အသက် ၁၂ နှစ်အရွယ်ဗြိတိသျှကလေးငယ်တစ်ဦးဟာ သံလိုက် ၅၄ လုံးကို မျိုချပြီးနောက် အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရတယ်လို့ နိုင်ငံတကာသတင်းဝက်ဘ်ဆိုက်တစ်ခုမှာ ဖော်ပြလာခဲ့ပါတယ် ။ ဒါဟာမိဘတွေကို သတိထားဖို့ သတိပေးတဲ့ နောက်ထပ်သတင်းတစ်ခုပါ ။ အင်္ဂလန်၊ မန်ချက်စတာမှ ကောင်လေး Rhiley Morrison ဟာ မတူညီတဲ့ အချိန်များအတွင်း သံလိုက်ဘောလုံးနှစ်ကြိမ်မျိုချခဲ့ပါတယ် ။ ကောင်လေးက သံလိုက်ဓာတ်ဟာ သူ့ရဲ့ အစာအိမ်မှာ ကပ်ငြိခြင်းရှိ၊ မရှိကို သိလိုခဲ့တာကြောင့် မျိုချခဲ့တာပါ ။ နောက်ပြီး သူက သံလိုက်ဓာတ်ဟာ ဝမ်းဗိုက်နဲ့ တွဲလိုက်တဲ့အခါ ၎င်းက တစ်ခုကို တစ်ခု ဆွဲငြိစေသလားဆိုပြီး သံသယများ အပါအဝင်နဲ့ စမ်းပြီး မျိုချကြည့်တယ်လို့ဆိုခဲ့ပါတယ် ။ လေးရက်အကြာမှာ ကောင်လေး Rhiley က မဖြစ်နိုင်ဘူးဆိုတာသိခဲ့ပြီး နောက်ဆုံးတော့ […]
