ဖင်အောက်ကရည်းစားစာ´´ ( ဟာသစဆုံး ) * နေထွဋ်နောင်ရေးသားသည်……. နွဲ့ယမင်းတစ်ယောက်အလွန်ပျော်နေပါသည်… အကြောင်းမှာတော့ ရည်းစားစာတစ်စောင်ရရှိလာခဲ့သောကြောင့်ပင် ရှစ်တန်းလောက်ကတည်းက ရည်းစားစာရရှိခဲ့ဖူးသော်လဲ ယခုဆယ်တန်းနှစ်တွင်ရရှိလာသောရည်းစားစာက သူကျိတ်ခိုက်နေသော ကောင်ကလေးထံမှရည်းစားစာ…….. ပထမပိုဒ်တွင် ငယ်လေးဟုသောနာမ်စားကိုတွေ့တွေ့ချင်းပင်သူမကအလွန်ပျော်နေပါသည်… ထို့ကြောင့်လဲ ရေမွှေးနံ့သင်းနေသောစာအိပ်ကလေးကိုပင် အကြိမ်ကြိမ်နမ်းမွှေးနေမိလေတော့သည်…. သူမကဒုတိယအပိုဒ်ကိုထပ်ဖတ်ရန်ပြင်လိုက်ပါတော့သည်…. သို့သော် ဆက်ဖတ်ရန်မသင့်သည့်အခြေအနေကရုတ်တရက်ရောက်ရှိဖြစ်ပေါ်လာပါတော့သည်……….. “ဟဲ့ ယမင်းရေ အမေတစ်ယောက်လုံးရုံးကပြန်ရာက်လာတာတောင်ဆွဲခြင်းလေးလာဆွဲဖော်မရဘူး…´´……….. သူမကထရပ်ပြီးသွားဆွဲရန်ပြင်လိုက်စဉ်မှာပင် အမေဖြစ်သူက အိမ်ပေါ်ဝသို့ရောက်လာတော့မည့်ဖြစ်သောကြောင့် မတက်သာတော့ပဲ စာအိပ်ကို ဖင်အောက်သို့ထိုးသွင်းပြီးဝှက်ထားလိုက်ရပါတော့သည်………… “သမီးလဲ အခုမှကျောင်းကပြန်ရောက်လာလို့အမောဖြေနေတာပါ မေမေရယ်…´´………. “အမလေး မယ်ယမင်းရယ် ညည်းကငယ်ငယ်ရွယ်ရွယ်နဲ့မောနေရတယ်လို့.. ကျုပ်အသက်ငါးဆယ်အရွယ်ကြီးမောဖို့လဲထားပါအုံးအေ…´´……….. နွဲ့ယမင်းက အမေနှင့်စကားပြောနေရင်း ဖင်အောင်တွင်အမြန်သွင်းထားလိုက်ရသည် စာကိုလက်နောက်ပြန်နှိုက်ပြီးထပ်သွင်းနေပါသည်…. ထိုကြောင့်် သူအမှုအယာကဖင်တကြွကြွလက်တပြင်ပြင်နှင့်……….. “ဟဲ့ ယမင်းရယ် ညည်းမလဲ ဖင်တကြွကြွဖင်ကုတ်လိုက်ခေါင်းကုတ်လိုက်နဲ့ ဘယ်လိုဖြစ်နေတာတုန်း ငါနှယ်နော်… ကဲပါ အမေကိုရေသွားခပ်ပေးစမ်းပါ ရေဆာလွန်းလို့ပါ…´´…………. ယမင်းတစ်ယောက်ကြံရာမရဖြစ်နေလေပြီ… ထမရထိုင်မရအခြေအနေမျိူ […]
Month: December 2021
ကျောက်ကပ်မှာ ကျောက်တည်တဲ့ဒဏ်ကြောင့် ဆီးတွေအောင့်နေလို့ စိုးရိမ်နေတဲ့ ဟေမာမန်းဝင်း
ပရိသတ်ကြီးရေ လူရွှင်တော်ကြီး ဦးမန်းဝင်း ဟာ တစ်ခေတ်တစ်ခါတုန်းက ဇာတ်သဘင်လောကမှာ လူရွှင်တော်အဖြစ် ဇာတ်ခုံပေါ်ကနေ ပရိသတ်တွေရယ်မောပျော်ရွှင်အောင် ဟာသပျက်လုံးတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးခဲ့သူကြီးတစ်ဦးဖြစ်ပါတယ်။ ဒါအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလဲ ဟာသသရုပ်ဆောင်အဖြစ် အခြားအနုပညာရှင်တွေနဲ့အတူ အတွဲညီညီသရုပ်ဆောင်နိုင်တဲ့ ဝါရင့်အနုပညာရှင်ကြီးတစ်ဦးလဲဖြစ်ပါတယ်နော်။ ဖအေတူသမီးဖြစ်တဲ့ ဟေမာမန်းဝင်း ကလည်း ဖခင်ရဲ့ခြေရာကို နင်းနိုင်ခဲ့ပြီးတော့ အနုပညာလောကမှာ ဟာသသရုပ်ဆောင်အဖြစ် နေရာတစ်နေရာရရှိခဲ့ပါတယ်။ ပရိသတ်တွေချစ်ခင်အားပေးရတဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်း ဟာကျောက်ကပ်ရောဂါကို နှစ်ရှည်လများခံစားခဲ့ရပြီး ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဟေမာမန်းဝင်း ကသူမရဲ့ကျောက်ကပ် ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို မေးမြန်းထားတာကို တွေ့ရပါတယ်။ ဟာသသရုပ်ဆောင် ဟေမာမန်းဝင်း ဟာ လက်ရှိမှာအသည်းကြီးပြီး ကျောက်ကပ်မှာကျောက်တည်တဲ့ ရောဂါကို ခံစားနေရတာဖြစ်ပါတယ်။ သူမရဲ့ဖခင်လိုပဲ ကျောက်ကပ်ရောဂါကို ထပ်မံခံစားနေရတာကြောင့် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပြီး သူမကိုစိုးရိမ်စိတ်ပူနေကြပါတယ်။ ကျောက်ကပ်ရောဂါရဲ့ဒဏ်ကြောင့် ဆီးတွေအောင့်လို့ ညဘက်အိပ်မရတာကြောင့် […]
မနက်ဖြန် ရန်ကုန်မြို့ ၁၂မြို့နယ်မီးဖြတ်မည်(ကြိုတင်ပြင်ဆင်နိုင်ကြစေရန်)
မနက်ဖြန် ရန်ကုန်မြို့ ယာယီမီးဖြတ်မည့် ၁၂မြို့နယ်(ကြိုတင်ပြင်ဆင်နိုင်ကြစေရန်) 9.12.2021 မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ် အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းကို (၉.၁၂.၂၀၂၁) ရက်နေ့၊ ( ကြာသပတေးနေ့ )တွင် ( ၀၉:၀၀ )နာရီ မှ ( ၁၂:၀၀ )နာရီ အချိန်အတွင်းလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ သင်္ဃန်းကျွန်း၊ ပန်းဘဲတန်း၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ တွံတေး မြို့နယ်များအတွင်းရှိ နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပြီး အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထားစီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မီးသုံးသူ […]
ပိုက်ဆံရိုက်ရန် စက္ကူသေတ္တာများ ဥဇဘက်လေယာဉ် လာချသွား
ပိုက်ဆံရိုက်ရန် စက္ကူသေတ္တာများ ဥဇဘက်လေယာဉ် လာချသွား ဥဇဘက်ကစ္စတန် လေကြောင်းမှ လေယာဉ်တစီးသည် ရန်ကုန်လေဆိပ်တွင် ဒီဇင်ဘာလ ၇ ရက် ည ၇ နာရီခွဲတွင် ဆိုက်ရောက်လာပြီး ငွေ ရိုက်နှိပ်ရန် အလေးချိန် ကီလိုဂရမ် ၃ သောင်းခွဲနီးပါးရှိ စက္ကူသေတ္တာ ၉၂ သေတ္တာကို လာရောက်ချသွားကြောင်း ဧရာဝတီက လက်ခံရရှိ ထားသော စာရွက်စာတမ်းနှင့် ဒစ်ဂျစ်တယ် အထောက်အထားများအရ သိရသည်။ ကိုဗစ် ၁၉ နှင့် အာဏာသိမ်းမှု အကျိုးဆက်များကြောင့် အခွန်ငွေ ကောက်ခံမှုနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ၏ ငွေကြေး ထောက်ပံ့မှုများ လျော့ကျနေ၍ လိုငွေပြလာသော ဘဏ္ဍာရေးအခြေအနေကို စစ်ကောင်စီက ငွေစက္ကူအသစ်များ ရိုက်နှိပ်ကာ ဖြည့်တင်းလျက် ရှိသည်။ လက်ရှိ ဘဏ္ဍာငွေ အကျပ်အတည်း ဖြစ်နေသော […]
တစ်ခါတုန်းက အပျိုကြီးတစ်ယောက်ဟာ ယောင်္ကျားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးကြည့်တော့…
zawgyi တစ်ခါတုန်းက အပျိုကြီးတစ်ယောက်ဟာ ယောင်္ကျားလိုချင်လွန်းလို့ ဗေဒင်ဆရာဆီသွားမေးတယ်။ “ခင်ဗျားမှာ အိမ်ထောင်ကျမယ့်ဇာတာ ရှိပါတယ်´´ အပျိုကြီးခင်မျာ အရမ်းပျော်သွားပြီး “ဟီ ဟိ ဆရာ ဒါဆို ဘယ်အချိန်ရောက် အိမ်ထောင်ကျမလဲတိတိကျကျလေး ဟောလို့ ရရင် ဟောပေးပါဆရာရယ်´´ “အိမ်း ဒါကတော့ ….. ခင်ဗျားရဲ့ကံဇာတာ အပေါ်မူတည်ပြီး နိမိတ်ကောက်ယူတဲ့ အဟောနဲ့ ဆုံးဖြတ်ရမှာပဲ… ဒါ့ကြောင့် ဒီညပဲ ရွာထဲကို လမ်းလျှောက် ထွက်ရင်းပတ်ဝန်းကျင်က ကြားရတဲ့ အသံ နိမိတ်ကိုကောက်ယူရမယ်´´ “ဟုတ်ကဲ့ ဘယ်လိုကောက်ယူရမှာလဲရှင့်…အဟိ ´´ “ဥပမာ – တစ် ဆိုတဲ့ အသံကို ကြားရရင် ခင်ဗျား တစ်လအတွင်း အိမ်ထောင်ကျမယ် နှစ် ဆိုတဲ့အသံကို ကြားရရင် နှစ်လအတွင်း ပေါ့ဗျာ´´ အပျိုကြီး အပျော်လုံးဆို့ပြီး အိမ်ပြန်သွားတယ် […]
အအေးလှိုင်း ဖြတ်မယ့်နေ့ အတိ အကျ သိရပါပြီ ကြိုတင် ပြင်ဆင်ထားကြပါ
မဂ်လာပါ ပရိတ်သတ်ကြီး ရေ မြန်မာနိုင်ငံ အအေးလှိုင်းဖြတ်မည့်အချိန်ကြေညာကြိုတင် ပြင် ဆင် ထားကြပါ မြန်မာ နိုင်ငံ အအေး လှိုင်းဖြတ် မ ည့် အ ချိန်ကြေ ညာ ပြီ ကြိုတင် ပြင် ဆင် ထားကြ ပါ 2022ဇန်နဝါရီလ တတိယ အပတ် မှာတော့ မြန်မာအပါ အဝင် အာရှနိုင်ငံ အချို့ ကို လေအေးစီးကြောင်းတွေ ဖြတ် လာ နိုင် ပြီးတော့အလွန်အေးနိုင်တယ် ဒီဇင်ဘာ လ မှာကို မွန်ဂိုရီယားနိုင်ငံ မြောက် ဘက် တွေ မှာ ကုန်းတွင်းဖိအားမြင့်တွေ ဧရိယာ ကျယ် လာ တယ်ဖိအားနိမ့်တွေ အီကွေတာ နဲ့ နီးလာတယ် မွန်ဂိုရီယားဘက်နဲ့ တရုတ်မြောက် […]
မျက်နှာမြင် ချစ်ခင်စရာကောင်းတဲ့ လူရိုး ၊ လူအေး ဗိုလ်နဂါးနှင့် တွေ့ဆုံခြင်း(ရုပ်သံ)
လူ့ဗလံလေး မျက်နှာမြင်ချစ်ခင်စေသားဆိုတဲ့ အမူယာ အပြုံး အပြောဆို ဆိုဟိတ်ဟန်ကြီးမှ မပါဘူးအမှန်ပြောရရင် ကျနော်အတော်လေး စားအားကျတယ့် ဗိုလ်နဂါး တကယ်ပါ ဗိုလ်နဂါးတို့ ဘာဗိုလ်ညာဗိုလ်တို့ဆိုတော့ ထွားကျိုင်းနဲ့ ဇိုး လူမိုက် တတ်တူး ဗလကြီးတွေနဲ့ထင်နေတာ (အဲလိုကောင်တွေမှန်သမျှဟာလည်း အကုန် အ ၆ပါ) ခု တွေ့တော့မှ လူ့ဗလံလေး မျက်နှာမြင်ချစ်ခင်စေသားဆိုတဲ့ အမူယာ အပြုံး အပြောဆို အမူယာ ဘာပကာသန ဟန်ဆောင် ဟိတ်ဟန်ကြီးမှ မပါဘူး တောသား ရွာသား လူအေး လူဖြောင့် အညာသားဟန်နဲ့ တကယ်ကို ကြည်ပြရွှင်ပြနေပုံရယ် အေးချမ်းတည်ငြိမ်ရိုးသားပုံရယ်ကိုက ခေါင်းဆောင်ဖြစ်ထိုက်တဲ့ လက္ခဏာပါပဲ အမှန်ပြောရရင် ကျနော်အတော်လေးစားအားကျတယ် သူတွေဆိုတာ ဒီလိုသူတွေပါ ထိုအတွက် ချီးကျုး ဦးညွတ်ပါတယ်ဆိုတာ အရင်က ဆရာစံတို့ ပုံသဏ္ဍန်လေးတောင် ဒီလို […]
မြန်မာစစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်း Pageများ အကောင့်များကို ထပ်မံဖယ်ရှားအရေးယူမယ့်အကြောင်း တရား၀င်ကြေညာလိုက်တဲ့ Facebook
စစ်ကောင်စီနှင့်ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်း Page ၊ Group နှင့် Accounts များ အားလုံး ထပ်မံဖယ်ရှား အရေးယူမှု တိုးမြှင့်ဟု Facebook (ခ) Metaက တရားဝင် ယနေ့ ကြေညာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ အပါအဝင် စစ်တပ်နှင့် ဆက်နွယ်နေသော လူမှုကွန်ရက် စာမျက်နှာများ၊ အုပ်စုများနှင့် အကောင့်များအားလုံးကို ထပ်မံ ဖယ်ရှား ပိတ်ပင်အရေးယူမည်ဖြစ်ကြောင်း Facebook (ခ) Meta က ယနေ့ထုတ်ပြန်ကြေညာသည်။ စစ်တပ်နှင့် ပတ်သတ်သည့် တားမြစ်ပိတ်ပင်မှုများကို ထပ်မံတိုးမြှင့်သည့်အနေဖြင့် စစ်တပ် ထိန်းချုပ်မှုအောက်ရှိ စီးပွားရေးလုပ်ငန်း ကိုယ်စားပြု စာမျက်နှာ(Pages)၊ အဖွဲ့(Groups) များနှင့် အကောင့် (Accounts) များကို ယနေ့မှစ ဖယ်ရှားသွားမည်ဖြစ်ကြောင်း Meta က တရားဝင် […]
ရဲတပ်ဖွဲ့ဝင်များ၏ ဇနီးများ စစ်သင်တန်း ၁ လ မဖြစ်မနေ တက်ရမည်
ရဲတပ်ဖွဲ့ဝင်အင်အားမလုံလောက်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကိုပါ သေနတ် အဖြုတ် အတပ်၊ အပစ်အခတ် စစ်သင်တန်း ၁ လ မဖြစ်မနေ တက်ရမယ်ဆိုပြီး စစ်ကောင်စီက သင်တန်းပေးနေပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီးတွေကို မိမိနေထိုင်ရာ တပ်စခန်းကို ကာကွယ်နိုင်ဖို့ စစ်သင်တန်း ၁ လ မဖြစ်မနေ တက်ရမယ်ဆိုတဲ့ ညွှန်ကြားချက်နဲ့ တနိုင်ငံလုံးက ရဲစခန်းတွေမှာ သင်တန်းပေးနေတာလို့ ရဲအသိုက်အဝန်းကနေ စုံစမ်းသိရပါတယ်။ လက်နက်ငယ် အဖြုတ်အတပ် အပစ်ခတ် သင်တန်းကို အရင်တုန်းက လုံခြုံရေးရဲတပ်ရင်းတွေမှာ နေထိုင်တဲ့ အိမ်ထောင်သည်တွေကိုသာ စစ်သင်တန်းပေးလေ့ရှိပြီး စစ်တပ်အာဏာသိမ်းပြီးမှ ရဲစခန်းတွေမှာရှိတဲ့ အိမ်ထောင်သည်တွေကိုပါ သင်တန်းစတင်ပေးလာတာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်မှုတွေများပြားလာသလို တော်လှန်ရေး တပ်ဖွဲ့တွေကို ဖမ်းဆီးဖို့ ရဲအင်အားမလောက်တာကြောင့် စခန်းမှာလုံခြုံရေး အတွက် လိုအပ်ရင်ကာကွယ် နိုင်အောင်ဆိုပြီး စစ်သင်တန်း […]
နိုင်ငံတော်အဆင့် ပွဲတွေ ဖိတ်ကြားခံနေရပြီ ဖြစ်တဲ့အတွက် ကြည်နူးဝမ်းမြောက် ဖြစ်မိတယ် ဆိုတဲ့ မင်းအုပ်စိုး..
(Unicodeဖြင့် ဖတ်ရန်) ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းအုပ်စိုးကတော့ အကျဉ်းထောင်ကနေ လွတ်မြောက်လာပြီး နောက်ပိုင်း စစ်တပ်ထောက်ခံ အားပေးတဲ့ စာပေတွေကိုသာ ရေးသားနေတာကြောင့်.. ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။မင်းအုပ်စိုးဟာ မကြာခင်မှာ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်ဆောင်ရွက်တော့မယ့် အကြောင်းကိုလည်းအားလုံးကို အသိပေး ထားပါသေးတယ်။ မကြာသေးခင်က မင်းအုပ်စိုးရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ထောင်ကလွတ်လာပြီးနောက်ပိုင်း နိုင်ငံတော်အဆင့်ပွဲ အခမ်းအနားတွေကို တက်ရောက်ခွင့်ရရှိနေတာကြောင့် ကိုယ့်ကိုကိုယ်ဂုဏ်ယူနေမိကြောင်း ရေးသားလာတာပဲ ဖြစ် ပါတယ်။ သူပြန်လာပြီး “အကျဉ်းသားဘဝ အဖြစ်နေထိုင် ခဲ့ရတဲ့ အချိန်ကာလတွေကို စာအုပ်တစ်အုပ် ပြန်ရေးတဲ့ အချိန်ကြရင် အဲ့ဒီစာအုပ်က “ဖိတ်စာ မရောက်တဲ့ အရပ်”ဆိုတဲ့ နာမည်နဲ့ ထွက်လာမှာပါ။ အခုတော့ အကျဉ်းသားဘဝကနေ အယ်ဒီတာချုပ် ဒါရိုက်တာမင်းသားဘဝကို ပြန်ရောက်လာလေတော့ ဖိတ်စာတွေလည်း ပြန်ရောက်လာပါပြီ။ နိုင်ငံတော်အဆင့် ပွဲလမ်းသဘင်တွေရဲ့ […]









