Knowledge
ဗုဒ္ဓဟူးသားသမီးများအတွက် 2023 ခုနှစ် မတ်လ (3) လပိုင်း တစ်လစာ အထူးဟောစာတမ်း
ဗုဒ္ဓဟူးသားသမီးများအတွက် 2023 ခုနှစ် မတ်လ (3)လပိုင်း တစ်လစာ အထူးဟောစာတမ်း
ဤလ ဗုဒ္ဓဟူးသားသမီးများ အဓိပ္ပါယ် ရှိသော ကိစ္စရပ်များလုပ်ကိုင်နေမည်။ရာထူးဂုဏ်ထူးရှိသူ လူကြီးသူမ အကြီးအကဲတို့၏ အကူအညီကို ရရှိမည်။အများနှင့်လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံနေရတတ်တယ်။
စီးပွားရေးဆိုင်ရာ စာချုပ်စာတမ်းများချုပ်ဆိုရခြင်း၊ ရင်းနှီးမြုပ်နှံမှုလေးတွေ ရှိနေမည်။အကြွေးပြန်ရတတ်တယ်။ခရီးသွားလာရာတွင် အထူးဂရုစိုက်ပြီးမှသွားပါ။
ပညာရေး…တရားဥပဒေနှင့်ပတ်သတ်သော ပညာရပ်များ ထူးချွန်အောင်မြင်မည်။နိုင်ငံရပ်ခြားတွင် သွားရောက်တာဝန် ထမ်းဆောင်ခြင်း ကြုံတွေအံ့။မေ့တတ်၊ ဥာဏ်ရည်မရှိသူနှင့် အတူတူအလုပ်လုပ်ကိုင်နေရခြင်းကြောင့် စိတ်ညစ်စရာအခြေအနေများဖြင့် ကြုံရမည်။
စီးပွားရေး…အလှကုန်ပစ္စည်းရောင်းဝယ်ခြင်း၊အသီးအနှံဆေးဝါးဖြန့်ချိခြင်းလုပ်ငန်း,အဖွဲ့အစည်းgroup online လုပ်ငန်း,ပြည်ပ ထီ online အရောင်းအဝယ် ,နိုင်ငံခြား ကုမ္ပဏီလုပ်ငန်းများ အကျိူးသတ်ရောက်မှု အကျိုးခံစားရတက်ပါသည်။အဂ်ါ,ရာဟု,သောကြာ စပ်တူ ရှယ်ယာလုပ်ငန်းများ လုံးဝမလုပ်သင့်၊ ဥပဒေနှင့်ငြိစွန်းသော မည်သည့်ကိစ္စရပ်ကိုမျှ မပြုလုပ်သင့်ပါ။
လူမှုရေးဆိုင်ရာ…ပျော်ပါးရသောကိစ္စများ လုံးဝ မလုပ်သင့်ပါ။ အပေါင်းအသင်းမိတ်ဆွေများကလည်း မိမိ၏ကောင်းသတင်းကို ဖျက်ဆီးတတ်သည်။
လက် အောက် ငယ်သား များနှင့် ပတ်သက်၍ ကတိစကားလွန် သွားတတ်သည်။ငွေကြေးအခြေခံ၍ လှုမှုရေးနှင့်ဘာသာရေးတွေ့မှ ကတောက်ကဆဖြစ်စရာများရှိမည်။လုပ်ဖော်ကိုင်ဖက်များနှင့် အလိုက်အသင့် ဆက်ဆံပေါင်းသင်းနေရမည်။
၂၀၂၃-ခုနှစ် မတ်လ(၁)ရက် မှ (၈)အတွင်း # (သိကြား-ချမ်းသာအံ့)သိကြားခံ၊ဧကန်ချမ်းသာအံ့။ နှင့် ၂၀၂၃-ခုနှစ် မတ်လ(၂၂)ရက် မှ (၂၉) ရက်အထိ ကညာ၊မှုကိစ္စာ၊ ကောင်စွာပြီးစီးမှာ။ အကျိူးသက်ရောက်မှုကတော့…မိတ်ဆွေအပေါင်း အသင်း အသစ်များ၊ လုပ်ငန်းအသစ်များ၊ ထူထောင်လုပ်ကိုင်ရမည်။
စည်းကမ်း နှင့်ညီညွတ်သော ကုမ္ပဏီ လုပ်ငန်းသစ်များ လုပ်ငန်းတိုးချဲ့ခြင်းများ ပြုလုပ်ရမည်။
နိုင်ငံရပ်ခြားတွင် သွားရောက်တာဝန် ထမ်းဆောင်ခြင်း၊ နိုင်ငံခြား ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ခြင်းများ အကျိုးပေးမည်။ရပ်ဝေးခရီး သွား ရမည်။ အိုးအိမ်နေရာပြောင်း ရွေ့ခြင်း၊အလုပ် နေရာပြောင်း ရွေ့ခြင်းများကြုံတွေ့ရမည်။ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများ မှုကိစ္စာ၊ ကောင်စွာပြီးစီးခြင်း နှင့် အရင်နှစ်,လအမှုကိစ္စများ အောင်မြင်မယ်။
အချစ်ရေးနှင့်အိမ်ထောင်ရေး…အပျို၊လူပျိုများ တရားဝင်မင်္ဂလာဆောင်ရကိန်းရှိ သို့သော်လည်းအပျို၊လူပျိုများ ကြံစည် ရည်ရွယ် ထားသော အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စရပ်များ ပျက်တတ်၏။ချစ်ရေးရာတွေမှာ အမှားလေးတွေ့ ရှိခဲ့ပြိး ရှေ့ဆက်ဖို့အတွက် ကောင်းမွန်သော အနာဂတ်သစ်ဖြစ်အောင် ဖန်တီးနေပါမည်။
တစ်ဦးနဲ့တစ်ဦး ကိုင်းကျွန်းမှီကျွန်းကိုင်းမှီဖြစ်နေသော်လည်း အိမ်ထောင်ရေးအတွက် မိန်းမများအဖြတ် ရှိမည်။မိသားစု ရှိ အကြီးအကဲများ ကျန်းမာရေး အညံပေါ်လာမည်။အတူနေ၊ အတွင်းနေသူများ၏ စိတ်ဒုက္ခ၊လူမှုဒုက္ခပေးမှုကို ခံရမည်။
၂၀၂၃-ခုနှစ် မတ်လ(၈)ရက် မှ ၂၀၂၃-ခုနှစ် မတ်လ(၂၁)ရက် (နတ်-ဘေးသင့်အံ့) (ဘီလူး-သေကြေအံ့) ရှောင်ဦးမပြုရာ။အကျိူးသက်ရောက်မှုကတော့…#(ရှင်ပြု၊နားသ၊စလွယ်တင် မင်္ဂလာအခါရ၏။ဝိဝါဟလက်ထပ်မင်္ဂလာနှင့် အိမ်ဆောက်၊အိမ်တက်အခါရှောင်ပါ။)ဥပဒေနှင့် မလွတ်ကင်းသော လုပ်ငန်းများ လုံးဝမလုပ်သင့်ပါ။
အထက်စီးမှ မဆက်ဆံမိရန် အထူးဂရုစိုက်ပါ။အတွင်းနေအတူနေ ပုဂ္ဂိုလ်များ၏ သစ္စာ ဖောက်ခံရလိမ့်မည်။မိခင်နှင့်ပတ်သက်၍စိတ်ညစ်စရာ ကြုံရမည်။အကြီးအကဲများနှင့်ပတ်သက်ပြီး အာမခံ မရဲသင့်ပါ။
အောက်လက်ငယ်သားများ၊ သားသမီးများ၏ တန်ပြန်တော်လှန်ခြင်းကိုခံရတတ် သည်။သည်းမခံနိုင် ပါက အမှုအခင်းဖြစ်တတ်သည်။မလွတ်လပ်သူ များ မုဆိုးဖို-မ များနှင့် ကြုံတွေ့ ရမည်။အမျိုးသား၊ အမျိုးသမီး ကြီးငယ်များကလည်း လာရောက် ပတ်သက်တတ်သည့်မို့ သတိထားပါ။
ယခုလတွင် ဗုဒ္ဓဟူးသားသမီးများ ဤဂဏန်းရက်{၃-၁၂-၂၁-၃၀/၆-၁၅-၂၄-/၈-၁၇-၂၆} မွေးဖွားသူများ စီးပွားရေး,အိမ်ထောင်းရေး,ပညာရေးနှင့်လူမှုရေးများ ညံပါလိမ့်မည်။တရားမဝင်သော ကတိစာချုပ် မှားယွင်း၍ လက်မှတ်ရေးထိုးခြင်းမပြုရန် သတိပြုရမည်။မိမိ.ရိုးသား ပွင့်လင်းသလောက်ပတ်ဝန်းကျင်၏ အသုံးချခံ ရမည်။
သတိပြုရန်မှာ စုတ်ဝင် လျှင် လာဘ်ဝင်နည်းမည်။ စီးပွားရေးညံ့လာမည်။ပိုင်ဆိုင် ရရှိ နေသော ဝင်ငွေများကို စည်းကမ်းမဲ့ မသုံးစွဲသင့် လမ်းပေါ်တွင် အချိန်ကုန်နေမည်။အိမ်ထောင်ရေးမှာလည်းမကြာခဏ စိတ်အနှောင့် အယှက် ကြုံရမည်။
အတိုက်အခိုက် များစွာဖြင့် ယှဉ်ပြိုင် ရင်ဆိုင်ရပြိး ရှာဖွေထားသော ဥစ္စာပစ္စည်းများကို ဂရုတစိုက် ထိန်းသိမ်းပါ။ခရီးဝေးထွက်လျှင် သတိကြီးစွာထား သင့်သည်။မိမိ နေထိုင်ရာအရပ်မှ မြောက်ဘက် ကို အသွားအလာ ဆင်ခြင်သင့်။ချစ်သူ ခင်သူတို့နှင့်စိတ်သဘောထား မတိုက်ဆိုင်မှုများရှိမည်။
မလွတ်လပ်သူ အမျိုးသား အမျိုးသမီးများ၏ လမ်းဖွင့်ပေးခြင်းကို ကြုံတွေ့ရတတ်သည့် မို့ ဂရုစိုက်၍ ရှောင်ရှားသင့်, အပျို၊လူပျိုများ တရားမဝင်ငြိစွန်းတတ်သဖြင့် အထူးဂရုစိုက်၍ နေထိုင်ပါ။ အမျိုးသမီးများသွေးသားနှင့်ပတ်သက်သောရောဂါများ ဖြစ်မည်။ လူမျိုးခြားများနှင့်ပတ်သက်ပြီး အာမခံမရဲသင့်ပါ။
ပညာရေးတွင်လည်းတိုးလိုတန်းလန်း ဖြစ်တတ်သည်။
မိခင်နှင့်မောင်နှမ ပတ်သက်၍ ငွေကြေးသုံးစွဲရာတွင်လည်းကောင်းအထူးဂရုစိုက်လုပ်ဆောင်ရန် အရေးကြီး အိမ်ထောင်ဘက်နှင့် ပွင့်လင်းတိုင်ပင့်သင့်၏။
ကျန်းမာရေး…အသက်ရူ၍မဝခြင်း၊အမျိုးသမီးများသွေးသားနှင့်ပတ်သက်သောရောဂါများ၊အရေးပြားရောဂါ သတိပြုပါ။ မပေါ့ဆသင့်ပါ။
ယခုလတွင် ခရီးသွားခြင်းနှင့် လုပ်ငန်းကိစ္စရပ်များ အဆင်ပြေစေရန်အတွက် …အနောက်အရပ်မျက်နှာမူကာ ပေါက်ပေါက်(၁)ဆုပ်ကြပြီးသွားပါ။မြောက် အရပ်”နတ် -ကျန်းမာရေးကုမှုခံယူခြင်း၊ခရီးသွားရှောင့်သင့်၏။
အဂ်ါ,ရာဟု,သောကြာ ထိုနေနံသားသမီးများ အကျိူး မပေး, လုပ်ငန်းသစ်လုပ်ခြင်းနှင့်ရင်းမြှုံနှံမှုများစတင်ခြင်းတို့ ရှောင့်သင့်၏။ထိုနေနံသားတွေ့က မိမိကို တိုက်ခိုက်ခြင်း၊ပြဿနာရှာ မကောင်းကြံခြင်းများ ကြုံတွေ့အံ့။တောင် အရပ်”လာဘ်၊ -ကျန်းမာရေးကုမှုခံယူခြင်း ၊ကုမ္ပဏီထူထောင်ခြင်း၊မိတ်ဆွေသစ်ဖွဲ့ခြင်း အိမ်သစ်ပြောင်း၊ ခရီးသွားကောင်း၏။
အနောက် အရပ်”အရပ်စန်းပွင့် အချစ်ရေး,မေတ္တာရေးပြောဆို ကောင်း၏။ကံကောင်းစေသောအရောင် -ကြည်ပြာရောင်နှင့် ပန်းရောင်၊အနီရောင် ကိုဝတ်ဆင်ပါအကျိူးပေးဂဏန်း – {၇-၉-၄-၅}
ယတြာ – နေအိမ်မှမထွက်မှမိမိခန္ဓာကိုယ်အရိပ်ကိုကြည့်ပြီးမှ မိမိနေနံဂြိဟ်ဘုရား မှ သရက်ညွှန့်၊သစ္စာပန်း၊ဇွန်ညွှန့်၊ပိတောက်ညွှန့်များ (၁၇)ညွန့်စိ သံပုရာသီး(၉)လုံး ကပ်လှူပါ။အိမ်ဘုရားမှ အပတ်တိုင် ဗုဒ္ဓဟူး မွေးနံနေ့ (၄)ပတ် ကြေးဖလား “မရှိ” ငွေဖလား ဖြင့် ရေတော်(၅)ခွက်ဘုရားပူဇော်ပါ။
ဆရာကြီးမင်းသူရ(ဗေဒင်နှင့်လက္ခဏာ အထူးယတြာ)
Zawgyi