ၾကားသိရသမွ်

သားမေကြီး ကလေးမွေးခါနီးမို့ ပန်းရောင်းပြီးပိုက်ဆံစုနေတာဆိုတဲ့ ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကလေး

မဂ်လာပါပရိတ်သတ်ကြီးရေ ညနက်တဲ့အထိ စံပယ်ပန်းရောင်းပြီး မိခင်ရဲ့ မီးဖွားစရိတ်အတွက် ကူညီပေးနေတဲ့ (၁၄) နှစ်အရွယ် ကောင်လေး ပရိတ်သတ်ကြီးရေ လောကမှာ မိဘအပေါ်သိတတ်နားလည်မှုရှိတဲ့ ကလေးတွေ လိမ္မာရေးခြားရှိတဲ့ကလေးတွေလောက် ကြည့်ရတာ ကြည်နူးစရာဂုဏ်ယူစရာကောင်းတာမရှိတော့ပါဘူးနော်။ ဒီနေ့ ကျွန်တော်၉နာရီခွဲလောက်အိမ်ပြန်လာတော့အင်းလျားလမ်းမီးပွိုင့်ကပန်းရောင်းတဲ့ညီလေးမပြန်သေးပဲ ထိုင်နေတာ တွေ့တော့မုန့်ဖိုး၃၀၀ ပေးလိုက်တယ်။ ရော့…ညီလေးအကြွေ…ပန်းတော့မကိုင်ချင်လို့မယူတော့ဘူးနော်…မင်းရောင်းရအောင် ဘယ် လောက်ဖိုးကျန်သေးလဲဆိုပြီးကြည့်လိုက်တော့များသေးတယ် ဟာများလှချည်လားဆိုတော့၁သောင်းဖိုးလောက်ကျန်သေးတယ်တဲ့…သားမေကြီးကလေးမွေးခါနီးမို့ပိုက်ဆံဆုနေတာတဲ့…ကျွန်တော်လဲအဲ့တာနဲ့မုန့်ဖိုးတစ်ထောင်ထပ်ပေးလိုက်တယ်။ ဒါပေမယ့် တစ်ထောင်ထဲ ပေးလိုက်ရတာ စိတ်မကောင်းဘူး။ ကိုယ့်မှာလဲ ပိုက်ဆံက သုံးစရာလေးတွေက ရှိနေတော့ ထပ်မပေးဖြစ် တာကိုစိတ်တစ်မျိုးဖြစ်နေတာနဲ့ မင်းဗိုက်ဆာလားဆိုတော့ ဆာတယ်ဆိုတာနဲ့ငါအိမ်မှာဘာမုန့်ရှိ လဲသွားကြည့်ပြီးပြန်လာခဲ့မယ် လို့ပြော ပြီးအိမ်အမြန်ပြန်လိုက်တယ်။ အိမ်ကရှိတဲ့ ထမင်းဟင်းလေးကို ဗူးလေးထဲထည့်ပြီးအအေး ဗူးလေးတစ်ဗူးနဲ့ပြန်ထွက်လာခဲ့တယ် ကျွန်တော့်လှမ်းမြင်တော့ ပြုံးပြီးမတ်တတ်ရပ်တယ်။ ပြီးတော့ ပြန်ထိုင်မလို့လုပ်လိုက်တယ်။ ဒီကောင်စားချင်တာကို အားနာပြီးဟန်ပြန်ကို့တာပဲဖြစ်ရမယ် ဆိုပြီးကျွန်တော် ပဲသူ့ဆီသွားလိုက်တယ်။ အနားရောက်မှ ..ဒါမင်းအတွက် ဆာနေပြီမလားဆိုတော့…ဟာတော်တော် […]

ဗဟုသုတ

သောင်းကျန်းနေတဲ့ ကြွက်ကို အသိုက်ပြောင်းပြေးစေမယ့် နည်းလမ်းကောင်းလေး

သောင်းကျန်းနေတဲ့ ကြွက်ကို အသိုက်ပြောင်းပြေးစေမယ့် နည်းလမ်းကောင်းလေး ကြွက် ပြေးသော နည်းလေးကြွက်တွေက ပေါလိုက်တာ့ ပေါတာမှ စာအုပ်တွေကိုက် အဝတ်တွေကိုက်ညကျတော့ တစ်ဝုန်းဝုန်းနှင့် လိုက်တမ်းပြေးတမ်းကစားကြ ၊ကျိန်းမရအောင်ဖြစ့် တစ်ကောင်နှင့်တစ်ကောင်လှမ်းအော်ကြတစ်ခါ photo credit photo credit တလေများဆို ပြေးရင်းလွှားရင်းခြင်ထောင်အမိုးပေါ်ဒိုင်ဘင်ထိုးချ လွန်တာမှအတော်လွန့်အဲ့ဒါနှင့်ကလေးတွေက ထောင်ချောက်ထောင်မယ် လျှောက်တယ့်မလုပ်နှင့် ဆေးကျွေးမယ်ဆိုတယ့်လုံးဝမလုပ်နှင့်ပေါ့….အဲ့ဒါနှင့်တစ်နေ့ကျတော လက်မောင်းအောင့်လို့လင်ဇီးဒါဏ်ကြေဆေးလိမ်းတယ့် ပူလိုက်တာ့..အခိုးကလည်း မွှန်ပြီးမျက်ရည်ကျတယ့် လူတောင်အနံ့ခိုးရတာနှင့်မျက်ရည်ကျရတယ် ဟိုအကောင်တွေ(ကြွက်)ဆိုဘယ်လိုနေမလဲမသိသူတို့နှာခေါင်းကရှေရောက် နေ တာဆိုတော့ ပိုပြီးအနံ့ရမှာပဲဆိုပြီးစမ်းကြည့်မယ်ပေါ့ဆိုတော့ကျောင်းသားသုံးယောက်ခေါ် ကြွက်လာလမ်း လျှောက်လမ်းတွေ လင်ဇီးတွေ ထူထူသုတ်ပြီး အသာနေလိုက်တာ့ ည(၁၀)နာရီလောက်ကျတော့ သောင်းကျန်းဖို့လာနေကြ photo credit photo credit အချိန်အတိုင်း ကြွက်တစ်အုပ်ရောက်လာပါရော့ရှေ့ဆုံးကအကောင်က သုတ်ထားတဲ့လင်းဇီးနှင့်နဖူးတွေ့ဒူးတွေ့တွေ့ပြီးကြမ်း ပြင်ပေါ်ပြုတ်ကျ့…သူ့ပါးစပ်က အော်ချင်တာအော်ပြီး ထွက်ပြေးအဲ့ဒီလိုနှင့်နှစ်ကောင်သုံးကောင်လောက်ဖြစ်ရော နောက်ကကြွက်တစ်အုပ်ရှေ့ဆက်မတက်ပဲ အသိုက်ပါပြောင်းတယ်ထင်ပါရဲ့…ခုဆိုကြွက်တွေလာမသောင်းကျန်းတာသုံးရက်ရှိပြီ…..ကျေးဇူးပါလင်ဇီးရေ့ သူ့အသက်မသေပဲ စိတ်ချမ်းသာစွာအိပ်စက်နိုက်တာ။ ခရစ်ဒစ် […]

ၾကားသိရသမွ်

တစ်လ (၁၀) သိန်းမြတ်တယ်ဆိုတဲ့ ဆီကြိတ်စက် ဂယက်နှင့် ကိုယ်တိုင် မွဲဆေးဖော်မိခြင်း အကြောင်း

တစ်လ ၁၀ သိန်းမြတ်တယ်ဆိုတဲ့ ဆီကြိတ်စက်သတင်းလေး အတော်ကို ဟိုးလေးတကျော်ကျော် ဖြစ်နေလို့ စမ်းကြည့်မိပါတယ်။ ကျနော် ကိုယ်တိုင်လည်း ဆီကြိတ်စက်လောကမှာ နှစ်အတန်ကြာ မိဘလက်ငုတ် လုပ်ခဲ့ဖူးတာကိုး။ လှိုင်သာယာစက်မှုဇုန်၂ မောင်ရွှေရိုးလမ်း အမှတ်၁၂၅မှာ ကိုယ်ပိုင်အုန်းဆီစက်ရုံဗျ။ ခုတော့ ဆီဖြူအရောတွေ ခေတ်ဆန်းကုန်လို့ ကြိတ်တာထက် ငှါးစားရတာတောင် ပိုကိုက်နေတာကြောင့် လုပ်ငန်းပြောင်းခဲ့ရတာပါ။ ဒါပေမယ့် ဝါသနာက မစွန့်နိုင်သေးဘူးကိုး။ အုန်းသီးဖတ်အသား ၁၇ပိဿာကြိတ်ရင် အုန်းဆီအသန့် ၁၀ပိဿာရတယ်။ ဝက်စာ ငါးစာကျွေးဖို့ အုန်းဖတ်က ၅ပိဿာကျော်ရတယ်။ ၂ပိဿာလောက်က အလေအလွင့်ပဲ။ ဒါက ဆီထွက်အများဆုံး အသီးမို့လို့။ ပဲ၊ နှမ်း၊ နေကြာတို့ဆို ဒီထက်ပိုနည်းသေး။ တပိုင်တနိုင် ဆီကြိတ်စက်လေး စိန့်တိုင်းကနေ မှာလိုက်ပါတယ်။ 1050ယွမ် (မြန်မာငွေ ၂သိန်း၁သောင်း) ကားခ တန်ဆာခ ၂သောင်းလောက် […]

ၾကားသိရသမွ်

သွားခေါနေတာကြောင့် ကြည့်ရအရမ်းဆိုးနေပေမဲ့ လူတော်တော်များများကို ရယ်မောစေခဲ့တဲ့ ခွေးလေးရဲ့အသွင်အပြင်

ချစ်စရာကောင်းတဲ့ ခွေးရုပ်ပုံတွေဟာ လူမှုကွန်ရက်တွေမှာ အမြဲလိုလို အာရုံစိုက်ခံနေရပါတယ် ။ ဒါပေမယ့် မကြာသေးခင်ကမှ ခွေးလေးတစ်ကောင်ရဲ့ ထူးဆန်းတဲ့အသွင်အပြင်ကြောင့် အင်တာနက်သုံးစွဲသူတွေ အံ့အားသင့်ခဲ့ကြရပါတယ် ။ ရုပ်ရည်မဆိုးဘူးလို့ ပြောရတဲ့ အကြောင်းရင်းကတော့ ဒီခွေးလေးဟာ သာမန်ခွေးတွေလောက် မလှပတဲ့ သွားတွေ ရှိနေလို့ပါပဲ ။ အဆိုပါခွေးကမှာ ညီအစ်ကို ၃ ကောင်ရှိသောလည်း အခြားသော ညီအစ်ကို ၂ ကောင်မှာ ပုံမှန်ဖြစ်ပြီး၊ သူလေးမှာသာ ချစ်ဖို့ကောင်းပြီး ရယ်စရာကောင်းနေပုံရပါတယ် ။ သခင်ဖြစ်သူက “ခွေးလေးမှာ သွားတွေ နည်းနည်းခေါသွားတဲ့အတွက် လူတိုင်းကြည့်ရတာ အရမ်းဆိုးပေမယ့် ခွေးကလေးက အရမ်းနူးညံ့ပြီး ရယ်စရာကောင်းတယ်” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ် ။ သာမန်ခွေးများလောက် မလှသော်လည်း ခွေးရဲ့ရယ်မောဖွယ်ကောင်းတဲ့ အသွင်အပြင်က အင်တာနက်အသုံးပြုသူများရဲ့ အာရုံစိုက်မှုကို အများအပြားရရှိနေဆဲဖြစ်ပါတယ် ။ […]

ၾကားသိရသမွ်

လွတ်မြောက်နယ်မြေမှာ အဆင်ပြေအောင်နေနေပါတယ် ဆိုတဲ့ ပြည်သူ့မင်းသား မင်းမော်ကွန်း

လွတ်မြောက်နယ်မြေမှာ အဆင်ပြေအောင်နေနေပါတယ် ဆိုတဲ့ ပြည်သူ့မင်းသား မင်းမော်ကွန်း ပရိသတ်အချစ်တော် မင်းမော်ကွန်း ကတော့ ရုပ်ရှင်ဇာတ်လမ်းတွေမှာရော နှင်းဆီအငြိမ့်မှာရော အောင်မြင်ခဲ့တာကြောင့် ပြည်သူတွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားနိုင်သူဖြစ်ပါတယ်။ မင်းမော်ကွန်း ကတော့ အနုပညာမှာလည်း ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်နိုင်သလို အနုပညာသက်တမ်းတစ်လျှောက်မှာလည်း နာမည်ပျက်မရှိအောင် နေထိုင်ခဲ့သူဖြစ်ပါတယ်။ အနုပညာလောကမှာလည်း ဖခင်ဖြစ်သူ ဦးဇင်ဝိုင်းကိုလည်း လူတိုင်းကလေးစားအားကျရသလိုသားဖြစ်သူ မင်းမော်ကွန်း ကလည်း အမှန်တရားဘက်ကို ရဲရဲဝင့်ဝင့်နေရဲသူလည်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အတူ ခံစားချက်တွေထပ်တူကျခဲ့သူဖြစ်တဲ့အပြင် ဖခင်ဖြစ်သူ အဖမ်းခံရတဲ့အခါမှာလည်း နောက်ဆုတ်မသွားတဲ့အပြင်ရှေ့ကိုသာဆက်လက်ရပ်တည်ခဲ့ပါတယ်။ အဖေဖြစ်သူရော သားဖြစ်သူပါ ရဲရင့်ပြတ်သားစွာ ရှိနေခဲ့ကြလို့လည်း ပြည်သူတွေလည်း အားအင်တွေအပြည့်ရှိခဲ့တယ်ဆိုရင်လည်း မမှားပါဘူးနော်။ မင်းသား မင်းမော်ကွန်း ကတော့ လူကိုယ်တိုင်လည်း ပါဝင်ဆန္ဒထုတ်ဖော်ခဲ့ပြီး လူများနည်းတူ လူမှု့ကွန်ယက်စာမျက်နှာထက်ကနေလည်း ဆက်လက်ပြီးတော်လှန်နေဆဲပဲ ဖြစ်ပါတယ်နည်းမျိုးစုံဖြင့် ခံဝန်ကတိထိုးဖို့တွန်းအားပေးခံခဲ့ရပေမယ့် နောက်မဆုတ်ဘဲ ပန်းတိုင်ကို မရောက်ရောက်အောင် လျှောက်လှမ်းနေဆဲပါပဲနော်။ […]

ဗဟုသုတ

ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူများအတွက်

ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူများအတွက် ဂရန်ဆိုတာ ဘာလဲ မသိတဲ့အပြင် ကြေးတိုင်နဲ့ မြေစာရင်းက ဂရန်ပေးတယ်လို့ ထင်နေသူတွေ အများကြီး တွေ့နေရပါတယ်။ မြေစာရင်းက ဂရန်ပေးခွင့် မရှိပါ။ တည်ဆဥပဒေများတွင် အာဏာ အပ်မထားပါ။ အ ကြောင်းတစ် ရပ်အတွက် သက်သေခံအဖြစ် ကူးပေးရတဲ့ သက်သေခံ မြေပုံ ၁၀၅ ကိုတောင် ဂရန်မှတ်နေတဲ့ သူက ရှိသေး… ဂရန် အ ကြောင်း သိချင် ရင် ဖတ်ပါ…ဂရန် ၁။ မြို့မြေများမှာ လူနေထိုင်ရန် (Residential Purposes) အတွက်ဖြစ်စေ၊ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင် သာယာရေး စတဲ့ ကိစ္စရပ်များအတွက် […]

ၾကားသိရသမွ်

မိဘနှစ်ပါးလုံးက လူမည်းမျိုးဖြစ်သော်လည်း သမီးလေးမှာ အသားဖြူစွတ်နေပြီး ရွှေအိုရောင်ဆံပင်လေးဖြစ်နေတာကြောင့်…

နိုင်ဂျီးရီးယားနိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် သားသမီးနှစ်ယောက်ရှိပြီး စီးပွားရေး လုပ်ငန်းအဆင်ပြေဖို့ရာအတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့သို့ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့သည်။ သူတို့ဇနီးမောင်နှံသည် ထိုနိုင်ငံသို့ပြောင်းရွှေ့ပြီး မကြာမှီ တတိယမြောက်သမီးလေးအား မွေးဖွားချိန်မှာတော့ တစ်ယောက်နှင့်တစ်ယောက် စကားပင်မပြောနိုင်တော့ပဲ သမီးလေးအား ပါးစပ်အဟောင်းသားလေးနှင့် စူးစိုက်ကြည့်နေခဲ့မိသည်။ အကြောင်းမှာ မွေးကင်းစသမီးဖြစ်သူသည် မိဘရင်းတွေဖြစ်သည့် သူတို့ဇနီးမောင်နှံနှစ်ဦးနဲ့ တူညီမှုမရှိပဲ အသားဖြူဖြူနှင့် ရွှေအိုရောင် ဆံပင်တို့ကိုပိုင်ဆိုင်ထားပြီး မိဘမျိုးရိုး လူမည်းလေးဖြစ်မနေခဲ့ပေ။ ထို့ကြောင့်ပဲ ပတ်ဝန်းကျင်ရှိလူများသည် ဇနီးဖြစ်သူအား အခြားတစ်ယောက်နှင့် ဖောက်ပြန်သည်ဟု စွပ်စွဲခဲ့ကြပြီး ခင်ပွန်းဖြစ်သူကို တိုင်ကြားခဲ့ကြရာ မိသားစုမှ အနည်းငယ် ရှုပ်ထွေးခဲ့ရပေမယ့် ခင်ပွန်းဖြစ်သူသည် ဇနီးသည်အား သံသယမရှိပဲ ယုံကြည်ပေးခဲ့သည်။ ထို့နောက် သူတို့ဇနီးမောင်နှံနှစ်ဦးသည် သမီးငယ်လေးကို ဆရာဝန်နှင့်ပြသပြီး စစ်ဆေးခိုင်းခဲ့ချိန်မှာတော့ မျိုးရိုးဗီဇ ချို့ယွင်းချက် အခြေအနေကြောင့်သာ ဖြစ်ရကြောင်း သိခဲ့ရသည်။ Crd zawgyi […]

ၾကားသိရသမွ်

လက်ရှိ ပြေးဆွဲနေတဲ့ ကားလိုင်းတွေနဲ့ တန်ဆာပို့လို့ မရတဲ့ ပစ္စည်းများ စာရင်း…

လက်ရှိအချိန်တွင် ပြေးဆွဲနေသည့် ကားဂိတ်စာရင်းနှင့် တန်ဆာပို့လို့ မရသည့် ပစ္စည်းများ စာရင်းယခုကာလအတွင်း ကားဂိတ်များမှ လက်မခံသည့် ပစ္စည်းစာရင်း နှင့် ကားထွက်ရှိမှုစာရင်းကို ဖော်ပြ ပေးလိုက်ပါတယ်-ယခုကာလအတွင်း ပေးပို့၍ မရသော တန်ဆာပစ္စည်းများ (၁) ဖုန်း (၂ လုံးထက်ပို၍ မရ) နှင့် ဆက်စပ်ပစ္စည်းများ၊ (၂) လပ်တော့ (၂ လုံးထက် ပို၍မရ)၊ (၃) စီစီတီဗီ၊ (၄) ဒရုန်း၊ (၅) ကင်မရာ(၆) ဘက်ထရီနှင့်ဓာတ်ခဲများ၊ (၇) မှန်ဘီလူး၊ မှန်ပြောင်း၊ (၈) လျှပ်စစ်မီးအိမ်၊ ဓာတ်မီး၊ (၉) စကားပြောစက်၊ (၁၀) ဝါယာကြို း(၁၁) ရွှေထည်ပစ္စည်း၊ (၁၂) ကော်၊ စတီးနှင့်သံထည် ပစ္စည်းများ၊ (၁၃) ရေပိုက် (ကော်၊ […]

အလွပေရးရာ

အသားညိုမည်းသူများအတွက် 100ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့အသားဖြူနည်း…

အသားညိုမည်းသူများအတွက် 100ရာခိုင်နှုန်း ထိရောက်မှုရှိတဲ့အသားဖြူနည်း… အသားဖြူဆေးတွေသောက်တာက တကယ်ရောဖြူရဲ့လား၊ ဘေးရောကင်းရဲ့လား၊ လိုးရှင်းတွေကရော အမှန်တကယ် ဖြူလာရဲ့လား? နေရောင်ခြည်ဒဏ်ကိုခံရခြင်း ၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်း၊ ကျန်းမာရေးအခြေအနေ၊ အသားခြောက်ခြင်း ၊ စိတ်ဖိစီးမှု၊ လူနေမှုပုံစံမှားယွင်းခြင်း၊ ဓါတုပစ္စည်းတွေပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းတို့ကြောင့် အသားညိုမည်းခြင်းကို ဖြစ်လာစေပါတယ်။ အသားဖြူချင်လို့ နည်းလမ်းများစွာသုံးပြီး ပြုလုပ်နေကြပေမယ့် အမှန်တကယ် ထိရောက်မှုရှိရဲ့လား၊ ဘေးကင်းရဲ့လားဆိုတဲ့ မေးခွန်းတွေကိုတော့ သေချာမဖြေနိုင်ကြပါဘူး။ ဒ့ါအပြင် အချို့နည်းလမ်းတွေကလည်း ငွေကုန်ကြေးကြများတဲ့အတွက် လူတိုင်းမတတ်နိုင်ကြပါဘူး။ ဒါ့ကြောင့် ဘေးကင်းပြီး ထိရောက်တဲ့ အသားဖြူနည်းလမ်းကို ဖော်ပြပေးချင်ပါတယ်။ ဒီနည်လမ်းကို အပိုင်း ၂ပိုင်းခွဲပြီး လုပ်ရမှာပါ။ ပထမအပိုင်းမှာတော့ scrub လုပ်ရမှာဖြစ်ပါတယ်။ ပထမဦးစွာ scrub လုပ်ရန်အတွက် ပန်းကန်လုံးတစ်ခုထဲသို့ သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲခန့် ထည့်ပါ။ […]

ကြားသိရသမျှ

ဖုန်းယူစစ်တဲ့အခါ VPN app ကိုချက်ခြင်းရှာမရအောင်ဖွက်ထားချင်တယ်ဆိုရင် အောက်ကနည်းအတိုင်းလုပ်လို့ရပါတယ်။ ( VPN App ကို ဘယ်လို ဖွက်မလဲ )…

ဖုန်းယူစစ်တဲ့အခါ VPN app ကိုချက်ခြင်းရှာမရအောင်ဖွက်ထားချင်တယ်ဆိုရင် အောက်ကနည်းအတိုင်းလုပ်လို့ရပါတယ်။ ( VPN App ကို ဘယ်လို ဖွက်မလဲ ) 1- Shortcuts ဆိုတဲ့ App ကိုရှာပါ။ IOS မှာတခါတည်းပါပြီးသားပါ။ ဖျက်လိုက်မိတယ်ဆိုရင် App Store ကနေတဆင့် ပြန်ဒေါင်းလို့ရပါတယ်။ 2- App ထဲရောက်ရင် ညာအပေါ်ထောင့်မှာရှိတဲ့ “+” ကိုနှိပ်ပါ၊ 3-Shortcut Name ကို ကြိုက်တဲ့ နာမည်ပေးလို့ရပါတယ်။ ပြီးလျှင် “Add Action” ကိုနှိပ်ပါ။ 4- “Open App” ကိုရိုက်ရှာပီး ရွေးပေးပါ။ (Next Action Suggestions အောက်မှာလဲ “Open App” ဆိုတဲ့ Action ကို suggestion ပေးထားတတ်ပါတယ်) […]