မြန်မာပြည်မှာ ဘယ်တော့မှ မရှုံးတဲ့ (အရှုံးမရှိတဲ့) စီးပွားရေး လုပ်ငန်း (၇) မျိုးအကြောင်း… မြန်မာနိုင်ငံမှာ လုပ်ကိုလုပ်ရမယ့် စီးပွားရေးလုပ်ငန်း တွေထဲမှာ စားသောက်ဆိုင်၊ အဝတ်အထည်၊ ဖုန်း၊ ကား၊ အိမ်ခြံမြေ၊ ရွှေ၊ ဆီ အဲ့ ၇ ခုက လုပ်ကိုလုပ်ရမယ့် စီးပွားရေး လုပ်ငန်းတွေပဲ။ အခုထိ အရှုံးမရှိ ရပ်တည်နေကြတဲ့ လုပ်ငန်းတွေလဲဖြစ်တယ်။ (စားသောက်ဆိုင်) တစ်ရက်အမြတ်ကို ညနေစောင်းတာနဲ့ ဘယ်လောက်မြတ်လဲသိရပြီ။ အဆောက်အဦးဖိုးရင်းပြီးတာနဲ့ ကျန်တာ ဒီနေ့ရောင်းရငွေက မနက်ဖြန်အရင်းလုပ်လို့ရတယ်။ အကြွေးမကျဘူး။ စျေးတက်ပြီးရင် ဘယ်တော့မှ ပြန်ချပေးစရာမလိုဘူး။ (အဝတ်အထည်) လူတိုင်းလှချင်ကြတော့ မဝတ်ပဲမနေဘူ။ ဝင်ငွေတွေရဲ့ ၈၀% လောက်ကို စားတာနဲ့ ဝတ်တာမှာ သုံးနေကြတယ်။ အရင်းရဲ့ ထက်ဝက်ကျော်မြတ်တယ်။ (ဖုန်း) တတ်နိုင်တဲ့သူက model […]
Day: July 13, 2022
ဧရာမကြက်ဥတစ်လုံးထဲမှာ နောက်ထပ်အခြားကြက်ဥတစ်လုံးတွေ့ခဲ့ရလို့ အံ့အားသင့်ခဲ့ရတဲ့ ကြက်ခြံပိုင်ရှင်
သြစတြေးလျနိုင်ငံမှာ နေထိုင်လျက်ရှိတဲ့ ကြက်ခြံပိုင်ရှင်တစ်ဦးကတော့ သူ့ရဲ့လက်လောက်အရွယ်အစားရှိတဲ့ ကြက်ဥတစ်လုံးကို တွေ့လိုက်ရလို့ အတော်လေးအံ့အားသင့်ခဲ့ရပါတယ် ။ Scott Stockman အမည်ရှိတဲ့ ကြက်ခြံပိုင်ရှင်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့သတ်မှတ်ရလောက်တဲ့ ကြက်ဥကို Zippy အမည်ရှိတဲ့ ကြက်ဥကောက်သမားက လာရောက်အပ်နှံခဲ့တာပါ ။ အဆိုပါကြက်ဥရဲ့ အလေးချိန်မှာ 176 gရှိပြီး ၊အခြားကြက်ဥတွေရဲ့အရွယ်အစားထက် 3ဆခန့်ကြီးနေကြောင်းသိရှိရပါတယ် ။အဆိုပါကြက်ဥကိုတွေ့ရှိတော့ အခြားအလုပ်သမားတွေလည်း ထူးဆန်းလို့ အကုန်လုံးဝိုင်အုံကြည့်ခဲ့ကြပါတယ် ။ထို့နောက် အဆိုပါကြက်ဥကိုဖောက်ခဲ့ချိန်မှာတော့အထဲမှာနောက်ထပ်ကြက်ဥတစ်လုံးရှိနေတာကို မယုံကြည်နိုင်လောက်အောင် ထပ်မံတွေ့ရှိခဲ့ရပြန်ပါတယ် ။ ဒီလိုဖြစ်ရပ်မျိုးဟာ တစ်သက်မှာတစ်ခါကြုံတွေ့ဖို့ မလွယ်ကူနိုင်တဲ့ဖြစ်ရပ်မျိုးပါ ။ အဆိုပါကြက်ခြံမှာ ကြက်အကောင်ရေပေါင်း 3000 ခန့်ရှိလို့ ဘယ်ကြက်မကဥခဲ့တာလည်းဆိုတာကိုမသိနိုင်ခဲ့ပါဘူး ။အဆိုပါကြက်ဥဟာစားသောက်လို့ရကြောင်း ၊ မည်သည့်ဆိုးကျိုးမျှမရှိကြောင်းလည်း ဖော်ပြသွားခဲ့ပါတယ် ။ Zawgyi သြစတြေးလျနိုင်ငံမှာ နေထိုင်လျက်ရှိတဲ့ ကြက်ခြံပိုင်ရှင်တစ်ဦးကတော့ သူ့ရဲ့လက်လောက်အရွယ်အစားရှိတဲ့ ကြက်ဥတစ်လုံးကိုတွေ့လိုက်ရလို့ […]
“တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မြန်မာနိုင်ငံက ပြည်တန်ကျောက်စိမ်းတုံးကြီး ဘယ်မှာလဲ. . .?”
ဗိုလ်ချုပ်နေ၀င်း ခေတ်တုန်းက မြန်မာနိုင်ငံထွက် ကျောက်စိမ်းတုံးကြီးကို မြန်မာနိုင်ငံ ဗဟိုမြို့တော် ရန်ကုန်သို့ မီးရထားဖြင့် သယ်ဆောင်လာစဉ် ပျောက်ကွယ်သွားသော ပြည်တန် ကျောက်စိမ်းတုံးကြီး ဖြစ်လေသည်။ ထိုအချိန်တုန်းက ပျောက်သွားသောကျောက်စိမ်းတုံးကို ဘာသတင်းမှ မထုတ်ပဲ ဘယ်နား ရောက်သွားမှန်းလည်း မသိ ဘယ်သူတွေက လာခိုးသွားလည်း မသိ ဘယ်နိုင်ငံကိုရောင်းစားလိုက်တာလည်း ဆိုတာလည်း မသိခဲ့ကြပေ။ မျက်စိပိတ် နားပိတ် ခေတ်တွင် မြန်မာ တစ်နိုင်ငံလုံး အဲ့လို ခံကြရပေသည်။ ကျောင်းစိမ်းတုံးကြီးသည် အလျား ၂၈ ပေ အနံ ၁၁ ရှိသော ကျောက်စိမ်းတုံးကြီးသာ ဖြစ်သည်။ အဲ့ခေတ်တုန်းက ပျောက်သွားတဲ့ ကျောက်စိမ်း ဟာ ဘယ်လောက်တန်ဖိုးရှိတယ် ဆိုတာ သင်စဉ်းစားကြည့်ပါ။ ကျနော်တို့ နိုင်ငံမှာသာမက ကမ္ဘာမှာတောင် ရှာရတာ ဘယ်လောက်ထိ ခက်ခဲတယ် […]
စားအုန်းဆီလက်ကားဈေး တစ်ပိဿာ ကျပ် ၄၆၅၀လို့ထုတ်ပြန် ၊ အပြင်ဈေးနဲ့ ထက်ဝက် နီးပါးကွာနေ
စားအုန်းဆီလက်ကားဈေး တစ်ပိဿာ ကျပ် ၄၆၅၀လို့ထုတ်ပြန် ၊ အပြင်ဈေးနဲ့ ထက်ဝက် နီးပါးကွာနေ စားအုန်းဆီလက်ကားဈေး တစ်ပိဿာ ကျပ် ၄၆၅၀လို့ထုတ်ပြန် ၊ အပြင်ဈေးနဲ့ ထက်ဝက် နီးပါးကွာနေ ယခုအပတ်အတွင်းကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင်ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရဇူလိုင်၁၁ရက်မှ၁၇ရက်အထိရန်ကုန်အထိုင်ဈေးအခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၆၅၀ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ယခုတစ်ပတ် ရန်ကုန်အထိုင် စားအုန်းဆီလက်ကားဈေး တစ်ပိဿာ ၄၆၅၀ ကျပ်လို့ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ် ရေးကော်မတီက ထုတ်ပြန် ပါတယ်။ ကျောက်တံတားမြို့နယ်နေ အိမ်ရှင်မတစ်ဦးက “ သူတို့ပြောတဲ့ဈေးက ဈေးထဲ မရောက်သေးဘူးထင်တယ်(ရယ်လျက်) ။ အပြင်မှာ အနည်းဆုံး ၇၀၀၀ ကျော်ပဲ” လို့ မှတ်ချက်ပေးပါတယ်။ ယင်းအပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် […]
သူများဆီက ပိုက်ဆံချေးထားတဲ့သူတွေ ခေါင်းထဲ စွဲစွဲမြဲမြဲ မှတ်ထားရမယ့် အချက် (၁၃) ချက် သူများဆီက ပိုက်ဆံချေးထားတဲ့သူတွေ လိုက်နာကျင့်သုံးရမယ့် အချက် (၁၃) ချက် (၁) ပိုက်ဆံချေးမယ်ဆိုရင် ချေးမယ်လို့ပဲ ပြောလိုက်ပါ။ ဖြစ်ကြောင်းကုန်စဉ်ကို ဇာတ်စုံခင်းပြမနေပါနဲ့။ ကြာပါတယ်။ မဟုတ်လည်း ချေးမှာပဲကို။ ဆိုတော့ မရှိလို့ပဲချေးချေး၊ လက်လွန်နေလို့ပဲလှည့်လှည့် ပိုက်ဆံချေးတာဟာ ချေးတာပါပဲ။ (၂) ပိုက်ဆံတစ်ရာ နှစ်ရာမှသည် တစ်သိန်း နှစ်သိန်းအထိ ပိုက်ဆံဟာ ပိုက်ဆံပါပဲ။ အချေးခံရတဲ့သူက ဘာမှမရှိလို့ ပြန်မတောင်းရင် ဒါမှမဟုတ် မသိချင်ယောင်ဆောင် နေရင်တောင် ချေးတဲ့သူက အလိုက်တသိနဲ့ သေချာ ပြန်ပေးရပါမယ်။ (၃) ဖြစ်နိုင်ရင်တော့ ဘယ်သူမှ ချေးရတာရော၊ ချေးပေးတာရောကို မလုပ်ချင်ကြပါဘူး။ ချေးလာတဲ့သူရှိလို့သာ အားနာပြီး ချေးပေးကြရတာဖြစ်တဲ့အတွက် ဒီကိစ္စမှာ […]
လောဘကြီးရင် အလိမ်ခံရတတ်၏ (သတိရှိကြစေဖို့)
လောဘကြီးရင် အလိမ်ခံရတတ်၏ (သတိရှိကြစေဖို့) တစ်နေ့ထက်တစ်နေ့ မရိုးရအောင် တိုးတက်လာသော လိမ်နည်းများးး ဒီနေ့ သားအငယ်ရဲ့ဖုန်းထဲကို wave money 8သိန်း ဝင်ခဲ့တယ်။ အကုန် လန့်သွားကြတာပေါ့။ ကျမစိတ်ထင်တာက တစ်ယောက်ယောက်က ဖုန်းနံပါတ် မှားပို့မိတာ ဖြစ်လိမ့်မယ် ထင်ခဲ့တာ။ ပို့တဲ့ဖုန်းကို ပြန်ခေါ်ကြည့်လိုက်တယ်။ ပိုက်ဆံ မှားပို့မိကြောင်း ပြောချင်လို့ပါ။ သားငယ်ဖုန်းက Bill (ဘေ) ကုန်နေလို့ ကျမ ဖုန်းနဲ့ ခေါ်လိုက်တယ်။ ဖုန်းကိုင်ပါတယ်။ လူငယ်အသံလေးပါ။ ကျမကလည်း သားငယ်ဖုန်းထဲ ပိုက်ဆံ ၈သိန်း ဝင်လာကြောင်း၊ဖုန်းနံပါတ် မှားပို့မိတာလား မေးတော့ … အန်တီ မွေးနေ့အတွက်စပရိုက် (Suprise) ပါတဲ့။ ဟုတ်ပါပြီ ဒါဆိုရင် ထုတ်ရမဲ့ pw (ပတ်စဝါ့) က ဘာလဲဆိုတော့ pw […]
ခင်ပွန်းကြီးဆယ်ပါး ပြစ်မှားရင် ဘာတွေ ဖြစ်မလဲ ဘယ်လို တောင်းပန်ရမလဲ?
ခင်ပွန်းကြီးဆယ်ပါး ပြစ်မှားရင် ဘာတွေ ဖြစ်မလဲ ဘယ်လို တောင်းပန်ရမလဲ? “ခင်ပွန်းကြီး ( ၁၀ ) ပါးအား ဝန်ချ ကန်တော့ရန်” ( အကျဉ်း ) ( နေ့စဉ်ရွတ်သင့်သည် ) ( ၁ ) သဗ္ဗညုတ ဘုရားရှင်များ တို့၏ အပေါ်၌ လည်းကောင်း ၊ ( ၂ ) ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌ လည်းကောင်း ၊ ( ၃ ) အဂ္ဂသာဝက အရှင်မြတ်များ အပေါ်၌ လည်းကောင်း ၊ ( ၄ ) ရဟန္တာအရှင်မြတ် များတို့ အပေါ်၌ လည်ကောင်း ၊ ( ၅ ) […]
မိန်းကလေးအများစု မသိကြသေးတဲ့ ယောကျင်္ားလေးတွေ ဖောက်ပြန်တဲ့ အကြောင်းရင်းများ
မိန်းကလေးအများစု မသိကြသေးတဲ့ ယောင်္ကျားလေးတွေ ဖောက်ပြန်တဲ့ အကြောင်းရင်းများ မယားကြီးက လှရဲ့သားနဲ့ ဒီကောင်မယားငယ်နဲ့ ဖောက်ပြန်တာ တော်တော်လွန်တာပဲတဲ့။ ဒါအခုတလော အရမ်းဟော့နေတဲ့ ဖြစ်ရပ်လေးတစ်ခုမှာ လူပြောများနေတဲ့ စကားတစ်ခွန်းပေါ့ …။ ကျနော့်မှာ သူငယ်ချင်း တစ်ယောက်ရှိတယ်… အိမ်ကပေးစားတာမဟုတ်ဘူး။ ချစ်လို့ယူထားတဲ့ မိန်းမတစ်ယောက် သူ့မှာရှိတယ်။ တစ်နှစ်ကျော်လောက်ပေါင်းပြီး ဒီကောင် နောက်တစ်ယောက်နဲ့ ဇယားကပ်ရော …။ ဒီအဖြစ်အပျက်က မျိုးစောင့် ဥပဒေတွေဘာတွေ မပြဌာန်းခင် လွန်ခဲ့တဲ့ 3နှစ်လောက်အရင်ကပေါ့။ မိန်းမကသိတော့ တငိုငိုတရီရီနဲ့ကွာရှင်းမယ် မပေါင်းဘူးလုပ်ရော။ သူ့ပတ်ဝန်းကျင် သူ့အသိုင်းအဝိုင်းကပါ ဒီကောင့်ကို ရွံပြီးလုံးဝလက်မခံတော့ အဲဒီမယားအငယ်လေးနဲ့ တခြားမြို့မှာ လုပ်ကိုင်စားသောက်ပြီးနေတယ် …။ သူ့ ပထမမိန်းမက ရိုးရိုးအေးအေး စက်ဆရာမ ကောင်မလေးက အလှကြီးမဟုတ်ပေမယ့် ဖြူဖြူသွယ်သွယ် ရိုးရိုးယဉ်ယဉ်ချစ်စရာလေး။ နောက်ယူလိုက်တဲ့ မယားငယ်က […]
နက်ဖြန် ဇူလိုင် ၁၃ ရက်နေ့ညဟာ ၂၀၂၂ ခုနှစ်အတွက် လကို အကြီးဆုံးမြင်ရမည့် ဆူပါမွန်းည ဖြစ်ပါတယ်
နက်ဖြန် ဇူလိုင် ၁၃ ရက် ဗုဒ္ဓဟူးနေ့မှာ ၂၀၂၂ ခုနှစ်အတွက် လကိုအကြီးဆုံးမြင်ရမည့် ဆူပါမွန်းည ဖြစ်ပါတယ်နော်။ ဒီအကြောင်းကို BBC ရဲ့ Sky at Night မဂ္ဂဇင်းမှာ ရေးသား ဖော်ပြထားပါတယ်။ ဒီလို ဆူပါမွန်းမျိုးကို ကမ္ဘာနဲ့ လ အနီးကပ်ဆုံးဖြစ်တဲ့ အချိန်အခါမျိုးနဲ့ လပြည့်ညနဲ့ ကြုံတဲ့ အခါမျိုးမှာ တွေ့ရတတ်ပါတယ်။ ဒီလို ကမ္ဘာနဲ့လ အနီးဆုံးဖြစ်တဲ့ ဖြစ်စဉ်ကို lunar perigee လို့ ခေါ်ပါတယ်။ ဒီနှစ်အတွက် ကမ္ဘာနဲ့လ အနီးဆုံးရောက်မယ့် ကာလနဲ့ လပြည့်ညတိုက်ဆိုင်မှုဟာ နက်ဖြန် ဇူလိုင် ၁၃ ရက်နေ့မှာ ကျရောက်မှာ ဖြစ်ပါတယ်။ အချိန် အတိအကျပြောရရင် ကမ္ဘာနဲ့လ အနီးဆုံးဖြစ်မယ့် အချိန်ဟာ မြန်မာစံတော်ချိန် နေ့လယ် […]








