News

ကမ္ဘာတလွှားက ဘဏ်တွေက ဒီနှစ်ထဲမှာ ရွှေကို စံချိန်တင် ဝယ်ယူနေ

ကမ္ဘာ့နိုင်ငံအရပ်ရပ်က ဗဟိုဘဏ်တွေဟာ ဒီနှစ် ၂၀၂၄၊ ပထမနှစ်ဝက်ထဲမှာတင် ရွှေတန် ချိန်စုစုပေါင်း ၄၈၃ တန်အထိ စံချိန်တင် ဝယ်ယူမှုရှိခဲ့ကြတယ်လို့ သိရပါတယ်။ မနှစ်က ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တုန်းကတော့ ရွှေတန်ချိန် ၄၆၀ တန် ဝယ်ယူခဲ့တဲ့အတွက် ဒီနှစ် ကာလတူနဲ့ ယှဉ်ကြည့်ရင် ဗဟိုဘဏ်တွေဟာ ရွှေကို ၅ % တိုးမြှင့် ဝယ်ယူခဲ့ကြတာ တွေ့ရပါတယ်။ ဒီနှစ် ၂၀၂၄ ဒုတိယသုံးလပတ်ထဲမှာ ဗဟိုဘဏ်တွေဟာ ရွှေ တန်ချိန် ၁၈၃ တန်အထိ ဝယ်ယူခဲ့ပြီး နှစ်အလိုက် ယှဉ်ကြည့်ရင် ၆ % တိုးလာခဲ့ပါတယ်။ ဒီနှစ်ထဲမှာ ရွှေဝယ်ယူမှု အများဆုံး ဗဟိုဘဏ်တွေကတော့ ပိုလန်ဗဟိုဘဏ်၊ အိန္ဒိယဗဟိုဘဏ်နဲ့ တူရကီ ဗဟိုဘဏ်တွေ ဖြစ်တယ်လို့ ကမ္ဘာ့ရွှေကောင်စီ စာရင်းအရ […]

News

ယနေ့ အင်္ဂါနေ့ နိုင်ငံခြားငွေလဲနှုန်းများ (စက်တင်ဘာလ ၃ ရက်၊ )

အမေရိကန် ဒေါ်လာ၊ စလုံး ဒေါ်လာတို့ စျေးနည်းနည်းတက်ပြီး အခြားသော အိမ်နီးနားချင်း ငွေကြေးတွေကတော့ စျေးငြိမ်နေပါတယ် ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (စက်တင်ဘာလ ၃ ရက်၊ အင်္ဂါနေ့) အမေရိကန်ဒေါ်လာ 5500 – 5650 ဥရောပယူရို 5870 – 6060 ဗြိတိသျှစတာလင်ပေါင် 6970 – 7200 သြစတြေးလျဒေါ်လာ 3580 – 3690 ဂျပန်ယန်း 36.25 – 37.45 တောင်ကိုရီးယားဝမ် 4.00 – 4.16 အိန္ဒိယရူပီး 62.00 – 64.00 စင်ကာပူဒေါ်လာ 4060 – 4210 မလေးရှားရင်းဂစ် 1190 – 1250 တရုတ်ယွမ် 745 – 775 […]

News

ယနေ့ ပြည်တွင်းရွှေစျေးများ ( စက်တင်ဘာ ၃ )

ယနေ့ ပြည်တွင်းရွှေဈေး (စက်တင်ဘာလ ၃ ရက်၊ အင်္ဂါနေ့) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၉၃ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၀၂၈၄၈၀ ကျပ် -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၇၂၀၀၀၀၀ ကျပ် – ၁၅ပဲရည် (ပြင်ပစျေးကွက်) ၆၇၅၀၀၀၀ ကျပ်

News

ပြည်တွင်းပုဂ္ဂလိကဘဏ်တွေမှာ ချေးငွေ၊ အပ်ငွေ အတိုးနှုန်းတွေ တိုးမြှင့်

စက်တင်ဘာ ၁ ရက်က စတင်ပြီး အပ်ငွေအတိုးနှုန်းတွေကို အမျိုးအစားပေါ် မူတည်ပြီးတော့ အနည်းဆုံး ၈ ရာခိုင်နှုန်းကနေ အများဆုံး ၁၂ ဒသမ ၅ ရာခိုင်နှုန်းအတွင်း တိုးမြှင့်ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ ဗဟိုဘဏ်က ပြီးခဲ့တဲ့ သြဂုတ်လမျာ ငွေဖောင်းပွမှု လျော့ကျရေးနဲ့ ချေးငွေ ပိုမို ထုတ်ပေးနိုင်ရေးတို့အတွက် အတိုးနှုန်းတွေကို စက်တင်ဘာလ စတင် တိုးမြှင့်မယ်လို့ ကြေညာခဲ့တဲ့နောက် ဒီနေ့ စက်တင်ဘာ ၁ ရက်မှာ ပြည်တွင်းဘဏ်တွေက အတိုးနှုန်း ပြင်ဆင်ချက်တွေ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်အရ ဘဏ်တွေအနေနဲ့ အပ်ငွေအပေါ် ပေးရမယ့်အတိုးနှုန်းကို ၇ ရာခိုင်နှုန်းနဲ့ ချေးငွေအားလုံးအတွက် ကောက်ခံနိုင်တဲ့ အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်းအဖြစ် ပြင်ဆင်လိုက်ပြီး မိမိတို့ အမြတ်ရနိုင်စွမ်းနဲ့ ဆုံးရှုံးနိုင်ခြေ […]