မင်းသမီး ဖြစ်ချင်တဲ့ ဆန္ဒကို ချိုးနှိမ် ထားပြီး တိုင်းတပါးမှာ ပညာ သင်ရင်း စားပွဲ ထိုးသွားရောက် လုပ်ကိုင် နေတဲ့ သရုပ် ဆောင် နေ ခြည်ရွှန်းလဲ့ ဆံနွယ် နက်နက် ရှည် ရှည် လေးတွေနဲ့ မြန်မာ ဆန် ဆန် ချစ် စရာကောင်းတဲ့ မင်းသ မီး ချောလေး နေခြည်ရွှန်းလက် က တော့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲ မှာကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ နေခြည်ရွှန်းလက်က “မျက်လုံးမှာအလွမ်းနှုတ်ခမ်းမှာ မာန” ဇာတ် လမ်းတွဲမှာတော့ နှင်းနွေဆိုတဲ့ ခေါင်းဆောင် မင်းသမီးကာရိုက်တာကို သရုပ် ဆောင်ခဲ့ပြီးမထင်ထား လောက်အောင်ကို အနုပညာ အ ရည်အချင်းပြည့်ဝတာမို့ ပရိသတ်တွေရဲ့ အားပေးမှုကို […]
မန္တလေးတွင် မြို့လုံးကျွတ် အသံတိတ်သပိတ် စတင်
မန္တလေးတွင် မြို့လုံးကျွတ် အသံတိတ်သပိတ် စတင် ဧရာဝတီ၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၂ စစ်အာဏာသိမ်းမှုအပေါ် ပထမဆုံး လမ်းပေါ်ဆန္ဒပြပွဲတွေ စတင်ခဲ့တဲ့ မန္တလေးမြို့ပေါ်မှာ ဒီနေ့ တနှစ်ပြည့်တဲ့နေ့မှာလည်း မနက် ၁၀ နာရီကစပြီး မြို့ခံတွေဟာ စစ်အာဏာရှင်ကို လက်မခံကြောင်း ပြည်လုံးကျွတ် အသံတိတ် သပိတ်ကို ဆင်နွှဲနေကြပါတယ်။ မန္တလေးမြို့ပေါ်နေရာတော်တော်များများမှာ လူနဲ့ ယာဉ်သွားလာမှုတွေ ကင်းရှင်းပြီး တိတ်ဆိတ်သွားတဲ့ အထိဖြစ်နေတာကို တွေ့ရပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားနေသူတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်သတ်ဖြတ်တာ၊ ကားနဲ့တိုက်သတ်တာ၊ ဖမ်းဆီးညှင်းပန်းနှိပ်စက်တာ၊ ထောင်ချတာတွေပြုလုပ်ပြီး ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ပေမယ့် မန္တလေးမြို့ခံတွေဟာ တနှစ်ပြည့်ချိန်ထိ လမ်းပေါ်ဆန္ဒပြပွဲတွေကို ရတဲ့နည်းနဲ့ ဆက်လက် ဆင်နွှဲခဲ့ကြသလို ဒီနေ့လို ပြည်လုံးကျွတ် သပိတ်တွေကိုလည်း ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ခဲ့ကြတာကိုတွေ့ရပါတယ်။ မန္တလေးတွင် မြို့လုံးကျွတ် အသံတိတ်သပိတ် […]
ခြေလှမ်းမြန်မြန်အသံတိတ်တိတ်နဲ့ လှုပ်ရှားနေတဲ့ ရန်ကုန်
လူစည်းကားလှသည့် လှည်းတန်းရဲ့ အသံတိတ်သပိတ်နေ့တွင်တွေ့ရသည့် အားတတ်စရာယနေ့ မြင်ကွင်း ခြေလှမ်းမြန်မြန်အသံတိတ်တိတ်နဲ့ လှုပ်ရှားနေတဲ့ ရန်ကုန်မနက်ခင်း BVJ_၂၀၂၂ ဖေဖော်ဝါရီလ၁ရက်။ စစ်အာဏာသိမ်းခြင်းတနှစ်ပြည့် အသံတိတ်အာဏာဖီဆန်မှု(Silent Strike) လှုပ်ရှားကြဖို့ ရန်ကုန်သူ ရန်ကုန်သားတွေ သည်နေ့မနင်မှာ ပြင်ဆင်နေကြပါတယ်။ သည်ရက်မတိုင်ခင် ယမန်နေ့ကထိ စစ်အာဏာရှင်ထောက်တိုင်တွေက နည်းအမျိုးမျိုးနဲ့ခြိမ်းခြောက်နေပေမယ့်လည်း “ရန်ကုန်ဟာ ရန်ကုန်ပီသစွာနဲ့ တော်လှန်ရေးတာဝန်ကျေပွန်ဖို့ကြိုးစားနေကြတယ်” လို့ အသက် ၅၇နှစ်အရွယ် လဖေ့ရည်ဖျော်ဆရာ ဦးဂျမားကပြောပါတယ်။ “မနက် ၆:၃၀ကတည်းက ရင်တထိတ်ထိတ်နဲ့ ကားစောင့်နေတာ လမ်းပေါ်မှာ အကြာကြီးမရှိချင်ဘူး။ ကလေးတွေကိုအားနာလို့။ သည်နေ့မှ ကားက အရမ်းကြာတယ်။ မှတ်တိုင်တွေမှာလည်း ခါတိုင်းလို လူတွေရှိမနေကြဘူး။ လမ်းပေါ်က လူတွေကလည်း ခပ်သုတ်သုတ်သွားနေကြတယ်။” လို့ သူကဆိုပါတယ်။ လမ်းမကကြီးဘေးက ဆိုင်တချို့ ဖွင့်ထားပေမယ်လို့ စတိသဘောမျိုးသာဖြစ်ပြီး ရောင်းဖို့စီစဉ်ထားတာမရှိဘူးလို့လည်း သိရပါတယ်။ စစ်ကောင်စီရဲတပ်သားတချို့ကို […]
မီးမပျက်ရင်ကို ဝမ်းသာနေရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဆုံးရှုံးလာတဲ့ အခွင့်အရေးများ
မီးမပျက်ရင်ကို ဝမ်းသာနေရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဆုံးရှုံးလာတဲ့ အခွင့်အရေးများ ကိုယ်တွေရဲ့ ပျော်ရွှင်မှုတွေဟာ တဖြည်းဖြည်း အပေါစားဆန်လာတယ်။ မီးလာရင်ပျော်ရတယ်။ အပြင်သွားလို့ အစစ်အဆေး အလုပ်မခံရရင် ပျော်ရတယ်။ အင်တာနက်ကလေး လိုင်းနည်းနည်း ကောင်းလာရင် ပျော်လာတယ်။ ဆီစျေးလေး နည်းနည်း ကျလာရင် ပျော်တတ်လာတယ်။ ရုံးကိစ္စ သွားလို့ စာရေးက မရစ်ရင် ပျော်ရတယ်။ ကိုယ်ဘာမှ မလုပ်ထားပဲ အစစ်အဆေး ခံရရင်တောင် ပြသနာမရှာပဲ လွှတ်ပေးလိုက်တာကိုပဲ သက်ပြင်းချပြီး ပျော်ရပြန်တယ်။ ညဘက် ကိစ္စရှိလို့ နည်းနည်းလေး နောက်ကျသွားလို့ အိမ်အပြန် အေးချမ်းရင် ပျော်လာတတ်ပြီ။ ဒီအပျော်တွေက တကယ့် ပျော်ရွှင်မှု အစစ်တွေလား၊ တကယ်တော့ ဒါတွေဟာ သာမန် လူသားတစ် ယောက်အတွက် ခေါင်းထဲထည့်စရာတောင်မလိုပဲ ရရှိနေပြီးသား အခွင့်အရေးသေးသေးလေးတွေပဲ ရှိပါသေးတယ်။ […]
ယနေ့ အသံတိတ် သပိတ်ပြုလုပ်မယ့်နေ့မှာ အထူးဂရုစိုက်ကြပါ (ရုပ်သံ)
ဒီသတင်းအရဆိုရင် အသံတိတ် သပိတ်ပြုလုပ်မယ့်နေ့ အထူးဂရုစိုက်ကြပါ အောက်တွင် ရုပ်သံဖိုင်အား ဖော်ပြထားသည်။ Crd# Zawgyi ဒီသတင်းအရဆိုရင် အသံတိတ် သပိတ်ပြုလုပ်မယ့်နေ့ အထူးဂရုစိုက်ကြပါ အောက်တွင် ရုပ်သံဖိုင်အား ဖော်ပြထားသည်။ Crd# Unicode ဒီသတင်းအရဆိုရင် အသံတိတ် သပိတ်ပြုလုပ်မယ့်နေ့ အထူးဂရုစိုက်ကြပါ အောက်တွင် ရုပ်သံဖိုင်အား ဖော်ပြထားသည်။ Crd# ဒီသတင်းအရဆိုရင် အသံတိတ် သပိတ်ပြုလုပ်မယ့်နေ့ အထူးဂရုစိုက်ကြပါ အောက်တွင် ရုပ်သံဖိုင်အား ဖော်ပြထားသည်။ Crd# Zawgyi ဒီသတင်းအရဆိုရင် အသံတိတ် သပိတ်ပြုလုပ်မယ့်နေ့ အထူးဂရုစိုက်ကြပါ အောက်တွင် ရုပ်သံဖိုင်အား ဖော်ပြထားသည်။ Crd# Unicode ဒီသတင်းအရဆိုရင် အသံတိတ် သပိတ်ပြုလုပ်မယ့်နေ့ အထူးဂရုစိုက်ကြပါ အောက်တွင် ရုပ်သံဖိုင်အား ဖော်ပြထားသည်။ Crd# ဒီသတင်းအရဆိုရင် အသံတိတ် သပိတ်ပြုလုပ်မယ့်နေ့ […]
အရက်ကို စွဲစွဲလမ်းလမ်းသောက်တတ်သူများ၊ အစလုပ်ပြီး သောက်နေသူများ ဖတ်ကြည့်ပါ
အရက်ဆိုတဲ့ Ethyl Alcohol (အီသိုင်းလ် အယ်လ်ကိုဟော)ဟာ ပျမ်းမျှအားဖြင့် ဘီယာ အပျော့မှာ ၃ ရာခိုင်နှုန်း၊ ဘီယာ အပြင်းမှာ ၆ ရာခိုင်နှုန်း၊ ဝိုင်အပျော့မှာ ၁ဝ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊ ရှယ်ရီနှင့် ဝိုင်မှာ၁၆ ဒသမ ၂ဝ ရာခိုင်နှုန်း၊ ဝီစကီနှင့် ဂျင်မှာ ၄ဝ ရာခိုင်နှုန်း၊ ဘရမ်ဒီမှာ ၄၅ ဒသမ ဝ၅ ရာခိုင်နှုန်း၊ ရမ်မှာ ၅ဝ ရာခိုင်နှုန်းမှ ၆၉ ဒသမ ဝ၅ ရာခိုင်နှုန်း၊ ဗော့ဒ်ကာမှာ ၆ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်း အထိ အသီးသီး ပါဝင် နေပါတယ်။ Ethyl Alcohol ဟာ ဓာတုပစ္စည်း တစ်မျိုး ဖြစ်တာကြောင့်လည်း […]
2022-ခု ဖေဖေါ် ဝါရီလ ဟောစာတမ်း ကြာသပတေး သားသမီးများ
2022-ခု ဖေဖေါ် ဝါရီလ ဟောစာတမ်း ကြာသပတေး သားသမီးများ ကြာသပတေး သားသမီးများ ယခု ဖေဖော်ဝါရီလတွင် ဝင်ငွေကောင်းသောလည်း အသုံးစားရိတ်များအတွက် စာရင်းမရှိပဲဖြစ်အံ့။ ငွေမည်မျှဝင်စေ ငွေမမြဲဘဲဖြစ်နေတတ်သည်။ ရရှိသောငွေများသည်ကိုယ်မသုံရဘဲ တစ်ပါးသူအကျိုးအတွက်ပြန်ကုန်တတ်သည်။ သူးတစ်ပါးတို့၏ကိစ္စများအပေါ် မဆိမဆိုင်ဝင်ပါတတ်၍ ပြဿနားများရှင်းရ အခက်ကြုံအံ့။ စီးပွားရေး ကွမ်းနှင့်ကွမ်းသီး၊နွယ်ပင်များ၊ တိုင်းရင်ဆေးဝါးထုတ်လုပ်ရေး၊အုန်းသီးနှင့် အုန်းပင်၊ ဆီထွက်အုန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ကားအသင်းထောင်ခြင်း၊ ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ခြင်း၊ ခြံလုပ်ငန်းလုပ်ခြင်းတို့မှ အကျိူးမြတ်ရမည်။ တနဂ်နွေ၊သောကြာ၊ဗုဒ္ဓဟူးနံလုပ်ငန်းနှင့် ထိုနေနံသားသမီးများ အကျိူးပေး၊လုပ်ငန်းသစ်လုပ်ခြင်း၊အလုပ်သစ်လျှောက်ခြင်းနှင့်ရင်းမြှုံနှံမှုများစတင်ခြင်းတို့ အကျိူးဖြစ်အံ့။ တပည့်များမှ မိမိအား ပုန်ကန်သလို လုပ်တတ်ပြီး၊ မိမိ၏ လက်အောက်ငယ်သားများနဲ့မိမိအကြား အချေအတင်ဖြစ်တတ်သည်။ အဂ်ါ၊ကြာသပတေး၊စနေ ထိုနေနံ သားသမီးတစ်ဦး ဒုက္ခပေးအံ့။ အမှုဖြစ်အံ့။အပျက်အစီး၊အတိုက်အခံများလာအံ့။ တောင်အရပ် လာဘ်ရအံ့။ စန်းပွင့်။ ငွေကြေးကိစ္စ၊ ကုမ္ပဏီကိစ္စဆောင်ရွက်ခြင်း၊မိတ်ဆွေသစ်တွေ့ခြင်း၊ ဆွေးနွေးခြင်း၊ စာချူပ်စာတမ်းလက်မှတ်ရေးထိုးခြင်း၊ ထီးထိုးခြင်း […]
သီချင်းတွေနဲ့ အမြဲတမ်းရှင်သန်နေတဲ့ အဆိုတော်ကြီး ဦးငှက် (သို့) ထူးအိမ်သင် ဘဝအကြောင်း
သီချင်းတွေနဲ့ အမြဲတမ်းရှင်သန်နေတဲ့ အဆိုတော်ကြီး ဦးငှက် (သို့) ထူးအိမ်သင် ဘဝအကြောင်း ဒီကနေ့မှာတော့ နာမည်ကြီး အဆိုတော် တစ်ယောက် ဖြစ်တဲ့ အပြင်ကို သီချင်းကောင်းများစွာကို ရေးသား သီကုံးခဲ့ပြီး စတင်ကျော်ကြားကတည်းက အခုအချိန်အထိ ပရိတ်သတ်တွေရဲ့ လူငယ် လူရွယ် လူကြီး ပရိတ်သတ် အစုံအလင်ရဲ့ အသည်းနှလုံးကို ကိုင်စွဲလှုပ်ကိုင်ထားနေနိုင်တဲ့ အဆိုရှင် ထူးအိမ်သင် အကြောင်းကို တင်ဆက်ပေးတော့မှာပဲ ဖြစ်ပါတယ်။ ထူးအိမ်သင်လို့ ပြောလိုက်ရင် ဂီတလောကမှာ အနုပညာ အစစ်အမှန်တွေကို ပရိတ်သတ်တွေကို ထိတွေ့ခံစားခွင့် ပေးခဲ့ပြီး ၁၉၈၀ ခုနှစ် အလယ်များတွင် မြန်မာ့ဂီတလောက၌ ပေါ့ဂီတကို အသွင်တမျိုးဖြင့် ယူဆောင်ပေးသည့် ကျော်ကြားသော အဆိုတော် တေးရေးဆရာတစ်ယောက်ဖြစ်တယ်ဆိုရင် မမှားပါဘူး အသံချိုချိုနဲ့ သီချင်းကောင်းများစွာကို ကိုယ်ပိုင်ဟန်နဲ့ ရေးစပ်ခံစား သီဆိုနိုင်သူအဖြစ် […]
ကား ကျော်တက်တော့မယ်ဆို သတိထားသင့်တဲ့ အချက်(၈)ချက်
ကားတစီးနဲ့ တစီး အရှိန်နဲ့ကျော်တက်ခြင်းဟာ အရမ်းအန္တရာယ်များပါတယ်။ ကျော်တက်တော့မယ်ဆိုရင်လည်း ထည့်စဉ်းစားရမယ့် အချက်တွေအများကြီးပဲ။ကိုယ့်ကားရဲ့ အင်ဂျင်ပါဝါ၊သွားနေတဲ့အရှိန်၊ လမ်းအနေအထား အစရှိသဖြင့်ပေါ့။ ဆိုတော့က ကားကျော်တက်တော့မယ်ဆို ကျနော်အခုပြောမယ့်အခြေခံအချက်လေးတွေတော့ ကြိုသိထားသင့်ပါတယ်။ဒါမှသာ အန္တရာယ်ကင်းကင်းနဲ့လိုရာခရီးကိုရှေ့ဆက်နိုင်မှာပေါ့နော်။ ၁။နောက်ကြည့်မှန်၊ ဘေးမှန် တွေကိုအလကားမထားပါနဲ့။ ကား ကျော်တော့မယ်ဆိုအကုန်ပတ်ကြည့်ပါ။ အနဲဆုံး ၂ ခေါက်လောက်သေချာအောင်ကြည့်ပါ။ ၁ ခေါက်လောက်နဲ့ကိုယ့်မျက်စိကိုယ် မယုံပါနဲ့။ ဖြစ်သွားတဲ့မတော်တဆ တွေထဲမှာ နောက်ကြည့်မှန်သေချာမကြည့်တာကလဲ အချက်တချက်အနေနဲ့ပါနေတတ်ပါတယ်။ ၂။ကိုယ့်မျက်စိတဆုံး ရှေ့ကိုလှမ်းမမြင်ရဘူးဆို လုံးဝလုံးဝ ကျော်တက်ဖို့မကြိုစားပါနဲ့။ ဥပမာ မြူ ကျနေတာပဲ ဖြစ်ဖြစ်၊ မိုးတအားသဲနေတာပဲဖြစ်ဖြစ်၊ကိုယ့်မျက်စိကသေချာ မြင်ရဘူးဆိုနောက်ကနေပဲ လိုက်ပါ။မကျော်တက်ပါနဲ့။ ၃။ကားမကျော်တက်ဖို့လမ်းညွန်အမှတ်အသားတွေပြထားတဲ့နေရာတွေမှာ လုံးဝမကျော်တက်ပါနဲ့။အဲ့လို လမ်းညွန်အမှတ်အသားတွေကအလကားပြထားတာမဟုတ်ပါဘူး။ခဏခဏမတော်တဆဖြစ်တဲ့ နေရာတွေမှာ ပြထားတတ်တာများပါတယ်။ ၄။အရေးအကြီးဆုံးအချက်ပါ။ ကိုယ့်ကား လက်ရှိသွားနေတဲ့အရှိန်နဲ့ ကိုယ်ကျော်မယ့်ကားရဲ့ အရှိန်ကို အချိန်တိုအတွင်းတွက်ချက်တတ်ရပါမယ်။ ကိုယ်ကျော်မယ်ဆိုတဲ့ အကြောင်းကိုအချက်အရင်ပြပါ ရှေ့ကားနောက်ကား […]
သမီးလေးကို မွေးဖွားပြီး ၄လအကြာတွင် လက်များမသန်စွမ်းဖြစ်သွားသောကြောင့် ကလေးကို
သမီးလေးကို မွေးဖွားပြီး ၄လအကြာတွင် လက်များမသန်စွမ်းဖြစ်သွားသောကြောင့် ကလေးကို ခြေထောက်ဖြင့်သာ ပြုစုစောင့်ရှောက်ခဲ့ရသည့် မိခင် သားသမီးကို မချစ်မနှစ်သက်သော မိဘဟူ၍ ကမ္ဘာပေါ်တွင် တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ ။ မိဘတို့သည် သားသမီးတို့ကို မမွေးဖွားခင်က တည်းကပင် အပူအစပ် စသောအစားအစာများကို ရှောင်ကျဥ်ပြီး အနေအထိုင် အသွားအလာများကအစ ဂရုစိုက်ဆင်ခြင်ခဲ့ရပေသည်။ သားသမီးတို့ကိုမမွေးဖွားခင်ကတည်းကပင်အစိုးရိမ်ကြီးစိုးရိမ်ကာကာကွယ်စောင့်ရှောက်ရန်အသင့်ရှိနေခဲ့ပေသည်။ယခုတွင်လည်းဗီယက်နမ်နိုင်ငံမှ မိခင်တစ်ဦးသည် သူမကိုယ်တိုင် မွေးထားသော သမီးဖြစ်သူလေးကို အလွန်ပင်ချစ်ခဲ့သည်။ သူမဟာသမီးငယ်လေးကို အမြဲမပျက် ပြုစုစောင့်ရှောက်ပေးခဲ့သည်။သို့သော် ထိုသို့စောင့်ရှောက်ရာတွင် မိခင်ဖြစ်သူဟာသမီးလေးကိုခြေထောက်ကိုသာ အသုံးပြုပြီး စောင့်ရှောက်ခဲ့ပါတယ်။အကြောင်းမှာ သမီးလေး မွေးဖွားပြီး ၄လအကြာတွင် လက်များမသန်းစွမ်းဖြစ်သွားကာ မလှုပ်ရှားနိုင်တော့သောကြောင့်ဖြစ်ပါတယ်။ သို့သော်လည်း ပတ်ဝန်းကျင်အချို့ဟာ သူမကို အလွန်ကဲ့ရဲ့ပြီး ဝေဖန်ပြစ်တင်ပြောဆိုခဲ့ကြပါတယ်။ Crd *********** သမီးလေးကို မွေးဖွားပြီး ၄လအကြာတွင် လက်များမသန်စွမ်းဖြစ်သွားသောကြောင့် ကလေးကို […]









