ကျမ္မာရေး ဗဟုသုတ
ဒူးနာ သူများ/လှေကား အတက်အဆင်း ခက်သူများ ဖတ်ကြည့်ပါ
ကိုယ်တို့ဖေဖေက ဆိုင်ကယ် Accident ခဏခဏ ဖြစ်ဖူးပါတယ်။ဒါကြောင့် ဒူးခေါင်း က အရွတ်ကွာပြီး အတော်နာ နေ ပုံရပါတယ်။ လှေကားအတက်အဆင်း သိပ်မလုပ် ချင်ပါဘူး။ ဖေဖေ့ကို ဆေး ခန်းခေါ် လို့လည်းမရပဲလိမ်းဆေးတွေပဲလူးနေတာ မေမေမဆုံး ခင်ကတည်းကပါပဲ။ ဟိုတစ်ပတ်က အိမ်ရှင်မတို့ အိမ်မှု ကိစ္စ ဗဟုသုတ ဖလှယ်ကြစို့Group မှာအမတစ်ယောက်ပြော တဲ့ သောက်ဆေးလေး ကို သိပ်မခက် လို့ဖေဖေ့ကို ၃ရက်တိုက် ကြည့်တာ အတော် သက်သာတယ်ပြောပါတယ်။ ဆေးနည်းကို စင်ကာပူက တရုတ်တွေ အတော်သောက်ကြတယ်ပြောပါတယ်။ စင်ကာပူမှာ အိမ်အကူ လုပ်ဖူးတဲ့ကောင်မလေးတစ်ယောက်က ပြန်ပြောပြတယ် လို့အဲ့အမက ပြောပါတယ်။ ဆေးနည်းကတော့ ပန်းသီးစိမ်းနဲ့ စပါးလင်ကို ၃ခွက်၁ခွက်ကျို ပြီးအေးအောင်ထားသောက်တာပါပဲ။အရသာက ချဉ်ချဉ်မွှေးမွှေးလေးပါ။ပန်းသီးစိမ်းက တစ် လုံးကို ၆၀၀ကျပ် […]
ဗဟုသုတ
ပိုက်ဆံ ဘယ်လိုစုပါ့မယ် ဗျူဟာလိုပါတယ်
ပိုက်ဆံ ဘယ်လိုစုပါ့မယ် ဗျူဟာလိုပါတယ် ပိုက်ဆံစုတယ်ဆိုတာ ရည်မှန်းချက်တစ်ခုထားပြီး ရေရှည်တည်ဆောက်ထားသင့်တဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ ငွေကြေးအောင်မြင်မှုမှာ ပိုက်ဆံဘယ်လောက်ဝင်တယ်ဆိုတာထက် ဘယ်လောက်စုနိုင်တယ်ဆိုတာက ပိုအရေးကြီးပါတယ်။ လူတွေက မဝင်သေးတဲ့ပိုက်ဆံကို မျှော်ကိုးပြီး အကြွေးယူတတ်ကြတယ်။ ဒါက အဓိက မှားယွင်းနေတဲ့အချက်ပဲ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လိုဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျတင်ပြချင်ပါတယ်။ ၁။ သုံးပြီးမှ မစုလေနဲ့။ လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံစုတတ်ကြတယ်။ တကယ်တမ်းတော့ လစဉ်စုဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။ လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့်ပိုက်ဆံကို သီးသန့်ချန်ထားသင့်ပါတယ်။ ၂။ တံဆိပ်စွဲ မထားလေနဲ့။ ဆယ်သိန်းလောက်ရှိတဲ့ iPhone ဝယ်မယ့်အစား အတန်အသင့်သုံးလို့ကောင်းတဲ့ နှစ်သိန်းတန်စမတ်ဖုန်းတစ်လုံးကို ဝယ်ပြီး ကျန်တဲ့ရှစ်သိန်းကို စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ်ရှိပါတယ်။ နာမည်ကြီးတံဆိပ်ရဲ့နောက်မှာ လိုက်နေတာထက် အရည်အသွေးကောင်းတဲ့ပစ္စည်းကို […]
ၾကားသိရသမွ်
လွန်ခဲ့တဲ့အနှစ် ၂၀ က ခင်ပွန်းဖြစ်သူအိပ်မက်မက်ခဲ့တဲ့နံပါတ်များဖြင့် ထီထိုးခဲ့ရာ ဒေါ်လာ ၆၀ သန်းတန်ထီဆုပေါက်သွားခဲ့တဲ့ အမျိုးသမီး
လွန်ခဲ့တဲ့အနှစ် ၂၀ က ခင်ပွန်းဖြစ်သူအိပ်မက်မက်ခဲ့တဲ့နံပါတ်များဖြင့် ထီထိုးခဲ့ရာ ဒေါ်လာ ၆၀ သန်းတန်ထီဆုပေါက်သွားခဲ့တဲ့ အမျိုးသမီး ကနေဒါနိုင်ငံရှိ အသက် ၅၇ နှစ်အရွယ် Deng Pravatoudom အမည်ရှိအမျိုးသမီးတစ်ဦး ဟာ လွန်ခဲ့တဲ့အနှစ် ၂၀ က ခင်ပွန်းဖြစ်သူအိမ်မက်မက်ခဲ့တဲ့နံပါတ်များကို အသုံးပြုပြီး ထီထိုးခဲ့ရာ ဒေါ်လာသန်း ၆၀ တန် Lotto Max jackpot ကို ပေါက်သွားခဲ့ကြောင်းကို မျှဝေခဲ့ပါတယ်။ ပြီးခဲ့တဲ့လမှာ Pravatoudom ဟာ ဘဏ်မှာငွေတောင်းခံလွှာအချို့ကိုပေးချေနေစဉ် ကားထဲမှာရှိနေတဲ့သူမရဲ့ခင်ပွန်းက ထီလက်မှတ်ကို စစ်ဆေးနေခဲ့ပါတယ်။ သူမဟာ ကားထဲသို့ရောက်လာတော့ ခင်ပွန်းဖြစ်သူက ဒေါ်လာသန်း ၆၀ ထီဆုပေါက်ခဲ့တယ်လို့ သူမအား အလေးအနက်ပြောပြခဲ့ပါတယ်။ခင်ပွန်းဖြစ်သူက အတည်ပေါက်ကြီးပြောနေတယ်ဆိုတာ သူမသိသွားတဲ့ချိန်မှာတော့ သူမဟာ မျက်ရည်ကျသွားခဲ့ပါတယ်။ သူမဟာ မိသားစုကို ပြုစုစောင့်ရှောက်နိုင်မယ့် ကောင်းချီးတစ်ခုကို […]
ကြားသိရသမျှ
စနေ/တနင်္ဂနွေ ပိတ်ရက် ဖွင့်လှစ်နေသော 2D /3D လောင်းစကား အက်ပီကလေးရှင်းများကို နေပြည်တော် ရဲတပ်ဖွဲ့က စုံစမ်းနေ
ကြားသိရသမျှ
လေးဂွလို့အမည်ပေးထားတဲ့ ဓါတ်ပုံ World Press Photo ဆုရရှိ…
မန်မာ့နွေဦးတော်လှန်ရေးအတွင်းမှာ လူငယ်တွေက လေးဂွကိုယ်စီနဲ့ ဒီမိုကရေစီကို ကာကွယ်နေတဲ့ ပုံတစ်ပုံကို သြဇာကြီးမားတဲ့ World Press Photo က ဆုပေးခဲ့တယ်လို့သိရပါတယ်။ ဒီနှစ်အတွက်ဆုမှာ မြန်မာပြည် က အမည်မဖော်ပြမထားတဲ့ ဓာတ့်ပုံဆရာ တစ်ယောက်က လေးခွလို့ အမည် ပေးထားတဲ့ ပုံနဲ့ ဆုရခဲ့ပါတယ်။ မြန်မာပြည်သူတွေဟာ ကြီးမားတဲ့ စစ်တပ်ကို လေးဂွနဲ့ ပစ်တယ်ဆိုတာ ဒီမိုကရေစီကို ကာကွယ်ဖို့အတွက် သန္နဌန် ချထားတဲ့ ပြည်သူတွေရဲ့ ကြီးမားတဲ့ ပုံရိပ်သင်္ကေတ ဖြစ်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က မှတ်ချက် ပေးထားတာလည်းဖြစ်ပါတယ်။ အခြား တာမွေလို့ အမည်ပေးထားတဲ့ ဓာတ်ပုံဆရာကလည်း နွေဦးတော်လှန်ရေး ဆန္ဒပြမှုတွေမှာ အဖြူမဲ ဓာတ်ပုံတွေနဲ့ ဆုရပါသေးတယ်။ World Press Photo အဖွဲ့ကို ၁၉၅၅ ခုနှစကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး အကျိုးအမြတ်မယူတဲ့ […]
မိုးေလ၀သ
၂၀၂၂ ဧပြီပထမပတ်အတွင်း ဧပြီမိုးတွေ စတင်ရွာသွန်းမယ့်ဒေသများကို ခန့်မှန်းပေးလိုက်တဲ့ မိုးနတ်သမီးလေး စုစုစံ
၂၀၂၂ ဧပြီပထမပတ်အတွင်း ဧပြီမိုးတွေ စတင်ရွာသွန်းမယ့်ဒေသများကို ခန့်မှန်းပေးလိုက်တဲ့ မိုးနတ်သမီးလေး စုစုစံ မိုင်ဆွန်ခ💖💖💖စိမ့်စမ်းရေတွေ ရေမခမ်းတော့ပါ ၂၀၂၂ ဧပြီလ ၁ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် တာချီလိတ်ခရိုင်တွေမှာ မိုးများရွာသွန်းနိုင်ပါတယ် နွေရာသီရေရှားပါးမှု့ အခက်အခဲမှ ကင်းဝေးပါစေ ခန့်မှန်းချိန် 25/03/2022 at8:24AM၊ ကော့သောင်း ဘုတ်ပြင်း မိုးရွာနိုင်ပါတယ် ကချင်ပြည်နယ်မိုး⛈⛈မြစ်ကြီးနား ဝိုင်းမော် ဝါရှောင် ဆဒုံး မြစ်ဆုံ ချီဘွေ ပန်းဝါ ခေါင်လန်ဖူး ဆွမ်ပရာဘွမ် ပူတာအို မချမ်းဘော အထက်ဆန်ခေါင် နောင်မွန်း ပန်နန်းဒင် ဒေသများမိုးရွာနိုင်ပါတယ် TROPICAL LOW CELL တွေကြောင့်ပေါ့ လအဝေးကြီး ကြိုတင် ခန့်မှန်းပေးထားတဲ့ အတိုင်း မြန်မာနိုင်ငံမှာ ဧပြီမိုးတွေရွာလိမ့်မယ် ခန့်မှန်းချိန် 25/03/2022 at 10:00AM ဧပြီမိုးစမယ်နော် […]
ၾကားသိရသမွ်
မိန်းမ (ဇနီး) နဲ့ ချစ်သူ(အငယ်စမော) ကွာခြားချက်မျာ
မိန်းမ (ဇနီး) နဲ့ ချစ်သူ(အငယ်စမော) ကွာခြားချက်များ မိန်းမ (ဇနီး) နဲ့ ချစ်သူ(အငယ်စမော) ကွာခြားချက် မိန်းမက TV နဲ့တူတယ်။ချစ်သူက စမတ်ဖုန်းနဲ့ တူတယ်။ ခများ…အိမ်မှာနေရင် TV ကြည့်ပေမယ့် အပြင်ထွက်ရင်တော့ ဖုန်းကိုပဲ ယူသွားတယ် မဟုတ်လား။ ဒါတောင်…TV ကို တခါတရံမှ ကြည့်ပြီး၊ ဖုန်းကိုတော့ အချိန်ပြည့် ပွတ်နေတာပဲလေ။ သို့သော်…TV က အစီအစဉ်တွေကို အလကားကြည့်လို့ ရပေမယ့်၊ဖုန်းကတော့ ငွေမဖြည့်တာနဲ့ လိုင်းဖြတ်သွားပြီသာမှတ်။ TV က ကြီးတယ်၊ လေးတယ်၊ အိုဟောင်းတဲ့အထိ အကြာကြီး သုံးရတယ်။ ဖုန်းကတော့ သေးတယ် လှပတယ် အလွယ်တကူ သယ်သွားလို့ ရတယ်၊ ၂ နှစ်ကို တစ်ကြိမ်လောက် အသစ်လဲကိုင်လို့ ရတယ်။ TV […]
ၾကားသိရသမွ်
မိမိအိမ် မီတာခ သက်သာစေနိုင်ဖို့ အိမ်သုံးလျှပ်စစ် မီတာ တွက်နည်း…
လစဉ် အိမ်သုံးမီတာခတွေများနေလို့ အကုန်အကျများနေသူများအတွက် ချိန်ဆပြီးအသုံးပြုနိုင်စေဖို့ အိမ်သုံးလျှပ်စစ် မီတာ တွက်နည်းအကြောင်းဖော်ပြပေးလိုက်ရပါတယ်။ တွက်နည်းကိုသိထားတဲ့အတွက် ချိန်ဆ တွက်ပြီးသုံးတတ်မယ်ဆိုလျှင် မီတာခကုန်ကျစရိတ်သက်သာစေနိုင်မှာဖြစ်သလို မိမိအိမ်မှာရှိတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ သုံးစွဲနှုန်းယူနစ်နဲ့ ကုန်ကျစရိတ်ကိုတွက်ကြည့်ပြီး မီတာခကို ကြိုတင်ခန့်မှန်းကြည့်လို့ရပါတယ်။ မီတာခတွက်နည်း (၁)၁၀၀၀ ဝပ် ၁ နာရီ ၁ ယူနစ်” ပုံသေနည်းနဲ့ မီတာခ ကုန်ကျစရိတ်ကို တွက်ကြည့်လို့ရပါတယ်။ လျှပ်စစ်ပစ္စည်းတွေမှာလျှပ်စစ်ပါဝါသုံးစွဲနှုန်းတွေရှိပါတယ်။ ပစ္စည်းရဲ့ Specification တွေမှာ Power Consumption ကိုဖတ်ကြည့်ပါ။ Watt နဲ့တိုင်းပါတယ်။ အောက်ပါ အတိုင်း ဥပမာတွေနဲ့တွက်ထားတာကို လေ့လာကြည့်ပါ။ အိမ်သုံး မီတာခနှုန်းထားမှာ ၁ ယူနစ်မှ ယူနစ် ၃၀ အထိ ၃၅ ကျပ်နှုန်း ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ […]
ကြားသိရသမျှ
ဆိုင်နားမှာ ကျနေတဲ့လွယ်အိတ်လေးတစ်လုံးကို အချိန်အတော်ကြာ မကောက်ရဲဘူး နောက်မနေနိုင်လို့ သွားဖွင့်ကြည့်လိုက်တဲ့အခါ….
မိုးလေ၀သ
၂၀၂၂ ဧပြီလအတွင်း မိုးတွေဆက်တိုက်ရှိသလို မေလမိုးဦးစောနိုင်သည့် ဒေသများကို ခန့်မှန်းပေးလိုက်တဲ့ မိုးနတ်သမီးလေး စုစုစံ
04/04/2022 ရက်နေ့တွင် ကချင်ပြည်နယ် မြောက်ပိုင်း မိုးကြီးနိုင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် သံလွင်မြစ်ဖျား လီဇူးဒေသ မိုးကြီးရေလျှံနိုင်ပါတယ် 05/04/2022 ရှမ်းပြည်နယ် သံလွင်မြစ်ရေ များစွာတိုးလာ နိုင်ပါတယ် ခန့်မှန်းချိန် 26/03/2022 at 2:35PM ဆားထုတ်လုပ်ချိန်မပေးတဲ့မိုး⛈⛈⛈ ၂၀၂၂ မတ်လ ၃၀ရက်နေ့တွင် မွန်ပြည်နယ် ကရင်ပြည်နယ်တွေမှာ မိုးတွေရွာပါဦးမယ် လျှပ်စီးမိုးကြိုး အန္တရာယ်ရှိပါတယ် ခန့်မှန်းချိန် 26/03/2022at 11:57AM မုံရွာ ရွှေဘို စစ်ကိုင်း မန္တလေး ကျောက်ဆည် ပြင်ဦးလွင် မိုးတိမ်တွေဖုံးပြီးအပူလျော့စေနိုင်ပါတယ် မိုးကုတ်ကတော့ ညနေပိုင်းမိုးအနည်းငယ်ရွာနိုင်ပါတယ် 26/03/2022 at 8:30AM မိုးသတိ 🌾🌾🌾⛈⛈⛈⛈⛈ ၂၀၂၂ ဧပြီလ ၂ရက်နေ့ ၃ရက်နေ့တွေမှာ ကရင်ပြည်နယ် မွန်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်းတွေမှာ မိုးတွေရွာနိုင်ပါတယ် […]