ၾကားသိရသမွ်
ဒီဇင်ဘာလမှာ ပြန်ပေါင်းကြတော့မယ်လို့ သတင်းတွေ ထွက်ရှိနေတဲ့ ဆောင်းဂျွန်ကီနဲ့ဆောင်းဟေကို
တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် နှစ်ယောက်ဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ဆောင်းဟေကို စုံတွဲလေးဟာ လူတိုင်းအားကျပြီး အားပေးရတဲ့ နာမည်ကြီး စုံတွဲ လေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက “Descendants of the Sun” ဇာတ်လမ်း နဲ့ လူသိများ အောင်မြင်လာခဲ့တာဖြစ်ပြီး ဇာတ်လမ်းတွဲထုတ်လွှင့် ပြသပြီး မကြာခင်မှာပဲ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ လက်ထပ်ပြီး ၃ နှစ်အကြာမှာတော့ သူတို့နှစ်ဦးဟာ ကွာရှင်းခဲ့ပါတယ်။ မကြာသေးမီက သတင်းတွေအရ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို ပြန်လည် ပေါင်းစည်းကြတော့မယ်လို့ ကောလာဟလတွေ ထွက်ရှိလာခဲ့ပါတယ်။ သူတို့နှစ်ဦး ပြန်ပြီး လက်ထပ်ကြမယ့် အချိန်က အခုနှစ် ဒီဇင်ဘာလမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆောင်းဆောင်းစုံတွဲနှစ်ဦးရဲ့ သတင်းက ချက်ချင်းဆိုသလိုပဲ Netizen တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဆောင်းဆောင်းစုံတွဲရဲ့ ပရိသတ်တွေကတော့ ဒီသတင်းက […]
ၾကားသိရသမွ်
တစ်လီတာလျှင် ၂၀၀ ကျပ်ခန့် ကျဆင်းပြီဟု ကြေညာထားသော်လည်း တောင်ကြီးရှိ ဆီပန့်များ ဆီမရောင်းနိုင်
တစ်လီတာလျှင် ၂၀၀ ကျပ်ခန့် ကျဆင်းပြီဟု ကြေညာထားသော်လည်း တောင်ကြီးရှိ ဆီပန့်များ ဆီမရောင်းနိုင် ရှမ်းပြည်နယ်တောင်ပိုင်း‌ဒေသ၌ စက်သုံးဆီဈေး တစ်လီတာလျှင် ၂၀၀ကျပ်ခန့်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များက ဈေးနှုန်းဖော်ပြထားသော်လည်း ယမန်နေ့မှ ယနေ့၊ နေ့လည်ပိုင်းအထိ တောင်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့က ရောင်းချပေးခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့ရှိ စက်သုံးဆီဆိုင်အချို့သည် 92 ဓာတ်ဆီတစ်လီတာလျှင် ၁၉၀၀ ကျပ်ဝန်းကျင်ဟု ၎င်းတို့ဆိုင်များရှိ အရောင်းဈေးနှုန်းပြ ဆိုင်းဘုတ်များ၌ ကြေညာထားသော်လည်း သွားထည့်သူများကို ရောင်းချပေးခြင်းမရှိဘဲ ဆီပြတ်လပ်နေသည်ဟု ပြောဆိုနေကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့မနက်ကတည်းက ဒီနေ့အထိ BOC မှာ ဈေးကပ်ထားတယ်။ သွားထည့်တော့ ဆီပြတ်နေတယ်ပဲပြောတယ်။ ဈေးကျတယ်လို့တော့ တစ်နိုင်ငံလုံးမှာ ကြေညာထားပေမယ့် ဆိုင်တော်တော်များများမှာ ဆီထည့်လို့မရသေးဘူး။ မြို့ပြင်ထိ သွားထည့်နေရတယ်။ ဈေးကျလို့မရောင်းတာလား၊ တကယ်ဆီပြတ်နေတာလားတော့မသိဘူး။ မြို့ပေါ်က […]
ၾကားသိရသမွ်
သင်္ဃန်းကျွန်းမှာ မွေးထားတဲ့နွားကြီး ၉ကောင်ကို စကစတပ်နဲ့အတူ စည်ပင်သိမ်းဆည်း
သင်္ဃန်းကျွန်းမြို့နယ်၌ ရပ်ကွက်အတွင်း မွေးမြူခွင့်မပြုဘဲမွေးထားသည့် နွား ၉ ကောင်အား ရွာသာကြီးလေလွင့်တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင် ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၌ ရပ်ကွက် ၂ ခုအတွင်းမွေးမြူခွင့်မပြုဘဲ မွေးထားသည့် နွား ၉ ကောင်အား ရန်ကုန်မြို့တော်စည်ပင်၊တိရစ္ဆာန်ဆေးကုသရေးနှင့်ထုတ်လုပ်ရေးဌာန တာဝန်ရှိသူများမှစစ်ဆေး၍ ရွာသာကြီးလေလွင့်တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည် သိမ်းဆည်းခံရသည့် နွားများ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်အတွင်း နွားများမွေးမြူထားကြောင်း သတင်းအရ ရန်ကုန်မြို့ တော်စည်ပင်၊တိရစ္ဆာန်ဆေးကုသရေးနှင့်ထုတ် လုပ်ရေးဌာနမှတာဝန်ရှိသူများက စစ်ကောင်စီစီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊စစ်ကောင်စီတပ်များနှင့်အ တူ ဇူလိုင် ၆ ရက်တွင်သွားရောက်စစ်ဆေးခဲ့ကြသည် ထိုသို့ စစ်ဆေးရာ (ခ)ရပ်ကွက်၊အဝေယာလမ်း၊ အမှတ်(၅)နေအိမ်ရှေ့ရှိကားပေါ်မှ နွား ၄ ကောင်၊(က)ရပ်ကွက်၊အဝေယာလမ်း၊ အမှတ်(၁၆)နေအိမှ နွား၂ ကောင်၊(ခ)ရပ်ကွက်၊မင်္ဂလာလမ်း၊အ မှတ်(၃၂)နေအိမ်မှ နွား ၃ ကောင်(စုစုပေါင်း နွား ၉ ကောင်)အား တွေ့ရှိခဲ့ရသည် ထို့ကြောင့် […]
ကြားသိရသမျှ
ထိုင်းနိုင်ငံမှာလီဗာပူးလ် အသင်းနဲ့ ချစ်ကြည်ရေးဘောလုံးပွဲကစားဖို့ မန်ချက်စတာယူနိုက်တက်အသင်း ဘန်ကောက်မြို့ကို ရောက်ရှိ
မန်ချက်စတာယူနိုက်တက်အသင်း ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုဒီနေ့မနက်ပိုင်းက ရောက်ရှိ ဘန်ကောက် – ဇူလိုင်(၉) ပရီးမီးယားလဂ်ကလပ် အင်္ဂလန်အင်အားကြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ ဇူလိုင်လ(၉) ရက်နေ့ မနက်(၁၁) နာရီဝန်းကျင် က ထိုင်းနိုင်ဘန်ကောက်မြို့ကို ရောက်ရှိလာခဲ့ ပါတယ်။ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ လာမယ့် ဇူလိုင်လ(၁၂) ရက်နေ့ ည(၈) နာရီမှာ မန်ယူနဲ့ လီဗာပူးလ် အသင်းတို့ဟာ ချစ်ကြည်ရေး ဘောလုံးပွဲကစားဖို့ ရောက်ရှိလာတာပါ။ ရာဇမင်္ဂလာအမျိုးသားအားကစားရုံမှာကစားကြမယ့် ပွဲမှာ ဘယ်ကစားသမားတွေပါဝင်လာမယ် ဆိုတာကိုတော့ ပွဲစီစဉ်သူတွေက ထုတ်ဖော်ပြောဆိုထားတာမရှိသေးပေမယ့် အင်အားကြီး ကလပ် အသင်း(၂) သင်းကတော့ ပထမတန်းကစားသမားတွေပါဝင်မယ်လို့ အတည်ပြုထားပါတယ်။ အဲ့ဒီပွဲစဉ်အတွက် လက်မှတ်တွေကို အနည်းဆုံးဘတ်(၅၀၀၀) တန်ကနေ ဘတ်(၂၅၀၀၀) တန် လက်မှတ်တွေကို Thaiticketmajor ကနေ တဆင့် ရောင်းချနေတာဖြစ်ပါတယ်။ သတင်း […]
ၾကားသိရသမွ်
တော်လှန်ရေးတာဝန်တွေ ဆက်ပြီးထမ်းဆောင်နေဦးမည့် မင်းမော်ကွန်း
တော်လှန်ရေးတာဝန်တွေ ဆက်ပြီးထမ်းဆောင်နေဦးမည့် မင်းမော်ကွန်း (ဆက်သွယ်မေးမြန်းချက်) ================== မေးမြန်း/တည်းဖြတ် – ဝေယံမိုး ” ကျွန်တော်ပြည်သူ့ဘက်ကရပ်တည်တယ် အမှန်တရားကို မျက်နှာမူထားတယ်။ ကျွန်တော်ကအမှောင်ထဲမှာရှိမနေပါဘူး။ ကျွန်တော် အလင်းပြန်ဝင်စရာကိုမလိုတာပါ။ နောက်ထပ်တစ်ခုက ကိုယ်ယုံကြည်လို့လုပ်ခဲ့တဲ့ကိစ္စတစ်ခုကိုလည်း နောက်ပြန်လှည့်ဖို့ ဘယ်တော့မှမရှိ ဘူး ” စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံကျော်သရုပ်ဆောင်မင်းမော်ကွန်းသည် ပြည်သူနှင့်အတူ စစ်အာဏာရှင်အား တွန်းလှန်ဖြုတ်ချရန်ပါဝင်ခဲ့ သည်။ ဆန္ဒပြပွဲများမှသည် လွတ်မြောက်ရာတိုင်းရင်းသားနယ်မြေအထိ သွားရောက်ရန်ဆုံးဖြတ်ဖြစ်ပုံနှင့် တော်လှန်ရေးအတွက် ဆက်လက် လုပ်ဆောင်နေသည့် အကြောင်းအရာများကို ၎င်းက ပြောပြထားသည်။ စစ်ကောင်စီ၏ဝါဒဖြန့်မီဒီယာများမှနေ၍ မင်းမော်ကွန်းသည် အလင်းဝင်လိုကြောင်း အသီးသီးရေးသားဖြန့်ဝေနေမှုများအပေါ် ၎င်း၏တုန့် ပြန်ချက်၊ တော်လှန်ရေးရဲဘော်များနှင့် ပြည်သူများသို့ အားပေးသည့် သတင်းစကားများကို မဇ္ဈိမမှတစ်ဆင့်ပြောပြထားသည်။ #Mizzima တော်လှန်ရေးတာဝန်တွေ ဆက်ပြီးထမ်းဆောင်နေဦးမည့် မင်းမော်ကွန်း (ဆက်သွယ်မေးမြန်းချက်) ================== မေးမြန်း/တည်းဖြတ် – […]
ဗဟုသုတ
“စွန့်ပစ်ပလပ်စတစ်မှ ဒီဇယ်ထုတ်လုပ်နိုင်တဲ့နည်းပညာကို လက်တွေ့ပြသပေးလိုက်တဲ့ အညာသားလေး”
Unicode စစ်ကိုင်တိုင်းဒေသကြီး၊ ဘုတလင်မြို့က BE(Chemical) ဘွဲ့ရ ကိုသန့်ဇင်ထွန်း ဆိုသူဟာ၂၀၁၅ ခုနှစ်မှာ စွန့်ပစ် ဂျွတ်ဂျွတ်အိတ်၊ ပီနံအိတ် နဲ ့ အခြားစွန့်ပစ်ပလပ်စတစ်တွေကနေ ဒီဇယ်ဆီ တစ်နေ့ ဂါလံ ၂၀ ထုတ်လုပ်ထဲ့ Pilot Plant လေးကိုတည်ဆောက်ပြီး သူ့ရဲ့ထုတ်လုပ်မှုကို သရုပ်ပြခဲ့ရာမှာ သူ့ရဲ့ ဒီဇယ်ဆီ Product တွေထည့်ပြီး လယ်ယာသုံးစက်များကို မောင်းနှင်ပြခဲ့ပါတယ်။ တိုင်းဒေသကြီးအစိုးရကိုလည်း သူ့ရဲ့ Plan ကိုရှင်းပြကာ စက်ရုံအကြီးတည်ဆောက်နိုင်ရေး Investment အတွက် SME ချေးငွေ သိန်း ၅ထောင်လိုအပ်ကြောင်း တင်ပြခဲ့ပါတယ်။ အဲဒီတုန်းက စည်ပင်ကလည်း ပလပ်စတစ် စွန့်ပစ်အမှိုက်ကိစ္စ ဖြေရှင်းနိုင်မယ့်နည်းလမ်းဖြစ်လို့ အတော်စိတ်ဝင်စားကာ သူကို ချေးငွေ သိန်းငါးရာ ချေးပေးဖို့ အစီအစဉ်ရှိခဲ့သော်လည်း နောက်တော့အစီအစဉ်က ပျက်သွားခဲ့တယ်လို့ […]
ဗဟုသုတ
သင့်ချစ်သူက သင့်ကို တကယ်ဂရုစိုက်ပေးတာလား၊ ချုပ်ချယ်နေတာလားဆိုတာကို ခွဲခြားသိနိုင်မယ့်အချက် (၈) ချက်
ဂရုစိုက်တာနဲ့ ချုပ်ချယ်တာရဲ့ကြားမှာ အလွှာပါးပါးလေးပဲ ခြားပါတယ်။ တစ်ခါတရံမှာ သင့်ချစ်သူက သင့်ကို တကယ်ပဲ ဂရုစိုက်ပေးနေတာလား၊ ချုပ်ချယ်နေတာလားဆိုတာ ခွဲခြားရခက်ပါတယ်။ သင်က ဂရုစိုက်ခံနေရတာလား၊ ချုပ်ချယ်ခံနေရတာလားဆိုတာကို ဒီအချက်လေး‌တွေကနေ သိနိုင်ပါတယ်။ ၁။ တစ်ဖက်သတ်ဆုံးဖြတ်ခြင်း စုံတွဲတွေကြားမှာ အဆင်ပြေဖို့ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းတာ၊ သဘောတူညီချက်တွေထားတာ စသဖြင့် ပြုလုပ်လေ့ရှိကြပါတယ်။ သင့်ကို တကယ်ဂရုစိုက်သူဆိုရင် နှစ်ယောက်စလုံးအတွက် အဆင်အပြေဆုံးဖြစ်မယ့်အရာကို ရွေးချယ်မှာပါ။ အဲဒီလိုမဟုတ်ဘဲ သင့်ရဲ့ခံစားချက်တွေကို ထည့်သွင်းမစဉ်းစားဘဲ သူ့အမြင်သူ့သဘောနဲ့ပဲ ဆုံးဖြတ်ရင်တော့ သင့်ကို ချုပ်ချယ်နေတာပါ။ ၂။ မမျှတခြင်း စုံတွဲတွေကြားမှာ အချင်းချင်းသဘောတူညီထားတဲ့ ကတိတွေ၊ စည်းမျဉ်းတွေ ရှိကြပါတယ်။ ဒါပေမယ့် သင့်ချစ်သူက အဲဒီကတိတွေ၊ စည်းမျဉ်းတွေကို အရင်စဖောက်ပြီး သင့်ကိုတော့ ကတိတွေတည်ရမယ်၊ စည်းမျဉ်းတွေ လိုက်နာရမယ်လို့ ပြောနေရင်တော့ တကယ်ထိန်းချုပ်ချင်နေတာပါ။ […]
ၾကားသိရသမွ်
၂၁ ရာစုရဲ့ အကြွေးတောင်းနည်း အသစ်(အကြွေးယူပြီးပြန်မဆပ်ရင် အဲ့ဒီနည်းနဲ့တောင်းပါ)
ၾကားသိရသမွ်
ဘဏ်အလုပ်မှထွက်ပြီး လမ်းဘေးတွင် လက်ဖက်ရည်ဆိုင်ဖွင့်လိုက်သောအခါ
ယနေ့ခေတ်တွင် တည်ငြိမ်စွာနှင့် အလုပ်ကောင်းကောင်းတစ်ခုရဖို့ဆိုတာ မလွယ်ကူလှသော်လည်း အချို့ကျ ရရှိနေသော အလုပ်မှထွက်ပြီး ကိုယ်ပိုင်စီးပွားရေးများ ပြောင်းလုပ်ကြသည်။ သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက် ၃၁နှစ်အရွယ် မိန်းကလေးသည် ရုပ်ရည်သွင်ပြင်မှာ ပြောစရာမလိုအောင် လှပပြီး ပညာအရည်အချင်းမှာလည်း ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် မိန်းကလေးသည် လူတိုင်းလိုချင်ကြသည့် ပုဂ္ဂလိကဘဏ်တစ်ခုတွင် စာရေးမတစ်ဦးအဖြစ် ရရှိခဲ့ပြီး တစ်လကို ဗီယက်ငွေ ၈သန်းဖြင့် လုပ်ကိုင်ခဲ့ပြီးနောက် အိမ်ထောင်ကျသွားခဲ့ရာ ထိုအလုပ်မှ ထွက်ပစ်ခဲ့သည်။ မိန်းကလေးအား မိသားစုဝင်တွေနှင့် အခြားသူများမှ အလုပ်ထွက်ခဲ့ခြင်းအတွက် အံ့အားသင့်ခဲ့ကြပြီး ကိုယ်နှင့်အဆင်ပြေမည်ထင်သည့် လမ်းဘေးတွင် လက်ဖက်ရည်ဆိုင်ငယ်လေး ဖွင့်ရောင်းခဲ့သည်။ ကံကောင်းချင်၍ မိန်းကလေးဧ။် လက်ဖက်ရည်ဆိုင်ငယ်လေးသည် လူကြိုက်များခဲ့ကာ နွေဦးရာသီတွင် အအေးဖျော်ရည်များပါ ထည့်ရောင်းလာခဲ့ရင်း ၇နှစ်အကြာတွင် ဗီယက်နမ်ငွေ ၂ဘီလီယံတန်ဖိုးရှိ တိုက်အိမ်ကြီးကို ဝယ်ယူနိုင်ခဲ့သည်။ credit zawgyi […]
ၾကားသိရသမွ်