သင်ရွေးချယ်လိုက်တဲ့ လက်စွပ်ဘူးလေးကပြောပြပေးမယ့် သင့်ရဲ့လက်တွဲဖော်အကြောင်း နံပါတ် ၁ သင့်ရဲ့လက်တွဲဖော်က သင့်အပေါ်မှီခိုတာမျိုးမရှိဘဲ ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူမျိုးပါ။ သူ့ဘဝမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချတိုင်း သင့်ကိုပါအမြဲ ထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ သင့်ကိုလည်း လိုက်ချုပ်ချယ်တာမျိုးမလုပ်ပဲ ယုံကြည်မှုအပြည့်နဲ့ လွတ်လပ်ခွင့်တွေ ပေးထားတတ်ပါတယ်။ ဒါ့အပြင် သင့်ကို အဖက်ဖက်က ကူညီပံ့ပိုးတာမျိုးတွေ လုပ်ပေးတက်ပါသေးတယ်။ သင့်ရဲ့လက်တွဲဖော်က သင့်ကိုပိုပြီးကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်အောင် တည်ဆောက်ပေးပြီး သင့်ရဲ့ဘေးနားမှာ အမြဲကောင်းအတူ၊ ဆိုးအတူ ရှိနေပေးတတ်ပါတယ်။ နံပါတ် ၂ သင့်ရဲ့လက်တွဲဖော်က ပေးဆပ်သူတစ်ယောက်ပါ။ ပြောရမယ်ဆိုရင် အပေးပဲရှိပြီး အယူမရှိတာမျိုးပေါ့။ တစ်ဖက်လူ အဆင်ပြေနေရင်ကိုပဲ သူ့ဘက်က ကျေနပ်ပြီး ပျော်ရွှင်နေတဲ့သူမျိုးပါ။ သင်ဟာ တစ်ခါတစ်ရံသင့်ရဲ့လက်တွဲဖော်ကိုတောင် အားနာနေရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက သင့်ကိုအဆင်ပြေအောင် လုပ်ပေးနေရတာနဲ့ပဲ သူကိုယ်သူ ဂရုစိုက်ဖို့တောင် မေ့နေတတ်လို့ပါ။ သင့်ရဲ့မိသားစုကိုလည်း အရမ်းချစ်ပေးတက်ပြီး […]
Day: May 20, 2022
မိန်းမဖြစ်သူကိုယ်ဝန်ရှိနေချိန်နောက်မိန်းမယူချင်တဲ့ယောကျ်ားကိုစိတ်နာနာနဲ့မိန်းမဖြစ်သူမှ… See more
Zawgyi မိန်းမဖြစ်သူကိုယ်ဝန်ရှိနေချိန်နောက်မိန်းမယူချင်တဲ့ယောက်ျားကိုစိတ်နာနာနဲ့မိန်းမဖြစ်သူမှ… See more အိမ်ထောင်သက် ၄ လသာရှိသေးပြီး မိန်းမက ကိုယ်ဝန်လွယ်ထားရချိန်တွင် နောက်ထပ် မိန်းမတစ်ယောက် ထပ်ယူရန်ကြိုးစားနေသော လင်ယောက်ျားကို မိန်းမဖြစ်သူမှ ဓါးဖြင့် ခုတ်သတ်မှုတစ်ခု ဆွာမြို့တွင် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ယမန်နေ့ညနေ ၅ နာရီအချိန်က ရေတာရှည်မြို့နယ် ဆွာမြို့အနောက်ဘက် မိုင် ၂၀ ခန့်ကွာဝေးသည့် ဆန်တော်ပို့အုပ်စု၊ ဇဝင်းကျေးရွာ လှည်းပွဲလေးကွင်းတွင် လင်မယားနှစ်ယောက် စကားများကြရာမှ မိန်းမဖြစ်သူက ခင်းပွန်းသည် အောင်ကိုလတ် (၂၀ နှစ်) ကို ဓါးဖြင့်ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ ဇနီးသည်ဖြစ်သူ မဇင်မာဝင်း ၂၃ နှစ်၏ ပြောပြချက်အရ – “သူတို့ပိုက်ဆံရှိတယ်၊ ကျမတို့ကဆင်းရဲပါတယ်။ အိမ်ထောင်ကျတာ လေးလပဲရှိသေးတာ ကိုယ်ဝန်ရကတည်းက သူနောက်မိန်းမတစ်ယောက် ယူဖို့ကြိုးစားနေတော့ ကျမကိုကွာရှင်းခိုင်းတယ် … ငွေဘယ်လောက်ပေးရပေးရ […]
ငါမသိဘဲ စားခဲ့မိတဲ့ အတွက် တောင်းပန်ပါတယ်
ငါမသိဘဲ စားခဲ့မိတဲ့ အတွက် တောင်းပန်ပါတယ် ငရဲကြီးရှစ်ထပ်မှာ နာကျင်မှုဝေဒနာငရဲဘုံဆိုတာရှိပါတယ်။ သူတို့ ခံစားနေရတဲ့ ဝဋ်ဒုက္ခတွေဟာ လက်ရှိလူတွေ စားနေတဲ့ ပရစ်တွေရဲ့ ဘဝနဲ့ ဆင်တူပါတယ်။ ပရစ်ကြော်ကို ကျွန်တော်လဲ အရင်ကအရမ်းကြိုက်ခဲ့ပါတယ်။ နယ်ပြန်တော့ ကြော်ပုံကြော်နည်းအဆင့်ဆင့်တွေကို သိလိုက်ရပြီးနောက်ပိုင်း လုံးဝမစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အရမ်းစားကောင်းတယ်၊ အရမ်းလတ်ဆက်တယ်ဆိုတာ ညှင်းပန်းနှိပ်စက်ပြီးမှ သေရတာဖြစ်လို့ ပိုပြီး လက်ဆက် ပိုစားကောင်း ခံတွင်းမြိန်စေတာပါ။ ပရစ်ကို အရင်ဆုံး ရေသန့်ဗူးထဲ ကောက်ကောက်ထည့်ပါတယ်။ရေသန့်ဗူးထဲမှာ ရေအနည်းငယ်ထည့်ထားပါတယ်။ အဲတော့ သူတို့တွေဟာ မသေသေးပါဘူး။ ဗူးထဲမှာဖြစ်တဲ့အတွက် လေကောင်းကောင်းမရတဲ့အတွက် မျော့မျော့လေးသာ ရှိနေပါတယ်။ အဲဒီမျော့မျော့ လေးရှိနေပေမယ့် နာကျင်မှု အသိစိတ်တော့ ကောင်းကောင်းသိနေရပါသေးတယ်။ အဲလို အသက်ရှုကြပ်ပြီး မျော့နေတဲ့အတွက် ဗူးထဲကနေ အပြင်ကို သူတို့ကို ထုတ်တဲ့အခါ သူတို့ဟာ […]
မြွေတစ်ကောင်အဆိပ်ရှိမရှိ လွယ်ကူစွာ သိနိုင်မယ့် နည်းလမ်းများ
ကမ္ဘာပေါ်မှာ မြွေမျိုးစိတ်ပေါင်းရာချီရှိပြီး အဆိပ်မရှိတဲ့မြွေမျိုးစိတ်တွေလည်းရှိပါတယ်။ ဘယ်သူမဆို မြွေဆိုတဲ့သတ္တဝါကိုမြင်တာနဲ့ အဆိပ်ရှိတယ်လို့ပဲသတ်မှတ်ပြီး ဝေးဝေးကရှောင်ကြလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်မြင်တဲ့မြွေဟာ အဆိပ်ရှိမရှိကို မြင်တာနဲ့သိနိုင်တယ်ဆိုရင် ပိုမကောင်းဘူးလား ။ အခုလည်း မြွေကို ကြည့်ရုံအဆိပ်ရှိမရှိသိနိုင်မယ့်နည်းလမ်းလေးတွေကိုပြောပြသွားမှာပါ ။ ၁- မျက်လုံး အဆိပ်မရှိတဲ့မြွေတွေရဲ့မျက်လုံးထဲမှသူငယ်အိမ်ကတော့ခပ်ဝိုင်းဝိုင်းအနေအထားရှိတဲ့ အဆိပ်ရှိတဲ့မြွေတွေကတော့ ဒေါင်လိုက်ရှည်မြောမြောအနေအထားရှိပါတယ်။ ဒါပေမယ့် အာဖရိကမှမြွေဟောက်နက် ၊ မြွေပွေး မျိုးစိတ်တွေနဲ့ တာပန်မြွေတွေကတော့ အဆိပ်ရှိပေမယ့် ခပ်ဝိုင်းဝိုင်းသူငယ်အိမ်ရှိပါတယ်။ ၂- အပူအာရုံခံပေါက် များသောအားဖြင့် အဆိပ်ရှိတဲ့မြွေတွေမှာ မျက်လုံးနဲ့နှာခေါင်းကြားအလည်တည့်တည့်မှာ သားကောင်တွေကိုအာရုံခံနိုင်မယ့် အပူအာရုံခံပေါက်ပါရှိပါတယ်။ ၃- ပါးပျဉ်း အဆိပ်ရှိတဲ့မြွေအများစုဟာ လည်ပင်းသေးငယ်ပြီးတော့ ပါးပြင်းခွက်လေ့ရှိပါတယ် ။ အဆိပ်မရှိတဲ့မြွေတွေကတော့ ခေါင်းခပ်လုံးလုံးပုံသဏ္ဍာန်ရှိပါတယ်။ ၄- အမြှီး အဆိပ်မရှိတဲ့မြွေတွေရဲ့ အမြှီးဟာ အကြေးခွံနှစ်ထပ်ဖြစ်နေလေ့ရှိပြီး အဆိပ်ရှိတဲ့မြွေတွေရဲ့အမြှီးကတော့ အရစ်အရစ်ပုံစံမျိုးပေါ်နေလေ့ရှိပါတယ်။ ၅- အရောင် အဆိပ်ရှိတဲ့မြွေအများစုဟာ […]
လက်ဖြင့်ချုပ်လုပ်တဲ့ သားရေဖိနပ်တွေကို မင်းမျိုးမင်းနွယ်တို့ကို ရောင်းချပေးနိုင်တဲ့အထိ ဖက်ရှင်ကျအောင်လုပ်နိုင်ခဲ့တဲ့ အဘိုးအို
လက်ဖြင့်ချုပ်လုပ်တဲ့ သားရေဖိနပ်တွေကို မင်းမျိုးမင်းနွယ်တို့ကို ရောင်းချပေးနိုင်တဲ့အထိ ဖက်ရှင်ကျအောင်လုပ်နိုင်ခဲ့တဲ့ အဘိုးအို ကိုယ်တိုင်သင်ကြားတဲ့ ဖိနပ်ချုပ်လုပ်သူဟာ ဗီယက်နမ်နိုင်ငံ Saigon မြို့ရှိ သူ့ရဲ့ အလုပ်ရုံဆွေးနွေးပွဲမှ ကမ္ဘာပေါ်မှာ အကောင်းဆုံးသောသားရေဖိနပ်အချို့ကို ဖက်ရှင်ကျအောင်ပြုလုပ်နိုင်ခဲ့ပါတယ် ။ အသက် ၈၉ နှစ်ရှိ Trinh Ngoc အမည်ရှိ အဘိုးအိုဟာ ကမ္ဘာ့ခေါင်းဆောင်များရဲ့ အလိုလိုက်တဲ့ဖိနပ်များကို လက်မှုပညာဖြင့် ဆက်လက်လုပ်ဆောင်ခဲ့ပါတယ် ။ သူက ဖိနပ်ချုပ်ခြင်းကို ငယ်ဆင်ကပင် စတင်ခဲ့ပြီး Ngoc ရဲ့အစ်ကိုက ခရီးဆောင်အိတ်များ ပြုလုပ်ရန် လေ့ကျင့်ခဲ့ပါတယ် ။ မကြာခင်မှာ Ngoc တို့မိသားစုက ဖနွမ်းပင်ကို ပြောင်းသွားပြီး ပြင်သစ်မြို့သစ်တစ်မြို့မှာ ဖိနပ်ဆိုင်ဖွင့်ခဲ့ပါတယ် ။ အစပိုင်းမှာ လူတွေက Ngocသူလက်ရာကိုအယုံအကြည်မရှိဘဲ၊ သူ့ဖိနပ်ရဲ့ အရည်အသွေးက မသန့်ရှင်းသေးတာကြောင့် ဖြစ်ပါတယ် ။ […]
” မင်းမိန်းမနဲ့ ဘာလို့ကွာရှင်းချင်တာလဲ” တရားသူကြီးက မေးသောအခါ…
” မင်းမိန်းမနဲ့ ဘာလို့ကွာရှင်းချင်တာလဲ” တရားသူကြီးက မေးတယ်… “ကျနော့ကို နေ့စဉ် ကြက်သွန်ဖြူခွာခိုင်းတယ် ကြက်သွန်နီလှီးခိုင်းတယ် ပန်းကန် ဆေးခိုင်းတယ် အဲဒါကြောင့်” ” အဲဒါ ဘာများ အပန်းကြီးလဲ… လွယ်လွယ်လေးဟာကို…. ကြက်သွန်ဖြူမခွာခင် မီးအပူလေး ပေးလိုက်… အခွံခွာရတာ လွယ်သွားမယ်… ကြက်သွန်နီလှီးခိုင်းရင် လှီးမဲ့ကြက်သွန်ကို ရေခဲသေတ္တာအထဲ ခဏထား.. နောက်လှီးကြည့်… မျက်စိမစပ်တော့ဘူးပေါ့… ဒီလိုပဲလေ..ပန်းကန်လည်း မဆေးခင် ရေထဲ ဆယ်မိနစ်လောက်စိမ်ထား ဆေးရတာ လွယ်လွယ်လေး… ဒါပေမဲ့..မင်းကို အဝတ်တော့ မလျှော်ခိုင်းသေးဘူး မဟုတ်လား… နောက် အဝတ်လျှော်ခိုင်းရင် ဒီလိုလုပ်ကွ သေချာမှတ်ထား…. အဝတ်မလျှော်ခင် ဆပ်ပြာရည်အထဲ မှာ အဝတ်ကို ဆယ့်ငါးမိနစ်လောက် စိမ်ထား… ဂျီးတွေ သူ့အလိုလို ထွက်လာမယ်… လျှော်တဲ့အချိန် အားသုံးစရာ မလိုတော့ဘူးပေါ့.. ပြီးတော့…သနပ်ခါး..သွေး…” […]
ဗြိတိန်၊ အမေရိကန်၊ စပိန်နဲ့ ပေါ်တူဂီတို့မှာ ထူးဆန်းတဲ့ ရောဂါတမျိုး ကူးစက်ပျံ့နှံ့နေ …
ထူးဆန်းတဲ့ မျောက်ကျောက်ရောဂါ ဗြိတိန်၊ အမေရိကန်၊ စပိန်နဲ့ ပေါ်တူဂီတို့မှာ ကူးစက်ပျံ့နှံ့နေ ( ငဗစ်ပြီးတော့ လာပြန်ပြီ နောက်တမျိုးဟေ့ ) ထူးဆန်းတဲ့ မျောက်ကျောက်(Monkey Pox) ရောဂါတမျိုးဟာ ဗြိတိန်၊ အမေရိကန်၊ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတို့ မှာ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလျှက်ရှိနေပါတယ်။ ဗြိတိန်၊ ပေါ်တူဂီတို့မှာ တွေ့ရှိပြီးသားဖြစ်တဲ့ ဗိုင်းရပ်စ်နဲ့ဆင်တူတဲ့ လက္ခဏာတွေတွေ့ရှိပြီးနောက် လူ ၂၃ ဦးမှာ မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်ခြေရှိတယ်လို့ စပိန်အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။ သံသယလူနာတွေကို အတည်မပြုရသေးပေမယ့် တနိုင်ငံလုံးကို သတိပေးချက်ထုတ်ပြန်ထားကြောင်း၊ ယေဘုယျအားဖြင့် မျောက်ကျောက်ရောဂါဟာ အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်လေ့ရှိပေမယ့် လက်ရှိလူနာတွေကတော့ လိင်မှတဆင့်ကူးစက်တဲ့ လက္ခဏာရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ပေါ်တူဂီမှာတော့ ကူးစက်ခံရသူငါးဦး အတည်ပြုထားပြီး နောက်ထပ် သံသယလူနာ ၁၅ ဦးကို စစ်ဆေးမှုတွေ […]