အထွေအထွေဗဟုသုတ

ဝါဆိုသင်္ကန်းလှူရကျိုး(၇)မျိုး……..

ဗုဒ္ဓဘာသာဝင်တို့၏ ဝါတွင်းကာလ နီးလာပြီဖြစ်လို့ ဝါဆိုသင်္ကန်းကပ် လှူဒါန်းလျင် ရရှိနိုင်သည့် ကောင်းကျိုးတွေကို ရေးသား၍ ဓမ္မဒါနပြုလိုက်ပါတယ်….. ဗုဒ္ဓဘာသာဝင်တို့သည် ဝါတွင်းအခါ ကာလမှာ နီးစပ်ရာ သံဃာတော်များသီတင်းသုံးရာကျောင်းတိုက်တို့မှာ အဖွဲ့အစည်းဖြင့်လည်းကောင်း၊မိသားစု ဖြင့်လည်းကောင်း၊တစ်ဦးတစ်ယောက်ထဲသော် လည်းကောင်း….. ကျောင်းတိုက်ရှိ သံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူဒါန်းလေ့ ရှိကြပါတယ်။ ထိုသို့ သံဃာတော် များအား မိမိတို့၏ ချွေးနည်းစာဖြင့် ဝါဆိုသင်္ကန်းများ ကပ်လှူဒါန်သည့်အခါ……. ထိုအလှူကို အကြောင်းပြု၍ ကောင်းကျိုးတွေ ဘယ်လောက်ရသလဲ ဆိုတာသိရင် မိမိတို့၏ အလှူဒါနအပေါ်မှာ ပိုပြီး တော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်…..ပို၍လည်း အကျိုးပေးထက် သန်ပါတယ်။ ဒါမို့ကြောင့် ဝါဆို သင်္ကန်းပေး လှူဒါန်းရသဖြင့် မိမိတို့ရရှိနိုင်သည့် ကောင်းကျိုးတရား များကို တစ်ခုချင်းစီ သိထားသင့် ပါတယ်…… သံဃာတော်တို့အား ဝါဆိုသင်္ကန်းကပ် […]

အလှပရေးရာ

သင်မသိဘဲလုပ်နေမိတဲ့ ဆံသားပျက်ဆီးစေတဲ့ အကြောင်းအရင်း (၉) ခု…

သင်မသိဘဲလုပ်နေမိတဲ့ ဆံသားပျက်ဆီးစေတဲ့ အကြောင်းအရင်း (၉) ခု… အမျိုးသမီးတွေဟာ မျက်နှာပြီးရင် ဒုတိယ ဂရုအစိုက်ဆုံးက ဆံကေသာပါပဲ။ ဆံပင်ဟာ မိန်းကလေးတို့ရဲ့ ဒုတိယ မျက်နှာ ဖြစ်ပါတယ် …။ ဒါ့ကြောင့် ခေါင်းလျှော်ရည်တွေ ပေါင်းဆေးတွေသုံးကြသလို ဆံပင်ကိုလည်း အမျိုးမျိုး ပုံသွင်းကြပါတယ်။ ဆံပင် အလှပြုပြင်တဲ့ Saloon တွေလည်းသွား ရတာ မကြာခဏ ပါပဲ။ဆံပင်ကျွတ်ရတဲ့ အဓိအကြောင်းရင်းနဲ့ ဆံသား ပျက်ဆီးရတဲ့ သင်နေ့တိုင်း လုပ်နေတဲ့ အမှားတွေကိုရော သင်သိပြီးပြီလား …၊ ခေါင်းမကြာခဏလျှော်ခြင်း” တစ်ရက်ခြား တစ်ခါလိုလို ခေါင်းလျှော်တာ ကလည်း ဆံပင်ကို ကျွတ်စေ ပါတယ်။ အဆီပြန်တတ်တဲ့ ဆံပင်ဆိုရင် အလွန်ဆုံး ၂ ရက်ခြားတစ်ခါသာလျှော်သင့် ပါတယ်။ သာမန်ဆံပင်မျိုးဆိုရင်တော့ တစ်ပတ်ကို ၂ ကြိမ် […]

အထွေအထွေဗဟုသုတ

‘ပင်လယ်နှစ်ခု ဆုံရာနေရာမှာ တည်ထားတဲ့ သမိုင်းဝင် ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော် အကြောင်

ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော် ကပ္ပလီပင်လယ် (Andaman Sea) နှင့်အနာက်ဘက်ဘင်္ဂလားပင်လယ်အော်(BayofBengal)တို့ထိစပ်ရာ၊(သို့မဟုတ်) ပိုင်းခြားထားရာနေရာလေးတခုဖြစ်သော၊မြန်မာနိုင်ငံ၏သမိုင်းဝင်တန်ခိုးကြီးဘုရားစေတီများထဲတွင် တစ်ဆူအပါအဝင်ဖြစ်သော၊ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်သည်ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြို့နယ်၊မြန်မာနိုင်ငံ၏အနောက် တောင်ဘက် အစွန်ဆုံးနေရာတွင် တည်ထားလျှက်ရှိပါသည်။ တဖုသနှင့် ဘလိက္က ကုန်သည် ညီနောင်နှစ်ဦးတို့မြတ်စွာဘုရားအား လျှောက်ထားချက်အရ ပေးသနားတော်မူသောဆံတော် ရှစ်ဆူအနက် နှစ်ဆူကို ဇေယျသေန နဂါးမင်းက သက္ကရာဇ်၁၀၃ခုနှစ်ဝါဆိုလပြည့်နေ့တွင်လွှဲပြောင်းပင့်ဆောင်ပြီး ဌာပနာကာ စေတီတော်ကို တည်ထားကိုးကွယ်သည်ဟု သမိုင်းရာဇဝင်များတွင်တွေ့ရှိရပြီး အသောကမင်းကြီးလက်ထက်တွင်တစ်ကြိမ်၊ ပုဂံခောတ်အလောင်းစည်သူမင်းလက်ထက်တွင်တစ်ကြိမ်ထပ်မံမွမ်းမံတည်ထားခဲ့ပါသည်။ဆံတော်ရှင်စေတီတော်မြတ်ကြီးအား နှစ်စဉ် တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ဘုရားဖူးမိဘပြည်သူများအနေဖြင့်ရှေးယခင်ကဘုရားဖူးရာသီချိန်တွင်ရေလမ်းခရီးမှသာအထူးရေယာဉ်များဖြင့်သွားရောက်ဖူးမျှော်နိုင်ပြီး ၂၀၁၀ခုနှစ်မေလ၁၄ရက်နေ့မှစကာပုသိမ်သလပ်ခွာ–မော်တင်စွန်းကားလမ်းအတိုင်း(၉၆)မိုင်အကွာအဝေးဖြင့် လွယ်ကူစွာသွားရောက်ဖူးမျှော်နိုင်ပါသည်။ကားလမ်းမှာအနောက်ရိုးမတောင်တန်းကိုဖြတ်လျှက်ပုသိမ်၊ငပုတောနှင့်ဟိုင်းကြီးကျွန်းမြို့များမှတဆင့် ခက်ခက်ခဲခဲ ဖောက်လုပ်ထားခြင်းလည်းဖြစ်ပါသည်။ ကားလမ်းတလျှောက်ကိုလေ့လာကြည့်ပါကတောင်တက်လမ်း၊တောင်ဆင်းလမ်းများကိုမြွေလိမ်မြွေကောက်တွန့်ကာကွေးကာဖောက်လုပ်ထားသဖြင့်အသည်းတထိပ်ထိပ်၊ရင်တဖိုဖိုလည်းဖြစ်ရပါသည် ။တောတောင်သဘာဝကိုခံစားရှုစားရင်းစိမ်းလန်းစိုပြေနေသည့်ရှု့ခင်းများ၊သဘာဝအတိုင်းတည်ရှိနေ့သည့်ကျေးလတ်ဒေသရွာငယ်လေးများကိုမြင်တွေရသည်မှာလည်းစိတ်ကိုကြည်လင်လန်းဆန်းစေသည် မဟုတ်ပါလား ခင်ဗျာ။ ရိုးသားကြိုးစားဧရာဝတီသားတို့နေထိုင်ရာပုသိမ်မြို့မှထွက်ပြီးငဝန်မြစ်ကူးတံတားကိုကျော်လိုက်သည်နှင့်ချောင်းသာ၊ငွေဆောင် လမ်းဆုံမှသည် စခဲ့သော ခရီးစဉ်မှာ ရေသိုးကြီးစခန်း၊ စိန်တောင်စခန်း၊ တတန်ကူးစခန်း၊ သစ်ကတိုးအိုင်းစခန်း၊ […]

အထွေအထွေဗဟုသုတ

“ကိုယ် ဘာမှမတတ်နိုင်တဲ့အခါ”

ကိုယ် ဘာမှမတတ်နိုင်တဲ့အခါ” #လမင်းမိုမို တစ်ခါတစ်ရံမှာ နားမလည်ခြင်းများစွာနဲ့ စိတ်မကောင်းဖြစ်ရသော အချိန်မျိုးတွေရှိတတ်ပါတယ် .. လူတိုင်းမှာ ရှိဖူးကြလိမ့်မယ်ထင်တယ် .. ဘယ်လိုအခါမျိုးတွေလဲဆိုရင် ကိုယ် ဘာမှမတတ်နိုင်တဲ့ အချိန်မျိုးတွေပါ .. လူ့အသိုင်းအဝိုင်းအကြား လူလူချင်းပေါင်းသင်းဆက်ဆံရေးမှာ ဘာမှမတတ်နိုင်တဲ့အဖြစ်မျိုး ဆိုတာတွေ မကြာခနကြုံတွေ့တတ်ပါတယ် .. အဲသလို ကိုယ်ဘာမှ မတတ်နိုင်တဲ့အဖြစ်မျိုး ..ကြုံလာတဲ့အခါ ဝမ်းမနည်းပါနဲ့ .. ★ အကြောင်းရင်းမသိရပဲ တစ်စုံတစ်ယောက်က ..ကိုယ့်ကို အေးတိအေးစက်ဖြစ်သွားတဲ့အချိန်မျိုး .. ဆက်ဆံရေးအကောင်းကြီးကနေ ထူးခြားတဲ့အရေးကိစ္စလည်းမဖြစ်ပဲ ကိုယ်ကဘာမှမဖြစ်ပဲ သူက အေးစက်စိမ်းကားနေတာမျိုးပါ .. သိပ်ကြီးအနီးကပ်မဟုတ်တဲ့ သူတွေထဲကလည်း ဖြစ်တတ်သလို သိပ်ရင်းနှီးနီးကပ်တဲ့ သူတွေထဲကလည်း ရှိတတ်တယ် .. အဲဒိအခါတွေမှာ မင်း ဘာဖြစ်နေတာလဲဟင် ဆိုတာမျိုးမေးဖို့ ကျမဆိုရင် သိပ်ဝန်လေးတတ်ပါတယ် .. သူ့ဘာသာ […]

ကြားသိရသမျှ

ဖြူဖြူထွေး ကိစ္စ နှိုင်းယှဉ်မြင့်မိုရ်ရှင်းပြီ

ဖြူဖြူထွေး ကိစ္စ နှိုင်းယှဉ်မြင့်မိုရ်ရှင်းပြီ ကိုယ်သူငယ်ချင်း ကို အားပေးတာပဲ ကိုယ်ရဲ့ POST နဲ့ ကိုယ် ပဲ ကွာ ဒီလောက်တော့ ပြောခွင့်မရှိဘူး လားဆို တဲ့ နိုင်းယှဉ်မြင့်မိုရ် (ရုပ်/သံ) ကိုဗစ်ကာလမှာနင်ခေါ်ရိုက်မှ ထမင်းစားရတဲ့ ဇာတ်ပို့ ဇာတ်ရံထဲ ငါမပါဘူးလို့ မပြောရုံတမယ် ကြော်ငြာလာငှားတဲ့ ဖြူဖြူထွေးကို ဒဲ့ပြောလိုက်တဲ့ ဇာတ်ပို့သရုပ်ဆောင် အေးအေးအောင်သိန်းရဲ့ ပြောဆိုမှုကို နှိုင်းယှဉ်မြင့်မိုရ်က ထောက်ခံခဲ့ပါတယ်။   နိုးပရော်ပလန်ဆိုတာလေးကို အခွင့်အရေးယူပြီး Pageအတုတွေကအစ်မကိုပဲတင်ပီးဖွကြတယ် “သူငယ်ချင်း အေးအေးအောင်ကို ကိစ္စမရှိပါဘူး ၊နိုးပရော်ပလန်ဆိုတာလေးကို အခွင့်အရေးယူပြီး Pageအတုတွေကအစ်မကိုပဲတင်ပီးဖွကြတယ်။ တကယ်ပြောတဲ့လူက နာမည်မထွက်ဘဲ အစ်မပဲ နာမည်ထွက်သွားတယ် ။ သူကလည်း သူ့အနုပညာခံယူချက် နဲ့ စော်ကားခံရတယ်ဆိုပြီး တင် လိုက်တယ် ။ […]

ပြည်တွင်းသတင်း

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ ည ၈နာရီမှ စတင်၍ Stay at Home အမိန့် ချမှတ်လိုက်ပြီ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ ည ၈နာရီမှ စတင်၍ Stay at Home အမိန့် ချမှတ်လိုက်ပြီ စစ်တွေမြို့နယ်ကိုStay at Homeအဖြစ်ကြေညာ စစ်တွေမြို့နယ်မှာ COVID-19ပြည်တွင်းကူးစက်မှုလူနာတွေ တွေ့ရှိလာရတဲ့အတွက် စစ်တွေမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ ဩဂုတ်(၂၀)ရက် ည(၈)နာရီကစပြီး Stay at Homeအစီအစဉ်မှာ အကျုံးဝင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။   အဲ့ဒါကြောင့် စစ်တွေမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီစက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့သွားရောက်တဲ့သူတွေကလွဲပြီး အိမ်မှာပဲနေဖို့၊ ဈေးဝယ်ဖို့အတွက် တစ်အိမ်တစ်ဦးနှုန်းသွားဖို့၊ ဆေးရုံ၊ဆေးခန်းသွားရင် တစ်အိမ်နှစ်ဦးနှုန်းသွားဖို့၊ အပြင်သွားရင်နှာခေါင်းစည်းတပ်ဖို့၊ ဈေးကိုမော်တော်ကားနဲ့သွားရင် ယာဉ်မောင်းအပြင်တစ်ဦး၊ ဆေးရုံ၊ဆေးခန်းကို မော်တော်ယာဉ်နဲ့သွားရင် ယာဉ်မောင်းအပြင်နှစ်ဦးသာ သွားရောက်ဖို့၊ အလုပ်သွားသူတွေရဲ့ကြို/ပို့ယာဉ်တွေကိုပဲ ရပ်ကွက်ကျော်လွန်သွားခွင့်ပြုဖို့စတဲ့ အချက်တွေကို လိုက်နာရတော့မှာဖြစ်ပါတယ်။   ဒါ့အပြင် သတ်မှတ်ဦးရေထက်ပိုပြီး […]

အထွေအထွေဗဟုသုတ

”အခက်အခဲတွေနဲ့ အရမ်း ကြုံနေရရင် ဒီဂါထာလေး ရွတ်ကြည့်ပါ”

တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ရုံနဲ့ ထူးခြားပါလိမ်မယ်။ သိကြားမင်း ဂါထာတော် ဝေဒါသာကု ၊ ကုသာဒါဝေ …. ဒါယသာတ ၊ တသာယဒါ သာသာဓိကု ၊ ကုဓိသာသာ …. ကုတကုဘု ၊ ဘုကုတကု ဝေ = ငါ၏ရန်သူ ဟူသမျှတို့သည် …. ဒါ = ဝေးစွာသော အရပ်သို့ …. သာ = လျင်စွာ …. ကု = ပြေးကုန်သတည်း။ ကု = ငါ့အား မကောင်းသဖြင့် ကြံကုန်သောသူတို့သည် …. သာ = မိမိအလိုလို …. ဒါ = အကြံအစည် ပျက်သောအားဖြင့် …. ဝေ = […]

အထွေအထွေဗဟုသုတ

အိပ်ယာဘေး သံပုရာသီးလေး ထားအိပ်ရင် ဘာတွေအကျိုးပြုသလဲ

အိပ်ယာဘေး သံပုရာသီးလေး ထားအိပ်ရင် ဘာတွေအကျိုးပြုသလဲ ကျန်းမာရေးအတွက်ရော အသား အရေအတွက်ပါ အကျိုးကျေးဇူးတွေ များလှတဲ့ သံပရာသီးရဲ့ အသုံးဝင်ပုံတွေကိုတော့ လူတိုင်းသိကြမှာပါ။အခုဖော်ပြပေးမှာကတော့ ညဘက် အိပ်စက်တဲ့အခါ သံပရာသီးစိတ်ကို မိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အိပ်ရာအနီးတဝိုက်က စားပွဲပေါ်မှာ ထားပေးရုံနဲ့ ရရှိနိုင်မယ့် ကျန်းမာရေးကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။ (၁) သွေးတိုးရောဂါကို သက်သာစေနိုင်တယ် သံပရာသီးကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရနံ့ကုထုံးတွေမှာ အသုံးပြုခဲ့ကြတာဖြစ်ပြီး သံပရာသီးရနံ့ဟာ သွေးပေါင်တက်ခြင်းကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်မို့လို သွေးတိုးရောဂါ ရှိသူတွေအနေနဲ့ အိပ်စက်တဲအ့ခါ အိပ်ရာဘေး အနီးတဝိုက်မှာ သံပရာသီးစိတ် ထားပေးခြင်းက သွေးပေါင်တက်ခြင်းကို သက်သာစေနိုင်ပါတယ်။ (၂) အခန်းတွင်း လေထုကို သန့်စင်ပေးနိုင်တယ် အိပ်စက်တဲ့အခါ အိပ်ရာ အနီးတဝိုက်မှာ သံပရာသီးစိတ်ထားပေးခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး […]

အချစ်နှင့်ဘဝ

ရှားပါးစာရင်းဝင်ဖြစ်တဲ့ ချစ်သူ လက္ခဏာ (၅) မျိုးကို ဖေော်ပြပေးပါမယ်…

ရှားပါးစာရင်းဝင်ဖြစ်တဲ့ ချစ်သူ လက္ခဏာ (၅) မျိုးကို ဖေော်ပြပေးပါမယ်။ ဒီလိုလူမျိုးတွေ့ရင် လုံးဝ လက်လွတ်မခံပါနဲ့နော် …။ အချစ်စစ် ဆိုတာ တဖြည်းဖြည်း ရှားပါးလာတာနဲ့ အမျှ သင့်ကို စိတ်ရင်းအမှန်နဲ့ ချစ်တဲ့သူ၊ ဘာအကျိုးကိုမှ မမျှော်ကိုးပဲချစ်တဲ့သူ၊ သစ္စာရှိရှိ ချစ်တဲ့သူဆိုတာ တကယ်ကို ရှားပါးလာမှာပဲ ဖြစ်ပါတယ် …။ တကယ်လို့ ခုဖော်ပြတဲ့ အချက်တွေနဲ့ ကိုက်ညီနေတဲ့ ချစ်သူ မျိုးကို ပိုင်ဆိုင်ထားရတယ် ဆိုရင်တော့ သင်ဟာအရမ်းကို ကံကောင်းတာကြောင့် လက်လွှတ်မခံပါနဲ့လို့ ပြောပါရစေ …။ (၁) သင့်ဆီက ဘာမှ မမက်မောဘူး” ဒီလို မိန်းကလေး မျိုးဟာ သင့်ရဲ့ နောက်ကြောင်းတွေ၊ ကျောထောက်နောက်ခံတွေ၊ သင့်ရဲ့ဂုဏ်တွေ၊ ငွေကြေးချမ်းသာမှုတွေကို စိတ်မဝင်စားတဲ့ သူပါ . . […]

ပြည်တွင်းသတင်း

မန္တလေးတွင် COVID – 19 ညွှန်ကြားချက် ညမထွက်ရအမိန့် တင်းကြပ်စွာဆောင်ရွက်မည်

မန္တလေးတွင် COVID – 19 ညွှန်ကြားချက် ညမထွက်ရအမိန့် တင်းကြပ်စွာဆောင်ရွက်မည် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက် အကူ ဖြစ်စေရန်အတွက် ထုတ်ပြန်ထားသည့် ညမထွက်ရ Curfew အမိန့်ကို တင်းကြပ်စွာဆောင်ရွက်သွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသြကြီး အစိုးရဖွဲ့က သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများအားလုံး ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ Curfew အမိန့်ကို ထုတ်ပြန်ထားသော်လည်းလိုက်နာမှုအားနည်းခြင်းများကြောင့် တင်းကြပ်စွာဆောင်ရွက် ရန် စီစဉ်ခြင်းဟု သိရသည်။   “အဓိကကတော့ ကိုဗစ်ကာကွယ်ရေးအတွက် နေ့စဉ် ည ၁၂ နာရီကနေ နံနက် ၄နာရီအထိ Curfew ထုတ်ပြန်ထားတာ၊ အစောပိုင်းကာလကတော့ လိုက်နာကြတယ်၊ အခုနောက်ပိုင်း လိုက်နာမှုတွေ အား […]