အသိပညာ
လူအတော်များများက ကုမ္ပဏီဝန်ထမ်းဘ၀ကို မက်မောအထင်ကြီး ရယူလိုကြတယ် (ဒါလေးဖတ်ကြည့်ပါ)
လူအတော်များများက ကုမ္ပဏီဝန်ထမ်းဘ၀ကို မက်မောအထင်ကြီး ရယူလိုကြတယ် ယူနီဖောင်းလေးနဲ့အလုပ်သွား laptopနဲ့လုပ်ရတဲ့အလုပ်ဆိုတော့ အေးအေးဆေးဆေးကျော့မော့တာတော့ အမှန်ပဲပေါ့ လူမြင်လည်းတင့်တယ် ပတ်ဝန်းကျင်က ဘာအလုပ် လုပ်လဲမေးရင် Marketing/ HR/PR/Accounting စသဖြင့် ကိုယ်တာဝန်ယူရတဲ့ ကုမ္ပဏီရဲ့ဌာနအပိုင်းတွေကို ဘိုလိုဖြေရတော့ ပတ်ဝန်းကျင်ကလည်း အထင်ကြီးတော့အဆင်လည်းပြေတာပေါ့ ဒါပေမယ့် အဲကုမ္ပဏီဝန်ထမ်းဖြစ်ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး နှစ်များစွာအချိန် ဉာဏ် ငွေရင်းနှီးထားရတဲ့ ဘွဲ့တစ်ခုအပြင် သင်တန်းနဲ့အတွေ့အကြုံ များစွာရှိမှ လစာ2သိန်းလောက်ကစရတာမျိုး လစာ3သိန်း 5သိန်း 10သိန်းပေးရင်ကိုတော်တော်များတဲ့ပမာဏပဲလို့ထင်နေရပြီ အမှန် အဲပမာဏက ဘာမှမဟုတ်ဘူး နေနိုင်စားနိုင်ရုံအဆင့်ပဲရှိတာ ကိုယ်ပိုင်လုပ်ငန်းနဲ့ကုမ္ပဏီဝန်ထမ်းက သူ့ဟာနဲ့သူအားသာချက် အားနည်းချက်ရှိတယ် ကုမ္ပဏီဝန်ထမ်းရဲ့အားသာချက်က ပုံစံကျော့မော့တယ် လကုန်တိုင်းလစာပုံမှန်ရတယ် ဒီအလုပ်ကမထွက်မချင်း ဒီအလုပ်မှာလုပ်နေသရွေ့ ပိုက်ဆံ(လစာ)ကတော့လကုန်တိုင်းရနေဖို့သေချာတယ် အားနည်းချက်ကတော့ ကိုယ့်ကိုကိုယ် ပိတ်ရက်ကလွဲရင်မပိုင်ဘူး အချိန်နဲ့သွား အချိန်နဲ့စားရတယ် ဖိအားများတယ် ကိုယ်မှန်တောင်မှ အထက်လူကြီးဆို သည်းခံရတယ် […]
ကြားသိရသမျှ
တရားရင်ဆိုင်နေရတဲ့သံသယရှိသူအမျိုးသမီးတစ်ဦးရဲ့ကလေးငယ်အား ဂရုဏာကြီးစွာ နို့တိုက်ကျွေးပေးနေခဲ့တဲ့ ရဲမေတစ်ဦး တရုတ်န်ိုင်ငံရှိ တရားရင်ဆိုင်နေရတဲ့ Hao Lina အမည်ရှိသံသယရှိအမျိုးသမီးတစ်ဦးရဲ့ကလေးငယ်ကို နို့တိုက်ကျွေးပေးနေခဲ့တဲ့ Ms. Hao အမည်ရှိရဲမေတစ်ဦးရဲ့ဓာတ်ပုံဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားပြီးနောက် netizen များ အကြား ဆွေးနွေးမှုတစ်ခုကိုဖြစ်ပေါ်လာစေခဲ့ပါတယ်။ ကလေးမွေးပြီးခါစ မိခင်အသစ်တစ်ဦးဖြစ်တဲ့ ရဲမေ Ms. Hao ဟာ အဆိုပါကလေးငယ်ရဲ့မိခင်ဖြစ်သူက တရားခွင်သို့ တက်ရောက်နေစဉ် ဆာလောင်မှုကြောင့် အော်ငိုနေတဲ့အဆိုပါကလေးငယ်ကို သူမ မကြည့်ရက်နိုင်တာကြောင့် ရဲမေ Ms. Hao ဟာ ဗိုက်ဆာနေတဲ့ကလေးကို နို့တိုက်ကျွေးပေးဖို့ ကလေးငယ်ရဲ့အမေဆီကနေ ခွင့်ပြုချက်တောင်းခံခဲ့ပါတယ်။ အမေဖြစ်သူရဲ့ခွင့်ပြုချက်ကိုရပြီးတဲ့နောက်မှာ Ms. Hao ဟာ ကလေးကို နို့တိုက်ကျွေးရန် တရားခွင်ရှိ တိတ်ဆိတ်တဲ့ထောင့်တစ်နေရာသို့ ဦးတည်သွားလိုက်ပါတော့တယ်။“ ကျွန်မက မိခင်အသစ်တစ်ယောက်ပါ၊ အဲ့ချိန်က ကလေးရဲ့အမေဘယ်လောက်တောင် စိတ်ပူနေလိုက်မလဲ၊ ကျွန်မအကောင်းဆုံးကြိုးစားပြီး […]
ဗဟုသုတ
ထမင်းပူကို မစားနဲ့၊ ကြွေသီးကိုသာ စားပါ၊ ရောက်ရာဒေသ ခြေရာချခဲ့ပါ စကား(၃)ခွန်းရဲ့ အဓိပ်ပါယ် (၁)ထမင်းပူကို မစားနဲ့။(၂)ကြွေသီးကိုသာ စားပါ။(၃)ရောက်ရာဒေသ ခြေရာချခဲ့ပါ စကား(၃)ခွန်းရဲ့ အဓိပ်ပါယ် (၁) သမီး ဘဝတစ်လျှောက်လုံးမှာ ထမင်းပူကို မစားပါနဲ့။ ထမင်းအေးကိုပဲ စားပါ သမီး။ထမင်းပူဆိုတာ သူတစ်ပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရတဲ့ထမင်းကို ခေါ်တာပါ။သမီးဘယ်တော့မှ မစားမိပါစေနဲ့။အခုအချိန်စားကောင်းချင်ကောင်းမယ်၊ သံသရာမှာ အလွန်ပူလောင်တတ်တယ်သမီးရေ။ ထမင်းအေးဆိုတာကတော့ သမီးကို ချစ်လို့ ခင်လို့ တန်ဖိုးထားလို့ ကြည်ညိုလို့ ကျွေးလာတဲ့ ထမင်းပဲ သမီး။ ငပိရည်နဲ့ပဲ စားရ စားရ သံသရာမှာ အေးမြပါတယ် သမီးရယ်။ စားတတ်အောင် ကြိုးစားပါနော်။ (၂) အသီးကို စားမယ်ဆိုရင် ကြွေသီးကိုပဲ စားပါ သမီး။ ဘယ်တော့မှ ခူးမစားပါနဲ့။ကြွေသီးစားပါ ဆိုတာ […]
ၾကားသိရသမွ်
တယ်လီနောဆင်းကတ်များ မှတ်ပုံပြန်တင်ခိုင်းနေသဖြင့် သုံးစွဲသူများစိုးရိမ်
တယ်လီနောဆင်းကတ်များ မှတ်ပုံပြန်တင်ခိုင်းနေသဖြင့် သုံးစွဲသူများစိုးရိမ် စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီက တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီရဲ့ ရှယ်ယာအများစုကို ဝယ်ယူပြီးတဲ့နောက် တယ်လီနောမိုဘိုင်းဆက်သွယ်ရေး ဆင်းကတ်တွေကို ခေါ်ဆိုမှုပိတ်ခဲ့ပြီး ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့တယ်လို့ တယ်လီနောဆင်းကတ်သုံးစွဲသူတွေက ပြောပါတယ်။ နော်ဝေနိုင်ငံအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ တယ်လီနောဆက်သွယ်ရေး လုပ်ငန်းစုက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်လာတဲ့အတွက် ဆက်လက်လုပ်ကိုင်လိုမှုမရှိတော့တာကြောင့် သူ့ပိုင် တယ်လီနောမြန်မာ ဆက်သွယ်ရေးလုပ်ငန်းခွဲကို လက်ဘနွန် အခြေစိုက် M1 Group ထံ လွှဲပြောင်းရောင်းချခဲ့တာပါ။ ဒီ့နောက် M1 Group က စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီထံ တယ်လီနောမြန်မာ ဆက်သွယ်ရေး လုပ်ငန်းစုရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းအား ပြန်လည်ရောင်းခဲ့ပါတယ်။ ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဦးသိန်းဝင်းဇော်ဟာ စစ်ကောင်စီနဲ့ပတ်သတ်မှုရှိတဲ့ လုပ်ငန်းတွေထဲက စက်သုံးဆီ တင်သွင်းဖြန့်ဖြူးတာနဲ့ […]
ၾကားသိရသမွ်
KBZ ဘဏ်တွင် ငွေလာအပ်သူ ဘဏ်ရှေ့တွင်ပင် ဓားပြတိုက်ခံရ သည့်ရုပ်သံ
မန္တလေး KBZ ဘဏ်တွင် ငွေလာအပ်သူ ဘဏ်ရှေ့တွင်ပင် ဓားပြတိုက်ခံရ သည့်ရုပ်သံ မေလ၂ ရက် ဲဲမွန်းလွဲ ၁ နာရီလောက်က မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က KBZ ဘဏ်မှာ ငွေလာအပ်သူတစ်ဦး အဲဒီဘဏ်ရှေ့မှာပဲ ဓားပြတိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။ မန္တလေး ၆၄ လမ်းနဲ့ မနော်ဟရီလမ်းထောင့်က KBZ ဘဏ်မှာ ငွေအပ်ဖို့ ဘဏ်ရှေ့မှာကားရပ်ပြီး ကားထဲက ငွေကို ဘဏ်ထဲသယ်ဖို့လုပ်နေချိန်မှာ ဓားပြတိုက်ခံလိုက်ရတာပါ။ ဓားပြတိုက်သူဟာ လေးယောက်ဖြစ်ပြီး သေနတ်အတိုနှစ်လက်ကိုင်ဆောင်ထားကာ Mark 2 ကားနဲ့ရောက်လာတာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဓားပြတိုက်ခံရမှုကြောင့် ကျပ်သိန်းတစ်ထောင်လောက်ပါသွားတယ်လို့သိရပါတယ်။ ဒီဓားပြမှုနဲ့ပတ်သက်ပြီး တခြားအသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ credit unicode မန္တလေး KBZ ဘဏ်တွင် ငွေလာအပ်သူ ဘဏ်ရှေ့တွင်ပင် ဓားပြတိုက်ခံရ သည့်ရုပ်သံ မေလ၂ […]
Life Style
ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းအရင်း (၅) ချက်
တစ်ခါတလေမှာ ပေါတောတောနေတတ်တဲ့သူတွေဟာ ဘဝကိုလေးလေးနက်နက်မရှိဘူး၊ ခံစားချက်မရှိဘူးလို့အထင်ခံရတတ်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုမဟုတ်ပါဘူး။ ပေါတောတောနေတဲ့သူတွေကို လုံးဝလျှော့မတွက်သင့်တဲ့ အကြောင်းရင်းတွေကိုဖော်ပြ ပေးလိုက်ပါတယ်။ (၁) လူတွေရဲ့စိတ်ကို အလွယ်တကူမြင်နိုင်တယ် ပေါတောတောနေတတ်တဲ့သူတွေဟာ ဘာကိုမှမစဉ်းစားပဲ နေတတ်တဲ့သူတွေလို့ ထင်ရတတ်ပါတယ်။ ဒါပေမယ့်လည်း မဟုတ်ပါဘူး။ အသေးစိတ်ကအစ ကောင်းကောင်းဝေဖန်သုံးသပ် တတ်တဲ့ သူတွေပါ။ ဒါကြောင့်လူတွေရဲ့ စိတ်ကို အလွယ်တကူမြင်နိုင်ပါတယ်။ မျက်နှာဖုံးတွေ နောက်ကွယ်မှာ ဘယ်သူကောင်းလဲ၊ ဘယ်သူဆိုးလဲဆိုတာကို ကောင်းကောင်းသိနိုင်တဲ့သူတွေပါ။ (၂) ဖုံးကွယ်ထားတဲ့စိတ်ခံစားချက်တွေရှိတယ် ပေါတောတောနေတတ်တဲ့သူတွေမှာ ဖုံးကွယ်ထားတဲ့ စိတ်ခံစားချက်တွေ ရှိပါတယ်။ သူတို့ရဲ့ ဘဝမှာ ဒီလိုပေါတောတောနေလိုက်ဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းရင်းတွေလည်း ရှိနေတတ်ပါတယ်။ သာမန်လူတွေတောင် မခံစားနိုင်လောက်တဲ့ စိတ်ဒဏ်ရာတွေလည်းရှိနေတတ်ပါတယ်။ (၃) လူတွေကိုပျော်ရွှင်စေနိုင်တယ် ပေါတောတောနေတဲ့သူတွေဟာ လူတွေကို ပျော်ရွှင်စေချင်တဲ့သူတွေဖြစ်ပြီး ပျော်အောင်လည်း တကယ်လုပ်နိုင်တဲ့သူတွေပါ။ လူတွေကိုပျော်ရွှင်စေချင်တဲ့အတွက် ကိုယ့်ရဲ့ […]
ၾကားသိရသမွ်
တစ်နေကုန်အလုပ်လုပ်ပြီး ကိုယ်ကျိုးအတွက်မသုံးပဲ…
ဗဟုသုတ
ကြက်ဥ လတ် မလတ် သိနိုင်မယ့် အလွယ်စမ်းသပ်နိုင်သည့် နည်းလမ်း ၄ မျိုး…
ဈေးဝယ်ထွက်တဲ့အခါ ကိုယ်ဝယ်မယ့် ကြက်ဥတွေ လတ်မလတ်နဲ့ ချက်ပြုတ်စားသောက်မယ့် ကြက်ဥတွေ လတ်မလတ် သိနိုင်ဖို့ရန်အတွက် စမ်းသပ်နိုင်မယ့် အလွယ်နည်းလမ်း ၄ မျိုးကို မျှဝေပေးချင်ပါတယ်။ ၁။ ကြက်ဥကို နား အနားမှာကပ်ပြီး လှုပ်ကြည့်ပါ။ ကြက်ဥတစ်လုံးကို ယူပြီး နားအနားမှာ အသာ ဖြေးဖြေးလှုပ်ကြည့်ပါ။ လတ်ဆတ်တဲ့ ကြက်ဥမှန်ရင် ဘာအသံမှ မထွက်ပါဘူး။ အဲလိုမဟုတ်ဘဲ ကြက်ဥထဲကနေ အသံထွက်နေပြီ ဆိုရင်တော့ အဲဒီကြက်ဥဟာ လတ်ဆတ်မှု မရှိတော့ပါဘူး။ ၂။ ရေထဲသို့ထည့်ကြည့်ပါ။ ခွက်တစ်ခု ဒါမှမဟုတ် ဇလုံတစ်လုံးထဲကို ကြက်ဥ မြုပ်ပြီး ၁ လက်မခန့်လောက် ရေအေးထည့်ထားပါ။ ထိုဇလုံထဲသို့ ကြက်ဥများကို ဖြေးညှင်းစွာ ထည့်ကြည့်ပါ။ လတ်ဆတ်သော ကြက်ဥများသည် ရေအောက်သို့ နစ်မြုပ်သွားပြီး သိပ်မလတ်သော ကြက်ဥများသည် ရေထဲသို့ […]
ၾကားသိရသမွ်
၎ နာရီ မီးပေး ၊ ၁၂ နာရီ မီးပြတ်သည့် အလှည့်ကျစနစ်နဲ့ လာမည့်ရက်များတွင် မီးပိုပြတ်တော့မည်
နိုင်ငံတစ်ဝန်း လျှပ်စစ်မီး ၄ နာရီ မီးပေး ၊ ၁၂ နာရီ မီးပြတ်သည့် အလှည့်ကျစနစ် စတင်ကျင့်သုံး၊ လာမည့်ရက်များတွင် မီးပိုပြတ်နိုင် ရန်ကုန်၊ မေ ၃ မြန်မာနိုင်ငံတစ်ဝန်း မေလ ၁ ရက်နေ့မှစတင်ပြီး လျှပ်စစ်မီး ၄ နာရီလာ ၊ ၁၂ နာရီ မီးပြတ်သည့်စနစ် စ တင် ကျင့်သုံးနေကြောင်း လျှပ်စစ်ဝန်ထမ်းများထံမှ သိရှိရသည်။ လက်ရှိတွင် လျှပ်စစ်ဓာတ်အား ရရှိမှု အလွန် လျော့နည်းနေသည့်အတွက် ရပ်ကွက်များအလိုက် ၄ နာရီမီးပေး၊ ၁၂ နာရီ မီးပြတ်သည့်စနစ်ကို စတင်ကျင့်သုံးနေရခြင်းဖြစ်သည်ဟု လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောသည်။ အရင်က A ‌B အုပ်စု နှစ်ခုပဲရှိရင် အဲဒါကို အုပ်စု ၄ […]
ၾကားသိရသမွ်
၃.၅.၂၀၂၂ ရက်နေ့၊ ၁၉ ၄၅အချိန်ခန့်၊Express ခရီးသည်တင်ယာဉ်(၁)စီး‌ပေါ်မှ၊ခရီးသွား(၁)ဦးမှာ၊လမျး‌ဘေးသို့၊‌ပေါ့ပါးသွားးစဉ်၊‌‌