News

ဗဟိုဘဏ်က ဒေါ်လာသန်းနဲ့ချီ ထုတ်ရောင်းလာတဲ့နောက် ပြင်ပဒေါ်လာဈေး ကျ

စက်တင်ဘာလမှာ ဗဟိုဘဏ်က ဒေါ်လာ ၁၃ သန်းကျော်အထိ ရောင်းချလာပြီး အရင်လက ရောင်းချဲ့တာ အပါအဝင် စုစုပေါင်း ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ထုတ်ရောင်းလာတဲ့နောက် ပြင်ပဒေါ်လာဈေး ဆက်တိုက် ပြန်ကျလာတာ တွေ့ရပါတယ်။ အရင်လက စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးမယ်လို့ ကြေညာခဲ့တဲ့နောက်ပိုင်း ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်ထဲကို ဒေါ်လာတွေ ဆက်တိုက် ရောင်းချပေးလာပြီး အရင်လတုန်းက တစ်ဒေါ်လာ ၃၄၀၀ ကျပ်ဝန်းကျင်၊ ဒီလထဲမှာတော့ ၃၅၀၀ ကျပ်ခန့်နဲ့ ထုတ်ရောင်းလာပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လလယ်က ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာဈေး ဆက်တိုက် ခုန်တက်ပြီးတော့ တစ်ဒေါ်လာ ကျပ် ၇၀၀၀ ကျော်အထိ ရောက်ရှိခဲ့တဲ့နောက် ဗဟိုဘဏ်က ဒေါ်လာ သန်းနဲ့ချီ ရောင်းချလာခဲ့ပြီး အခု […]

News

ယနေ့ နိုင်ငံခြား ငွေလဲနှုန်းများ (စက်တင်ဘာ ၈)

ဒေါ်လာစျေးအကျ မရသေးဘဲ တအိအိနဲ့ ဆက်ဆင်းလာနေပါတယ်။ ဒီအတိုင်းဆိုရင် လာမယ့် အပတ်ထဲမှာပဲ ပြည်တွင်းမှာ ဒေါ်လာစျေး ၅၀၀၀ အောက်ကို ပြန်ဆင်းသွားမယ် ခန့်မှန်းနေကြပါတယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (စက်တင်ဘာလ ၈ ရက်၊ တနင်္ဂနွေနေ့) -အမေရိကန်ဒေါ်လာ‌ ရောင်းဈေး – ၅၂၅၀ ကျပ် ဝယ်ဈေး – ၅၁၅၀ ကျပ် -ယူရို ရောင်းဈေး – ၅၆၅၀ ကျပ် ဝယ်ဈေး – ၅၄၅၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၁၁၈၀ ကျပ် ဝယ်ဈေး – ၁၁၃၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၇၂၀ ကျပ် ဝယ်ဈေး – ၆၉၃ ကျပ် […]

News

ယနေ့ ပြည်တွင်းရွှေဈေး ( စက်တင်ဘာလ ၈ ရက်)

အရင်တပတ်က ပြင်ပရွှေဈေးကွက်အတွင်း အကယ်ဒမီ မီးလင်းရွှေ ၁၆ ပဲရည် တကျပ်သား ဈေးအမြင့်ဆုံး ၇၅ သိန်းဝန်းကျင်အထိ ရှိခဲ့ပေမယ့် အခုတပတ်မှာတော့ ၆၈ သိန်းဝန်းကျင်အထိ ကျဆင်းလာတာကို တွေ့ရပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (စက်တင်ဘာလ ၈ ရက်၊ တနင်္ဂနွေနေ့) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၉၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၈၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၇၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၆၅၆၀၀၀၀ ကျပ်