မိဘကို လုပ်ကျွေးတဲ့သမီးလေးဆိုပြီး လှူဒါန်းကြတာ ကြည်နူးစရာကောင်းပေမယ့်.. အလှူငွေတွေရပြီး အဆင်ပြေနေတာ မိဘကိုလုပ်ကျွေးလို့ဆိုတဲ့ကိစ္စက ဒီကလေးအရွယ်အတွက် ဘောင်မဝင်ဘူး.. အပေါစားမိဘတွေအတွက် ကလေးတွေကို ဆက်ခိုင်းစားလို့ကောင်းစေမယ့် မြှောက်ထိုးပင့်ကော်လုပ်ပေးနေတဲ့ စကားလိုပဲ.. တာဝန်မယူနိုင်ပဲ မွေးပြီးခိုင်းစားနေတာကို.. ဝိုင်းမြှောက်ပေးသလို ဖြစ်လို့.. ကိုယ်တော့ ကလေးပဲ သနားတယ်.. ကျောင်းနေရမယ့်အရွယ်.. လွတ်လွတ်လပ်လပ် ဆော့ကစားနေရမယ့်အရွယ်.. ဒါကို တစ်အိမ်လုံးကို ရှာကျွေးနေရတာ.. ဂုဏ်ယူတယ်ဆိုတော့.. နဂိုထဲက နိမ့်ပါးတဲ့အတွေးအခေါ်တွေကို ဆက်လက်ရှင်သန်အောင် မြှောက်ပေးနေသလိုပဲ.. ဒလိုနဲ့ ဒီလော့ဂျစ်အမှားကြီးကို တလွဲဆက်သုံးကြအုံးမယ်..ဒီလိုနဲ့ အပေါစားမိဘတွေက ကလေးတွေကို အဲ့စကားနဲ့ ဆက်ခိုင်းစားအုံးမယ်..သူ့အဖေကို ကြည့်တော့လဲ ယောကျာ်းရင့်မာကြီး ခြေကောင်းလက်ကောင်းကွယ်.. လူမမယ်ခလေး အရွယ်မရောက်တဲ့ခလေးကို ခိုင်းစားရက်တယ်.. ဘယ်လိုအဖေမျိုးလဲလို့.. ကိုယ်တွေလဲ ပြည့်စုံတဲ့ဘဝက မဟုတ်ရပါဘူး.. အဖေဆိုလဲ ရရာအလုပ်လုပ်တယ်.. အမေဆိုလဲ ရတဲ့အလုပ်လုပ်ပြီး ကျောင်းထားတယ်.. အမေပြောခဲ့တဲ့စကား […]
Day: June 11, 2022
ကားထဲကို 95 ထည့်မလို့ ဆီဆိုင်သို့ သွားလိုက်သောအခါ…
ကားထဲကို 95 ထည့်မလို့ ဆီဆိုင်သို့ သွားလိုက်သောအခါ… ညီလေး ကားထဲကို 95 ထည့်ပေးပါ၊ “95 ကုန်နေတယ်အကို” ဒါဖြင့်လည်း 92 ပဲ ထည့် “92 လည်း ပြတ်နေတယ် ခင်ဗျ” ဟာ ဒုက္ခပါပဲ အဲဒါဆို မီးစက်နှိုးဖို့ ပုံးထဲကို ဒီဇယ်ထည့်ပေးလိုက်၊ “ဒီဇယ်လည်း မရှိဘူး ခင်ဗျ” ရိုးရိုးဒီဇယ် မရှိရင် ပရီမီယံဒီဇယ်ပဲ ယူလိုက်မယ် “ပရီမီယံလည်း မရှိဘူး အကို” မင်းတို့ဟာကလည်းကွာ ဘာဆီမှ မရှိဘဲ ဆီဆိုင်ဖွင့်နေသေးတယ်၊ သွား မန်နေဂျာသွားခေါ်လိုက်။ ဆီဆိုင်ကို သော့သာခတ်ပြီး ပိတ်ထားလိုက်လို့ ပြောမလို့။ 🤣”ဟုတ်အကို ကျတော်တို့မန်နေဂျာလည်းမရှိပါဘူး။ ဆိုင်ပိတ်မလို့ သော့ခလောက်သွားဝယ်တာ လမ်းမှာ ဆီပြတ်ပြီး ပြန်မရောက်သေးလို့ပါ”😮 အားလုံး ရယ်မောပျော်ရွှင် နိုင်ကြပါစေ…။ […]
အိမ်တွင်ဝက်မွေးမြူရင်းနှင့် အခက်အခဲများကြားseemore
အိမ်တွင်ဝက်မွေးမြူရင်းနှင့် အခက်အခဲများကြားကျောင်းတက်ခဲ့ရသော အသက် ၁၂နှစ်အရွယ် ကောင်လေး အချို့သော ကလေးငယ်တို့သည် လောကဓံတရားကြီးဧ။် ရိုက်ခတ်မှုဒဏ်ကို ခံစားရချိန်မှာ စောလွန်းပြီး လူကြီးဆန်ကာ ရင့်ကျက်မှုများက ချီးကျူးစရာကောင်းလှသည်။ သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ Ho Minh Hieuအမည်ရှိသော အသက် ၁၂နှစ်အရွယ် ကောင်လေးသည် မွေးပြီးမကြာခင် မိခင်ဖြစ်သူမှာ ဆုံးပါးသွားသည့်အပြင် ဖခင်ကလည်း အိမ်ကနေထွက်သွားပစ်ခဲ့ခြင်းကြောင့် ကောင်လေးခမျာ မျက်စိသူငယ် နားသူငယ်လေးနှင့် အဒေါ်ဖြစ်သူဧ။် လက်ထဲတွင် ကြီးပြင်းလာခဲ့ရသည်။ ထို့နောက် အဒေါ်ဖြစ်သူမှာလည်း သူ့မိသားစုနှင့်သူရှိနေ၍ စားဝတ်နေရေးအတွက် လာအိုနိုင်ငံတွင် ပြောင်းရွှေ့သွားခဲ့ကြရာ ကောင်လေးလည်း လိုက်ပါသွားခဲ့သည်။ ကောင်လေးသည် ငယ်စဥ်ကတည်းက လာအိုမှာသွားခဲ့ရ၍ မိခင်ဘာသာစကားကိုပင် မပြောတတ်တော့ပေ။ထို့အပြင် ကောင်လေးသည် အဘွားဖြစ်သူပေးခဲ့သော ဝက်ပေါက်လေးတစ်ကောင်အား ဂရုတစိုက်နှင့် ကျွေးမွေးပြုစုခဲ့ရင်း ကျောင်းတက်ခဲ့ရသည်။ ကောင်လေးသည် သူဧ။်ဝက်ပေါက်လေးအား ၂နှစ်ကြာမွေးမြူပြီးနောက် […]
နိုင်ငံပျောက်သူနဲ့ ပျဉ်းမငုတ်တို ဝေဖန်မှုတွေမြင့်တက်လာပြန်တဲ့ မင်းသားဟောင်းကြီးတွေရဲ့ အဘမှ အဘဖြစ်ခဲ့ကြသူများ
ဟိုဖက်ရပ်ကွက်က နိုင်ငံပျောက်သူ ဇာတ်ကားဟာ ပြည်သူနဲ့မအလတို့အဖွဲ့ကိုသွေးခွဲ သပ်လျှို ဝါဒမှိုင်း တိုက်တာလို့ လေသံတွေထွက်လာတယ်။ အဲ့ဒါနဲ့ ရှစ်လေးလုံး အရေးအခင်းပြီးတော့လူတွေက စစ်တပ်ကိုမုန်းကြတာ မုန်းကြတာအဲ့ထဲမှာ အနုပညာရှင်ဆိုတဲ့သူတွေ တယောက်မှမပါဘူးဆိုတာ ယုံ မယုံလည်း နောက်၂ နှစ်နေတော့ စစ်အစိုးရဝါဒဖြန့်တဲ့ပါပီမ ကားကသက်သေ အဲ့ကားမှာယုနန်ဒါမြင့် ကလည်းအလန်း ခင်စိုးပိုင်ကလည်းသရုပ်ဆောင်ကောင်းတော့ တောခိုသွားတဲ့ကျောင်းသားတွေကပဲ အသိဉာဏ်မရှိအစိုးရစေတနာကို နားမလည်သလို ဖြစ်အောင်ကိုအနုပညာ သမားတွေက ပုံဖော်ပေးကြတာ။ ရန်ကင်းမှာ အဲ့ကားရိုက်ပေးတဲ့သူတွေကိုတိုက်ခန်းတောင်ပေးတယ်ကြားတာပဲဟုတ်မဟုတ်တော့မသိနောက်နှစ်ကျ ဦးညွန့်ဝင်းကြီးက ထပ်မတယ်။အဖေနဲ့သားများ ဇာတ်ကားနဲ့ ဇာတ်ဝင် သီချင်းတောင် မှတ်မိသေး။ သူမပါရင်လေ ဘာတွေများရှေ့ဆက်ဖြစ်ကြမယ် သူလေမပါချင်ဘူးအခြေအနေမဲ့ သားဆိုးများကြောင့် ဆိုပြီး ကယ်တင်ရှင်က စစ်တပ်ကိုဖြစ်ရော။ဟီးးး အနုပညာ သမားတွေ ကျေးဇူးလေ။ နောက်တော့ တပ်က သူပိုင်မီဒီယာ မြဝတီကို စ မိတ်ဆက် ဇာတ်ကားကောင်းတွေပြ […]



