အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို လာလည်တဲ့ ဧည့်သည်အမျိုးသမီးတစ်ဦးဟာ လက်ဆော့တတ်တဲ့ မျောက်တစ်ကောင်ကြောင့် အရှက်ရခဲ့ပါတယ်။ မျောက်နဲ့အတူ အမှတ်တရ ဓါတ်ပုံရိုက်ခံနေစဉ်မှာ ရုတ်တရက်မျောက်က သူ့ရဲ့ အင်္ကျီကို ဆွဲချွတ်ချလိုက်တာ ခံလိုက်ရပါတယ်။video ၂ ပုဒ် ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ နယူးဇီလန်နိုင်ငံက Sarah Wijohn ဟာ မေလ ၂၉ ရက်နေ့က သူမရဲ့ ၂၁ နှစ်မြောက်မွေးနေ့ အမှတ်တရ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက သစ်တောထဲကို ဆွေမျိုးတွေနဲ့ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။ ဆွေးမျိုးတော်စပ်သူတစ်ဦး ရိုက်ကူးထားပေးတဲ့ရုပ်သံမှာ Sarah က သစ်သားခုံတန်းလျားလေးမှာ ထိုင်နေတုန်း မျောက်တစ်ကောင်က သူမရဲ့ ပေါင်ပေါ်ကို ခုန်တက်လာပါတယ်။ အဲဒီအချိန်မှာ အမိအရဓါတ်ပုံရိုက်ဖို့ ပိုစ့်ပေးနေတုန်း မျောက်က လှုပ်လှုပ်ရွရွလုပ်နေပြီးနောက် သူမရဲ့ အင်္ကျီကို ရုတ်တရက်လက်နဲ့ ဆွဲချွတ်ချလိုက်တာကို ခံလိုက်ရတာဖြစ်ပါတယ်။ […]
