထုကလည်းကျောင်းသားသပိတ်ဖက်ကမရပ်တည်တဲ့ဦးဖိုးစိန်ကိုသပိတ်မှောက်ပြီးဘယ်သူမှပွဲလာမကြည့်ကြတော့ပါဘူးဦးဖိုးစိန်က ပထမတော့တင်းပါသေးတယ်ရန်ကုန်မှာမကရလည်းမန္တလေးတက်ကြတာပေါ့ဆိုပြီးမန္တလေးသွားကလည်း ကြည့်မယ့်သူမရှိဒါနဲ့ မော်လမြိုင်သွားလည်းအခြေအနေပိုဆိုးလာလို့ social punishment အရသာကို ကောင်းကောင်းခံစားလိုက်ရတော့တယ်ဦးဖိုးစိန်ဟာသူရိယမြန်မာ့အလင်း သတင်းစာတွေကနေ ကျောင်းသားတွေနဲ့ ပြည်သူတွေကိုတရားဝင် ဝန်ချတောင်းပန်ရပါတော့တယ်။ မြို့ကြီးတွေမှာ ကန်တော့ပွဲကို ကားခေါင်းခန်းတင်ပြီးမြို့ကိုလှည့်ပြီး တောင်းပန်ရပါတယ်သခင်ကိုယ်တော်မှိုင်းလို image ကြီးတွေကိုချဥ်းကပ်ပြီးတောင်းပန်လို့ ဆရာကြီးကမောင်ဖိုးစိန်တောင်းပန်ကြောင်းနှင့်ကျေအေးပေးကြဖို့ဆောင်းပါးရေးပြီးကြားဝင်စေ့စပ်မေတ္တာရပ်ခံတော့မှ ပြည်သူရဲ့မေတ္တာပြန်ရပြီးပွဲပြန်ကလို့ရသွားပါတယ် Social Punishmentဘယ်လောက်အင်အားကြီးသလဲဆိုတာအဲ့ဒီဦးဖိုးစိန်နဲ့ကျောင်းသားထုရဲ့ဖြစ်ရပ်ကသက်သေပါပဲဒီနေ့Celeဆိုသူတွေရော အကြမ်းဖက်အုပ်စုကိုဖက်တွယ်နေကြသူတွေရောဒီဖြစ်ရပ်ကိုသင်ခန်းစာယူနိုင်ကြပါစေဒီခေတ်Generations Zတွေကလွန်ခဲ့တဲ့အနှစ်၁၀၀ကထက်အဆ၁၀၀သာတယ်ဆိုတာလည်းမမေ့ကြပါနဲ့လူထုဒေါ်အမာရေးအောင်ဗလ၊ဖိုးစိန်၊စိန်ကတုံးစာအုပ်မှCredit Zin Min […]









