ၾကားသိရသမွ်

ဘာလိုသေးလဲ….”မျှစ်လား” အပေါဆုံးပဲ(မင်းမော်ကွန်းရေးသည်)

ဘာလိုသေးလဲ….”မျှစ်လား” အပေါဆုံးပဲမိုးတွင်းဆိုတော့မျှစ်စို့ကြီးတွေကလတ်ဆတ်လို့ (မင်းမော်ကွန်းရေးသည်) ဘာလိုသေးလဲ….”မျှစ်လား” အပေါဆုံးပဲမိုးတွင်း ဆိုတော့မျှစ်စို့ကြီးတွေကလတ်ဆတ်လို့ နုဖတ်လို့။ မန်ကျည်းသီးခူးပြီးအစိမ်းထောင်းစားစားမန်ကျည်းသီးချက်စားစားမျှစ်ပြုတ်နဲ့က လျှာလည်။ ချဉ်ပေါင်ခင်းက လည်းအဆင်သင့်ဆိုတော့ဟင်းရည်သောက်သောက်မျှစ်နဲ့ချဉ်ပေါင်ကြော်ကြော်သိပ်မြိန်တဲ့ဟင်းတွေ။ မှိုတွေကလည်းအခင်းလိုက်ဟင်းချက်စားမလား ဟင်းချို သောက်မလားကန်စွန်းပါချိုးကြော်လိုက်တော့ စားသောက်ဆိုင် ထိုင်ရသလို။ ဂွေးတောက်လားကြောင်လျာလားခရမ်းကဆော့သီးလားသရက်ရွက်လားအပြည့်အစုံ ကြိုက်တာတို့ ငါးပိထောင်းလည်း ကောင်းမှကောင်း။ ငှက်ပျောတွေကအသီးပုပုလေးတွေနဲ့သီးမှသီး ချိုမှချို ငှက်ပျောအူတော့ မကိုက်ဘူးဝမ်းသာစရသတင်းကြားရင် မွင်းငါးချက်စားပစ်လိုက်တယ်။ ငါးကလည်းရှာလို့လွယ်သေးငါးခူ ငါးကြင်းကအစ နာမည်မသိလည်း စားကောင်းတဲ့ ငါးအကောင်ကြီးကြီး အလေးပြည့်ပြည့်တွေ ကင်စားစား ပြုတ်စားစား ဟင်းချက်မလား အခြောက်လှမ်းမလား ကြိုက်သလိုစား။ ရွာထဲဝက်ပေါ် အမဲပေါ်ရင်တော့ကိုယ့်အကြိုက် ဆုံး ဝက်လက် ဝက်ရိုးပြုတ်အမဲ နှပ်တွေ တခါတလေကြိတ်ရသေးဒါမှမဟုတ်လို့ ရန်ကုန်လွမ်းလာရင်အသားကြိတ် အရိုးပြုတ်အသင့်စားကြာဆံတစ်ထုတ်ဖေါက်ထည့်ပြီးကြေးအိုး ဆွဲလို့ရတယ်ဗျာ။ လက်ဆောင်လာပေးတဲ့ကြက်တွေမသတ်ရက်လို့မွေးထားတာကြက်ဥကလည်းရအကောင်ကလည်းပွား။ ဆေးဝါးရှားတယ်ဆိုပေမယ့်ချွေးထွက်များတော့ ကျန်းမာရေးကဒီရောက်မှရန်ကုန်ထက်ကို ပိုမာနေသေး။ အဝတ်အစားကောင်းကောင်းမရှိပေမယ့်နှလုံးသားကောင်းကောင်းတွေဝတ်ဆင်ထားတဲ့သူတွေကိုသာ တွေ့ရ တဲ့နေရာ။ မိတ်ဆွေဟောင်းတွေကိုအမြဲသတိရပေမယ့်ခုမှတွေ့ရတဲ့ ရဲဘော်ရဲဘက်တွေကလည်းအသက်နဲ့ရင်းပြီးချစ်ကြခင်ကြတယ်။ […]

ဗဟုသုတ

သိသူနည်းတဲ့ အပင်တွေကို ထုံးဖြူသုတ်တဲ့ အကြောင်းအရင်း

(ထုံးဘာလို့သုတ်သင့်လဲ?) အခေါက်ရှိသော အသီးသီးသည့် နှစ်ရှည်ပင်အများစုအား အပင်ခြေမှ ၄ပေ (သို့မဟုတ်) ပထမကိုင်းခွဲအထိ အခေါက်ပတ်လည်အား ထုံးသုတ်ပေးခြင်းသည် ရှေးအစဉ်အလာကတည်းက လုပ်ဆောင်ခဲ့ကြပေသည်။ ထုံးသုတ်ခြင်းကို အနောက်တိုင်းမှ စိုက်ပျိုးသူများလည်း လုပ်ဆောင်လေ့ရှိသည်။ ၎င်းတို့က Whitewash ဟု သုံးနှုန်းသည်။ Whitewash သည် ထုံးအပြင် တခြားသော ရွံ့စေးဖြူကဲ့သို့သော သဘာ၀ဓာတ်ပေါင်းတို့ဖြင့် အပင်များကို သုတ်လေ့ရှိသည်။ ထုံးသုတ် ခြင်းတွင် ပင် ထုံးတဆ ရေတဆ ရောပြီး စေးပြစ်စေရန် တခြားသော ရောစပ်မှုများကို ပြုလုပ်လေ့ရှိသည်။ဟင်းရွက်ဆီ၊ တမာဆီကဲ့သို့ အဆီတမျိုး မျိုး ကျောက်ချဉ်၊ Sulfur ဆာလဖာပါသော ကန့်၊ ဘိုရွန်ပါသော လက်ချား၊ ဆားဓာတ်ပါသော ဇ၀က်သာ၊ စသော သဘာ၀ဓာတ် ပေါင်းတမျိုးမျိုး ထည့်နိုင်သည် ထည့်သွင်းသော အမယ်တိုင်းတွင် […]