ယခုနှစ် သြင်္ကန် နေပြည်တော် ရန်ကုန် မန်းလေး……See more နေပြည်တော်မှာ ယခုနှစ် သြင်္ကန်ကျင်းပမယ်လို့ စည်ပင်ပြော မတ်လ ၁၇ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ ယခုနှစ်သြင်္ကန်ပွဲတော်ကျင်းပသွားမှာ ဖြစ်တယ်လို့ နေပြည်တော် စည်ပင်သာယာရေးကောင်မတီမှ တာဝန်ရှိသူတစ်ဦးက မြန်မာ့ပလက်ဖောင်းကို ပြောပါတယ်။ ယင်းက“နေပြည်တော်မှာ ဒီနှစ်သြင်္ကန်လုပ်ဖြစ်မယ်။ ဒါပေမဲ့ ဟိုတုန်းကလို Sky Net မဏ္ဍပ်တို့လို အကြီးကြီးတွေတော့ ခွင့်ပြုမှာ မဟုတ်လောက်ဘူး။ ဝန်ကြီးဌာနတွေကနေပြီး ဌာနဆိုင်ရာလေးတွေအလိုက် လုပ်သွားမှာပေါ့”လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းက နေပြည်တော်မှာ သြင်္ကန်ကျင်းပမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့သလို နေပြည်တော်မြို့တော်ခန်းမအရှေ့မှာ မြို့တော်ဝန်မဟာသြင်္ကန်မဏ္ဍာပ်တည်ဆောက်ခဲ့သော်လည်း ပြန်လည်ဖျက်သိမ်းခဲ့ပါတယ်။ Credit Unicode ယခုနှဈ သငြျကှနြ နပှညေတြောြ ရနကြုနြ မနြးလေး……See more နပှညေတြောမြှာ ယခုနှဈ သငြျကှနကြငွြးပမယလြို့ စညပြငပြှော […]
Day: March 18, 2022
ဖိနပ်တစ်ရံရဲ့ အလှူဒါနကြောင့် သေရွာမှပြန်လာသူ
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ဒီနေ့မှာတော့ ရုတ်တစ်ရက် လှူလိုက်တဲ့ ဖိနပ်တစ်ရံအလှူကြောင့် သေပြီးနောက် ငရဲကနေလွတ်ပြီး သေရွာမှပြန်လာသူ တစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ ကုသိုလ်ရဲ့ အကျိုးသက်ရောက်မှုကို စေတနာဖြင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကျွန်တော့်နားမှာပေါ့ ဆရာဝန်တွေ ပျာယာခတ်နေကြပါတယ်။ ကျွန်တော့်ခန္ဓာကိုယ်ကိုလည်း စက်ကိရိယာ အမျိုးမျိုးနဲ့ဖိကြ နှိပ်ကြပေမဲ့ လုံးဝ နာကျဉ်ခြင်း မရှိပါဘူး။ ပကတိ လွတ်လပ်ပေါ့ပါးခြင်း အရသာလိုအေးချမ်းလိုက်တာ။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ကျွန်တော့်ရုပ် ခန္ဓာကို တစ်ချက်စိုက်ကြည့်လိုက်ပြီးအခန်းအပြင်ဘက်ကို ထွက်လိုက်တော့… ဟင်…ခုံတန်းလေးပေါ်မှာထိုင်နေတဲ့ ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်သားလေး စိုးရိမ်ပူပန်မှုတွေ သောကတွေ အပြည့်နဲ့ပါလား မျက်ရည်တွေစီးကျနေတဲ့ ဇနီးသည်နဲ့ သားလေးဆီကို သွားမလို့ ခြေလှမ်းလိုက် ချိန်မှာအလွန်ကြီးမားတဲ့ အင်အားတစ်ခုက ဆွဲယူလိုက်သလို ကျွန်တော့်ခန္ဓာကိုယ်ဟာ ပြတင်းပေါက်ကနေ တဆင့်လမ်းမကြီး တစ်ခုပေါ်ကိုရောက်သွားပါတယ်။ ဖြောင့်တန်းနေတဲ့ လမ်းမကြီးပေါ်မှာ ကျွန်တော့်ရှေ့က သွားနေကြတဲ့ […]
“ယူကရိန်းစစ်ပွဲ ၂၁ ရက်မြောက် နောက်ဆုံး အခြေအနေ”
– ပိတ်မိနေတဲ့ ယူကရိန်းအရှေ့တောင်ပိုင်းက မာရီအာပိုလ်မြို့ မှာ အရပ်သားရာချီပြီးခိုလှုံနေတဲ့ ပြဇာတ်ရုံကို ရုရှားက တိုက်ခိုက်လို့ လူအများအပြားသေဆုံးပါတယ်။ လူ ၁၀၀၀ ကနေ ၁၂၀၀ လောက်ရှိပြီး သေဆုံးသူစာရင်းမရသေးဘူးလို့ မြို့တော်ဝန်ကပြောပါတယ်။ – မြောက်ဘက်က မြို့ ချယ်နီဟိဗ် မှာ ပေါင်မုန့်ဝယ်ဖို့ တန်းစီနေတဲ့ လူ၁၀ဦး ရုရှားလက်နက်ကြီးထိမှန်ပြီးသေဆုံးသွားပါတယ်။ – အမေရိကန်သမ္မတ ဂျိုဘာဒင်က သမ္မတ ပူတင်ကို စစ်ရာဇဝတ်ကောင်လို့ ရည်ညွှန်းလိုက်ပါတယ်။ – ရုရှားက ဘာဒင်ရဲ့ စကားက လက်သင့်ခံနိုင်စရာမရှိသလို ခွင့်လွှတ်နိုင်စရာမရှိတဲ့ ပြောဆိုချက်လို့ ချက်ချင်းပြန်တုံ့ပြန်လိုက်ပါတယ်။ အမေရိကန်က ကမ္ဘာအနှံ့ လူထောင်ပေါင်းများစွာ သတ်ဖြတ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ – ယူကရိန်းသမ္မတ ဗိုလိုဒိုမီယာ ဇလန်စကီးက အမေရိကန် ကွန်ဂရက်ကို ဗီဒီယိုကနေ မိန့်ခွန်းပြောပါတယ်။ လေယာဥ်မပျံသန်းရဇုံ […]
“သတိမမူမိရင် စွန့်သူရော ယူသူပါ ခိုးမှုမြောက်နိုင်တဲ့ ဘုန်းကြီးကျောင်းမှ ဆွမ်းဟင်း ပြန်စွန့်ယူခြင်း အကြောင်း”
ဆွမ်းကျန်များကို ဒကာဒကာမတွေ ယူသွားလို့ ရသလား သင်တန်းသားတစ်ဦး မေး။ ။ ဘုန်းကြီးကျောင်းက ဆွမ်းကျန်၊ ပန်း၊ သစ်သီးတို့ကို ဒကာ ဒကာမတွေ ယူလို့ရပါသလား ဘုရား။ ဆရာတော် အဖြေ။ ။ သံဃိက ဆိုရင်တော့ ယူလို့မရဘူး၊ ဘုန်းကြီးတစ်ပါးတည်းလည်း မပိုင်ဘူးလေ။ ဘုန်းကြီး ပုဂ္ဂလိကပိုင် ဖြစ်ရင်တောင်မှ ဒီအတိုင်း ယူလို့မရဘူး။ ဝေယျာဝစ္စ လုပ်ပြီးတော့ သုံးခွင့် ရှိတာပေါ့၊ ဒါ တစ်ပိုင်းပေါ့နော်။ ကျောင်းပိုင် သံဃာအများပိုင်ဆိုရင်တော့ ဆရာတော်လည်း ပေးပိုင်ခွင့် မရှိဘူး။ ဦးဇင်းတို့ကျောင်းတိုက်ဆိုရင် သံဃာ ၃၀၀ ကျော်ရှိတယ်ပေါ့၊ ၃၀၀ ရှိတယ်၊ အဲဒါကို ဦးဇင်းက ဦးဇင်းနဲ့ ရင်းနှီးတဲ့ ဒကာမတစ်ဦးကို ဒကာမကြီး ဒါယူသွားလို့ ပေးလို့မရဘူး။ ဦးဇင်းပိုင်တာမဟုတ်ဘူး ဒီဥစ္စာက […]
အချိန်လွဲမှားပြီး စားမိလေ့ ရှိတတ်ကြတဲ့ အစားအသောက် (၄) မျိုး
အချိန်လွဲမှားပြီး စားမိလေ့ ရှိတတ်ကြတဲ့ အစားအသောက် (၄) မျိုး ဘယ်အချိန်မျိုးမှာ ဘယ် အစားအသောက်တွေ ကို စားသုံးသင့်တယ် ဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနေပေမဲ့ ကျွန်တော်တို့က အမှတ်တမဲ့နဲ့ပဲ စားမိနေတတ်ကြပါတယ် ။ စားသင့်တဲ့ အချိန် လွဲမှားပြီး စားသောက်နေကြတဲ့ အစား အသောက် (၄) မျိုးကတော့ ၁။ နွားနို့ နွားနို့ကို ညအချိန်မှာ သောက်တာက မှန်ကန်ပါတယ်။ ဒါပေမဲ့ မနက်ခင်းမှာတော့ နွားနို့ မသောက်သင့် ပါဘူး။ မနက်ခင်း အိပ်ရာက ထတဲ့ အခါမှာ ခန္ဓာကိုယ်က တက်ကြွ လန်းဆန်းနေပါတယ်။ ဒါကြောင့် နွားနို့သောက်ဖို့ မလိုသေး တာပါ။ နွားနို့ဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီပိုတွေကို လျော့ချ ပေးနိုင်ပါတယ်။ နောက်ပြီး […]
စမူဆာသည်အဘိုးကြီး နှိုင်းယှဉ်ပြသွားတဲ့ ကိုယ်ပိုင်အလုပ်နဲ့ လခစားဝန်ထမ်းအလုပ်…(အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ်)
စမူဆာသည်အဘိုးကြီး နှိုင်းယှဉ်ပြသွားတဲ့ ကိုယ်ပိုင်အလုပ်နဲ့ လခစားဝန်ထမ်းအလုပ်…(အရမ်းကောင်းလို့ မျှဝေပေးလိုက်ပါတယ်) အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒေလီမြို့မှာ နာမည်ကြီး စမူဆာဆိုင် တစ်ဆိုင်ရှိတယ်။ စမူဆာလေးတွေဟာ အရသာ အလွန်ရှိတဲ့အတွက်ကြောင့် လူကြိုက် အလွန်များတယ်။ စမူဆာဆိုင်ရဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှာတော့ ကုမ္ပဏီကြီးတစ်ခုရှိတယ်။ နေ့စဉ်လိုလိုပဲ နေ့လည်စာ စားချိန်ဆိုရင် ကုမ္ပဏီဝန်ထမ်းတွေဟာ အဲဒီဆိုင်မှာ လာစားလေ့ ရှိကြတယ်။ တစ်ရက်… နေ့လည်စာ စားချိန်မှာတော့ ကုမ္ပဏီမန်နေဂျာကိုယ်တိုင် နာမည်ကြီး စမူဆာကို လာဆင်းဝယ်တယ်။ အရသာအလွန်ရှိတဲ့ အတွက်ကြောင့် စမူဆာကို ပါဆယ် ထုပ်မသွားတော့ပဲ ဆိုင်မှာ အားပါးတရ ထိုင်စားရင်း… ဆိုင်ရှင်နဲ့ စကားစမြည် ပြောကြည့်မိတယ်။ မန်နေဂျာ က ဆိုင်ရှင် အဘိုးကြီး ကို စမေးလိုက်တယ်။ “ဦးလေး… ဒီလောက် လက်ရာကောင်းတဲ့ စမူဆာကို […]
EPC မီး အခက်အခဲကြောင့် ဆိုလာ တပ်ဆင်ရမလား၊ မီးစက်ပဲ ဝယ်ရမလား ဝေခွဲမရသူတွေအတွက်မျှဝေပေးလိုက်ပါတယ်…
EPC မီး အခက်အခဲကြောင့် ဆိုလာ တပ်ဆင်ရမလား၊ မီးစက်ပဲ ဝယ်ရမလား ဝေခွဲမရသူတွေအတွက်မျှဝေပေးလိုက်ပါတယ်… EPC မီးရပေမယ့် မီးက မကြာမကြာပျက်… အရေးအကြောင်းဆို အားကို မရဘူးဖြစ်နေတဲ့အတွက် မီးစက် (or) ဆိုလာ တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်ဆိုတဲ့ သူများ ဒီဆောင်းပါးကို ဖတ်ပြီး အတွေး တစ်ခုခုရသွားကြမယ်လို့ ယုံကြည့်ပါတယ်။ သာမန် (လူလတ်တန်းစား) မိသားစု နေအိမ်တစ်လုံးစာအတွက် လျှပ်စစ် သုံးစွဲမှုပုံစံ အမျိုးမျိုး ရှိကြပါလိမ့်မယ်။ ပုံမှန်အားဖြင့် မဖြစ်မနေ Lighting တော့ အနည်းဆုံး သုံးကြရမှာ ဖြစ်ပြီး၊ ယနေ့ ခေတ်အလျောက် TV၊ စလောင်းများ အသုံးပြုခြင်း၊ ထမင်းပေါင်းအိုးများ အသုံးပြုခြင်း၊ ဒယ်နီအိုးများ အသုံးပြုခြင်း၊ ရေနွေးအိုးများ အသုံးပြုခြင်း၊ ပန်ကာ အသုံးပြုခြင်း၊ […]






