ၾကားသိရသမွ်
မနက်ရောက်မှ ပိုက်ဆံတစ်ရွက်နဲ့အတူအိမ်ပြန်လာတတ်တဲ့အကျင့်ကြောင့်…
လူတွေမှာ အိမ်မွေးတိရိစ္ဆာန်ကိုမွေးစားပြီး ပြုစုထိန်းသိမ်းရတာကိုကြိက်နှစ်သက်ရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ အများစုမှာ တိရိစ္ဆာန်ချစ်သူများဖြစ်ကြပြီး ၎င်းတို့ရဲ့အိမ်မွေးတိရိစ္ဆာန်များနှင့်အတူတူ ဖြတ်သန်းနေရတာကိုဘဲကျေနပ်နေတတ်ကြပါတယ်။ တကယ်လည်း အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ချစ်စရာကောင်းမှုနဲ့ သစ္စာရှိမှုက ကျွန်တော်တို့ရဲ့မျက်နှာပေါ်ကအပြုံးကို ဘယ်တော့မှမပျက်ပြယ်စေပါဘူး။ အင်တာနက်အသုံးပြုသူတစ်ဦးက သူမရဲ့အိမ်မွေးတိရိစ္ဆာန် ကြောင်တစ်ကောင် ဟာ ညဘက်အချိန်တွေမှာ အိမ်မှပျောက်ကွယ်သွားလေ့ရှိပြီး တစ်ညလုံး ဘယ်မှာမှသူမရှာမတွေ့ခဲ့ဘူးလို့ ပြောပြခဲ့ပါတယ်။ တစ်နေ့မှာတော့ သူမရဲ့အချစ်တော်ကြောင်လေးက မနက်ရောက်မှအိမ်ပြန်ရောက်လာခဲ့ပြီး ပင်ပန်းကာ အိပ်မောကျနေခဲ့ပေမဲ့ သူမကို အံ့အားအသင့်ဆုံးဖြစ်သွားစေခဲ့တဲ့အရာက သူမကြောင်လေးရဲ့လည်ပင်းမှာ တရုတ်ယွမ် ၁၀ တန် ငွေစက္ကူတစ်ရွက်ကပ်ပါလာခြင်းဖြစ်ကြောင်း သူမက ဆိုခဲ့ပါတယ်။ ၎င်းအဖြစ်ကို သခင်ဖြစ်သူက နောက်ပိုင်းမှာ ပိုမိုသတိထားမိလာခဲ့ပြီး သူမကြောင်လေးက နောက်တစ်နေ့မနက်ရောက်တိုင်း အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းနွမ်းနယ်ပုံရပြီး အိပ်ပျော်သွားခဲ့တဲ့အပြင် အိမ်သို့ငွေစက္ကူများယူဆောင်လာခဲ့ခြင်းဟာ ကြောင်လေးက ” ညဆိုင်း ” အလုပ်လုပ်နေတာကြောင့် ညဘက်ရောက်တိုင်းပျောက်ပျောက်သွားတာလားလို့ သူမ မကြာခဏတွေးခဲ့မိကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။ […]
ဗဟုသုတ
လစာ တစ်သိန်းပဲရတဲ့ ဝန်ထမ်းကို ၆ သိန်းတန် စမတ်ဖုန်း ပေးကိုင်ထားတဲ့ သူဌေးတစ်ယောက်ရဲ့ မှတ်သားဖွယ်စကားများ
ကျနော် လစာ တစ်လကို တစ်သိန်း ရတဲ့ အချိန်ကပေါ့။ ကျနော်သူဌေးက ကျနော့်ကို သူကိုင်ထားတဲ့ Smart Phone လေး ပေးကိုင်တယ်။ အဲ့ဒီဖုန်းက အဲ့ဒီအချိန် ၆ သိန်း ဝန်းကျင်လောက်ရှိတယ်။ ပြီးတော့ သူက ကျနော့်ကို မေးတယ်။ အကယ်၍များ ဒီဖုန်းဟာ မင်းလက်ထဲက ကျကွဲသွားမယ်ဆိုရင် မင်းလျော်နိုင်လားတဲ့…? ကျနော် ပြန်ဖြေတယ် – ကျနော် မလျော်နိုင်ပါဘူး။ ကျနော်ရတဲ့လစာ မိသားစုကို ပြန်ထောက်ပံ့ရလို့ ပိုလို့ ကျနော်မလျော်နိုင်ပါဘူး။ သူက ကျနော့်ကိုပြောတယ် – မှတ်ထားတဲ့။ တန်ဘိုးကြီးတဲ့ ပစ္စည်းတခုကို လူတစ်ယောက်က မင်းကို ယုံကြည်ရလို့ အပ်လိုက်ပြီဆိုရင် – အဲ့ဒီယုံကြည်မှုကို တန်ဘိုးထားပါတဲ့။ မင်းလက်ထဲရောက်နေတဲ့ ဒီဖုန်းကို ဘယ်တော့မှ ကျမကွဲအောင် ထိန်းသိမ်းပြီးတော့ […]
ဗဟုသုတ
လူငယ် တစ်ယောက်ရဲ့ တန်ဖိုး…
လူငယ် တစ်ယောက်ရဲ့ တန်ဖိုး လူငယ်တစ်ဦး ဖြစ်နေလျှက်နဲ့ အယူသီး လွန်းနေရင် အတွေးအခေါ်နည်းရာ ရောက်တယ် လူငယ်တစ်ဦးဖြစ်နေလျှက်နဲ့ အတ္တတွေကြီးလွန်းနေလျှင် အသိဥာဏ်နည်းရာ ရောက်တယ် လူငယ်တစ်ဦး ဖြစ်နေလျှက်နဲ့ အာဃာတတွေ များလွန်းနေလျှင် သဘောထားမပြည့်ရာ ရောက်တယ်.. လူငယ်တစ်ယောက် ဖြစ်နေလျှက်နဲ့ ငါ့ကျမှ ကံဆိုးလေခြင်းဆိုပြီး တညည်းညည်းတညူညူ အတွေးတွေနဲ့ လက်ရှော့အရှုံးပေးနေရင် စိတ်ဓာတ်ပျော့ညံ့ရာရောက်တယ် လူငယ်တစ်ဦး ဖြစ်နေလျှင်နဲ့ ဖြစ်သမျှအကြောင်း အကောင်းပေါ့လေဆိုပြီး ကံကြမ္မာရဲ့ အမိန့်အောက်မှာ ဒူးထောက်ပေးနေခဲ့ရင် ကိုယ်ဇွဲလုံလကို မယုံကြည်ရာ ရောက်တယ် ပုဇွန်လုံးမှာ ဦးခေါင်းမပါဘူး သိုပေမယ့် ချမ်းချမ်း သာသာနေဖို့အတွက် ကိုယ်တွင်းကိုယ်တူးတက်တယ် ဦးခေါင်းပါတဲ့ လူက နေရာတကာ ဟိုလူမှီခို ဒီလူမှီခို လိုက်လုပ်နေရင် ပုဇွန်လုံးကို အားနာဖို့ကောင်းတယ် ဘဝဆုတ်ယုတ်နေတဲ့ လူငယ်တွေကို အကဲခတ်ကြည့် ရှေ့မဆက်နိုင်ဘဲ […]
အသိပညာ
မိဘတွေရှိနေစဥ်မှာ ကျွေးပါ၊ပြုစုပေးပါ၊မရှိတော့မှ ငိုနေလို့အပိုပါပဲ
နာမည်က ဒေါ်ထွေး ။လမ်းထဲတွင် မနက်ပိုင်းအသုပ်စုံရောင်း၏ အသက်က ၄၀ ကျော် စီးပွားရေးက အဆင်ပြေကြီးလည်းမဟုတ်မပြေဘူးလည်းမဟုတ် အသင့်အတင့်သာ ။ဒီနေ့မနက်တော့ ဒေါ်ထွေးဆိုင်မှာအသုတ်စားပြီးမှ လက်ဖက်ရည်ဆိုင်သွားမည်ဟု စဉ်းစားပြီး ဝင်စားနေခဲ့၏ ။ အချိန်က မနက်ခင်း ၈ နာရီ အဖိုးအိုတစ်ယောက်နှင့် အဖွားအိုတစ်ယောက်အသုတ်ခုံလေးထဲဝင်ထိုင်လျက်အသက်က ၇၀ နားကပ်နေသော အရွယ်တွေ .အဖိုးအိုက ခုံပေါ်မှ စားပြီးသားပန်ကန်များလိုက်သိမ်း၏ ခုံတွေသုတ်၏ ။အဖွားအိုက ပန်းကန်များဝင်ဆေး၏ ။ ဒေါ်ထွေးက ပိုက်ဆံခွက်ကို သူ့ရှေ့ထားလိုက်၏ထို့နောက် နည်းနည်းမျှမလှုပ် ဂရုမစိုက်ဟန်ဖြင့် နေနေ၏ ။” သမီး … ဒီနေ့ရောင်းကောင်းရဲ့လား ! “( အဖွားကြီး၏ အသံ )” မကောင်းဘူး အကြွေးတွေကျတယ် “( အသံခပ်ပြတ်ပြတ် မျက်နှာပင်ကြည့်မပြော ) ဟုတ်ပါသည် ။ထိုအဖိုးနှင့်အဖွားတို့မှာ […]
ဗဟုသုတ
မျက်လှည့်ဆရာအဘိုးအိုက မြေးမလေးကို ပေးတဲ့သင်ခန်းစာ (အရမ်းကောင်းလို့ ဖတ်ကြည့်ပါ)
မျက်လှည့်ဆရာအဘိုးအိုက မြေးမလေးကို ပေးတဲ့သင်ခန်းစာ တစ်ခါတုန်းကရွာကြီးတစ်ရွာမှာ ထူဆန်းတဲ့အဘိုးအိုတစ်ယောက် ရှိတယ် ။ သူ့မှာသိပ်လှတဲ့မြေးမလေး တစ်ယောက်လည်းရှိတယ် ။ အဘိုးအိုဟာ ကျွမ်းကျင်ပြီးသိပ်တော် သိပ်ထက်မြတ်လှတဲ့ မျက်လှည့်ပညာကို ပိုင်ဆိုင်ထားပါတယ် ။ အဲ့ဒီပညာရပ်နဲ့ပဲ အသက်မွေးဝမ်းကြောင်းပြုခဲ့တယ် ။ သူ့မြေမလေးကိုလည်း အဲ့ဒီပညာတွေသင်ပေးခဲ့တယ် ။ တစ်နေ့မှာတော့ လူစည်ကားတဲ့နေရာမှာ မျက်လှည့်ပြတာပေါ့ ။ ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ၊ ကြိုးကနေမြွေဖြစ်သွားတာတွေ စတဲ့ပြကွက်မျိုးစုံကို ပြနေတာပေါ့ ။ အားလုံးပြပြီးပြီ ဆိုရင် ပရိသတ်ကပေးတဲ့ငွေကိုပဲယူတယ် ။ ဒါပေမယ့် အခုတကြိမ်ပြတဲ့ပြပွဲမှာ အဘိုးအိုက ထူးဆန်းတဲ့ စကားတစ်ခွန်းကိုပြောခဲ့တယ် ။ ” မျက်လှည့်ပညာဆိုတာ မှော်ပညာမဟုတ်သလို တန်ခိုးစွမ်းအားတွေမရှိပါဘူး ။ လိမ်တာလည်းမဟုတ်ပါဘူး ။ မျက်လှည့်ပညာမှာ လျို့ဝှက်ချက်တွေရှိတယ် ။ အဲ့ဒီလျို့ဝှက်ချက်တွေကိုမသိလို့သာ ခင်ဗျားတို့လာကြည့်ကြတာဖြစ်တယ် […]
ၾကားသိရသမွ်
“ပုလင်းထဲကို အီးပေါက်ပြီး ထည့်ရောင်းရာမှ တစ်လလျှင် မြန်မာငွေ သိန်း (၉၀၀) ရရှိနေတဲ့ အမျိုးသမီး”(ရုပ်သံ)
“ပုလင်းထဲကို အီးပေါက်ပြီး ထည့်ရောင်းရာမှ တစ်လလျှင် မြန်မာငွေ သိန်း (၉၀၀) ရရှိနေတဲ့ အမျိုးသမီး”(ရုပ်သံ) ရှားရှားပါးပါး အီးပေါက်ပြီး ပိုက်ဆံရှာတဲ့သူ။ Entrepreneur ဆိုတဲ့စကားလုံးကို ကြားဖူးကြပေမယ့် Fartrepreneur ဆိုတဲ့စကားလုံးကို အခုမှစကြားဖူးမယ် ထင်ပါတယ်။ Fartrepreneur ဆိုတာ Fart (လေလည်ခြင်း) ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတာပါ။ Stephanie Matto ဆိုတဲ့ ဆယ်လီအမျိုးသမီးဟာ သူလေလည်ထားတဲ့ (Fart jar) ပုလင်းတွေကိုရောင်းတာ တစ်လကိုမြန်မာငွေ သိန်း ၉၀၀ လောက် ဝင်ငွေရနေပါသတဲ့။ သူကပရိုတိန်းဓာတ်များတဲ့ အစားအစာတွေစားပြီး အဝတ်နဲ့လုပ်ထားတဲ့ နှင်းဆီပွင့်ဖတ်လေးတွေအပေါ် တိုက်ရိုက်လေလည်ကာ ပုလင်းထဲထည့်ပြီး အဖုံးသေချာပိတ်ကာ ရောင်းတာဖြစ်ပါတယ်။ အမယ်ဒီအလုပ်က လွယ်တယ်လို့မထင်ပါနဲ့တဲ့။ တချို့ကာစတန်မာတွေက လိုချင်တဲ့အနံ့ မှာတတ်သေးတယ်တဲ့။ တစ်ယောက်ဆိုရင် cheese စားပြီးလေလည်ပေးပါလို့ ဆိုသတဲ့။ […]
ဗေဒင်
တနလ်ာ သားသမီးများအတွက် ၂၀၂၂ခုနှစ် မေလ (၁)လစာဟောစာတမ်း…
တနလ်ာ သားသမီးများအတွက် ၂၀၂၂ခုနှစ် မေလ (၁)လစာဟောစာတမ်း ယခုကာလအတွင်း ဂုဏ်သတင်းကျော်ဇော ဥစ္စာပေါမည့် အချိန်ကာလဖြစ်ပါတယ်။ ယခင်က မိမိမျှော်လင့်ထားသောဆန္ဒများ အဆင်ပြေအောင်မြင်မှုများရရှိ၍ စိတ်ချမ်းသာမှုများရရှိခံစားရမည်။ ခရီးသွားလိုသူများအတွက် လမ်းခရီးတွင်မျက်နှာပွင့်လန်းကာအောင်မြင်သောခရီးဖြစ်၍ အဆင်ပြေမှုများရရှိ ခံစားရမည်။ ယာယီခရီးသွားသူများအတွက် ခရီးမှအပြန်တွင်လက်ရှိအခြေအနေထက်ပိုမို၍ပင်အဆင်ပြေလာစေတတ်ပါသည်။ မပြီးပြတ်သေးသော လုပ်ငန်း၊အမှုကိစ္စများ ပြီးပြတ်အောင်မြင်မည်။ မိမိတွင်အခက်အခဲများကြုံတွေ့လာရပါကမိတ်ဆွေအပေါင်းအသင်းများ၏ အကူအညီဖြင့် အဆင်ပြေခြင်းများရရှိပါလိမ့်မယ်။ ငွေရေး ကြေးရေး ကိစ္စများအဆင်ပြေမှုများရရှိပါမည်။ အထက်အကြီးအကဲ ဆရာသမား မိဘများ ၏ အကူအညီများ ရရှိခံစားရပါမည်။ မှန်ကန်သောအတွေးအခေါ်နှင့် မှန်ကန်သောဆုံးဖြတ်ချက်များပေါ်ထွက်ပါလိမ်မည်။ ကောင်းတာလုပ်မှ ကောင်း တာလာမည်ဖြစ်၍ မိမိအနေဖြင့်စိတ်ကောင်းစေတနာကောင်းထားကာအရာရာဆောင်ရွတ်ဖို့တော့လိုအပ်ပါသည်။ လူအများ၏အလယ်တွင် မိမိအား အကြီးအကဲအဖြစ်အလေးပေးခြင်းခံရတက်သည်။ ရာထူး ၊ နေရာ နှင့် အလုပ်အကိုင်များအလွယ်တကူရရှိနိုင်မည့် အချိန်ကာလလည်းဖြစ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေအေးချမ်းပါမည်။ အိုးသစ်၊ အိမ်သစ်များ ရရှိတက်သည်။ […]
ၾကားသိရသမွ်
ၾကားသိရသမွ်
လာမည့် မေလ (၉) ရက်နေ့ ( သို့မဟုတ် ) ကမ္ဘာကြီးနဲ့ မြန်မာပြည် ဘာဆက်ဖြစ်မလဲဆိုတာ ကွဲကွဲပြားပြား သိရတော့မယ့်နေ့
လာမည့် မေလ (၉) ရက်နေ့ ( သို့မဟုတ် ) ကမ္ဘာကြီးနဲ့ မြန်မာပြည် ဘာဆက်ဖြစ်မလဲဆိုတာ ကွဲကွဲပြားပြား သိရတော့မယ့်နေ့ အကျိုး-အကြောင်း၊ အဆိုး-အကောင်းတွေကို ကွဲကွဲပြားပြားသိမြင်ရမယ့် ၂၀၂၂ ခုနှစ် မေ ဒီလိုခေါင်းစဉ်တပ်လို့ မောင်ရှင်ဟာ ဗေဒင်ဆရာလား.. အကြားအမြင်ရသူလားဆိုပြီး မထင်ကြနဲ့ဦးနော်.. ဖြစ်ခဲ့တဲ့သတင်းဖြစ်စဉ်တွေကိုကြည့်ပြီး ကိုယ့်အမြင်သုံးသပ်တာပါ.. ပထမဆုံးကမ္ဘာ့ရေးရာကိစ္စတွေကတော့ ရုရှား-ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဒီမေလဆန်းလောက်မှာ နျုလက်နက် ဘယ်လောက်အတိုင်းအဆအထိသုံးမယ်..။ မသုံးဘူးဆိုတာ ကွဲကွဲပြားပြားသိလာရလိမ့်မယ်လို့ ယူဆပါတယ်။ ဒါကလည်း ‘ပူတင်နျူလက်နက်သုံးလာနိုင်ချေရှိသလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့ မိမိအမြင်ကိုရေးခဲ့စဉ်တုန်းကအတိုင်း ‘မဟာအရှက်တော်ကွဲနေတဲ့ပူတင်’က အခုဆို ကမ္ဘာကြီးကို စကားလုံးတွေနဲ့ခြိမ်းခြောက်တဲ့အဆင့်ကနေ နမူနာသဘော၊ အမြည်းသဘောနဲ့ ကုလအတွင်းရေးမှူးချုပ်ခေတ္တရောက်ရှိတည်းခိုနေတဲ့ ယူကရိန်းမြို့တော် ‘ကိယစ့်’ကို ဒုံးကျည်လက်နက်ပစ်ပြလိုက်ပါတယ်။ (သုံးစားမရတဲ့)ကုလအတွင်းရေးမှူးချုပ်လည်း ညကြီးမင်းကြီး သတင်းစာရှင်းလင်းပွဲလုပ်ပြီး ထွက်ခွာသွားရတာကိုပဲကြည့်.. မြောက်ကိုရီးယားခေါင်းဆောင်ကလည်း ‘ရန်သူတွေကိုအမြစ်ပြတ်ချေမှုန်းဖို့အတွက် လက်နက်တွေအဆင့်မြင့်ထုတ်သွားမယ်..’လို့ […]
ကြားသိရသမျှ
Zawgyi ခေတ်အဆက်ဆက်က အသုံးမကျခဲ့တဲ့မြန်မာသံရုံးဝန်ထမ်းတွေကို ဒဲ့ဆော်လိုက်တဲ့ ထိုင်းရောက်မြန်မာများ(ရုပ်သံ) ရုပ်သံဖိုင်ကိုအောက်ဆုံးမှာဖေါ်ပြထားပါတယ် မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှု ကြောင့် တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်ကြတဲ့ ပြည်သူတွေ မနည်းမနောပါပဲဗျာ အလုပ်လုပ်သွားနေရတာ ကိုယ့်နိုင်ငံမဟုတ်တော့ တိုင်းတစ်ပါးမှာ ဖိနိုပ်မှုတွေရှိတာမစမ်းပါဘူး ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်ကာမှာရှိတဲ့ မြန်မာသံရုံးတွေရဲ့ အသုံးမကျမှုကြောင့်ပဲဖြစ်ပါတယ် ခေတ်အဆက်ဆက်အသုံးမကျခဲ့သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးဝန်ထမ်း များကို သံရုံးရှေ့မှာပဲ ဒဲ့ဆော်ပြီး ဆန္ဒပြမောင်းထုတ် နေသော ထိုင်းရောက်မြန်မာလုပ်သားများ….. ဆိုပြီး ဗီဒီယိုဖိုင်နှင့်တကွ တင်ထားတာပဲဖြစ်ပါတယ်.. မြန်မာပြည်ကြီး ငြိမ်းချမ်းပြီး အာဏာရူးတွေ ကျဆုံးပါစေ…. ခရက်ဒစ် unicode ခေတ်အဆက်ဆက်က အသုံးမကျခဲ့တဲ့မြန်မာသံရုံးဝန်ထမ်းတွေကို ဒဲ့ဆော်လိုက်တဲ့ ထိုင်းရောက်မြန်မာများ(ရုပ်သံ) ရုပ်သံဖိုင်ကိုအောက်ဆုံးမှာဖေါ်ပြထားပါတယ် မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးမှု ကြောင့် တိုင်းတစ်ပါးမှာ အလုပ်သွားလုပ်ကြတဲ့ ပြည်သူတွေ မနည်းမနောပါပဲဗျာ အလုပ်လုပ်သွားနေရတာ ကိုယ့်နိုင်ငံမဟုတ်တော့ တိုင်းတစ်ပါးမှာ […]