(၁၈)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ (၁၈)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ (၁၈)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ (၁၈)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ (၁၈)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ (၁၈)ကြိမ်မြောက် ကျပ်(၁၀၀၀)တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ Credit to DVB
Author: Achawlaymyar
ကြာသာပတေး သားသမီးများအတွက် ဘ၀တစ်သက်တာ ကံကြမ္မာအဟောနှင့် အထွေအထွေ သိမှတ်ဖွယ်ရာများ
ဂြိုလ်ဂုတု ပညာဆရာသခင် နေ့ ဖွား ( ကြာသာပတေး သားသမီးများ ) တသက်တာ ကံကြမ္မာနင့် သိမှတ်စရာများ ကြာသာပတေးသားသမီးများသည်စိတ်ရင်းစေတနာကောင်း၍ ပွင့်လင်းဖြူစင်သောစိတ်အရိုးခံ ရှိကြသူများသာ ဖြစ်ကြပါသည် လူတိုင်းကို ခင်မင်တတ်ကြသူများသာ ဖြစ်ပါမည်လူတဘက်သားကို ကူညီလိုချင်စိတ် ရှိကြသူများဖြစ်သည်ရပ်ရေး ရွှာအရေးနင့် ပရဟိတ အများအကျိုးဆောင်စိတ်ရှိကြသူများသာ ဖြစ်ကြပါမည် သူတို့ သည် မိသားစု မိတ်ဆွေအပေါင်းအသင်းများအပေါ်သံယောဇဉ်ကြီးမားတတ်ကြပါမည်လူအများ၏ ချစ်ခင် ယုံကြည်လေးစားမှု့များရရှိကြပါမည်တည်ငြိမ်သော ကိုယ်ရည်သွေးပြည့်ဝသူများ ဖြစ်ကြပါမည် ကြာသာပတေး သားသမီးများသည်မိမိ၏ ရောက်လေရာ အရပ်ဒေသ ကျင်လည်ရာ ဘဝတွင်အဆင်ပြေအောင် ရှင်သန်နေထိုင်နိုင်သူများဖြစ်ပါမည် သူတို့ သည်ထက်မြက်သော စိတ်ရှိသူများဖြစ်ကြသည်မတရားမှု့များကို အလိုမကျတတ် ဆန့် ကျင်တတ်သောစိတ်သတ္တိရှိသူ များသာဖြစ်ကြ ပါမည် ရိုးရှင်းသော အတွေးအခ်ါရှိသူများသာ ဖြစ်ကြပါမည်စိတ်ထဲရှိသည့် အတိုင်းသာ ပွင့်လင်းစွာ ပြောဆိုတတ်မည်ထို […]
နေ့စဉ်မျက်နှာသစ်တိုင် ရွတ်ဖတ်ပါမမေ့ပါနဲ့
မျက်နှာသစ်ရာ ရွတ်ကြပါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ သံဃံ သရဏံ ဂစ္ဆာမိ တတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ တတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ တတိယမ္မိ သံဃံ သရဏံ ဂစ္ဆာမိ ကျွန်ုပ်အား မွေးထုတ်ပေးခဲ့သော မိဘနှစ်ပါးတို့သည် ဘေးရန်ခပ်သိမ်းကင်းပါစေ။ ဒေါသခပ်သိမ်း ကင်းပါစေ၊ဆင်းရဲခပ်သိမ်း ကင်းပါစေ။မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေသတည်း။ကျွန်ုပ်အား ပညာသင်ကြားပေးကြဖူးသော ဆရာသမားအပေါင်းတို့သည် ….. ဘေးရန်ခပ်သိမ်းကင်းပါစေ။ ဒေါသခပ်သိမ်း ကင်းပါစေ၊ဆင်းရဲခပ်သိမ်း ကင်းပါစေ။မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေသတည်း။ ၁။လုံးစုံများစွာ သတ္တဝါ […]
သားလေး မိန်းမယူရင်နေဖို့ အိမ်တောင်ဝယ်ပြီးသွားပြီဆိုတဲ့ မြင့်မြတ်….
သားလေး မိန်းမယူရင်နေဖို့ အိမ်တောင်ဝယ်ပြီးသွားပြီဆိုတဲ့ မြင့်မြတ် မြင့်မြတ်က လက်ရှိမှာ ချစ်ရတဲ့ ဇနီးနဲ့ ဂျင်းကောင်ပေါက်စလေးနဲ့အတူ သာယာတဲ့အိမ်ထောင်ရေးကိုတည်ဆောက်ထားနိုင်ပြီး အေးချမ်းတဲ့ဘဝလေးမှာ အနုပညာအလုပ်တွေကိုအာရုံစိုက်ပြီး ပရိသတ်တွေအတွက် အလုပ်ကြိုးစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ ဇယ်ဆက်သလိုရိုက်နေရတဲ့ မြင့်မြတ်က အလုပ်မှာအာရုံစိုက်သလို လုပ်ဖော်ကိုင်ဖက်အနုပညာညီအစ်ကိုမောင်နှမတွေနဲ့လည်း တည့်အောင်နေတတ်သူတစ်ဦးဖြစ်ပြီး ပျော်ပျော်နေတတ်သူတစ်ဦးလည်းဖြစ်ပါတယ်။အခုဆိုရင်တော့ မြင့်မြတ်ရဲ့ ချစ်ဇနီးလေးက ဒုတိယကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်လို့ မြင့်မြတ်တို့မိသားစုလေးက ပိုပြီးစည်စည်ကားကားနဲ့ နွေးထွေးတဲ့ အသိုက်အမြုံလေးဖြစ်လာတော့မှာပါ။မြင့်မြတ်က မကြာသေးမီက သူ့ရဲ့ လူမှုကွန်ယက်မှာ နောက်ထပ်ရင်သွေးလေးတစ်ယောက် ထပ်ရတော့မယ့် ခံစားချက်ကို ရင်ဖွင့်သွားပြီး သားလေးနောင်ရေးအတွက် စီစဉ်ထားတာကိုလည်း ပြောပြသွားခဲ့ပါတယ်။ မြင့်မြတ်က မကြာခင်မှာ ဘဝထဲဝင်ရောက်လာတော့မယ့် ဒုတိယမြောက်ရင်သွေးလေးနဲ့ ပတ်သက်ပြီး “surprise ပေါ့နော်။ ပျော်တာပေါ့။ အဲ့လိုပဲပြောရမှာပေါ့။ အမှန်တကယ်ဆိုလို့ရှိရင် ကျွန်တော်တို့က နည်းနည်းခြားပြီးတော့မှ ယူချင်တာပေါ့နော်။သုံးလေးနှစ်လောက်ပေါ့။ အဲ့လောက်မှ ခြားပြီးတော့ ယူမလို့။ ဒါပေမယ့် […]
သင်မသိသေးသောမတ်တပ်ရပ်ပြီးရေသောက်ခြင်း၏ဆိုးကျိုးများ…
“ရေ” ဆိုသည်မှာ အသက်ရှင်နေထိုင်မှုအတွက် အရေးကြီးဆုံးအရာဖြစ်ကြောင်းကို အားလုံးသိရှိပြီးဖြစ်ပါသည်။ ကျန်းမာရေးအတွက် လုံလောက်သောရေပမာဏကို နေ့စဉ်သောက်ပေးသင့်သည်ကိုလည်း သိထားကြပါသည်။သို့သော် ရေသောက်သည့်အခါ မတ်တပ်ရပ်ပြီးရေသောက်ခြင်းသည် ကျန်းမာရေးအတွက် ဆိုးကျိုးများဖြစ်စေနိုင်ပါသည်။ထိုအချက်ကို အများစုသည် မသိရှိကြသောကြောင့် မည်ကဲ့သို့ဆိုးကျိုးများရှိသည်ကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါနော်။ ၁။ မတ်တပ်ရပ်ပြီးသောက်လိုက်ခြင်းသည် တောက်လျှောက်စီးဝင်သွားသောကြောင့် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များကို ကူညီပံ့ပိုးပေးသော ကိုယ်တွင်းအင်္ဂါများဆီသို့ ရောက်မသွားတော့ပါ။ထို့ကြောင့် အပြင်ထွက်ရမည့် အညစ်အကြေးများမှာလည်း ကျောက်ကပ်နှင့်ဆီးအိမ်ထဲတွင် သွားရောက်အနည်ထိုင်နေတတ်ကြပါသည်။ ၂။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းသည် သဘာဝစနစ်နဲ့ မကိုက်ညီသလို အာရုံကြောစနစ်များကိုလည်း လှုံ့ဆော်ပေးသည့်အတွက် အန္တရာယ်ဖြစ်စေပါသည်။ ရေ၏အာဟာရဓာတ်များသည် အလဟဿဖြစ်သွားပြီး ခန္ဓာကိုယ်အနေနဲ့ စိတ်ဖိစီးမှုများ၊ ပူပင်ကြောင့်ကြမှုများကို ကြုံတွေ့ရပါသည်။ ၃။ မတ်တပ်ရပ်ပြီး ရေသောက်ခြင်းသည် ရေငတ်မပြေစေပါ။ တိုက်ရိုက်ဝင်သွားသော ရေများဆီမှ အာဟာရဓာတ်နှင့်ဗီတာမင်ဓာတ်များသည် အသည်းနှင့်အစာချေအစိတ်အပိုင်းများဆီသို့လည်း မရောက်နိုင်တော့ပါ။ ထို့အပြင် အဆုတ်၊ နှလုံးနှင့်အောက်ဆီဂျင်ရရှိမှုကိုပါ […]
ထီပေါက်ရင် ဘယ်လိုထုတ်ရမလည်းဆိုတာ sharing လေး လုပ်ပေးချင်ပါတယ်
ထီပေါက်ရင် ဘယ်လိုထုတ်ရမလည်းဆိုတာ sharing လေး လုပ်ပေးချင်ပါတယ် ထီပေါက်ရင် ထီ ရုံးချုပ် ၃၇လမ်းမှာသွားထုတ်ရပါမယ် ဘာတွေထည့်သွားရမလည်းဆိုတော့ 1. အိမ်ထောင်စုစာရင်း မူရင်း နဲ့ မိတ္တူ 2. မှတ်ပုံတင်မူရင်း မိတ္တူ 3. ထီလက်မှတ် 4.ပတ်စပို့စ် ပုံ ၃ပုံ ( ၅သောင်းဆုဆိုရင်တော့ ၁ပုံဆိုရပါတယ်) အပေါ်ကအချက်အလက်များကိုယူသွားရပါမယ် ရုံးချုပ်ရောက်ရင် အပေါက်ဝမှာ အဝင်အထွက်စစ်ဆေးတဲ့ အန်တီ(သို့)ဦးလေးကို ထီသွားထုတ်မလို့ ပြောပြီး နာမည်ရယ် မှတ်ပုံတင်ရယ်ရေး လက်မှတ်ထိုးရပါမယ် ပြီးရင် ၃လွှာကို ဓါတ်လှေကား (သို့) ရိုးရိုးလှေကားက တတ်သွားပါ ဝင်ဝင်ချင်း ဓါတ်လှေကားဘယ်ဘက်ခြမ်းမှာ ထီဆုငွေများထုတ်ယူရန်ဆိုပြီး ရေးထားတယ် အာ့မှာ ပေါက်တဲ့ ထီလက်မှတ်တွေကို ထုတ်ပေးရတယ် အာ့ ထီလက်မှတ်နောက်ကျော ဘယ်ဘက်ခြမ်းမှာ ဘက်လက်မနဲ့ လက်ဗွေနှိပ်ရပါတယ် […]
မိန်းမဆိုတာ
“မိန်းမဆိုတာ” မိန်းမတစ်ယောက်ကို မင်းအနေနဲ့ ဘာကိုပဲပေးပေး အဲဒါကိုပိုပြီး ကြီးကျယ်ခမ်းနားအောင် သူ လုပ်ပေးပါလိမ့်မယ်။ မင်းက သူ့ကို မျိုးဥပေးရင် သူက မင်းကို ချစ်စရာ ကောင်းတဲ့ ကလေး တစ်ယောက်ပေးလိမ့်မယ် ။ မင်းက သူ့ကို အိမ်လေးတစ်လုံးလောက် ပေးတဲ့အခါ သူကမင်းကို နွေးထွေးတဲ့ မိသားစု သိုက်မြုံလေးပေးပါလိမ့်မယ်။ မင်းက ချက်ပြုတ်စရာတွေများ ပေးလာတဲ့အခါ သူက အရသာပြည့်စုံတဲ့ ထမင်းပွဲလေး ပြန်ပေးပါလိမ့်မယ်။ မင်းကသာ အပြုံးလေး တစ်ပွင့်လောက် ပေးကြည့်လိုက်ပါ သူက သူ့နှလုံးသားတစ်ခုလုံးကိုပြန်ပေးပါလိမ့်အုံးမယ်။ တကယ့် သူတို့ရဲ့အာနိသင်ကသူတို့ရသွားတဲ့ အရာတွေကိုတိုးပွားများပြား စေတတ်သူတွေပါ။ Credit original writer Credit photo “မိနျးမဆိုတာ” မိနျးမတစျယောကျကို မငျးအနနေဲ့ ဘာကိုပဲပေးပေး အဲဒါကိုပိုပွီး ကွီးကယြျခမျးနားအောငျ သူ […]
အွန်လိုင်းကြည့်ရှုသူအရမ်းများနေတဲ့ တောရွာက ကလေးငယ်ရဲ့ နှစ်ပါးသွားသီချင်းတီးခတ်မှု
ဒီဗွီယိုဖိုင်လေးဟာဆိုရင်တော့ ယခုတစ်လော အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ တောရွာတစ်ရွာက ရှိတဲ့တူရိယာနဲ့ အကောင်းဆုံးတီခတ်နေတဲ့ ရွက်ပုံးသီးကလေးငယ်ပါ။ ဒီကလေးက နတ်မောက်မြို့နယ် ကုလားရှင် ကျေးရွာကလို့လည်းသိရပါတယ်။ သူ့မှာရှိတဲ့ အိုးစည် ဗုံလေးတွေ၊ ကလေးဆော့တဲ့ ဒရမ်လေး၊ ပြီးတော့ တော်ယုံလူ လုပ်တတ်ဖို့ တီးတတ်ဖို့မလွယ်တဲ့ အိုးနဲ့လုပ်တဲ့ အိုးဗုံကိုလည်း ပိုင်ပိုင်နိုင်နိုင်တီးခတ်သွားတာဖြစ်ပါတယ်။ သီချင်းကလည်း မြန်မာ့ဇာတ်သဘင်ရဲ့ နှစ်ပါးသွားတေးဖြစ်ပါတယ်တဲ့၊ နှစ်ပါးသွားတေးတီးလုံးနဲ့ အညီ အမှီလိုက်တီးနိုင်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာဗျာ…တစ်ကယ့်ကို တောက်မည့် မီးခဲတစ်ရဲရဲဆိုသလိုပါဘဲ။ ဒီလို အနုပညာမြောက်ပီး ခက်ခဲတဲ့ သီချင်းကြီးတစ်ပုဒ်ကို ကလေးငယ်တစ်ယောက်က စည်းဝါးကျကျ တီးသွားတာဟာဆိုရင် တစ်ကယ့်ကို ချီးကျူးစရာကောင်းပါတယ်။ ပညာကလည်းမခေဘူး တကယ့် ဂီတပိုးလေးဗျ။ ဒီဗွီယိုလေးဟာဆိုရင်တော့ ကြည့်ရှု့သူ ကိုးသိန်းကျော်သွားပီဖြစ်ပါတယ်။ တစ်ကယ်တော့ ကျွန်တော်တို့ မြန်မာ့မျိုးဆက်သစ်တွေဟာ လူတော်တွေဆိုတာ ဒီဗွီယိုလေးကိုကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။ ဒါပေမယ့် မြေတောင်မြှောက်ပေးတာမရှိတာရယ် […]
ကိုယ့်နှလုံးသားကဆူးကိုတော့ သူများနှလုံးသားနဲ့ ဘယ်တော့မှမထွင်မိစေနဲ့
ကျွန်တော်တို့တော်တော်များများ ဘဝမှာ ဆူးစူးတတ်ကြပါတယ်။ ဟိုးကလေးဘဝငယ်ငယ်လေးတည်းကစူးလာခဲ့တဲ့ ဆူးတွေ နောက်ဆုံး ဘဝနေဝင်ချိန်အထိ ဆူးတွေစူးနေကြတုန်းပေါ့။ ငယ်ငယ်ကဆူးစူးရင် ကျွန်တော်တို့ငိုမယ်။ ခနနေရင် တစ်စုံတစ် ယောက်က အဲ့ဒီဆူးလေးကို ပြန်ထုတ်ပေးလိုက်ရင်ကောင်းသွားမယ်။ ဆူးနှုတ်ရတာ လွယ်တယ်ပေါ့။ အဲ့ဒီလိုပဲ တစ်ဘဝလုံး မကျေနပ်မှုဆူးတွေ စူးလိုက်၊ လောဘဆူးတွေစူးလိုက်၊ ဒေါသဆူးတွေစူးလိုက် ဆူးချင်တာ စူး အချိန်နဲနဲ ဒဏ်ရာ အနာတရ နည်းနည်းနဲ့ ကျွန်တော်တို့ ပြန်နှုတ်ပစ်ခဲ့ကြတယ်မလား။ ကျွန်တော်တို့ ရိုးရိုးဆူးလေးတွေကိုတော့ အနာခံပြီး အမြန်နှုတ်ပစ်ကြနိုင်ကြပေမယ့် နှလုံးသားကိုဆူးတဲ့ အချစ်ဆူး နာကျင်မှုဆူးတွေကိုတော့ လွယ်လွယ်နဲ့ မနှုတ်ပစ်နိုင်ကြဘူးမလား? အဲ့ဒီနှလုံးသားမှာ စူးနေတဲ့ဆူးတွေကို ပဲ တခါတလေ မြတ်မြတ်နိုးနိုး ဖွဖွရွရွ ပွေ့ဖက်ထားမိတယ်မဟုတ်လား? တခါတလေကျတော့ ကျွန်တော်တို့ဟာ ကိုယ့်ရင်ထဲ အသဲထဲ နက်နက်နဲနဲ စူးနစ်ဝင်နေတဲ့ ဆူးလေးကို ထုတ်ပေးဖို့ […]