ၾကားသိရသမွ်

ဒီဆေးကို Singapore မှာရှိနေတဲ့လူတွေ အရမ်းဝယ်ပြီး မြန်မာပြည်ပို့နေကြလို့ ဝယ်ပြီမှနောင်တမရအောင် ကူးလာပေးတာ ….

ဂျင်း အထည်မခံရအောင်ပါ

ဒီဆေးက ရွှေနိုင်ငံ မှာ ဟော့နေတယ် ဆိုလို့စင်ကာပူ ကျန်းမာရေးဌာန ထုတ်ပြန်တာ ဖတ်ကြည့်ပါ

ဒီဆေးကို့ Singapore မှာရှိနေတဲ့လူတွေ အရမ်းဝယ်ပြီ မြန်မာပြည်ပို့နေကြလို့ ကူးလာပေးတာ ဝယ်ပြီမှနောင်တမရစေချင်လို့✌️✌️

သမင်အခြင်းမှတဆင့်ဖော်ထုတ်ထား Purtier Placenta stem cell တံဆိပ် အစာထိုးအာဟာရဖြည့်စာကို မြန်မာပြည်မှ မိတ်ဆွေတွေက စင်ကာပူမှာ နေသူ တွေကိုလှမ်းမေးကြ၊ လှမ်းမှာကြတယ်။

မြန်မာပြည်မှာ ၁ ဗူးကို ၂ သိန်း ၇ သောင်း မှ ၅ သိန်းအထိ စျေးပေါက်တယ်။ မြိတ်မှာ ဆေး ၁ လုံးကို ၅၀၀၀ ကျပ်နဲ့ ရောင်းနေကြတယ်။

စျေးကြီးလို့ မတတ်နိုင်ဘူး။ စင်ကာပူစျေး သက်သာလား။ ၁ ဗူး ဘယ်လောက်ရှိလဲ။ စျေးသက်သာရင် ဝယ်ပို့ပေးပါလား။ လိုချင်လို့ပါဆိုပြီး ခဏခဏမေးကြလွန်းလို့ မေးပေးမယ်။ စုံစမ်းပေးမယ် ပြောပြီး အင်တာနက်မှာ ရှာကြည့်မိတယ်။

အင်တာနက်ပေါ်မှ စျေးနှုန်းတွေက အများကြီး သက်သာတယ်။ ၁ ဗူးကို စင်္ကာပူဒေါ်လာ ၁၂၀ (မြန်မာငွေ 145000)ပဲရှိတာကိုး။ ဒါနဲ့ ဝမ်းပန်းတသာပဲ စင်ကာပူစျေးက ထက်ဝက်ခေါက်ချိုးကွာတယ်။ ယူကြမလားဆိုတော့ အမှာတွေ အများကြီးတက်လာတယ်။

ဒီလောက်များများကို ပင်ရင်းမှာ တိုက်ရိုက်ဝယ် စျေးပိုသက်သာမလား တွေးမိတာနဲ့ ပင်ရင်းကုမ္ပဏီကို ထပ်ရှာမိတယ်။ Riway Singapore Pte Ltd မှ တဆင့်ဖြန့်တာဆိုတာ တွေ့တော့ ဝမ်းသာသွားတယ်။

လိပ်စာမေးပြီး သွားမယ်လို့ စဉ်းစားနေတုန်းGoogle search မှာ တွဲတက်လာတဲ့ စင်ကာပူ ကျန်းမာရေးသိပ္ပံဌာန (HSA) သတိပေးစာအမှတ်မထင် မြင်လိုက်တော့“ဘာများလဲဟ”ဆိုပြီး စပ်စုမိတယ်။

အဲ့မှာ ရေးထားတာကRiway ကုမ္ပဏီကို ၂၀၁၉ ဇူလိုင် မှာ တရားရုံးတင်ပြီး ဒဏ်ရိုက်ထားတဲ့ကြောင်း တွေ့လိုက်တော့ လန့်သွားတယ်။

ဟာ..မဖြစ်ချေဘူး။ သေသေချာချာ ဂဃနဏသိအောင်ဖတ်ကြည့်မှပဲ ဆိုပြီး ရေဆုံးမိုးဆုံး လိုက်ခဲ့တယ်။

အဓိက ဒဏ်ရိုက်ခံထိရတဲ့ အကြောင်းကဒီဆေးမှီဝဲရင်ဆီးချို၊ ကင်ဆာကြိတ် နဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တွေ လျော့နည်းစေနိုင်တဲ့အကြောင်း၊ ယုတ်စွအဆုံး Stem cell therapy က တခြားခြားသော ရောဂါတွေကို ပျောက်ကင်းစေနိုင်ကြောင်း ပြောဆိုကြော်ငြာချက်တွေဟာ မဟုတ်မမှန်ကြောင်း၊နောက်ပြီး Stem cell ရဲ့ အကျိုးအာနိသင် အမှန်တကယ်ရဖို့ဆိုရင် ၁၉၆ ဒီဂရီ စင်တီဂရိတ်မှာ အေးခဲထားရမှာ။ ဒါပေမဲ့ ဆေးညွှန်းမှာ ဘယ်လိုအေးခဲရမယ်ဆိုတာ မပါကြောင်း ဆိုထားပြန်တယ်။

စင်ကာပူ ကျန်မားရေးသိပ္ပံဌာနမှ စားသုံးသူတွေအတွက်အကြံပေးစာ ရေးထားတယ်။

အားဖြည့်အစားထိုးစာကို ဘယ်ရောဂါပျောက်ပါတယ်။ ညာရောဂါပျောက်ပါတယ်ဆိုပြီး လိမ်ရောင်းတာမခံကြဖို့၊ အစားထိုးစာဟာကို ဆရာဝန်များနဲ့ တိုင်ပင်ပြီးမှ သောက်ကြဖို့၊ ညွှန့်ကြားချက် ပေးထားပါတယ်။

အလားတူ ဒူဗိုင်းနိုင်ငံကလဲဒီလို ဆေးမျိုးတွေက ကျန်းမာရေးအတွက် အန္တာရာယ်ရှိနိုင်ကြောင်း၊သိပ္ပံနည်းပညာအရ စစ်ဆေးချက်တွေ မပါတဲ့ ဆေးကို ရောင်းချတဲ့သူများအား ..

ဖမ်းမယ်ဆိုတဲ့ အကြောင်း ၂၀၁၈ မတ်လက ထုတ်ပြန်ထားပါတယ်။

UK မှလဲ ကင်ဆာ အဆင့် ၄ ပျောက်ပါတယ်ဆိုပြီး MLM အစီအစဉ်နဲ့ ရောင်းနေတာတွေ့ရှိကြောင်း ရေးထားပါတယ်။

အသေးစိတ်သိလိုပါကအောက်မှာရှိတဲ့ ဆောင်းပါးတွေကို ဖတ်ရှူ့နိုင်ပါတယ်။

https://gulfnews.com/…/warning-deer-placenta-extract…

https://www.mirror.co.uk/…/oh-deer-new-pyramid-scheme…

https://www.hsa.gov.sg/announcements/news/riway-falseclaims

https://gulfnews.com/…/warning-deer-placenta-extract…

ဒီလို နိုင်ငံတကာမှ သတိပေးထားတဲ့ ဆေးကို ဝယ်သောက်သင့်၊ မသောက်သင့်စဉ်းစားကြပါ။

ရောဂါအများကြီး ပျောက်ပါတယ်ဆိုပြီး ကြော်ငြာတဲ့ဆေးက အမှန်တကယ် ဘာတစ်ခုမှ မပျောက်ကင်းတာမျိုးလဲ ဖြစ်နိုင်တယ် ဆိုတာ သတိချပ်ကြပါ။

#crd

Credit original uploader Win Cho Cho Khing