နဖူးကချွေး ခြေမထိကျလို့ နေပူထဲမှအလေးအပင်ထမ်းနေရတဲ့ အဖေ။သားသမီးတို့စားဖို့ ရှိစုမဲ့စုပိုက်ဆံလေးနဲ့အကောင်းဆုံးချက်ကျွေးတတ်တဲ့အမေ။ အလုပ်မှာရတဲ့မုန့်ခွဲတမ်းကို မစားရက်ပဲသားသမီးတွေစားဖို့ အိမ်ထိပြန်သယ်လာတဲ့အဖေ…။ချွေးနံ့တွေစုံနေတဲ့ ကလေးတို့ရဲ့ အင်္ကျီအဝတ်အစားတွေကို နေပူထဲမှာ လျှော်ခဲ့ရတဲ့အမေ…။ သားသမီးတို့ရဲ့ဘဝတစ်လျောက် နှစ်(၂၀)ကျော် အလုပ်ကြမ်းတွေနဲ့ ပင်ပန်းနေပြီ…။အလုပ်ကအပြန် မုန့်ထုပ်လေး ဆွဲလာတတ်တဲ့ မွန်မြတ်တဲ့ လက်ကလေးတွေအခုဆို… သားတို့ သမီးတို့ ဝယ်လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို ဂုဏ်ယူစွာ ပီတိအပြည့်နဲ့ စားပါတော့…။ လုပ်အားခရလို့ ကလေးတို့အတွက် အဝတ်အစားဝယ်လာတတ်တဲ့ ကြင်နာတတ်သော နှလုံးသားပိုင်ရှင်လေးတွေအခုဆို… ကောင်းမွန်သစ်လွင်ပြီး အကောင်းဆုံးသော အဝတ်အစားတွေကို ကျေနပ်စွာ ဝတ်ဆင်ပါတော့…။ ငယ်ငယ်က ပုံပြင်တွေ ပြောပြသီချင်းတွေဆိုပြပြီး ချော့သိပ်ခဲ့တဲ့အချိုသာဆုံးသောအသံပိုင်ရှင်… အခုဆို… သားတို့သမီးတို့ ပြန်ဖတ်ပြတဲ့ ဗဟုသုတစာပေတွေ တဝကြီး နားဆင်ပါတော့…။ အရင်က ပတ်ဝန်းကျင်မှာ ငွေမရှိလို့ မျက်နှာငယ်ခဲ့ရတဲ့ကာလတွေကို မေ့ဖျောက်ပြီးအခုဆို…သားတို့သမီးတို့ အပ်တဲ့ပိုက်ဆံတွေကို လက်ခံပြီးစိတ်ကြိုက်သာ […]
Day: June 11, 2022
အမြင့်ဆုံးစံချိန်သစ်ချိုးလိုက်တဲ့ စက်သုံးဆီဈေးနှုန်း
အောက်တိန်းတစ်လီတာ ကျပ် ၂၃၀၀ ကျော်နှင့် ဒီဇယ်တစ်လီတာ ကျပ်၂၆၀၀ ကျော်ကာ အမြင့်ဆုံးစံချိန်သစ်ချိုး ရန်ကုန်၊ ဇွန် ၁၁ လူငယ့်ခေတ် ယနေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာဆက်လက်မြင့်တက်ခဲ့ပြီးအမြင့်ဆုံးစံချိန်သစ် ချိုးသွားကြောင်း ယင်းဈေးကွက်အသိုင်းအဝိုင်းထံမှသိရသည်။ ရန်ကုန်အထိုင်စက်သုံးဆီအရောင်းဆိုင် များတွင် ယနေ့အောက်တိန်း-92တစ်လီတာ (၂၃၀၅)ကျပ်၊အောက်တိန်း-95 တစ်လီတာ (၂၃၇၀)ကျပ်၊ ဒီဇယ်တစ်လီတာ(၂၆၁၀)ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ (၂၆၄၀)ကျပ်နှုန်းဖြင့်ရောင်းချနေသည်။ ယင်းဈေးနှုန်းမှာ ယမန်နေ့ကထက်တစ်လီ တာ လျှင် ၄၀ကျပ်မှ ၇၀ကျပ်အထိတိုးမြင့်သွားခဲ့ပြီးလက်ရှိရောင်းဈေးမှာပြည်တွင်းစက်သုံးဆီသမိုင်းတလျှောက်အမြင့်ဆုံးဈေးဖြစ်လာသည်။ “ဆီဈေးကတရှိန်ထိုးတက်နေတော့ ရပ်တဲ့ကားလည်းရပ်ကုန်ပြီ။ ဒီထက်ဆက်တက်လာ ရင် တခြားအလုပ်ပဲပြောင်းလုပ်ရတော့မယ်။ ဆီဘယ်လောက်ကုန်သွားပြီလဲဆိုပြီး ဆီဂိတ် ကိုကြည့်ပြီးမောင်းနေရတာစိတ် မချမ်းသာဘူး”ဟု အငှားယာဉ်မောင်းတစ်ဦးကပြောသည်။ ပြည်တွင်းစက်သုံးဆီဈေးမှာ ယခုနှစ်မတ်လကုန်ပိုင်းက အောက်တိန်းတစ်လီတာ ၂၃၀၀ ကျပ် ၊ ဒီဇယ် တစ်လီတာ ၂၆၀၀ ကျပ်ဖြင့်အ မြင့်ဆုံးရပ်တည်ခဲ့ပြီး ယနေ့တွင်ယင်းစံချိန်ကိုချိုးသွားခြင်းဖြစ်ကြောင်း ဈေးကွက်ကျွမ်းကျင်သူအချို့ကပြောသည်။ “ဒီအရှိန်နှုန်းနဲ့ဆိုရင် […]
မျက်နှာတစ်ခြမ်းလေဖြတ်ခဲ့သည့် justin_bieber ရှိုးပွဲအစီအစဉ်များဖျက်သိမ်းလိုက်ရ(ရုပ်သံ)
ကမ္ဘာကျော်ကနေဒါအဆိုတော်’ဂျက်စတင်ဘီဘာ’ဟာ ဗိုင်းရပ်စ်တစ်မျိုးကူးစက်ခံရပြီး မျက်နှာတစ်ခြမ်းလုံး လေဖြတ်သွားခဲ့တာကြောင့် အခုနောက်ဆုံး သူ့ရဲ့ရှိုးပွဲအစီအစဉ်များကို ဖျက်သိမ်းလိုက်ရပါတယ်။ ဗိုင်းရပ်စ်က နားရွက်ကအာရုံကြောများကို ထိခိုက်စေခဲ့ကာ Ramsay Hunt Syndrome လက္ခဏာခံစားရတာဖြစ်ကြောင်း ရှာဖွေသိရှိရပါတယ်။ ‘ဘီဘာ’တစ်ယောက် ဝေဒနာအတော်လေးခံစားနေရပုံကို သူ့ရဲ့အင်စတာဂရမ်စာမျက်နှာကနေ ဗီဒီယိုတင်ပြီးပြသခဲ့ပါတယ်။ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့’ဂျက်စတင်ဘီဘာ’ဟာ လက်ရှိအချိန်မှာ မြောက်အမေရိကတခွင် Justice ရှိုးပွဲခရီးစဉ်ပြုလုပ်နေတာဖြစ်ပြီး တိုရွန်တို၊ ဝါရှင်တန်ဒီစီ၊ နယူးယော့ခ်တို့မှာ ပြုလုပ်မယ့်ဖျော်ဖြေပွဲများကို ဖျက်သိမ်းထားပါတယ်။ “ဗိုင်းရပ်စ်က ကျွန်တော့်နားရွက်နားတဝိုက်မှာရှိတဲ့ အာရုံကြောတွေကိုဖျက်ဆီးပစ်ပြီး မျက်နှာတစ်ခြမ်းလေဖြတ်သွားတာပါ၊ မြင်တဲ့အတိုင်းပါပဲ ဒီဘက်မျက်လုံးမျက်တောင်ခတ်လို့မရတော့ဘူး၊ မျက်နှာဒီဘက်ခြမ်းက ရယ်လို့မရတော့ဘူး၊ နှာခေါင်းပေါက်လည်း လှုပ်လို့မရဘူး၊ ဒီဘက်မျက်နှာတစ်ခြမ်းလုံးလေဖြတ်သွားပါတယ်” လို့ ပြောပြပါတယ်။ အဆိုပါ ၃ မိနစ်စာဗီဒီယိုထဲမှာ ရယ်ဖို့ မျက်တောင်ခတ်ဖို့ မျက်နှာပြင်လှုပ်ရှားဖို့ကြိုးစားပေမယ့် မျက်နှာတစ်ခြမ်းက မတုန့်ပြန်နိုင်ခဲ့ပါဘူး။ ပြန်လည်သက်သာလာဖို့အတွက် အခုတော့မျက်နှာလေ့ကျင့်ခန်းများပြုလုပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။ […]
ဖေ့ဘုတ်ကို အင်တာနက်လို့ ထင်နေကြတဲ့ မြန်မာပြည်က လူတချို့နဲ့ ၁၉၇၀ ခုနှစ်မှာ ပိတ်မိနေသူများ
စာရေးသူဟာ ယခုလို သတင်းစာတွင် ဆောင်းပါးရေးခွင့် ရသည့်အတွက် အလွန်အမင်း ဝမ်းမြောက်နေပုံရ ပါတယ်။ ဒီကနေ သာဓု ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ဘဝင်မကျတာလေး ရှိနေလို့ အခုလို ရေးတာပါ။ ဖေ့ဘုတ်ဟာ အင်တာနက်ထဲက များစွာသော လူမှုကွန်ယက်တွေထဲက တခုပါ။ ပညာရှာမှီးလိုတဲ့ လူတယောက် အတွက် အင်တာနက်ဟာ အသက်တမျှ အရေးကြီးပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ်ကျော် ကျောင်းသား ဘဝက အင်တာနက် ဆိုလို့ အိုင်ပီစတား သာရှိပြီး လက်ဖက်ရည် တခွက် ၅၀ ကျပ် ခေတ်မှာ အင်တာနက် တနာရီ ၁,၂၀၀ ကျပ် ပေးရပါတယ်။ ဒါပေမဲ့ အမြန်နှုန်းက အခုခေတ်ရဲ့ ဖုန်းလိုင်းရဲ့ အပုံ ၂၀ ပုံတပုံတောင် မရှိပါဘူး။ စဉ်းစားသာ […]
ငွေကြေး အဆင်မပြေ၍ စိတ်ညစ်ပြီး အမျိုးသားတစ်ဦး ခေါင်မိုး ဝါးလုံးကိုအသုံးပြုကာ… See more
Zawgyi ငွေကြေး အဆင်မပြေ၍ စိတ်ညစ်ပြီး အမျိုးသားတစ်ဦး ခေါင်မိုး ဝါးလုံးကိုအသုံးပြုကာ… See more ငွေကြေးအဆင်မပြေ၍ စိတ်ညစ်ပြီး အမျိုးသား တစ်ဦး မိမိကိုယ် ကို ကြိုးဆွဲချ သေဆုံးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ညနေပိုင်းက တောင်ငူမြို့ မှာ ဖြစ်သွားခဲ့ပါတယ် ။ ကြိုးဆွဲချ သေဆုံးသူမှာ တောင်ငူမြို့ ( ၁၃ )ရပ်ကွက်၊ကျန်းမာရေးလမ်းနေ ဦးမျိုးဝင်း ( ၄၉ )နှစ် ၊( ဘ ) ဦးထွန်းရီ ဆိုသူဖြစ်ကြောင်းသိရပါတယ် ။ သေဆုံးသူဟာ ၎င်း၏ နေအိမ်ဘုရားခန်းရှေ့ရှိ ခေါင်မိုး ဝါးလုံးကိုအသုံးပြုကာလျှပ်စစ်ဝါယာကြိုးဖြင့် မိမိကိုယ် ကို ကြိုးဆွဲချ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။ သေဆုံးသူ ဦးမျိုးဝင်းသည် ငွေကြေး အဆင်မပြေဖြစ်ကာ စိတ်ညစ်ပြီး ယခုလို […]
မှာယူထားသော အစားအစာများကို ဝန်ဆောင်မှုအနေနှင့် ရဟတ်ယာဥ်ဖြင့် လိုက်ပို့ခဲ့သော စားသောက်ဆိုင် နာမည်ကြီးနေ
မှာယူထားသော အစားအစာများကို ဝန်ဆောင်မှုအနေနှင့် ရဟတ်ယာဥ်ဖြင့် လိုက်ပို့ခဲ့သော စားသောက်ဆိုင် နာမည်ကြီးနေ နိုင်ငံတကာတိုင်းတွင် မိမိလိုချင်သည့် ကုန်ပစ္စည်းများကို လိုင်းပေါ်ကနေဖြစ်စေ ဖုန်းနှင့် ဆက်သွယ်၍ မှာယူနိုင်ခြင်းသည် အလွန်အမင်း ခေတ်စားလျက်ရှိသည်။ ယခုအခါတွင်လည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူရှိ ဖောက်သည်တစ်ဦးသည် စားသောက်ဆိုင်တစ်ခုမှ နာမည်ကြီးအစားအစာဖြစ်သော Nasi ganja ဆန်ထမင်း ၃၆ထုပ်အား ဖုန်းဆက်ပြီး မှာယူခဲ့သည်။ ထိုစဥ် မှာယူထားသော အစားအစာကို ၅မိနစ်တွင်း ရောက်လာ၍ ထူးဆန်းနေသည်ဟု သံသယဝင်ခဲ့ရာ ထွက်ကြည့်လိုက်မှ ရဟတ်ယာဥ်နှင့် လာရောက်ပို့ဆောင်ခဲ့ခြင်း ဖြစ်နေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။ ထိုသို့ ထူးဆန်းသည့်အဖြစ်အပျက်အား ဒေသခံရဲတပ်ဖွဲ့မှ ချက်ချင်းသိရှိပြီးနောက် ထိုရဟတ်ယာဥ်နှင့်ပက်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။ credit Zawgyi မှာယူထားသော အစားအစာများကို ဝန်ဆောင်မှုအနေနှင့် ရဟတ်ယာဉ်ဖြင့် […]
သိန်း ၁၀၀ ပိုင်ဆိုင်သူက ဘာမှ မလုပ်ရဘဲ ၆၃ သိန်းပဲပိုင်ဆိုင်တော့တဲ့အဖြစ်…
ဇန်နဝါရီ ၃၁ ရက်နေ့က အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၃၁ ကျပ် တန်ဖိုးရှိပါတယ် စက်တင်ဘာ ၂ ရက်နေ့ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၃၀ အထိ ပြင်ပ ပေါက်ဈေး ရှိပါတယ်။ ဆိုလိုတာက ၇ လအတွင်း သိန်း (၁၀၀) ပိုင်တဲ့သူဆိုရင် ဘာမှ မလုပ်ရပဲ ၃၇ သိန်းလောက် ဆုံးရှုံးသွားရတာပါ။ ဒါတောင် ဘဏ်ကနေ ငွေသားပြောင်းရတဲ့ ၆ ရာခိုင်နှုန်းလောက်သာ ထည့်တွက်မယ်ဆိုရင် ဒီထက်တောင် ဆုံးရှုံးမှု ပိုများပါသေးတယ်။ တကယ်တော့ ဒီဆုံးရှုံးမှုဖြစ်စဉ်မှာ သင်ဘာ အမှားမှ မလုပ်ခဲ့ပါဘူး။ သူ့ဘာသာ ဖြစ်သွားခဲ့တာပါ။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုသူများ အတွက်ပါ။ ဗဟိုဘဏ် […]
“သူဌေးဆီက..ရသမျှအကုန်ခိုးပါ . . ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်”
သူဌေးဆီက..ရသမျှအကုန်ခိုးပါ😮 တခါက ချမ်းသာတဲ့ သူဌေး တယောက် ရှိတယ်။ သူ့လုပ်ငန်းကို ဝန်ထမ်းပေါင်း ၅၀၀ ကျော်နဲ့ လည်ပတ်လျက် ရှိတယ်။ ဒါပေမယ့် ထူးဆန်းတာက သူ့ဝန်ထမ်းတွေက အရမ်း အလုပ် လုပ်တယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ သူက သူဌေးတယောက်လို မနေဘူး။ ခေါင်းဆောင် တယောက်လိုဘဲ အလုပ် လုပ်နေတာကြောင့် ဖြစ်တယ်။ သူ့ဝန်ထမ်းတွေကို တာဝန်ကိုယ်စီ ပေးပြီး တာဝန်တခု ပြီးမြောက်အောင် အမြဲတမ်း ဦးဆောင်ခဲ့တယ်။ နေရာတကာမှာ သူကိုယ်တိုင် ဝင်ပါခဲ့တယ်။ အကုန်လုံး ဆန်းစစ်ခဲ့တယ်။ ဒါပေမယ့် တချို့ဝန်ထမ်းတွေက သူတို့ကို ဖိ အားပေးနေတယ်လို့ ယူဆပြီး ထွက်သွားကြတာလည်း ရှိတယ်။ တချို့က မလုပ်နိုင်ဘူး ဆိုပြီး ထွက်သွားကြတယ်။ သူဌေးကတော့ ဝန်ထမ်းသာပြောင်းနေကြတာ သူ့စည်းကမ်း […]
မိန်းမတစ်ယောက်ရဲ့ ရုပ်ဆင်းအင်္ဂါ ဟာအသက်. ၃၀ ထိ လှနေရင်
#မိန်းမတစ်ယောက်ရဲ့ ရုပ်ဆင်းအင်္ဂါ ဟာအသက်. ၃၀ ထိ လှနေရင်အရင်ဘဝရဲ့ အကျိုးဆက်တွေငယ်ရွယ်နုပျိုမှုတွေကြောင့် ပါတဲ့ #အသက် ၃၀ နောက်ပိုင်း မှာ တော့သူမရဲ့ဖြတ်သန်းခဲ့တဲ့ ဘဝ ပတ်ဝန်းကျင်နဲ့.သူမရဲ့ ခံယူချက်စိတ်ထားကြောင့်ထင်ဟပ်လာတဲ့ရုပ်ရည်ပါ #ဒါကြောင့် မိန်းမတစ်ယောက် ဟာအသက်. ၃၀ ကျော် ၃၅. နှစ်နောက်ပိုင်းမှာတောင် လှနေသေးရင် သူမရဲ့ အတွင်းစိတ်လေးကြောင့်ပါ #အသက် ၄၀ နှင့် ၅၀ ကြားအဲဒီချိန်မှာတောင် လှနေသေးတယ်ဆိုရင် တကယ် ကို လှပသူလေးပါ#ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေကြုံလာရတဲ့ အရာတွေအပေါ်သူမရဲ့ ဘယ်လို စိတ်နဲ့တုံ့ပြန်လက်ခံမယ်ဆိုတာသူမရဲ့ရွေးချယ်မှု့နဲ့ ရလဒ်ကြောင့်ထင်ဟပ်လာတဲ့ ရလဒ် ဟာ သူမရဲ့မျက်နှာမှာ ရှာဖွေတွေ့နိုင်လို့ပါပဲ #အခက်ခဲတွေ ရှုံးနှိမ့် နာကျင်စိန်ခေါ်မှုတွေ များစွာကြုံရတဲ့မိန်းမ တစ်ယောက် ဟာသူမမျက်နှာမှာ အပြုံးပန်းဆင်တာတွေ့မြင်နေ ရသေးတယ်ဆိုရင်တော့သူမ ရဲ့စိတ်ဓါတ်ကြောင့် ပါပဲ #အခက်ခဲတွေကို […]
သရက်ကင်ရောင်းတဲ့ ဂျမ်းတောလေးရဲ့အဖေကို သုံးဘီးဆိုင်ကယ်ဝယ်ပေးနိုင်ခဲ့လို့ ဝမ်းသာပီတီဖြစ်နေတဲ့ သရုပ်ဆောင် စည်သူပလပ်ကျွတ်
သရက်ကင်ရောင်းတဲ့ ဂျမ်းတောလေးရဲ့အဖေကို သုံးဘီးဆိုင်ကယ်ဝယ်ပေးနိုင်ခဲ့လို့ဝမ်းသာပီတီဖြစ်နေတဲ့သရုပ်ဆောင်စည်သူပလပ်ကျွတ် ပရိသတ်ကြီးရေသရုပ်ဆောင်စည်သူပလပ်ကျွတ်ကတော့တစ်ချိန်ကဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အားပေးမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။သရုပ်ဆောင်စည်သူပလပ်ငျွတ်ရဲ့ ကိုပေါရုပ်ရှင်ကားကြီးကလည်းအောင်မြင်မှုတချို့ရရှိခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ စည်သူပလပ်ကျွတ်က papilo ဖိနပ်ကို ကိုယ်စားလှယ်ယူပြီး ရောင်းချပေးနေပြီး tioktok ဆယ်လီတွေနဲ့လည်း ဟာသအတိုလေးတွေနဲ့ ကြောငြာတွေရိုတ်ကူးပေးနေတာဖြစ်ပါတယ်။ မကြာသေးမီက tioktok မှာနာမည်ကြီးတဲ့ သရက်ကင်ရောင်းတဲ့ ဂျမ်းတောလေးကို ကူညီပေးခဲ့ပြီး ဂျမ်းတောမိခင်နာရေးအတွက်လည်း အလှူငွေတွေ ကောက်ခံပေးခဲ့တာဖြစ်ပါတယ်။ အဲဒီထဲကရရှိလာတဲ့ အလှူငွေတချို့နဲ့ သားသမီးတွေကို လုပ်ကျွေးနိုင်ဖို့ ဂျမ်းတောလေးရဲ့ ဖခင်ကို စည်သူပလက်ကျွတ်က သုံးဘီးဆိုင်ကယ်လေးဝယ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ Zawgyi သရက်ကင်ရောင်းတဲ့ ဂျမ်းတောလေးရဲ့အဖေကို သုံးဘီးဆိုင်ကယ်ဝယ်ပေးနိုင်ခဲ့လို့ ဝမ်းသာပီတီဖြစ်နေတဲ့ သရုပ်ဆောင် စည်သူပလပ်ကျွတ် ပရိသတ်ကြီးရေသရုပ်ဆောင်စည်သူပလပ်ကျွတ်ကတော့ တစ်ချိန်ကဗီဒီယိုဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အားပေးမှုရရှိခဲ့တာလည်းဖြစ်ပါတယ်။သရုပ်ဆောင်စည်သူပလပ်ငျွတ်ရဲ့ ကိုပေါရုပ်ရှင်ကားကြီးကလည်း အောင်မြင်မှုတချို့ရရှိခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ စည်သူပလပ်ကျွတ်က papilo ဖိနပ်ကို ကိုယ်စားလှယ်ယူပြီး ရောင်းချပေးနေပြီး Video Player […]









