စစ်တွေ အခြေအနေ ( 22.8.2020) – ဒီမနက်မှာ ၁၆ ယောက် ထပ်တွေ့ပါတယ်။ ဒါဟာ စိုးရိမ်ရတဲ့ အနေအထားပါ။ ကူးနေတဲ့ပိုးက ၁၀ ယောက်မှာ ၆ ယောက်က G614 ပါ။ – စစ်တွေမှာ GeneXpert စက် ၂ လုံးရှိနေသလို Microbiologist တွေလဲ ရောက်နေပါပီ။ အများကြီးတော့ မစစ်နိုင်သေးပါဘူး။ လိုအပ်ရင် ရန်ကုန်ပို့ပီး စစ်ပါမယ်။ – ဗဟိုက အထူးကျွမ်းကျင်သူ ဆရာကြီး ၃ ဦး ရခိုင်ကို ဆင်းပီး အနီးကပ် ကြီးကြပ်နေပါတယ်။ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေပါတယ်။ အစိုးရကလဲ ကူညီနိုင်တာတွေ အကုန်လုပ်ပေးနေပါတယ်။ – ရန်ကုန်က သွားရောက် အားဖြည့်မယ့် ဆရာဝန်တွေက ၂၄ […]
Author: Achawlaymyar
(၇)ရက်သားသမီးအပေါင်း လာဘ်ပွင့်စေရန် အစီအရင်..
လာဘ်ပွင့်ငွေဝင် အစီအရင်…. (၇)ရက်သားသမီးအပေါင်း လာဘ်ပွင့်စေရန် တနဂ်နွေသားသမီး တနဂ်နွေနေ့မနက် (၉) နာရီတွင် အိမ်ဘုရားကို ကိတ်မုန့် (၉) ချပ် လှူပါ။ ရဟန်းသံဃာများကို ကိတ်မုန့်လှူပါ။ တနလ်ာသားသမီး တနလ်ာနေ့မနက် (၉) နာရီတွင် အိမ်ဘုရားကို ဆီထမင်း (၃)ပွဲ လှူပါ (သို့မဟုတ်) ဇီယို (၃) ဇွန်းလှူပါ။ ရဟန်းသံဃာများကို ဆီလှူပါ။ဆေးလှူပါ။ အဂ်ါသားသမီး အဂ်ါနေ့မနက် (၉) နာရီတွင် အိမ်ဘုရားကို ရွှေကြည်(၄)တုံး လှူပါ။ သို့မဟုတ် (ရှောက်ယို ၄ ဇွန်း)လှူပေးပါ။ ရဟန်းသံဃာများကို ဖျော်ရည်လှူပါ။ ရေသန့်လှူပါ။သောက်ရေလှူပါ။ ဗုဒ္ဓဟူးသားသမီး ဗုဒ္ဓဟူးနေ့မနက် (၉) နာရီတွင် အိမ်ဘုရားကို ပန်းသီး(၅)လုံးလှူပါ။ သို့မဟုတ် ပေါက်ပေါက် (၅)ပန်းကန်လှူပေးပါ။ ရဟန်းသံဃာများကို မြေပဲ လှူပါ။ […]
ကြံကြံဖန်ဖန်ဗျာ…ကလေးငယ်ရှိသူတွေသတိထားကြပါ
ကြံကြံဖန်ဖန်ဗျာ…ကလေးငယ်ရှိသူတွေသတိထားကြပါ ကြံကြံဖန်ဖန် အဝတ်လျှော်စက်ထဲဝင်ဆော့ရင်းခြေထောက်ညှပ်ပြီးပြန်မထွက်တတ်တဲ့ ၅ နှစ်သားကလေး #ကလေးငယ်ရှိသူတွေသတိထားကြပါ ထိုင်းနိုင်ငံ နခွန်ရတ်စီမာခရိုင် နုန်းဆွန်မြို့နယ် မခမ်းရပ်ကွက်မှ အသက် ၂၉ နှစ်အရွယ် နန်းဝမ်းဝိဖာ သည် ဩဂုတ်လ ၂၂ ရက်နေ့က နေအိမ်တွင် အဝတ်လျှော်စက်ထဲမှအဝတ်တွေယူပြီး အပြင်ထုတ်လှန်းနေစဉ် သူ၏သားဖြစ်သူ ၅ နှစ်သားကလေးသည် သူ့ဘေးရှိဇလုံကြီးထဲဝင်ရောက်ဆော့နေရင်းမှ ရုတ်တရက်ငယ်သံပါအောင်အော်ငိုသံ ( ဥဝဲ.. ဥဝဲ.. 😭 ) ကြားသဖြင့်ပြေးဝင်လာကြည့်ရာ အဝတ်လျှော်စက်အခြောက်ခံ ပုံးထဲတွင်ခန္ဓာကိုယ်တစ်ဝက်ညှပ်နေသဖြင့် အချိန် ၂ နာရီအကြာဆွဲထုတ်သော်လည်း မရခဲ့၍ ကယ်ဆယ်ရေးအဖွဲ့တွေကိုအကူအညီတောင်းခံခဲ့သည်ဟုဆိုပါသည် ။ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီး အဝတ်လျှော်စက်ထဲက အခြောက်ခံဖိုက်ဘာပုံးကိုဖြုတ်ယူပြီး Cutter စက်ဖြင့်ဖြတ်တောက်ကာဆွဲထုတ်ခဲ့ရပါတယ် ၊ ကလေးကတော့အကြောက်လွန်ပြီး ငိုယုံကလွဲပြီးဘာထိခိုက်မှုမှမရှိခဲ့ကြောင်းသိရှိရသည် ။ Photo #Khaosod #SiThuMaung #လူဇိုးလေး […]
ရန်ကုန်ကို ဝင်မွှေ ခဲ့တဲ့ လူနာ (၃၇၈) (ရွှေလမင်း ဆေးရုံ မှ ဆရာ ဝန် ၁၀ ဦးနဲ့ မြောက်/ဥ မှ ဝန်ထမ်း ၁၅ ဦး Q ဝင် နေရ)
ရန်ကုန်ကို ဝင်မွှေ ခဲ့တဲ့ လူနာ (၃၇၈) (ရွှေလမင်း ဆေးရုံ မှ ဆရာ ဝန် ၁၀ ဦးနဲ့ မြောက်/ဥ မှ ဝန်ထမ်း ၁၅ ဦး Q ဝင် နေရ) စစ်တွေက ပိုးတွေ့လူနာအမှတ် (၃၇၈)လာရောက် ပြီး ဓာတ်မှန် ရိုက်ကူးခဲ့တဲ့ လမ်းမတော်မြို့နယ်၊ ရွှေလမင်း အထူးကု ဆေးရုံက ဆရာဝန် နဲ့ ဆရာမ (၁၀) ဦးကို Q စင်တာသို့ ခေါ်ဆောင်ပြီး ဓာတ်ခွဲနမူနာ ရယူထားပါတယ်။ အဲဒီ ဆရာဝန် နဲ့ ဆရာမတွေကို လမ်းမတော် မြို့နယ်၊ (၉) ရပ်ကွက်၊ ဇော်ဂျီလမ်းရှိ ရွှေလမင်းအထူးကု ဆေးရုံကနေ ဒီကနေ့ ဩဂုတ် (၂၁) […]
ကျန်းမာရေးကို ထိခိုက်စေလို့ အိပ်ရာဘေးမှာ လုံးဝ ထားမအိပ်သင့်တဲ့ အရာများ
ကျန်းမာရေးပြဿနာအများစုရဲ့ အစက အစားအသောက်၊ အိပ်စက်ခြင်းတို့နဲ့တိုက်ရိုက်ဆက်နွယ်နေပါတယ်။ ကိုယ်ခံအားကောင်းပြီး ကျန်းမာတဲ့ ဘ၀နေထိုင်မှုပုံစံကိုရဖို့ အာဟာရရှိတဲ့အစားအသောက်တွေ စားဖို့လိုအပ်သလို ကောင်းမွန်နှစ်ခြိုက်စွာအိပ်စက်ပေးဖို့လည်းလိုပါတယ် ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းကိုနှောက်ယှက်လို့ အိပ်ရာဘေးမှာထားမအိပ်သင့်တဲ့အရာကတော့ (၁) နှိုးစက်နာရီ freepik by freepik တစ်နေ့တာ လုပ်ငန်းတာဝန်တွေကို အချိန်တိကျစွာ လုပ်ဆောင်နိုင်ဖို့ နှိုးစက် နာရီတွေကို လူတော်တော်များများအသုံးပြုကြပါတယ် ။ ဒါပေမယ့် အိပ်ရာဘေးမှာထားပြီး ရေရှည်မအိပ်သင့်ပါဘူး ။ မနက်ခင်း နှိုးစက် alarm သံကြောင့် ရုတ်တရက်နိုးထလာတဲ့အခါ စိတ်ဖိအားကိုဖြစ်ပေါ်စေနိုင်ပါတယ် ။ အသံကြောင့် လန့်နိုးသလိုဖြစ်ရတဲ့အတွက် ရေရှည်မှာ သွေးတိုးရောဂါနဲ့ စိတ်ကျရောဂါအထိဖြစ်ပွားနိုင်ပါတယ် ။ နှိုးစက်ကြောင့်ဖြစ်ပေါ်လာမယ့် စိတ်ဖိအားမဖြစ်စေဖို့ အိပ်ရာနဲ့ ၂ မီတာအကွာမှာထားပေးပါ ။ (၂) ဖုန်း freepik by […]
စစ်တွေ ရိုး မဘဏ်က တစ်ယောက်ပါပြန်ပြီတဲ့
စစ်တွေ ရိုး မဘဏ်က တစ်ယောက်ပါပြန်ပြီတဲ့ ရခိုင်မှ ကိုဗစ်လူနာအမှတ်စဉ် ၄၁၁ သည် စစ်တွေမှ ရိုးမဘဏ်ဝန်ထမ်းဖြစ်ပြီး ဘဏ်ဝန်ထမ်း ၂၈ ဦးကို အသွားအလာကန့်သတ်ထား ရခိုင်ပြည်နယ်မှ ကိုဗစ်လူနာအမှတ်စဉ် ၄၁၁ သည် စစ်တွေရိုးမဘဏ်ခွဲမှ ဘဏ်ဝန်ထမ်းဖြစ်ပြီး ဘဏ်ဝန်ထမ်း ၂၈ ဦးကို အသွားအလာကန့်သတ်ထားကြောင်း ရိုးမဘဏ်က တရားဝင်သတင်းထုတ်ပြန်သည်။ စစ်တွေ မြို့၊ မြောက်ရူပါ ရပ်ကွက် ရှိ ရိုးမဘဏ်ခွဲ တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၁ ရက် ည ၈ နာရီတွင် ထုတ်ပြန်သော COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုအဖြေအရ အဆိုပါ ရိုးမဘဏ်ဝန်ထမ်းသည် လူနာအမှတ်စဉ် (၄၁၁) အဖြစ် […]
ကချင်ပြည်နယ်တွင် Mask ဈေးနှုန်း သုံးဆခန့်မြင့်တက်
ကချင်ပြည်နယ်တွင် Mask ဈေးနှုန်း သုံးဆခန့်မြင့်တက် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ ဟိုပင်၊ မိုးညှင်း၊ ဗန်းမော်မြို့တွေမှာ နှာခေါင်းစည်းဈေးနှုန်းတွေ သုံးဆခန့် မြင့်တက်လာပြီး ဆေးဆိုင်တွေမှာ ပစ္စည်းပြတ်လပ်တဲ့အထိ ဝယ်ယူသူများနေတယ်လို့ ဆေးဆိုင်တွေဆီက သိရပါတယ်။ သြဂုတ် ၂၀ ရက်နေ့ ညနေပိုင်းက သုံးလွှာနှာခေါင်းစည်း တခုကို ၆၀ ကျပ်ပေးရပြီး ၂၂ ရက်နေ့မနက်ပိုင်းမှာတော့ တခုကို ၁၅၀ ကျပ်ကျော်အထိ ဈေးမြင့်တက်သွားပြီး နောက်ရက်တွေမှာ ဈေး ဒီ့ထက်တက်လာနိုင်တယ်လို့ အွန်လိုင်းကနေ နှာခေါင်းစည်းရောင်းချနေတေဲ့ မအဉ္ဇလီစိုးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားချိန်က နှာခေါင်းစည်းဈေးနှုန်းတွေ မြင့်တက်ခဲ့သလို ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ ပြန်တွေ့ပြီးတဲ့နောက် အခုလိုဈေးတွေ ပြန်လည်မြင့်တက်လာတာ ဖြစ်ပါတယ်။ ဆိုင်မှာ ပစ္စည်းပြတ်တဲ့အထိ ဖြစ်နေပြီး မန္တလေးကလည်း […]
ရောဂါလက္ခဏာမပြသပဲ ကူးစက်နေသူများရှိနေမည်မှာ သေချာနေကြောင်း သတင်းထုတ်ပြန်
ရောဂါလက္ခဏာမပြသပဲ ကူးစက်နေသူများရှိနေမည်မှာ သေချာနေကြောင်း သတင်းထုတ်ပြန် ရခိုင်ပြည်နယ်တွင် ကိုဗစ် ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိပြီး (၁၆-၈-၂၀၂၀) ရက်မှ (၂၁-၈-၂၀၂၀) ရက်အထိ (၅) ရက်တာ ကာလအတွင်း၌ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒီကနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် ပြည်သူများအကြား၌ ရောဂါလက္ခဏာမပြသဘဲ ကူးစက်နေသူများလည်း ရှိနေမည်မှာ သေချာကြောင်းကိုလည်း ဆက်လက်ဖော်ပြထားသည်။ယခု စစ်တွေမြို့နယ်၌ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲ နေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးနှင့်ပူပေါင်း၍ စစ်တွေမြို့နယ်၌ ကိုဗစ် ကူးစက်ဖြစ်ပွားနေမှုကို […]
နှာခေါင်းစည်းများ ဈေးတင်ရောင်းပါက ထောင်၆လ မှ ၃နှစ်
နှာခေါင်းစည်းများ ဈေးတင်ရောင်းပါက ထောင်၆လ မှ ၃နှစ် ဈေးကွက်တွင် နှာခေါင်းစည်းဝယ်လိုအားများပြီး အခု ၅၀ ပါတစ်ဘူးကို ကျပ် ၅,၀၀၀ မှ ၈,၀၀၀ အထိ ဈေးတင်ရောင်းချနေ COVID-19 ကပ်ရောဂါကာကွယ်ရေးသုံး နှာခေါင်းစည်း (Mask)များကို ဈေးနှစ်ဆ၊ သုံးဆတင်ရောင်းချ မှုများကို စစ်ဆေးပြီး အရေးကြီးကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေဖြင့် အရေးယူမည်ဟု စားသုးံသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောသည်။ နှာခေါင်းစည်းများ ဈေးတင် ရောင်းနေခြင်းနှင့် ပတ်သက်၍စုံစမ်းစစ်ဆေးရန် တိုင်းနှင့် ပြည်နယ်များမှ တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ဦးဆွေတင့် ကြူးက ပြောသည်။ ဈေးကွက်ထဲကို သွားပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်မှာပါ။ ကုန်ပစ္စည်းတစ်ခုမှာ ဈေးနှုန်း တက်သင့်၊ တက်ထိုက်တာရှိ တယ်။ ဒါပေမဲ့ အခုလို […]
မူကြိုတောင်မတက်ရသေးတဲ့ကလေး။စကားပြောတတ်ကတည်းက ဘုရားသမိုင်းအလွတ်ရွတ်ခိုင်းပြီး ဘုရားထဲမှာ အလုပ်လုပ်ခဲ့ရ
ရှိုက်ကြီးတငင်ငိုပြီး ဘုရားသမိုင်း ကို ရှင်းပြနေလေရဲ့။ ဘာဖြစ်လို့လဲ သားလို့ မေးလည်း ခေါင်းခါပြီး ရှိုက်ကာ ရှိုက်ကာ နဲ့ပဲ ဘုရားသမိုင်းကြောင်းတွေ ရှင်းပြနေတယ်။ သူ့နားမှာ သူ့အကိုလည်း သူ့လိုပဲ စတစ်ကော်လာအင်္ကျီနဲ့ ပုဆိုးလေးတွေနဲ့။ အကိုကို မေးတော့လည်း ဘာကြောင့်ငိုမှန်းမသိ။ ဘုရားဖူးဧည့်သည်တွေက နားထောင်လိုက် သူပြောပြတဲ့ အတွက် ၁၀၀၀-စီထုတ်ပေးလိုက် နဲ့ အဲဒီနားမှာပဲ သူ ၄၀၀၀ လောက်ရတယ်။ လွယ်အိတ်လေးထဲ ထည့်တယ်။ အဲဒါနဲ့ သူ့ကို လူရှင်းရာခေါ်လာပြီး အေးအေးဆေးဆေး ထိုင်ခိုင်းပြီး သားဘာဖြစ်လဲမေးလည်း ငိုပြီး ဘုရား သမိုင်းတွေ ဆက်ရွတ်နေတယ်။ မျက်ရည်သုတ် ပေးပြီး သားမငိုနဲ့တော့၊ အသက်ဝဝရှုကြည့်၊ စိတ်ကိုငြိမ်ငြိမ်ထား၊ မငိုပဲနဲ့ရှင်းပြပါဆိုတော့ လွယ်အိတ်နဲ့ မျက်ရည်သုတ်ပြီး ပထမမငိုဘူး။ပြောရင်းနဲ့ ငိုတယ်။ ပြီးတော့ သူတခြားတနေရာသွားဖို့လုပ်တယ်။ […]









