ကျွန်ုပ်တို့ရဲ့ဘဝမှာ ဘယ်သူ့ကိုတော့တွေ့ဆုံချင်တယ်၊ ဘယ်သူကိုတော့ မတွေ့ချင်ဘူးဆိုပြီး ရွေးချယ်ခွင့်မရှိပါဘူး။ ရေစက်ဆိုတာ
ရှောင်လွှဲလို့ရတဲ့ အရာတစ်ခုမဟုတ်ပါဘူး။တကယ်တော့အဲလိုတွေ့ဆုံကြရတာဟာ မတော်တဆမဟုတ်ပါဘူး။
တွေ့ဆုံခြင်းတွေက ဆိုးရွားခဲ့တယ်ဆိုရင်တောင် ဖြစ်ချင်တန်လို့ဖြစ်လာတာပဲလို့ ဖြေသိမ့်ရုံအပြင် ဘာမှမတတ်နိုင်ပါဘူး။ သေချာတာက လူတိုင်းရဲ့ဘဝမှာ မလွဲမသွေဒီလိုလူ (၇)မျိုးနဲ့တွေ့ဆုံကြရမှာပါ။
(၁) အသည်းခွဲသူ၊ အသည်းခွဲသမားတွေဟာ ကျွန်ုပ်တို့ဘဝထဲကိုဝင်လာပြီး အားနည်းပျော့ညံံသွားအောင် အတွေးတွေဗြောင်းဆန်သွားအောင် သူတို့မရှိရင်မဖြစ်တော့သလို ခံစားရအောင်လုပ်ကြပါတယ်။
မဖိတ်ခေါ်ဘဲရောက်လာကြတဲ့သူတို့ဟာ ကျွန်ုပ်တို့အသဲကိုခွဲတယ်၊ စိတ်ဝိဉာဉ်တွေ ကျိုးပဲ့ပျက်စီးသွားအောင်လုပ်တယ်။
လိမ်ညာမှုပေါင်းစုံသုံးပြီး သင်ခန်းစာတွေပေးတယ်။ ကျွန်ုပ်တို့ဘဝမှာ အသည်းခွဲသမားပေါင်းစုံနဲ့ တွေ့ကြရမှာပါ။ ဒါပေမဲ့ကျွန်ုပ်တို့ဘဝအတွက် အဖိုးတန်တဲ့သင်ခန်းစာတွေ ပေးခဲ့တာချည်းပါပဲ။ အသည်းကွဲလို့ စိတ်မပျက်ပါနဲ့။ အမှားတွေကိုသင်ခန်းစာယူပြီး ဘဝကိုရှေ့ဆက်ပါ။
(၂) ထာဝရလူ၊ ထာဝရလူတွေဟာ ကျွန်ုပ်တို့ဘဝထဲမှာ တစ်သက်လုံးနေထိုင်ဖို့ ရောက်လာကြပါတယ်။ မိသားစုလည်းဖြစ်ချင်ဖြစ်မယ် သူငယ်ချင်းလည်းဖြစ်ချင်ဖြစ်မယ်။
သူတို့တွေဟာ ကျွန်ုပ်တို့ကိုထောက်ပံ့ပေးဖို့နှစ်သိမ့်အားပေးဖို့ရှိပေးကြပါတယ်။ သူတို့တွေဟာ ကျွန်ုပ်တို့ကိုနားအလည်နိုင်ဆုံး ကျွန်ုပ်တို့ရဲ့ဖြစ်တည်မှုကို လက်အခံပေးနိုင်ဆုံးသူတွေပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့အတွက် အစားထိုးမရသူတွေပေါ့။
(၃) ပြေးသူ၊ ပြေးသူတွေဟာ ကျွန်ုပ်တို့ဘဝထဲကို ဝင်လာပြီးမြန်မြန်ပြန်ထွက်သွားတတ်ကြတယ်။ ကျွန်ုပ်တို့ဘဝထဲမှာ အဆိုးတွေလည်းပေးချင်ပေးခဲ့မယ်။ အကောင်းတွေလည်း ထားချင်ထားခဲ့မယ်။ သေချာတာတစ်ခုကတော့ သင်ဘယ်လောက်ပဲ ဖက်တွယ်ထားပါစေ ပြေးသူတွေကခဏလေးအတွင်း ထွက်သွားကြမှာပဲ။
ဒါကြောင့်သူတို့ကို ထွက်သွားခွင့်ပေးတာက ကျွန်ုပ်တို့ကိုနာကျင်စေတယ်ဆိုရင်တောင် ခွင့်ပြုတတ်ဖို့သင်ယူပါ။ အနည်းဆုံးတော့ပြေးသူတွေဟာ အသဲခွဲသူတွေလောက်တော့ နာကျင်အောင်မလုပ်တတ်ကြပါဘူး။
(၄) သတိပေးသူ၊ သတိပေးသူတွေဟာ ကျွန်ုပ်တို့ဘဝမှာ လုပ်ဖို့မေ့လျော့နေတဲ့အရာတွေကိုသတိပေးဖို့ ဝင်လာတတ်ကြပါတယ်။ ကျွန်ုပ်တို့ဘဝရဲ့ အမှတ်ရစရာတွေရဲ့ အရိပ်အမြွက်တွေအဖြစ် ကျွန်ုပ်တို့နဲ့မနီးမဝေးမှာ ရှိနေတတ်ကြပါတယ်။
တစ်ခါတလေကျတော့လည်း သူတို့ကျွန်ုပ်ဘဝထဲကထွက်သွားမှသာ မေ့နေတာတွေကို ပြန်သတိရလာတတ်ပါတယ်။
(၅) သင်ကြားသူ၊ သင်ကြားသူတွေက သူတို့ကိုယ်တိုင်တောင် မသိသေးတဲ့အရာတွေကို ကျွန်ုပ်တို့ကိုသင်ကြားပေးကြပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်လက်ခံတတ်ဖို့ ဘဝကိုရှေ့ဆက်နိုင်ဖို့ သင်ပေးပါလိမ့်မယ်။ သင်ကြားသူတွေဟာ ကျွန်ုပ်တို့ဘဝကို ကြီးကြီးမားမားပြောင်းလဲပေးနိုင်ကြပါတယ်။
(၆) သင်ယူသူ၊ တစ်ခါတလေကျတော့လည်း ကျွန်ုပ်တို့မသိလိုက်ခင်မှာပဲ သင်ယူသူတွေအတွက် ကျွန်ုပ်တို့က သင်ပြသူတွေဖြစ်နေတတ်ပြန်ပါတယ်။ ကျွန်ုပ်တို့ရဲ့အပြုအမူ အပြောအဆိုတွေကနေ သင်ယူသူတွေဟာ သူတို့ဘဝပြောင်းလဲစေတဲ့ အရာတွေကို သင်ယူရရှိသွားတတ်ကြပါတယ်။ ဒါကိုကျွန်ုပ်တို့ကလည်း သိချင်မှတောင်သိလိုက်မှာပါ။
(၇) အားပေးသူ၊ အားပေးသူတွေဟာ ကျွန်ုပ်တို့ဘဝမှာ မလုပ်နိုင်တာမရှိဘူးဆိုတဲ့ ခံစားချက်မျိုးရှိလာအောင် လုပ်ပေးသူတွေပေါ့။ သူတို့ဟာကျွန်ုပ်တို့လိုအပ်နေချိန်မှာ အချိန်ကိုက်ရောက်လာပြီး ကျွန်ုပ်တို့မှန်ရာကိုလုပ်နိုင်အောင် အားနဲ့အင်နဲ့ရှေ့ဆက်နိုင်အောင် ခွန်အားပေးသူတွေပါ။
ဒီလိုလူတွေဟာလည်း ကျွန်ုပ်တို့ဘဝအတွက် အလွန်အဖိုးတန်တဲ့သူတွေပါပဲ။ ဒီလူ(၇)မျိုးနဲ့တွေ့ခဲ့တယ်ဆိုရင် ကျေးဇူးတင်လိုက်ပါ။ ဘယ်တွေ့ဆုံခြင်းကမှ ကျွန်ုပ်တို့ဘဝအတွက် အလဟဿမဖြစ်ခဲ့ပါဘူး။
Credit – မူရင်းရေးသူ
ကြၽႏ္ုပ္တို႔ရဲ႕ဘဝမွာ ဘယ္သူ႔ကိုေတာ့ေတြ႕ဆုံခ်င္တယ္၊ ဘယ္သူကိုေတာ့ မေတြ႕ခ်င္ဘူးဆိုၿပီး ေ႐ြးခ်ယ္ခြင့္မရွိပါဘူး။ ေရစက္ဆိုတာေရွာင္လႊဲလို႔ရတဲ့ အရာတစ္ခုမဟုတ္ပါဘူး။တကယ္ေတာ့အဲလိုေတြ႕ဆုံၾကရတာဟာ မေတာ္တဆမဟုတ္ပါဘူး။
ေတြ႕ဆုံျခင္းေတြက ဆိုး႐ြားခဲ့တယ္ဆိုရင္ေတာင္ ျဖစ္ခ်င္တန္လို႔ျဖစ္လာတာပဲလို႔ ေျဖသိမ့္႐ုံအျပင္ ဘာမွမတတ္ႏိုင္ပါဘူး။ ေသခ်ာတာက လူတိုင္းရဲ႕ဘဝမွာ မလြဲမေသြဒီလိုလူ (၇)မ်ိဳးနဲ႔ေတြ႕ဆုံၾကရမွာပါ။
(၁) အသည္းခြဲသူ၊ အသည္းခြဲသမားေတြဟာ ကြၽႏ္ုပ္တို႔ဘဝထဲကိုဝင္လာၿပီး အားနည္းေပ်ာ့ညံံသြားေအာင္ အေတြးေတြေျဗာင္းဆန္သြားေအာင္ သူတို႔မရွိရင္မျဖစ္ေတာ့သလို ခံစားရေအာင္လုပ္ၾကပါတယ္။
မဖိတ္ေခၚဘဲေရာက္လာၾကတဲ့သူတို႔ဟာ ကြၽႏ္ုပ္တို႔အသဲကိုခြဲတယ္၊ စိတ္ဝိဉာဥ္ေတြ က်ိဳးပဲ့ပ်က္စီးသြားေအာင္လုပ္တယ္။
လိမ္ညာမႈေပါင္းစုံသုံးၿပီး သင္ခန္းစာေတြေပးတယ္။ ကြၽႏ္ုပ္တို႔ဘဝမွာ အသည္းခြဲသမားေပါင္းစုံနဲ႔ ေတြ႕ၾကရမွာပါ။ ဒါေပမဲ့ကြၽႏ္ုပ္တို႔ဘဝအတြက္ အဖိုးတန္တဲ့သင္ခန္းစာေတြ ေပးခဲ့တာခ်ည္းပါပဲ။ အသည္းကြဲလို႔ စိတ္မပ်က္ပါနဲ႔။ အမွားေတြကိုသင္ခန္းစာယူၿပီး ဘဝကိုေရွ႕ဆက္ပါ။
(၂) ထာဝရလူ၊ ထာဝရလူေတြဟာ ကြၽႏ္ုပ္တို႔ဘဝထဲမွာ တစ္သက္လုံးေနထိုင္ဖို႔ ေရာက္လာၾကပါတယ္။ မိသားစုလည္းျဖစ္ခ်င္ျဖစ္မယ္ သူငယ္ခ်င္းလည္းျဖစ္ခ်င္ျဖစ္မယ္။
သူတို႔ေတြဟာ ကြၽႏ္ုပ္တို႔ကိုေထာက္ပံ့ေပးဖို႔ႏွစ္သိမ့္အားေပးဖို႔ရွိေပးၾကပါတယ္။ သူတို႔ေတြဟာ ကြၽႏ္ုပ္တို႔ကိုနားအလည္ႏိုင္ဆုံး ကြၽႏ္ုပ္တို႔ရဲ႕ျဖစ္တည္မႈကို လက္အခံေပးႏိုင္ဆုံးသူေတြပဲျဖစ္ပါတယ္။ ကြၽႏ္ုပ္တို႔အတြက္ အစားထိုးမရသူေတြေပါ့။
(၃) ေျပးသူ၊ ေျပးသူေတြဟာ ကြၽႏ္ုပ္တို႔ဘဝထဲကို ဝင္လာၿပီးျမန္ျမန္ျပန္ထြက္သြားတတ္ၾကတယ္။ ကြၽႏ္ုပ္တို႔ဘဝထဲမွာ အဆိုးေတြလည္းေပးခ်င္ေပးခဲ့မယ္။ အေကာင္းေတြလည္း ထားခ်င္ထားခဲ့မယ္။ ေသခ်ာတာတစ္ခုကေတာ့ သင္ဘယ္ေလာက္ပဲ ဖက္တြယ္ထားပါေစ ေျပးသူေတြကခဏေလးအတြင္း ထြက္သြားၾကမွာပဲ။
ဒါေၾကာင့္သူတို႔ကို ထြက္သြားခြင့္ေပးတာက ကြၽႏ္ုပ္တို႔ကိုနာက်င္ေစတယ္ဆိုရင္ေတာင္ ခြင့္ျပဳတတ္ဖို႔သင္ယူပါ။ အနည္းဆုံးေတာ့ေျပးသူေတြဟာ အသဲခြဲသူေတြေလာက္ေတာ့ နာက်င္ေအာင္မလုပ္တတ္ၾကပါဘူး။
(၄) သတိေပးသူ၊ သတိေပးသူေတြဟာ ကြၽႏ္ုပ္တို႔ဘဝမွာ လုပ္ဖို႔ေမ့ေလ်ာ့ေနတဲ့အရာေတြကိုသတိေပးဖို႔ ဝင္လာတတ္ၾကပါတယ္။ ကြၽႏ္ုပ္တို႔ဘဝရဲ႕ အမွတ္ရစရာေတြရဲ႕ အရိပ္အႁမြက္ေတြအျဖစ္ ကြၽႏ္ုပ္တို႔နဲ႔မနီးမေဝးမွာ ရွိေနတတ္ၾကပါတယ္။
တစ္ခါတေလက်ေတာ့လည္း သူတို႔ကြၽႏ္ုပ္ဘဝထဲကထြက္သြားမွသာ ေမ့ေနတာေတြကို ျပန္သတိရလာတတ္ပါတယ္။
(၅) သင္ၾကားသူ၊ သင္ၾကားသူေတြက သူတို႔ကိုယ္တိုင္ေတာင္ မသိေသးတဲ့အရာေတြကို ကြၽႏ္ုပ္တို႔ကိုသင္ၾကားေပးၾကပါလိမ့္မယ္။ ကိုယ့္ကိုယ္ကိုယ္လက္ခံတတ္ဖို႔ ဘဝကိုေရွ႕ဆက္ႏိုင္ဖို႔ သင္ေပးပါလိမ့္မယ္။ သင္ၾကားသူေတြဟာ ကြၽႏ္ုပ္တို႔ဘဝကို ႀကီးႀကီးမားမားေျပာင္းလဲေပးႏိုင္ၾကပါတယ္။
(၆) သင္ယူသူ၊ တစ္ခါတေလက်ေတာ့လည္း ကြၽႏ္ုပ္တို႔မသိလိုက္ခင္မွာပဲ သင္ယူသူေတြအတြက္ ကြၽႏ္ုပ္တို႔က သင္ျပသူေတြျဖစ္ေနတတ္ျပန္ပါတယ္။ ကြၽႏ္ုပ္တို႔ရဲ႕အျပဳအမူ အေျပာအဆိုေတြကေန သင္ယူသူေတြဟာ သူတို႔ဘဝေျပာင္းလဲေစတဲ့ အရာေတြကို သင္ယူရရွိသြားတတ္ၾကပါတယ္။ ဒါကိုကြၽႏ္ုပ္တို႔ကလည္း သိခ်င္မွေတာင္သိလိုက္မွာပါ။
(၇) အားေပးသူ၊ အားေပးသူေတြဟာ ကြၽႏ္ုပ္တို႔ဘဝမွာ မလုပ္ႏိုင္တာမရွိဘူးဆိုတဲ့ ခံစားခ်က္မ်ိဳးရွိလာေအာင္ လုပ္ေပးသူေတြေပါ့။ သူတို႔ဟာကြၽႏ္ုပ္တို႔လိုအပ္ေနခ်ိန္မွာ အခ်ိန္ကိုက္ေရာက္လာၿပီး ကြၽႏ္ုပ္တို႔မွန္ရာကိုလုပ္ႏိုင္ေအာင္ အားနဲ႔အင္နဲ႔ေရွ႕ဆက္ႏိုင္ေအာင္ ခြန္အားေပးသူေတြပါ။
ဒီလိုလူေတြဟာလည္း ကြၽႏ္ုပ္တို႔ဘဝအတြက္ အလြန္အဖိုးတန္တဲ့သူေတြပါပဲ။ ဒီလူ(၇)မ်ိဳးနဲ႔ေတြ႕ခဲ့တယ္ဆိုရင္ ေက်းဇူးတင္လိုက္ပါ။ ဘယ္ေတြ႕ဆုံျခင္းကမွ ကြၽႏ္ုပ္တို႔ဘဝအတြက္ အလဟႆမျဖစ္ခဲ့ပါဘူး။
Credit – မူရင္းေရးသူ