KBZ BANK ၏ဝန်ထမ်းကCustomer ၏ငွေယူပြေးမှုအပေါ် ဘဏ်မှတာဝန်ယူမှုမရှိသည့်ဖြစ်ရပ်ဆိုး။

ကျွန်မတို့ဆိုင်အတွက် အမြဲတမ်း ငွေလွှဲနေကြဖြစ်တဲ့ အတွက်ဘဏ်တိုင်းက အကောင့်ဖွင့်ဖို့ ငွေလွှဲဖို့ကို ဘဏ်မန်နေဂျာတွေကိုယ်တိုင်ဆိုင်ကိုလာပြီး မိတ်ဆက်တယ်အကောင့်ဖွင့်ပေးတယ်။ ငွေလွှဲရင်လည်း ဆိုင်ကိုလာယူပေးပါ့မယ်ဆိုပြီး ပြောပြီးမှ အမြဲတမ်း ငွေလာသိမ်းနေကြတွေပါ။ အခုတော့ပျဉ်းမနားမြီု့ (KBZ)ကမ္ဘောဇဘဏ်(၁)မှ မန်နေဂျာကလည်း ငွေလွှဲတွေကို ဒီဘဏ်ဝန်ထမ်းတွေမှ လာယူသိမ်းပေးပါ့မယ်ဆိုပြီး ပြောဆိုထားတဲ့အတွက် ကျွန်မတို့က ဘဏ်ကိုယုံကြည်စိတ်ချစွာနဲ့ ငွေထည့်ပေးလိုက်နေကျပါ။ ငွေလွှဲလာတာ နှစ်နဲ့ချီနေပါပြီရှင် ယခုတော့ (၂၈-၁၂-၂၀၂၁ )နေ့ကတော့ဘဏ်ဝန်ထမ်းများထဲမှ ထူးခန့်ဝင်းဆိုတဲ့သူက ငွေ၁၁၄၀၀၀၀၀/ကျပ် (သိန်းတစ်ရာ တစ်ဆယ့်လေးသိန်းကျပ်တိတိ)ကို ဘဏ်ကိုမအပ်ပဲ ထွက်ပြေးသွားပါတယ်။ အဲ့တာကို ယခုတော့ ဘဏ်မှတာဝန်ရှိသူများမှ တာဝန်ယူမှု တာဝန်ခံမှု လုံးဝ မလုပ်ပေးဘဲနဲ့ အချိန်ဆွဲနေတဲ့အတွက် ကျွန်မတို့ကဘဲ အမှုဖွင့် အရေးယူမှုတွေကို ပြုလုပ်ဆောင်ရွက်နေရပါတယ်ရှင်။ ယခုလိုမျိုး တာဝန်မဲ့တဲ့ဘဏ်မျိုးကို ဘယ်လိုယုံကြည်မှုမျိုးနဲ့ ငွေအပ်နှံ ထည့်သွင်းဖို့ ဖြစ်နိုင်ပါတော့မလားရှင်။ ယခုငွေကိုယူသွားတဲ့သူကလည်း အမြဲတန်းလာယူနေကြဝန်ထမ်းပါဘဲ ကျွန်မတို့က … Read more

ကမ္ဘာကျော် ကျားပရုတ်ဆီ ရန်ကုန်မြို့ တရုတ်တန်းက စခဲ့သည် ဆိုတာသင်သိပါသလား…

ဆေးဆိုင်များတွင် ရောင်းချနေသော ‘ကျား’ပရုတ်ဆီ။ သီရိလူ/မြန်မာတိုင်း(မ်)တရုတ်စာလုံးတွေပါတဲ့ ဆိုင်းဘုတ်တွေ ချိတ်ဆွဲထားတဲ့ တရုတ်ရိုးရာ အိမ်ဟောင်းကြီးတွေ၊ နဂါးရုပ်တွေနဲ့ အလှဆင်ထားတဲ့ သက်တမ်းရင့် ဘုံကျောင်းတွေနဲ့ တရုတ်ရိုးရာမုန့်ပဲသရေစာတွေကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းရောင်းချနေတဲ့ ဆိုင်တွေရှိနေသေးတဲ့ တရုတ်တန်းရဲ့ သမိုင်းကြောင်းထဲမှာ တိမ်မြုပ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ် ရှိနေပါတယ်။ ဒါကတော့ စင်ကာပူနိုင်ငံ၊ ဟော်ပါကော်ပိုရေးရှင်းရဲ့စက်ရုံက ထုတ်လုပ်ပြီး အာရှတိုက်အပြင် ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ သုံးစွဲနေတဲ့ ကျားပရုတ်ဆီက ရန်ကုန်မြို့၊ တရုတ်တန်းက စခဲ့တာ ဆိုတာပါပဲ။ ကမ္ဘာကျော် ပေါ့အဆိုတော် လေဒီဂါဂါတောင် ကျားပရုတ်ဆီကို သုံးစွဲတယ်လို့ South China Morning Port သတင်းစာက ၂၀၁၈ ခုနှစ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ကျားပရုတ်ဆီက နာမည်ကြီးသလောက် သူ့ကို စတင် ဖော်စပ်ထုတ်လုပ်ခဲ့တဲ့ အော်ဘွန်ဟောနဲ့ အော်ဘွန်ပါတို့ ညီအစ်ကိုနှစ်ယောက်အကြောင်းကို … Read more

ဧရာဝတီမြစ်အစကိုသွားရောက်ရှာဖွေတွေ့ရှိခဲ့သူအကြောင်း

ဆရာဝန်တင်မောင်ကြည်၏ ရေးသားချက်ကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မွ စာရိုက်တင်ပါသည်။ ဧရာဝတီမြစ်ကိုကား ယေဘုယျအားဖြင့် ယူနန်ပြည်၏ အရေးပါသော ထွက်ပေါက်လမ်းမကြီးအဖြစ် လက်ခံထားခဲ့ကြပြီး ဖြစ်သည်။ ထို့ကြောင့် ဤမြစ်အကြောင်း ပိုမိုသိရှိရန် စူးစမ်းခဲ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ အချိန်ကာလအထိ ဧရာဝတီမြစ်၏ အထက်ပိုင်းကို မည်သူမျှ မသိကြသေးပေ။ အတိအက် ပြောနိုင်သည်ကား ဗန်းမော်မြို့ အထိသာ ဧရာဝတီမြစ်ကို သိရှိသေးသည်။ ဗန်းမော်မြို့ကို လွန်၍ ဧရာဝတီ အထက်ပိုင်းကို မည်သူမျှ မသိကြသေးပေ။ သီပေါဘုရင် ပါတော်မူပြီး ၁၀ နှစ်အကြာ ၁၈၉၅ ခု၊ ဇန်နဝါရီလတွင် ပြင်သစ်ပြည်မှ မင်းသား ဟင်နရီ (Prince Henri dOrleans) သည် ဗီယက်နန်ပြည် (ဟနွိုင်းမြို့အနီး) ဟိုင်ဖုံဆိပ်ကမ်းမှ … Read more


စိတ်ကျန်းမာရေး မကောင်းတဲ့ မြေးလေးနဲ့ အမကို ရှာကျွေးနေရတဲ့ အသက် (၇၀) ကျော် အဖွား… စိတ်မနှံ့တဲ့ မြေးမလေး နဲ့ အမဖြစ်သူတို့ကို ခြေထောက်မကောင်းတဲ့ကြားက ပဲပြုတ်လေးရောင်းပြီး ရှာဖွေကျွေးမွေးနေတဲ့ အသက် (၇၀) အရွယ် အမေအိုကြီးကို ၁ သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။ အဖွားက တောင်ဒဂုံ (၂၆) ရပ်ကွက်မှာ မနက်ပိုင်း စားတော်ပဲပြုတ် နဲ့ ညနေပိုင်း ပဲကတ္တီပါပြုတ်တို့ကို ရောင်းချလျက်ရှိပါတယ်။ လမ်းကြုံတဲ့သူများ အဖွားကို တွေ့ရင် ပဲပြုတ်လေးတွေ အားပေးလိုက်ကြပါဦး ခင်ဗျာ။ သက်ကြီးရွယ်အိုတွေကို လှူဒါန်းကြတဲ့ စေတနာရှင်တွေ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။ Photo – MoeSat Crd zawgyi စိတ်ကျန်းမာရေး … Read more


နွားမကြီးခမျာ ဝယ်တဲ့နေ့ကစပြီး အစာမစားပဲ မျက်ရည်တွေနဲ့ အော်ပဲအော်နေလို့ အရင်ပိုင်ရှင်အား မေးကြည့်တော့မှ ဦးဝင်းမောင် တစ်ယောက် ညနေကျောင်းဆင်းချိန်တွင် သားဖြစ်သူပြန်လာမှာကို တွေးပြီး စိုးရိမ်နေမိသည်။”ဖေကြီးရေ ဖေကြီး” ဟော သားပြန်လာပြီ လှမ်းကြည့်လိုက်တော့ သားငယ်ဖြစ်သူ၏ မျက်နှာလည်းမကောင်း သားဖြစ်က ရုတ်တရက် ဖေကြီး ဒီနေ့ ညိုညို လာလည်းမကြိုဘူး အိမ်မှာလည်းမတွေ့ဘူး ဖေကြီး ဘယ်ရောက်သွားတာလဲ သားဖြစ်သူ၏ မေးခွန်းကို ဦးဝင်းမောင် တစ်ယောက်ဖြေရန်ခက်ခဲနေ သားရယ် သားနဲ့ ညိုညိုနဲ့ သံယောဇဉ်ကို ဖေကြီးသိပါတယ်ကွယ်။ ဒါပေမယ့် ဖေကြီးတို့စပါးက ဒီနှစ် မအောင်လို့ စားဖို့အနိုင်နိုင် ဖြစ်နေတယ်လေ။ နောက်နေ့အတွက် အဖေတို့မှာ ဆန်ဖိုး မရှိတော့လို့ ညိုညိုကို ဖေကြီး ရောင်းလိုက်ရတယ်ကွယ် ဆိုပြီး စကားလည်းဆုံးရော သားငယ်လေးက ညိုညိုကိုပြန်ခေါ်ပေးဆိုပြီး ငိုလိုက်တာမှ … Read more


မန်းလေး မိန်းပေါက်က အသက်၇၃နှစ်အရွယ် အဖွားရဲ့ ပြောင်းဖူးဖုတ်လေးအကြောင်း တခါတလေ ရောင်းမကုန်တဲ့ရက်တွေ ရှိတဲ့အခါရပ်ကွက်ထဲက ကလေးတွေ ဝေပစ်လိုက်ရတာတဲ့၊ အရင်တုန်းက ပြောင်းဖူးကို ပြုတ်ပီး လိုက်ရောင်းတာတဲ့၊ အဲ့လိုရောင်းတော့ မောတာရယ်၊ ကားလမ်း ကူးရတဲ့ ဒုက္ခတွေရယ်ကြောင့် အခုလို ထိုင်ရောင်းလို့ ရတဲ့ ပြောင်းဖူးဖုတ်ပဲ ရောင်းတာတဲ့၊ အသက်က ၇၃ နှစ်တဲ့၊ အမေကြီး ရောင်းရစေချင်လို့ ကျနော်အစားအသောက် Groupထဲ တင်ပေးမယ် ပြောတော့ ကျေးဇူးတင်ပါတယ်တဲ့၊ ဗောဓိကုန်း ကျောင်းမြောက်ဘက် အပေါက်မှာ ရောင်းနေတာပါ၊ နီးတဲ့အဆောင်သူလေးတွေ ရှိရင် အမေကြီးဆီက အား ပေးလိုက်ကြပါအုံးနော် ၊ အခုကာလမှာ အိမ်ငှားခပေးဖို့ရော၊ စားသောက်ဖို့ရော မလွယ်တာမို့ အမေကြီးကို ကူ ညီပေးတဲ့အနေနဲ့ ပြောင်းဖူးဖုတ်ကို အားပေးလိုက်ကြပါအုံးနော်။ လိပ်စာက လမ်း၄၀/၇၁ … Read more


ဖတ်လို့ပြီးသွားမှာ နှမြောရလောက်အောင်ကောင်းတဲ့ ဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ပိုစ့်စာမူဖြစ်ပါတယ်။ ဖတ်စေချင်လို့ကော်ပီယူလာတာ စစ်သားတွေ ငိုသတဲ့ လယ်တွင်းသား စောချစ် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့ခင်းပိုင်းတွင် ရွာလယ်ပိုင်းမှ လှရွှေ ကျွန်တော်တို့အိမ်ရှေ့မှ ညောင်ပင်ကြီးအောက်ရောက်လာသည်။ ” ဟေ့ကောင်တွေ… ရွာလယ်တိုက်ပျက်ကြီး ထဲမှာနေတဲ့စစ်သားတွေ…ငိုနေကြတယ်ကွ…” သတင်းထူး၊ သတင်းဦးကို အမောတကော ပြေးလာပြောခြင်း ဖြစ’ဘာဖြစ်လို့ငိုတာလဲကွ…”တအံံ့တသြ မေးမိကြသောစကား။ ” မသိဘူးကွ…၊ တချို့က တိုက်နံရံခေါင်းနဲ့ ဆောင့်ပြီး ငိုတာကွ…။ တချို့ကတော့ တိုက်နံရံ ကို လက်သီးနဲ့ထိုးပြီး ငိုတာကွ…””လာကွာ… သွားကြည့်ရအောင်…” လှရွှေပြောသည်မှာ စိတ်ဝင်စားစရာမို့ကျွန်တော်တို့သွားကြည့်ကြသည်။ ဟုတ်ပါ သည်။ တိုက်ပျက်ကြီးထဲမှာ စခန်းချနေကြသော စစ်သားတိုင်း ငိုနေကြသည်။ မငိုသူတစ်ယောက် မျှမရှိ။ ဘာကြောင့်ငိုသည်ကို ဘယ်သူမျှမသိ။ ဘယ်သူ့မှလည်းမေး၍မရ ကျွန်တော်အိမ်ပြန် … Read more

ယွန်းယွန်း ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ပေါက်ကွဲနေတဲ့ ဖန်တွေကို စိတ်သဘောထား ပြည့်ဝစွာ နှစ်သိမ့်ပေးလိုက်တဲ့ အောင်မင်းခန့်..

ယွန်းယွန်း ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ပေါက်ကွဲနေတဲ့ ဖန်တွေကို စိတ်သဘောထား ပြည့်ဝစွာ နှစ်သိမ့်ပေးလိုက်တဲ့ အောင်မင်းခန့်.. သရုပ်ဆောင် အောင်မင်းခန့်ကတော့ လတ်တလောမှာ ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်း ခံနေရသူတစ်ယောက် ဖြစ်ပါတယ်။ အကြောင်းကတော့ အောင်မင်းခန့်ဟာ Double Dating အစီအစဉ်ထဲက. သူ့ရဲ့ပါတနာ သရုပ်ဆောင် ယွန်းယွန်းနဲ့ စည်သူဝင်းတို့သမီးရည်းစားရဲ့ လှုမှုရေး ပြဿနာတွေကြောင့် ပဲဖြစ်ပါတယ်။ စည်သူဝင်းရဲ့ချစ်သူ မြတ်နိုးအိမ် တင်ထားတဲ့ စည်သူဝင်းနဲ့ယွန်းယွန်းတို့ ပြောတဲ့ Conversation ထဲမှာ ယွန်းယွန်းက အောင်မင်းခန့်နဲ့ တွဲပြီးသရုပ်ဆောင်နေရတဲ့ အပိုင်းကို မလုပ်ချင်တော့ကြောင်း ပြောထားတာပါ နေပါတယ်။ အာ့တာကတော့ ကိုယ့်ရဲ့ချစ်သူ စည်သူဝင်းအရှေ့မှာ “အောင်မင်းခန့်ရဲ့ပါတနာအနေနဲ့ ရှိမနေချင်တော့ဘူး”ဆိုပြီး ယွန်းယွန်းက ပြောခဲ့တာ ဖြစ်ပါတယ်နော်။ ယွန်းယွန်းနဲ့ စည်သူဝင်းတို့ရဲ့ အဆိုပါ စကား အသွားအလာကြောင့် … Read more

လွတ်လပ်ရေးနေ့မှာ မြင်ရမယ့် ဥက္ကာမိုး (သို့) ကြယ်မိုးရွာခြင်း ဖြစ်စဉ်…

လွတ်လပ်​ရေး​နေ့ကို ကြိုမည့် ​လေးစိတ်ပိုင်း ဥက္ကာမိုး ၂၀၂၂ ခုနှစ်အတွက် ပထမဆုံး ခပ်များများကြွေမည့် ကြယ်​ကြွေခြင်း ဖြစ်စဥ်ဟာ Quadrantid Meteor Shower (​လေးစိတ်ပိုင်း ဥက္ကာမိုး) ဟု ​ခေါ်ပြီး ဇန်နဝါရီလ ၃ ရက် နဲ့ ၄ ရက် နံနက်ခင်းပိုင်းမှာ အများဆုံး မြင်​တွေ့ရမှာပဲ ဖြစ်ပါတယ်။ အ​ရှေ့​မြောက်ဘက် ​ကောင်းကင်ယံမှ ဓူဝံကြယ် နဲ့ ခုနှစ်စဥ်ကြယ်တို့ အနီး (​အောက်ဘက်နား) က Bootes ကြယ်တာရာ နဲ့ Draco ကြယ်တာရာ အကြားမှာ ဖြစ်ပါတယ် (ပုံ)။ မြန်မာ့နက္ခတ်မှာ​တော့ သွာတိနက္ခတ် (သွာတိကြယ်​ပြောင်) Arcturus အနီးမှာ ဖြစ်ပါတယ်။ ကြယ်​ကြွေတယ်ဆိုတာ အာကာသအတွင်းက ဥက္ကာခဲ ဥက္ကာမှုန်များနဲ့ ကမ္ဘာ့​လေထုတို့ ပွတ်တိုက်မိရာမှ … Read more

အသက်၆၇နှစ်ရောက်မှ ကလေးထပ်မွေးခဲ့သည့်အတွက် သားသမီးရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရသော ဇနီးမောင်နှံ

Zawgyi အသက်၆၇နှစ်ရောက်မှ ကလေးထပ်မွေးခဲ့သည့်အတွက် သားသမီးရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရသော ဇနီးမောင်နှံ တရုတ်နိုင်ငံမှ အသက်၆၇နှစ်အရွယ် အဖွားအိုသည်နေလို့ထိုင်လို့မကောင်းဖြစ်ကာ ခင်ပွန်းဖြစ်သူနှင့်အတူ ဆေးခန်းသို့သွားရောက်ပြသစဉ် ကိုယ်ဝန်ရှိနေကြောင်း ဆရာဝန်မှဆိုခဲ့၍ အံ့အားသင့်ခဲ့ကြသည်။ ဆရာဝန်သည် အဖွားအိုအား အသက်အရွယ်နှင့် အားအင်မလုံလောက်တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရကြောင်းပြောခဲ့သော်လည်း ဇနီးမောင်နှံသည် ကလေးအား ကံကောင်းခြင်းလာဘ်တစ်ပါးအဖြစ် သတ်မှတ်ကာ ရအောင်မွေးဖွားမည်ဟု ဆုံးဖြတ်ချက်အခိုင်အမာချခဲ့သည်။ ထို့ကြောင့်ပဲ အဖိုးအဖွား ဇနီးမောင်နှံသည် အိမ်ထောင်ကျပြီးသော သားတစ်ယောက်၊သမီးတစ်ယောက်ရှိကာ မြေးလေးတွေပါ ရနေပြီဖြစ်၍ သားသမီးတွေမှ ကလေးထပ်မမွေးရန် ကန့်ကွက်ခဲ့ကြပြီး ပြောဆို၍မရသည့်အဆုံး တစ်နှစ်ကျော်ထိ အဆက်အသွယ်မလုပ်ပဲ နေခဲ့ကြသည်။ သူတို့ဇနီးမောင်နှံသည် ခင်ပွန်းဖြစ်သူမှ ရှေ့နေဟောင်းတစ်ဦးဖြစ်ကာ ဇနီးသည်ကလည်း သူနာပြုဆရာမတစ်ဦးဖြစ်ခဲ့၍ ပင်စင်လစာကိုယ်စီနဲ့ နေ့စဉ်အသုံးစရိတ်အတွက် လုံလောက်ခဲ့သည်။ ထို့နောက် ဇနီးဖြစ်သူသည် သမီးမိန်းကလေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်ခဲ့ပြီး သမီးလေးမှာအရမ်းချစ်စရာကောင်းလွန်းနေတာကြောင့် စွန့်ပစ်ထားသောသားသမီးတွေမှ … Read more