သားသမီးတွေ မရှိတော့တဲ့အိမ် သားသမီးတွေ မရှိတော့တဲ့အိမ် (ဖတ်ရင်းနဲ့ အိမ်ကို ပြန်ပြေးချင်မိတယ်) သားသမီးတွေ အရွယ်ရောက်လို့ မိဘတွေဆီကနေ ထွက်ခွာသွားပြီးနောက်ပိုင်း အိမ်ကြီးဟာ အရင်လိုမစိမ်းလန်းတော့ပါဘူး။ဘယ်သားဘယ်သမီးများ အဖေနဲ့အမေဆီ ဘယ်တော့ပြန်လာမလဲလို့ မျှော်နေရတဲ့ မိဘအိုကြီးနှစ်ယောက်တည်း အထီးကျန်နေဆဲ။ တကယ်လို့ များ ဆန္ဒတစ်ခုသာပြည့်မယ်ဆိုရင် မိဘတွေကတော့ သားသမီးတွေအားလုံးဘေးမှာ ရှိနေစေချင်မှာ အမှန်ပါပဲ။ငယ်ငယ်တုန်းက ကစားခဲ့တဲ့ အရုပ်တွေက အမေ့ရဲ့လွမ်းစိတ်ကို တိုးစေတယ်။ အဖေကတော့ ဘာမှမပြောပေမယ့် အိပ်ယာဝင်တိုင်း အမြဲတမ်း သတိရနေမှာပါ။ သားသမီးတွေကို ဖုန်းလည်းမဆက်ရဲကြဘူးလေ။ ဘာ့လို့လည်းဆိုတော့ သူတို့အလုပ်တွေနဲ့ရှုပ်နေလို့ ဖုန်းမပြောအားမှာ စိုးတယ်လေ။သူတို့အလုပ်အားရင်တော့ တို့ဆီပြန်လာမှာပဲလို့တွေးရင်း ပျော်နေပါတယ်။ သူတို့ပြန်လာရင် သူတို့ကြိုက်တတ်တဲ့ အစားအသောက်တွေ ချက် ကျွေးဖို့ အမေကတော့ အမြဲတမ်း အဆင်သင့်ပါ။ သားတွေသမီးတွေမရှိတဲ့ အိမ်ကြီးဟာ ခြောက်ကပ်ပျင်းစရာကောင်းပေမယ့် […]
Author: Achawlaymyar
နောင်ကလေးတွေ ကျွန်မသမီးလေးလို အဖြစ်ဆိုးမျိုး မဖြစ်စေချင်လို့ ရင်ဖွင့်ပါရစေ…
နောင်ကလေးတွေ ကျွန်မသမီးလေးလို အဖြစ်ဆိုးမျိုး မဖြစ်စေချင်လို့ ရင်ဖွင့်ပါရစေ… ကျွန်မအရမ်းချစ်တဲ့သမီးလေး ဆုံးသွားပါပြီ မိခင်တယောက်အနေနဲ့ရင်ဖွင့်ပါရစေ….ကျွန်မသမီးလေးလို နောင်ကလေးတွေ ကိုယ်ဝန်ဆောင်မိခင်တွေ အသက်ကြီရွယ်အိုတွေ ကျွန်မကလေးလို အဖြစ်မျိုး မဖြစ်ဖို့ ရင်ဖွင့်ပါရစေ… ကျွန်မသမီးလေးက ကျမ်းမာတယ် သန်စွမ်းပါတယ်…ကျမ်းမားပါတယ်..မွေးတဲ့ကပါ …ဒါကြောင့်လည်း ကျွန်မဆေးရုံဆေးခန်း အတွေအကြုံ မရှိခဲ့ဒါပါ….13’8’2020 တနေ့လုံးကျမ်းမာပါတယ်….14’8’2020’မနက်လေးနာရီလောက်မှာ ကိုယ့်ပူတယ်….။ အပူများတော့ နို့စို့လိုက်အန်လိုက်ဖြစ်နေလို့ ဧရာဝတီတိုင်း ဟင်္သာံတခရိုင် လေးမျက်နှာမြိုနယ် အိုင်သပြု ဆရာမတယောက်ဆီမှာ ဆေးခန်းပြခဲပါတယ်…. ဆရာမက ဆေးထိုးပေးလိုက်ပါတယ်….အိမ်ပြန်ရောက်တော့ ကလေးက ကိုယ့်ပူကြပြီး သိမ့်မလန်းဘူး….။ ရေငတ်တယ် …ဓာတ်စားရေတိုက်တယ် …နို့စို့တယ်အန်တယ်… အာကြောင့် ညနေ၄နာရီလောက်ကြ အိပ်နေပြီ….ဆေးခန်းသို့ရောက်တော့ ညနေ၅နာရီရှိပြီ….ဆရာမက ဆေးရုံကဆရာဝန်ဆီသွားပါတဲ….နောက်ကြောင်းပြန်ပြီး ဆေးရုံကိုသွားပါတယ်…..။ ဆေးရုံရောက်တော့ ဆရာမတွေက ဆရာဝန်ကဆေးမှာမို့လို့ဆေးခန်းကို လိုက်သွားပါတဲ့….နောက်ကြောင်းပြန်ပြီး ဆရာဝန်ဆေးခန်းသွားရပါတယ်….ဆရာဝန်ဆီရောက်တော့ ကလေးက ရေဓာတ်ခန်းနေလို့ […]
အဝေးမှာရှိတဲ့သင့်ချစ်သူ ဖောက်ပြန်နေကြောင်း သေချာနေပြီဖြစ်တဲ့ လက္ခဏာ (၃) ခု….
Long distance relationship ဆိုတဲ့ relationship မျိုးဟာ တကယ်တမ်းတော့ မြဲဖို့သိပ်ကို ခက်ခဲလွန်းလှပါတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း မတွေ့ရဘဲ ဖုန်းထဲကတစ်ဆင့် အသံလေးပဲကြား၊ ရုပ်ကလေးပဲမြင်ရတဲ့ ဆက်ဆံရေးမျိုးဆိုတော့ LDRS တွေကြားထဲ ယုံကြည်မှုတွေ၊ နားလည်မှုတွေဟာ သာမန်အတွဲတွေထက် အများကြီးပိုလိုအပ်ပါတယ်။ သူတို့တွေအစိုးရိမ်ဆုံးကတော့ အနေနီးတဲ့လူအပေါ် စိတ်ယိုင်သွားမှာကိုပါပဲ။ ဒီတော့ သင့်ရဲ့ အဝေးရောက်ချစ်သူဟာ ဖေက်ပြန်နေပြီလားဆိုတာ ဒီအချက် (၃) ချက်တည်းနဲ့ စမ်းစစ်လိုက်ပါ။ Freepik- yanalya သင့်ကိုရှောင်ဖယ်နေပြီ မအားလို့၊ ပင်ပမ်းလို့ဆိုတဲ့ အကြောင်းပြချက်ပေါင်းစုံနဲ့ သင့်ကို ကိုင်ပေါက်ပါတော့မယ်။ အရင်လည်း ဒီလိုပဲ ရတဲ့အချိန်လေး စကားပြောနေကျကို အခုမှ ကောက်ခါကငင်ပကာ ထဖြစ်လာတာမျိုးပေါ့။ နောက် သင်နဲ့ စကားမပြောရလေ ကောင်းလေဆိုတဲ့ ပုံစံမျိုးပါ ဖြစ်လာပါမယ်။ Freepik- dusanpetkovic […]
စစ်တွေက ပြည်သူများ ခေတ္တ တောင့်ထားကြပါ တနိုင်ငံလုံးက စစ်ကူတွေ လာနေပါပြီ
စစ်တွေက ပြည်သူများ ခေတ္တ တောင့်ထားကြပါ တနိုင်ငံလုံးက စစ်ကူတွေ လာနေပါပြီ ဒီညမှာလဲ စစ်တွေမှာ လူနာသစ် ၁၀ ဦးထပ်တွေ့ပါတယ်။ စေတနာ့ဝန်ထမ်း ဆရာဝန်တွေ၊ ရန်ကုန်က ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မနက်ဖြန်မှာ စစ်တွေကို သွားရောက်ပီး ကူညီကုသပေးကြတော့မှာ ဖြစ်ပါတယ်။ စစ်ဆေးဖို့ စက်တွေလဲ စစ်တွေကို ပေးပို့ထားပါတယ်။ မြန်မြန်နဲ့ မှန်မှန် စစ်နိုင်ကြမှာဖြစ်သလို ဆေးသုတေသနကလဲ ပိုးအမျိုးအစားကို ရှာဖွေနေပါတယ်။ အားလုံး စည်းကမ်းတွေကို တိတိကျကျ လိုက်နာမှသာ ဒီရောဂါရဲ့ ဒုတိယလှိုင်းမှာ ရှင်သန်ကြပါလိမ့်မယ်။ ၁၉၁၈ တုန်းက စပိန်တုပ်ကွေးတုန်းကလဲ ပထမလှိုင်းပီးလို့ ၆လအကြာမှာ ထပ်ဖြစ်တဲ့ ဒုတိယလှိုင်းမှာ လူအများကြီး သေဆုံးကြရပါတယ်။ အထူးသတိထားကြပါ။ တပြည်လုံး မပေါ့ဆပဲ နေသင့်ပါတယ်။ စစ်တွေက လူတွေလဲ အားမလျှော့ပါနဲ့။ […]
ကိုဗစ် ဒုတိယလှိုင်းကို တိုက်ထုတ်ဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို မိမိဆန္ဒအလျောက် သွားကြမယ့် ဆရာဝန်များ
ကိုဗစ် ဒုတိယလှိုင်းကို တိုက်ထုတ်ဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို မိမိဆန္ဒအလျောက် သွားကြမယ့် ဆရာဝန်များ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ COVID-19 Second Wave တွင် မိမိသဘောဆန္ဒအလျှောက် တာဝန်သိစိတ်ဖြင့် ရွှေ့ပြောင်း တာဝန် ထမ်းဆောင်ပေးပါသော ရခိုင်ပြည်နယ် စစ်တွေမြို့သို့ COVID-19 Second Wave တွင် မိမိသဘောဆန္ဒအလျှောက် တာဝန်သိစိတ်ဖြင့် ရွှေ့ပြောင်း တာဝန် ထမ်းဆောင်ပေးပါသော ၁. ဒေါက်တာကျော်စိုးဦး ဆမ-၂၈၇၃၄ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ရန်ကုန် ၂. ဒေါက်တာကျော်မင်းသာ ဆမ-၂၉၈၄၃ ကုတင် ၅၀၀ဆန့်ကလေးဆေးရုံကြီး၊ရန်ကင်းရန်ကုန်မြို့ ၃. ဒေါက်တာတင်မြတ်ထွန်း ဆမ-၃၉၀၂၆ ကုတင် ၅၀၀ဆန့်ကလေးဆေးရုံကြီး၊ရန်ကင်း၊ရန်ကုန်မြို့ တို့အား Public Myanmar News Agency မှ ဝမ်းမြောက်ဂုဏ်ယူ၊ကျေးဇူးတင်ရှိပါကြောင်း။ Public Myanmar […]
သင်မွေးဖွားတဲ့ရာသီဥတုက ပြောနေတဲ့ သင့်အကြောင်းများ
သင်မွေးဖွားတဲ့ရာသီဥတုက ပြောနေတဲ့ သင့်အကြောင်းများ နွေ၊မိုး၊ဆောင်း ရာသီဥတုတွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြဘဲ ကိုယ်ပိုင်ပုံစံတွေရှိကြပါတယ်။ ဒီလိုပါပဲ။ နွေ၊ မိုး၊ ဆောင်း မှာ မွေးဖွားခဲ့တဲ့ ကျွန်တော်တို့၊ ခင်ဗျားတို့မှာလည်း မတူညီတဲ့ ပုံစံ၊ အကျင့်စရိုက်တွေရှိနေကြပါတယ်။ ကဲ…ကိုယ့်ကို မွေးခဲ့တဲ့ ရာသီဥတုက ကိုယ့်အကြောင်းဘာတွေ ပြောနေမလဲ။အောက်မှာ ကြည့်လိုက်ပါ။ နွေရာသီဖွား သင်ဟာ နွေရာသီမှာ မွေးဖွားခဲ့သူတစ်ယောက်ဆိုရင်တော့ သင်ဟာ အကောင်းမြင်တတ်သူတစ်ယောက်ပါ။ အဆိုးမြင်စိတ်နည်းတယ်။ လွတ်လွတ်လပ်လပ် နေချင်တယ်။ စိတ်ကူးစိတ်သန်းကောင်းတယ်။ အခက်အခဲတွေရှိလာရင် အိုင်ဒီယာကောင်းတွေ ထွက်လေ့ရှိတယ်။ ပျော်ပျော်နေတတ်တယ်။ စူးစမ်းလိုစိတ်ကြီးတယ်။ အမြဲတက်ကြွနေလေ့ရှိတယ်။ ဒါတွေဟာ နွေရာသီဖွားလေးတွေရဲ့ စရိုက်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေကတောင် အားကျရလောက်တဲ့ တက်ကြွမှုမျိုး သင့်မှာရှိပါတယ်။ သူငယ်ချင်းတွေကိုလည်း အမြဲတမ်း ကူညီနေကျသူတစ်ယောက်၊ မိသားစုရဲ့ အားထားရသူတစ်ယောက်၊ အားလုံးရဲ့ […]
တွဲဖက်မစားသင့်သော အစားအစာ( ၇၅ ) မျိုး
တွဲဖက်မစားသင့်သော အစားအစာ( ၇၅ ) မျိုး။ ၁။ ဆူးပုတ်ရွက် + ဆိတ်သား { မူးဝေ } ၂။ ကိုကိုး(ဖျော်ရည်)+ ပဲမြစ် { မူးဝေ } ၃။ ဝက်သား+ ဒေါင်းသား { ဝမ်းလျှော } ၄။ ဝက်သား+ { ဝမ်းလျှော } ၅။ ဝက်သား + ပေရည်ပေသီး { ဝမ်းလျှော } ၆။ ရှောက်သီး + စောင်းလျှားသီး { ဝမ်းလျှော } ၇။ ခိုသား + စောင်းလျားသီး { ဝမ်းလျှော } ၈။ ဆီးသီး+ စားတော်ပဲ { ဝမ်းလျှော […]
သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ (ဖြစ်ရပ်မှန်)
သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ (ဖြစ်ရပ်မှန်) ကျွန်တော် တောကျောင်းကနေ မြို့ကျောင်းကို ပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာ နေရတာ မဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေးကို ရောက်လာတယ်။ လေးတန်းအတန်းပိုင် တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။ ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက်ရှိတယ်။ အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ်လိုပဲ။ တစ်ကျောင်းနဲ့တစ်ကျောင်း ပြိုင်နေကြတာဆိုတော့ တန်းလုံးကျွတ်အောင်တာကို ဂုဏ်ရှိတယ် ထင်နေကြတာ။ ကျွန်တော့် ကျောင်းအုပ်ကြီးကတော့ တဝက်အောင်ရင်တော်ပြီ ဆိုပြီးနေတာ။ အတန်းထဲက ကလေးတွေ မဆိုးပါဘူး။ အရည်အချင်းလေးတွေတော့ အရှိသား။ လေ့ကျင့်အား နည်းနေတယ်လို့ သုံးသပ် တယ်။ အရင်က ကျောင်းအုပ်ဆရာကြီးက တာဝန်ယူထားတာကိုး။ သူလည်းတခါတရံ သူ့ကိုယ်ရေးကိုယ်တာ ရှိလေတော့ […]
ခွင့်လွှတ်နားလည်ပေးခြင်းသည်သာ အထိရောက်ဆုံး လက်စားချေခြင်းပါ
ခွင့်လွှတ်နားလည်ပေးခြင်းသည်သာ အထိရောက်ဆုံး လက်စားချေခြင်းပါ “ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို ဘယ်လို ခွင့်လွှတ်ပေးမလဲ”။ တစ်စုံတစ်ယောက်က ဒီအဖြေကို ဖြေဖူးပါတယ်။ “တကယ်တော့ ခွင့်လွှတ်ပေးနိုင်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ကြောင့်ပါပဲ။ ကိုယ့်နှလုံးသားလေးကို ဖြူစင်မြဲဖြူစင်နေအောင်ထားပါ။ စိတ်တံခါးတွေကို ဖွင့်လှစ်ထားလိုက်ပါ” တဲ့။ စိတ်နှလုံးကို အမြဲတမ်းသန့်စင်ကြည်လင်အောင် ထားခြင်းက ခွင့်လွှတ်ပေးတတ်ဖို့ လေ့ကျင့်မှုတစ်ခုပါပဲ။ ကျွန်မတို့ရဲ့ စိတ်နှလုံးအတွင်းက ငြိမ်းချမ်းမှုတွေကို နှောင့်ယှက်ဖျက်ဆီးတဲ့အရာတွေကို ဖယ်ထုတ်စွန့်လွှတ်နိုင်ဖို့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒေါသထွက်ပြီး စိတ်အလိုမကျဖြစ်နေချိန်မှာ ကျွန်မတို့ နှလုံးခုန်နှုန်းတွေ မြန်လာတတ်တယ်။ စိတ်တွေလှုပ်ရှားလာတတ်တယ်။ မှားနေတာတွေကို အမှန်ပြင်သင့်တယ်လို့ ခံစားလာရတယ်။ တရားမျှတမှုကို လိုလားလာကြတယ်။ တကယ်တော့ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ကျွန်မတို့အတွင်းစိတ်မှာ တိုက်ခိုက်နေရတဲ့ တကယ့်ရန်သူက ကျွန်မတို့ရဲ့ အတ္တစိတ်ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က “ခင်ဗျားမှန်တယ်၊ ခင်ဗျားပြောတာကို ထောက်ခံတယ်” ဆိုတော့မှ ကျွန်မတို့တွေ […]