ကိုဗစ်ကို အောင်နိုင် နေတဲ့ မြန်မာပြည် နဲ့ အောင်မှတ် ရရုံမက ဂုဏ်ထူးပါ ထွက်ခဲ့တဲ့ အစိုးရ နေ့လည် က သူငယ်ချင်း တစ်ယောက် နဲ့ စကားပြောရင်း ကိုဗစ်ကာလ တုန်းကအကြောင်းတွေ ကို ရောက်သွားတယ်။ မြန်မာပြည် ကို ကိုဗစ် စပြီးဝင် ကာစ အချိန် ဧပြီလဆန်းပိုင်း အခြေအနေတွေေ ပါ့ ။ အဲ့ဒီ တုန်းကဆို အားလုံးကလည်း ဝရုန်းသုန်းကား နဲ့ ကြောက်လန့်နေကြချိန် ။ ခုမှသာ အေးရာအေးကြောင်းဖြစ် သွားပြီး သိပ်မကြောက်ကြတော့ တာပါ။ မကြောက်ဆို နေ့စဉ်စစ်ဆေးတဲ့ သူအရေအတွက်၊ ရောဂါတွေ့ရှိတဲ့သူအရေ အတွက်၊ ပြန်ကောင်းတဲ့သူ အရေအတွက်တွေ ကို ဆက်တိုက် သတင်းတင်ပေးနေတာ ကိုး။ စဖြစ်ကာ စတုန်းကတော့ […]
Author: Achawlaymyar
မသန်စွမ်းဖြစ်နေတဲ့ (၄) နှစ်သားအရွယ် ညီငယ်လေး အပေါ် တာဝန်ကျေလွန်းတဲ့ မိဘမဲ့ ကလေးငယ် အကိုကြီး
မသန်စွမ်းဖြစ်နေတဲ့ (၄) နှစ်သားအရွယ် ညီငယ်လေးကို ချီပိုးရင်း ကျောင်းတက်နေရတဲ့ မိဘမဲ့ကလေးငယ် (၁၁) နှစ်ကလေးအများစုမှာတော့ အပူပင်မရှိ ကျောင်းတက်နိုင် ၊ သူငယ်ချင်းတွေပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်ကြပါတယ်။ ဒီကလေးလေးကတော့ သူရဲ့ မသန်စွမ်းဖြစ်နေတဲ့ (၄) နှစ်သားအရွယ် ညီငယ်လေးကို ချီပိုးရင်း ကျောင်းတက်နေရတာပါ။သူ့သူငယ်ချင်းတွေ ဆော့ကစားနေတာကို ငေးမောကြည့်နေယုံကလွဲပြီး သူ့မသန်စွမ်းညီငယ်လေးကို ဂရုတစိုက် ပြုစုနေရလို့ ကိုယ်တိုင်ဝင်ရောက်မကစားနိုင်ရှာပါဘူး။ ၁၁ နှစ်အရွယ်ကောင်လေးအမည်ကတော့ အဲလစ်ပီရဲတာ အမည်ရပြီး သူ့ညီလေး အေဂျေကတော့ စကားမပြောနိုင်၊ လမ်းမလျှောက်နိုင်တဲ့ မသန်စွမ်းသူတစ်ယောက်ပါ။ဒီသနားစရာ ကလေးနှစ်ယောက်က ငယ်ရွယ်စဉ်ကတည်းက တာဝန်ယူတာဝန်ခံမှုမရှိတဲ့ မိဘနှစ်ပါးရဲ့စွန့်ပစ်တာကိုခံခဲ့ရပါတယ်။ဒါကြောင့် ဂရုစိုက်ပြုစုမယ့်သူမရှိတဲ့ မသန်စွမ်း ညီငယ်လေးကို အဲလစ်အနေနဲ့ ကျောင်းမှာခေါ်ထားရပြီး ထိန်းကျောင်းရပါတော့တယ်။အစပိုင်းမှာသူတို့နှစ်ဦးဟာ မိခင်ဖြစ်သူနဲ့နေထိုင်ခဲ့ရပေမယ့် သူမဟာ ငွေရှာဖို့အတွက် မနီလာမြို့ကို အိမ်အကူလုပ်ဖို့ ထွက်သွားခဲ့ပြီး သူတို့နှစ်ဦးကို ပထွေးနဲ့အတူ […]
အက်ဆီးဒင့်ကြောင့် နှုတ်ဆက်သွားတဲ့ ချစ်သူမိန်းကလေး ကိုယ်အင်္ဂါတွေမလှူဒါန်းခင်မှာ လက်ထပ်ပွဲကျင်းပခဲ့တဲ့အမျိုးသား
ပြီးခဲ့တဲ့ August 22ရက်နေ့တုန်းက ထိုင်ဝမ်မှာ ကားတစ်စီးနှင့် အသက်32နှစ်အရွယ်အမျိုးသမီးမောင်းနှင်လာခဲ့သောဆိုင်ကယ်တို့ဟာ ယာဉ်တိုက်မှုဖြစ်ရင်းကနေ အဆိုပါအမျိုးသမီးဟာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိပြီး ဆိုးဝါးလွန်းတဲ့အခြေအနေသို့ရောက်ရှိသွားခဲ့ရပါတယ် ။ သူမဟာ သေရေးရှင်ရေးအခြေအနေသို့ရောက်ရှိသွားခဲ့တဲ့အတွက် သူမ ကိုဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြပါတယ် ။ သူမဆေးရုံသို့ရောက်ရှိခဲ့ချိန်မှာတော့ Lin အမည်ရှိတဲ့သူမရဲ့ချစ်သူကောင်လေးက သူမ၏အသက်ကိုကယ်တင်နိုင်ဖို့အလားအလာနည်းသွားပြီဆိုတာကို လက်ခံခဲ့ပြီးသားဖြစ်ပါတယ် ။ သို့ပေမဲ့လည်း မိသားစုဝင်များနှင့် ချစ်သူကောင်လေးတို့ကတော့မကယ်တင်နိုင်တော့မှန်းသိပေမဲ့လည်း မျှော်လင့်နေမိတုန်းပါပဲ ။ Lin ကတော့ သူ၏အိမ်မက်ထဲကအတိုင်း ချစ်သူကိုသာလက်ထပ်ချင်ခဲ့တဲ့အတွက် ချစ်သူမိန်းကလေး၏အခြေအနေက မည်သို့ဖြစ်မလဲဆိုတာကိုကြိုတင်မသိရှိသေးပေမဲ့လည်း လက်ထပ်လက်စွပ်ကို ကြိုတင်ဝယ်ယူခဲ့ပါတယ် ။ ဝမ်းနည်းစွာနဲ့ပဲ သူမရရှိခဲ့ဒဏ်ရာများဟာပြင်းထန်လွန်းခဲ့တဲ့အတွက် ဆေးရုံရောက်ရှိပြီး 3ရက်အကြာမှတော့ သေဆုံးသွားခဲ့ရပါတယ် ။သို့သော်လည်း သူမ၏ကိုယ်အင်္ဂါ 12မျိုးလုံးကို လှူဒါန်းပစ်လိုက်ဖို့သူမ၏မိသားစုများက ဆုံးဖြတ်ချက်ချခဲ့ကြပါတယ် ။ လှူ ဒါန်းမည့် ကိုယ်အင်္ဂါထဲမှာတော့ သူမ၏နှလုံး ၊ အသည်း ၊ မျက်ကြည်လွှာ […]
သွေးအမျိုးအစားကနေ ပြောပြနေတဲ့ သင့်ရဲ့စိတ်နေသဘောထားများ
လူအမျိုးမျိုး စိတ်အထွေထွေ” ဆိုတဲ့ ရှေးလူကြီးတွေရဲ့ ဆိုရိုးစကားအတိုင်း ဒီကမ္ဘာကြီးပေါ်မှာ ရှိတဲ့လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်နေသဘောထားတွေ တူနိုင်ကြမှာ မဟုတ်ပါဘူး။ သို့ပေမယ့် တူညီတဲ့အချက်တစ်ချို့ကို ဘုံထုတ်ပြီး သွေးအမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာထားတဲ့ စစ်တမ်းတစ်ရပ်ကို စာဖတ်ပရိသတ်တွေ သိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ “A” သွေး ပိုင်ရှင်များ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ လေးဆယ်ရာခိုင်နှုန်းလောက်က “A”သွေးပိုင်ရှင်တွေ ဖြစ်ပါတယ်။ ဒီသွေး အမျိုးအစားပိုင်ရှင်တွေဟာ ကျိုးကြောင်းဆီလျော်အောင် တွေးခေါ်ပေးတတ်ပြီး နားလည်ပေးနိုင်စွမ်းရှိသူတွေလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာလည်း အေးအေးဆေးဆေး တည်ငြိမ်လေ့ရှိသူတွေပါ။ ဒါပေမယ့် သူတို့ဟာ ဘဝကို ကိုယ့်ဘာသာ စိတ်ကြိုက်ရွေးချယ်တည်ဆောက်လေ့ရှိပြီး စိတ်ခံစားမှုတွေကို ဦးစားပေးတတ်သူတွေ မဟုတ်ပါဘူး။ ရင်ထဲက စိတ်ခံစားမှုတွေကို ထိန်းချုပ်နိုင်စွမ်းရှိပေမယ့် ဘာအရာမှာမဆို ပြီးပြည့်စုံလုနီးပါးဖြစ်မှ ကြိုက်တတ်တဲ့ အကျင့် ကြောင့် […]
သရုပ်ဆောင်ဖြစ်ချင်လို့ ဒီလိုတွေလုပ်တာမဟုတ်ဘူး သူ့ဘာသာရောက်လာတာပါဆိုတဲ့ ဖြူဖြူထွေး
အနုပညာရှင်တွေနဲ့ ကြော်ငြာတွဲရိုက်တဲ့အခါ အနုပညာကြေးကိစ္စနဲ့ပတ်သက်လို့ “ကိုယ်တတ်နိုင်သလောက်လေးပေးပါတယ်၊ သူတို့ကလည်းကြေးမသတ်မှတ်ပါဘူး၊ တစ်ဦးနဲ့တစ်ဦးနားလည်မှုနဲ့ဘဲအလုပ်လုပ်နေကြတယ်ဆိုပြီး”သူမတို့အနုပညာအလုပ် လုပ်ပုံကိုင်ပုံကို ပြောပြလာပါတယ်။ သရုပ်ဆောင်အနုပညာရှင်ကြီးတွေအားလုံးက ဖြူဖြူထွေးလေးကို ချစ်ကြတယ် အလုပ်တွဲလုပ်ဖို့ကမ်းလှမ်းတိုင်းလည်း လက်ခံရိုက်ကူးပေးကြပါတယ်။ အဲလိုကံကောင်းမှုလေးနဲ့ပတ်သက်ပြီးတော့လည်း” အလုပ်ကမ်းလှမ်းတဲ့အခါ ဦးတို့က အနုပညာကြေးမသတ်မှတ်ပါဘူး၊ သမီးပေးနိုင်သလောက်ဘဲပေးပါဆိုပီး လူတိုင်းလိုလိုပြောကြပါတယ်၊ ကြော်ငြာရိုက်တော့လည်း ဖုန်းနဲ့ဘဲရိုက်တာပါ၊ တစ်ခါတစ်လေတော့လည်း အနုပညာကြေးကို အိတ်ထဲကစိုက်ပေးရတာတွေရှိတယ်”ဆိုပြီး သူမရဲ့ကံကောင်းမှုလေးကိုပြောပြလာပါတယ်။ အခုလိုအောင်မြင်လာတာ ကံတရားကြောင့်ဘဲလားဆိုတဲ့အပေါ်” ကံကိုချည်းဘဲလွှဲချလို့မရပါဘူး၊ ကံကိုကြီးဘဲလွှဲချပြီး ကိုယ်ကမကြိုးစားရင် ဘာမှဖြစ်မလာနိုင်ပါဘူး၊ အဓိကကတော့ မခံချင်စိတ်နဲ့ကြိုးစားမှု၊ ပိုအောင်မြင်လာလည်း မပြောင်းလည်းတဲ့စိတ်ပါ” ဆိုပြီးသူမရဲ့ခံယူချက်လေးကိုပြောသွားပုံက လေးစားဖွယ်ရာပါ။ “ကိုယ်က တစ်နေ့ဒါလှူလိုက်တယ် နောက်ရက်အိမ်ကို ပစ္စည်းတွေလာချပေးကြတယ်၊ သုံးချင်သုံး လှူချင်လှူဆိုပြီးတော့၊ စိတ်ထဲကအပြတ်လှူလိုက်ရင် ကိုယ့်အတွက်လည်းပိုများတဲ့အကျိုးကျေးဇူးတွေရလာတာယုံကြည်ပါတယ်”ဆိုပြီးလည်း သူမရဲ့ခံယူချက်ကို ပြောထားပါသေးတယ်။ “သရုပ်ဆောင်ဘဝရောက်လာတာကလည်း ကိုယ်ကဒီလိုင်းထဲကိုသီးသန့်ဝင်လာတာတော့မဟုတ်ပါဘူး သူ့ဟာသူရောက်လာတာ၊ အစတုံးကတော့မလုပ်တတ်မကိုင်တတ်နဲ့ အခုတော့ကြိုးစားရင်း နားလည်လာခဲ့ပါတယ်၊ ကိုဗစ်ပြီးရင် ရုပ်ရှင်ကားကြီးတစ်ကားမှာ […]
မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ မိန်းကလေး များ ဖတ်သင့်ပါတယ်
မန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ ( မိန်းကလေး များ ဖတ်သင့်ပါတယ်) Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်…. Q သောသူ – ညသန်းခေါင် မင်းဆီဖုန်းဆက်ပြီး ညဥ့်နက်သည်အထိ ဖုန်းပြောတတ်တယ်။ ချစ်သောသူ – သင့်ကို ညသိပ်မနက်ဖို့ပြောလိမ့်မယ်။ Q သောသူ – သူကမင်းကို လုပ်စရာရှိတာမလုပ် ခိုင်းဘဲ သွားလည်ဖို့ခေါ်လေ့ရှိတယ်။ ချစ်သောသူ – သူကမင်းကို အလုပ်ကောင်းကောင်းလုပ် ဖို့လောဆော်နေလိမ့်မယ်။ Q သောသူ – မင်းနေမကောင်းချိန်မှာ၊ နားဝင်ချိုတဲ့စကားတွေပြောပြီး မင်းကိုဂရုစိုက်ပြလိမ့်မယ်။ ချစ်သောသူ – မင်းနေမကောင်းချိန်မှာ၊ သူ့ဂရုစိုက်မှုတွေက စိတ်ရှုပ်လောက်အောင်ကို ရှိပြီး ဆရာဝန် အတင်းသွားကြည့်ခိုင်းတတ်တယ်။ Q သောသူ – သူကမင်းကို စကားအကောင်းတွေပြောပြီး မင်းရဲ.နှစ်သက်မှု့ကိုရယူဖို့ […]
ဘုရားပျက်အတွင်းသို့ မြွေတစ်ကောင် ဝင်သွားသဖြင့် လိုက်လံတူးဖေါ်ကြည့်လိုက်သော်အခါ
ယနေ့ဇူလိုင်လ (၂၇ )ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့် ပန်းတောင်းမြို့နယ်ဆင်တဲကျေးရွာ (က)ရပ်ကွက် အိမ်အမှတ်(က.၅)ဦးစိုးနိုင်(ကစစ.၁၆) နေအိမ်နောက်ဖက်မြစ်ကမ်းအနီး ရှေးဟောင်းဘုရားပျက်အတွင်းမှ ဌာပနာ ကြေးဆင်းတု အကောင်း ၄၆ ဆူ၊အပျက် ၄ဆူ၊ဌာပနာကြုတ်စေတီပုံ ကြေး ၁ ဆူ၊ကြေး အပျက်၄ ဆူ တွေ့ရှိကြောင်း၊ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ဘုရားပျက်အတွင်းသို့ မြွေတစ်ကောင် ဝင်သွားသဖြင့် လိုက်လံတူးဖေါ်ရာမှ ဘုရားများတွေ့ရှိရကြောင်းသိရှိရသဖြင့် အများသူငါဖူးမြင် ကြည်ညိုနိုင်ကြစေရန်ရည်ရွယ်တင်ပြလိုက်ရပါသည်။ zawgyi ယနေ့ဇူလိုင်လ (၂၇ )ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့် ပန်းတောင်းမြို့နယ်ဆင်တဲကျေးရွာ (က)ရပ်ကွက် အိမ်အမှတ်(က.၅)ဦးစိုးနိုင်(ကစစ.၁၆) နေအိမ်နောက်ဖက်မြစ်ကမ်းအနီး ရှေးဟောင်းဘုရားပျက်အတွင်းမှ ဌာပနာ ကြေးဆင်းတု အကောင်း ၄၆ ဆူ၊အပျက် ၄ဆူ၊ ဌာပနာကြုတ်စေတီပုံ ကြေး ၁ ဆူ၊ကြေး […]
လူ့ဘဝအကြွေး ကို နွား ဘဝနဲ့ လာဆပ်ရ တဲ့ မအေးဘုံ (ဖြစ်ရပ်မှန်)
မိုးဦးကျရာသီ၏ တစ်ခုသော နံနက်အစောတွင်ဖြစ်သည်။မလှ လူသည် ရွာဦးဘုန်းတော်ကြီးကျောင်းက အုန်းမောင်းခေါက်သံ ကြားသည်နှင့် အိပ်ရာမှ ထခဲ့သည်။ခင်ပွန်းဖြစ်သူ ကိုသာလှ ယာတောမသွားမီ ထမင်း ထုပ်ပေးရန် မီးဖိုချောင်ဝင်၍ ချက်ပြုတ်နေ စဉ် လှလူရေ ဟေ့…လှလူ၊ခွေးကြည့်ပါဦး။ခြံတံခါးဆီက ခေါ်သံကြား၍ မလှလူ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ဟဲ့…စောစောစီးစီး ဘယ်သူများလဲလို့။အေးဘုံကိုး။ဘာအရေးကြီးကိစ္စ ရှိလို့တုန်း။ဒီမနက် လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ နှမ်းကြဲချင်လို့ နှမ်းနှစ်ပြည်လောက်ချေးပါဦး။နောင်ခါ နှမ်းပေါ်ရင် ထုံးစံအတိုင်း ပြန်ပေးပါ့မယ်။နှစ်စဉ် မျိုးစေ့ထုတ်ပေးနေကျလည်းဖြစ်ပြီး သီးနှံပေးချိန်တွင်သုံးဆတိုး ပြန်ပေးရာမှာလည်း ကတိတည်သူ ဖြစ်သောကြောင့် မအေးဘုံကို နှမ်းနှစ်ပြည် ချိန်ပေးလိုက်သည်။မအေးဘုံသည် […]
ဖြူဖြူထွေးနဲ့ ဂျက်မားတို့ရဲ့ ဘဝသင်ခန်းစာ
ဖူဖြူထွေးနဲ့ဂျက်မားတို့ရဲ့ဘဝသင်ခန်းစာ ဖြူဖြူထွေးဟာ ခုဆိုရင် အတော်ကို လူသိများရေပန်းစားတဲ့ ဆယ်လီတစ်ယောက်ဖြစ်နေပါပြီ။ လူတွေကို ဟာဒယရွှင်ဆေးတိုက်ကျွေးရင်းနဲ့ လုပ်ငန်းရှင်တွေကိုလည်း သူတို့ရဲ့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို လက်မလည်အောင် ကြော်ငြာပေးနေရပါပြီ။ ဂျက်မားကတော့ လူတိုင်းနီးပါးသိပြီးသား အလီဘာဘာရဲ့ မဟာသူဌေးကြီးပါ။ သူတို့ နှစ်ယောက် ဘယ်လိုဆက်စပ်လဲဆိုတော့ ဘယ်လိုမှ မဆက်စပ်ပါဘူး။ ဒါပေမဲ့ ဘဝသင်ခန်းစာတစ်ခုကတော့ သွားတူနေပါတယ်။ ဟိုတစ်နေ့က ညီမငယ်လေး ဖြူဖြူထွေးရဲ့ အင်တာဗျူး အတိုလေးတစ်ခု ကြည့်လိုက်ရပါတယ်။ သူမဟာ သတင်းထောက် လုပ်ခဲ့ဖူးတဲ့အကြောင်း၊ အနုပညာရှင်တွေကို အင်တာလိုက်ဗျူးခဲ့ဖူးတဲ့အကြောင်းပါ။ ဒီလို အင်တာဗျူးလုပ်ပြီး နောက်တစ်နေ့မှာ အလုပ်ထုတ်ခံလိုက်ရပါလေရောတဲ့။ ဘာလို့ အထုတ်ခံရလဲဆိုတော့ အင်တာဗျူးတွေမှာ အသံပါမလာလို့ပါတဲ့။ အသံသွင်းဖို့ မိုက်ခလုတ်ကို ဖွင့်ဖို့ မေ့ခဲ့တယ်ထင်ပါရဲ့။ ခုချိန်မှာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေး ပြန်ပြောပြသွားနိုင်ပေမဲ့ အဲဒီလို အလုပ်ထုတ်ခံရတဲ့အချိန်မှာတော့ […]
အွန်လိုင်းပေါ်နာမည်ကြီးနေတဲ့ မျိုးကြီးသီချင်းကိုပိုင်နိုင်စွာသီဆိုသွားတဲ့ ကလေး
ဒီဗွီယိုဖိုင်လေးကတော့ အွန်လိုင်းမှာ လူကြိုက်များနေတဲ့ အဆိုတော် ရော့ကာကြီး ကိုမျိုးကြီးရဲ့ ညီလေးရေ သီချင်းကို ဟန်ပါပါ မာန်ပါပါနဲ့ ဆိုပြတဲ့ ကလေးတစ်ယောက်ရဲ့ ဗွီယိုဖိုင်လေးဖြစ်ပါတယ်။ ရှိတဲ့ဂစ်တာလေးနဲ့ ကလေးနဲ့အတူ မျိုးကြီးရဲ့ ညီလေးရေ သီချင်းကို စိတ်ပါလက်ပါ သီဆိုနေတဲ့ ပုံရိပ်ကိုလည်း လူတိုင်းသဘောကျနေပါတယ်။ အဆိုတော်မျိုးကြီးရဲ့ ညီလေးသီချင်းဟာလည်း လူငယ်တွေအတွက် လမ်းမှားမရောက်အောင် လမ်းပြပေးတဲ့သီချင်းဖြစ်လို့ ပရိတ်သတ်တွေက အလွန်ပင်ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ ကျနော်တို့ လူ့ဘဝမှာ လက်ရှိဘဝကို လက်ခံပီး ပျော်အောင်နေတတ်ခြင်းဟာလည်း ချမ်းသာခြင်းတစ်မျိုးဖြစ်ပါတယ်။ အဆောင်အယောင် ဂုဏ်ပကာသနတွေကိုဘေးချိတ်လို့ ရိုးရှင်းလွန်းတဲ့ဘဝမှာ ရှိတဲ့ဟာနဲ့ ပျော်အောင်နေတတ်ဖို့က အရမ်းအရေးကြီးပါတယ်။ လူကြီးဖြစ်သူက ဂစ်တာလေးတီးပီး ကလေးဖြစ်သူက ရောကာမုသွင်းကာ အားရပါးရစီးမျောသီဆိုနေတဲ့ ဗွီယိုဖိုင်လေးကို ပရိတ်သတ်ကြီးကြည့်လိုက်ပါအုံးဗျာ။ အကောင်းဆုံးမဟုတ်ပေမယ့် သူတို့ဘဝလေးတွေရဲ့ ရိုးရှင်းမှုနဲ့ ကလေးတစ်ယောက်ရဲ့ ရော့ကာဆန်ဆန် သီဆိုပုံကို ပရိတ်သတ်ကြီး […]









