News

ယနေ့ စနေနေ့ (၂၈.၁၀.၂၀၂၃) အတွက် ဒေါ်လာဈေး၊ ရွှေဈေးနှင့် နိုင်ငံခြားငွေလဲနှုန်းများ

အောက်တိုဘာ ၂၈ ၊ ၂၀၂၃ (စနေနေ့) ရန်ကုန်၊ ပြင်ပငွေလဲဈေးကွက်တွင် ဖြစ်ပေါ်နေသော

အမေရိကန်ဒေါ်လာဈေး အပါအဝင် နိုင်ငံခြားငွေလဲနှုန်းများနှင့် ပြည်တွင်းရွှေဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်

အမေရိကန်ဒေါ်လာ 3200 – 3270
ဥရောပယူရို 3410 – 3470

ဗြိတိသျှစတာလင်ပေါင် 3860 – 3940
သြစတြေးလျဒေါ်လာ 2020 – 2060

ဂျပန်ယန်း 21.50 – 21.90

တောင်ကိုရီးယားဝမ် 2.35 – 2.45
အိန္ဒိယရူပီး 38.40 – 39.20
စင်ကာပူဒေါ်လာ 2330 – 2380

မလေးရှားရင်းဂစ် 665 – 700
တရုတ်ယွမ် 435 – 450
ထိုင်းဘတ် 88.60 – 90.40

ယနေ့ ရန်ကုန်မြို့ ပြင်ပရွှေဈေးကွက်၊ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် တစ်ကျပ်သားလျှင် 3455,000 – 3465,000 ကျပ်ဝန်းကျင် ရှိပြီး ၁၅ ပဲရည်ရွှေဈေးသည် 3260,000 ကျပ်ခန့် ရှိနေသည်။ (သီတင်းကျွတ်ပိတ်ရက် ဖြစ်၍ ခန့်မှန်းဈေးကိုသာ တင်ပြခြင်း ဖြစ်သည်)

ယမန်နေ့ ဈေးပိတ်ချိန်က ပြင်ပအခေါက်ရွှေဈေးသည် 3440,000 – 3450,000 ကျပ်ခန့် ဖြစ်ခဲ့သည်။ ဈေးဖွင့်ပြီး ရောင်ဝယ်နေစဉ်အတွင်း ကျပ် 3465,000 ဝန်းကျင်အထိ မြင့်တက်ပြီးမှ ပြန်ကျသွားခြင်း ဖြစ်သည်။

ယနေ့သည် သီတင်းကျွတ်ပိတ်ရက် စတင်ပြီ ဖြစ်သောကြောင့် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရွှေဈေး ထုတ်ပြန်ခြင်း မရှိပါ။ ကမ္ဘာ့ရွှေဈေးသည် ယမန်နေ့က တစ်အောင်စလျှင် ဒေါ်လာ 2000 အထက် မြင့်တက်ပြီး ဈေးပိတ်ခဲ့သည်။