ဖားကန့်မြေပြိုမှုဖြစ်စဉ်မှ ဒဏ်ရာရသူတစ်ဦးလျှင် ၂ သိန်း၊ သေဆုံးသူတစ်ဦးလျှင် ၅ သိန်းထောက်ပံ့ ကချင်ပြည်နယ်၊ ဖားကန့်မြေပြိုမှုဖြစ်စဉ်မှ ဒဏ်ရာရသူတစ်ဦးလျှင် ၂ သိန်း၊ သေဆုံးသူတစ်ဦးလျှင် ၅ သိန်းစီထောက်ပံ့ပေးအပ်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှယ့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန(လူကယ်ပြန်ဝန်ကြီးဌာန)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့(ဇူလိုင် ၅) မွန်းလွဲပိုင်းတွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ရေးသားဖော်ပြခဲ့သည်။ “ဒဏ်ရာရသူတစ်ဦးကိုငွေကျပ် ၂ သိန်း၊ သေဆုံးသူတစ်ဦးအတွက် ငွေကျပ် ၅ သိန်း၊ စုစုပေါင်း စာရင်းအရ သေဆုံးသူ ၁၇၄ ဦး၊ ဒဏ်ရာရ ၅၄ဦး တို့အတွက် ထောက်ပံ့ငွေကျပ် ၉၇၈ သိန်း ဖြစ်ပါတယ်။ ကိုယ်တိုင်တွေ့ဆုံခွင့်ရပြီး ဒဏ်ရာရ ၃၄ ဦး၊ သေဆုံးသူများရဲ့ကျန်မိသားစုဝင် ၁၆ ဦး တို့အား အားပေးထောက်ပံ့ခဲ့ပါတယ်။ […]
Author: Achawlaymyar
အတိုက်အခိုက်တွေများနေပြီး ကံတွေလာဘ်တွေပိတ်နေရင်
ကျောက်ချဉ် ဆနွင်း ရန်တွေကင်း မင်္ဂလာပါ ခင်ဗျား….. အခုတင်ပေးမည့် အကာအကွယ်လေးဟာ မိမိကိုရန်မူ.. ပြသနာအမျိုးမျိုးရှာပြီး အတိုက်အခိုက်တွေလုပ်နေခြင်းများ…ကံတွေလာဘ်တွေပိတ်နေခြင်းများ… မိတ်ဆွေအဖြစ်မှ ရန်သူအဖြစ်ပြောင်းလဲနေခြင်းများ…..နေ့စဉ် ဝင်ငွေနဲ့ထွက်ငွေ မျှတမှု မရှိခြင်း…ငွေမစုမိခြင်း….မထင်မှတ်ပဲငွေထွက်ယိုပေါက်များခြင်း…. ခဏခဏ ပိုက်ဆံပြတ်တာတွေကြုံနေရသူမျာ းအောက်ပါ ကျောက်ချဉ် ဆနွင်း အကာကွယ်လေးကိုလုပ်ထားပေးပါ ခင်ဗျား…။ လုပ်မည့်နေ့ အိမ်ခြံဝင်းထဲ အမှိုက်များမရှိစေရပါ။ တနင်္လာနေ့ စ လုပ်ရပါမည်။နံနက်ပိုင်းလုပ်ရပါမည်။ ပထမဦးစွာ ကျောက်ချဉ်တုံးတစ်တုံးကို ကျောက်ပျဉ်မှာ ဆနွင်းမှုန့်နည်းနည်းရောပြီးသွေးယူထားပါ။ ဘုရားသောက်တော်ရေထဲရောပြီး အိမ်ခြံဝင်းတံခါး ပြတင်းပေါက် နေရာအနှံ့အောင်သပြေညွန့်နှင့်ဖြန်းပေးပါ။ အိမ် ခြံအဝင်တံခါး၏ဘေးအစွန်နှစ်ဖက်အောက်တွင် မန်ကျည်းစေ့တစ်စေ့စာရှိတဲ့ကျောက်ချဉ်တုံးတစ်တုံးဆီချထားပေးပါ…။ နောက်ထပ်တစ်တုံး ပိုက်ဆံအိတ် အံဆွဲ မီးခံသေတ္တာနေရာများမှာထည့်ထားပြီးဆောင်ထားပေးပါ ခင်ဗျား ။ ဤအကာအကွယ်နည်းကို လုပ်ထားခြင်းဖြင့် မိတ်ဆွေများ၏ ရန်တွေကင်းရှင်းသွားပြီး လာဘ်တွေပွင့်လာပါလိမ့်မည်…။ ကိုမင်းနိုင်နှင့်တကွသင်ဆရာမြင်ဆရာကြားဆရာအားလုံး ခြေရင်းဦးခိုက်လျက်… ဆရာတင်ထူး09 259021778 Zawgyi […]
” သား ဒီတစ်ကျော ရှာပြီးရင် ကိုကြီးနဲ့အတူတူ ပြန်လာမှာ အမေရဲ့”
မိုးက မသည်းပေမဲ့ တစ်စိမ့်စိမ့် ရွာနေသည် ။ဘယ်လို ဖြစ်မှန်းမသိ မှော်ထဲ သွားရမှာ စိတ်လေးနေမိသည် ။အိပ်ယာထဲမှ ကိုကြီးကိုလည်း သနားမိသည် ။ ကိုကြီးက ကျွန်တော်တို့ မောင်နှမတွေကို ငဲ့ကာ ကျောင်းထွက်ပြီးး မှော်ထဲ အရင် ရောက်နှင့်သူ ။ ခုတော့ ဆေးသမား ဖြစ်နေရှာပြီလေ ။ မှော်ထဲက မသွားလို့ မဖြစ် ၊ ပိုက်ဆံရှာရမည်။ ကိုကြီးကိုလဲ ရွာပြန်ခေါ်ပြီးး ဆေးဖြတ်ပေးချင်သည်။ အိမ်က ညီနဲ့ ညီမလေးတွက် ကျောင်းစရိတ်က ရှိသေးသည် ။ covide ကပ်ရောဂါကြောင့် အိမ်မှာလဲ ကြပ်တည်း နေတာ ကျွန်တော် သိသည် ။ ခုရက်ပိုင်းး ကျောက်ကောင်းတွေက ရနေတော့ လက်လွတ် မခံချင် ။ ကော်ဖီမစ် […]
2020 ပြည့်နှစ် ဇူလိုင် လ တစ်လစာ အတွက် ဂဏန်းဗေဒင် ဟောကိန်း..
2020 ပြည့်နှစ် ဇူလိုင် လ တစ်လစာ အတွက် ဂဏန်းဗေဒင် ဟောကိန်း (၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်တွင် မွေးဖွားသူများ) – နိုင်ငံရေး၊ အုပ်ချုပ်ရေး နဲ့ ပတ်သက်တဲ့ အလုပ်မှာ လုပ်နေသူတွေ ဒီလထဲမှာ နေရာ၊ အခွင့်အရေးတွေ ရလာမယ်။ ဒါပေမယ့် ကိုယ်လုပ်သမျှကို အသိအမှတ်ပြု မခံရလို့ လုပ်ရတာ အားမပါသလို ခံစားရမယ်။ လလယ်ပိုင်းမှာ မိသားစုရေး စိတ်ညစ် စရာ ပေါ်မယ်။ လကုန်ပိုင်းမှာတော့ အလုပ်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေ အပြိုင်အဆိုင်တွေကို ကျော်ဖြတ်နိုင်မယ်။ ကျန်းမာရေးပြဿနာ မရှိပေမယ့်လည်း စိတ်ညစ်ရ စိတ်ရှုပ်ရတာတွေတော့ များ တတ်တယ်။ (၂ ၊ ၁၁ […]
ခရစ်ယာန်ဘာသာဝင် လူဦးရေ ၁၀၀ ကျော် ဗုဒ္ဓဘာသာသို့ မင်္ဂလာနံနက်ခင်းလေးမှာ ကူးပြောင်းဝင်ရောက်လာ
ရှမ်းပြည်နယ်ရှိ ခရစ်ယာန်ဘာသာဝင် လူဦးရေ ၁၀၀ ကျော် ဗုဒ္ဓဘာသာသို့ မင်္ဂလာနံနက်ခင်းလေးမှာ ကူးပြောင်းဝင်ရောက်လာပြီ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ လွယ်ခွန်ကျေးရွာတွင် ယနေ့ ဇူလိုင်လ ၄ ရက်က အိမ်ထောင်စု ၂၁ စုမှ ခရစ်ယာန်ဘာသာဝင် လူဦးရေ ၁၀၀ ကျော် ဗုဒ္ဓဘာသာသို့ အခမ်းအနားဖြင့် ကူးပြောင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။ “ရွာက ကားလမ်းမပေါက်ဘူး။ မြို့ကနေ ကားတစ်တန်၊ ဆိုင်ကယ်တစ်တန် သွားရတယ်။ အရင်က ခရစ်ယာန် ဘာသာ ကိုးကွယ်ကြရာကနေ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြလို့ ဘာသာပြောင်းပေးရတာပါ” ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။ ဘာသာကူးပြောင်းပွဲတွင် အိမ်ထေင်စု ၂၁ စုမှ လူဦးရေ ၁၁ဝ ဦးကို ငါးပါးသီလခံယူစေကာ သရဏဂုံတင်ပြီး နောက် တရားဓမ္မများဟောကြားခဲ့ကာ မိသားစုများ […]
မိတ်ဆွေများအားလုံးအတွက် မင်းသိင်္ခဗေဒင် တစ်ပတ်စာ ဟောစာတမ်း
(၇)ရက် သားသမီးများအတွက် (5.7.2020)မှ(11.7.2020)ထိ ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန် (၁)ပတ်စာ ဟောစာတမ်း မိတ်ဆွေများအားလုံးအတွက် မင်းသိင်္ခဗေဒင် တစ်ပတ်စာ ဟောစာတမ်း (5.7.2020)မှ(11.7.2020)ထိ ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန် (၇)ရက် သားသမီးများအတွက် (၁)ပတ်စာ ဟောစာတမ်း တနင်္ဂနွေသားသမီး ယတြာ ။ တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ ဘူးသီးကြော် ၅ခု ကပ်လှူပါ။ တနင်္လာသားသမီး ယတြာ ။ တနလာင်္နေ့တွင် တနင်္လာ ထောင့်မှာ ငွေထီး ၂လက်ကပ်လှူပါ။ အင်္ဂါသားသမီး ယတြာ ။ အင်္ဂါနေ့ အင်္ဂါထောင့်ဘုန်းကြီးတပါးကို သစ်သီး ၃လုံး လှူဒါန်းပါ။ ဗုဒ္ဓဟူးသားသမီး ယတြာ ။ […]
ကုမ္ပဏီသိမ်းပီး ရှာထားပီးသားမြေစာပုံထဲတွင် ကျောက်ဝင်ရှာသော ရေမဆေးသမားလေးတွေကို ဖားခုန်ခုန်ခိုင်းနေတဲ့(ရုပ်သံ)
ကုမ္ပဏီသိမ်းပီး ရှာထားပီးသားမြေစာပုံထဲတွင် ကျောက်ဝင်ရှာသော ရေမဆေးသမားလေးတွေကို ဖားခုန်ခုန်ခိုင်းနေတဲ့ရုပ်သံ ကျောက်ရှာခွင့်သိမ်းခါနီးလေးမှာ ၀င်ရှာတဲ့ရေမဆေးနှစ်ယောက်ကို ပြစ်ဒဏ်ပေးနေတာပဲဖြစ်ပါတယ် သူတို့လည်း ကုမ္မဏီလည်းသိမ်းနေပါပြီ ဒါကိုတောင်မှ ရှာပြီးသားထဲကိုဝင်ရှာတာတောင်မှ ဖမ်းပြီးတော့ စွန့်ပစ်မြေစာထဲကိုရှာတာတောင် ရေးမဆေးနှစ်ယောက်ကို ပြစ်ဒဏ်ပေးနေတာ ဖားခုန် ခုန်ခိုင်းနေတာပါ ဒီလပိုင်အကုန်မှာလည်း ကုမဏီတေအကုန်နာမယ်လို့ ရေမဆေးသမားတေသိထားပါတယ် အဲဒါကြောင့်မို့လည်း ရာသီသိမ်းခါနီး ကျောက်ကလေးများရမလားလို့ ၀င်ရှာကြတာပါ အကုန်လုံးလည်းခြံတေလည်းဖျက်ပြီးပါပြီ မီးလုံတေဘာတေ စက်ယမ်းဒယာတေအကုန်လုံးလည်း သိမ်းပြီးပါပြီ အဲဒါဝင်ရှာတာပါလို့ ဗွီယိုဖိုင်ကိုကြည့်ပြီး စိမကောင်းဖြစ်မိတာတော့ အမှန်ပါ ဘာပဲဖြစ်ဖြစ် စည်းကမ်းမလိုက်နာဘူးဆိုရင်တော့ တစ်မျိုးပေါ့ဗျာ ခုဟာက လူအခြင်းခြင်း ညှင်းပန်းသလိုဖြစ်နေပါပြီ အွန်းလိုင်းမှာလည်း ဗွီယိုဖိုင်ကိုကြည့်ပြီး ဝေဖန်မှုတွေ အရမ်းကိုမြင့်တတ်နေပါပြီ စာဖတ်သူပရိတ်သတ်များလည်း မိမိတို့ရဲ့ ထင်မြင်ယူဆချက်များကို မှတ်ချက်ပေးသွားကြပါအုံး …။ လူအချင်းချင်း အနိုင်ကျင့်ခြင်း ကင်းရှင်းကြပါစေ … လူအချင်းချင်း အနိုင်ကျင့်ခြင်း ကင်းရှင်းကြပါစေ… […]
အချိန်လဲမပေးနိုင် အဖုပိမ့်တွေထွက်လာလို စိတ်ညစ်နေသူအတွေအတွက် အရေးပေါ် ပေါင်းတင်နည်း
အရေးပေါ် ပေါင်းတင်နည်းအကြောင်း ဝေမျှပေးမယ်ရှင့် ။ အလှပြင်ဖို့အချိန်သီးသန့်လည်းမပေးဖြစ် အပျင်းကလည်းထူ အစပ်လည်းလျော့မစားနိုင် ဒါပေမဲ့ အချိန်တန် မှန်ကြည့်တဲ့အခါ မျက်နှာပေါ်က အရေးကြောင်း အမဲစက် အဖုပိမ့်တွေ ထွက်လာရင် စိတ်အရမ်းညစ်တတ်တဲ့ ကိုယ့်လိုလူမျိုးတွေအတွက် ရည်ရွယ်ပါတယ် ခရမ်းချဉ် – ဝက်ခြံလျော့ပါး အာလူး – အဖုပိမ့် ချိုင့်ခွက် အသားပြန်ပြည့် ရှားစောင်းလက်ပတ် – အသားချောမွေ့ ဆန်ဆေးရည် – အရေးကြောင်းလျော့နည်းစေ သံပုရာ – အဆီပြန်သက်သာ (ဆိုးကျိုး အသားပါးလာစေတတ် ဝက်ခြံပေါက်နေသူများ မပြုလုပ်သင့် အရမ်းစပ်စေလို့ပါ ) အောင်မဲညိုအရည် – အသားအေးစေ သခွားသီး – အသားရေကြည်လင် မန်ကျီးသီးအရည် – အမဲစက်လျော့ပါး ကြက်ဥ/ဘဲဥအကာအရည် – ဆဲလ်သေတွေကွာ အသားရေချောမွေ့ တကယ်ဆို […]
ချစ်တဲ့သူကို သတိရတဲ့အခါ မေတ္တာပို့ ပေးပါ ..
ချစ်တဲ့သူကို သတိရတဲ့အခါ ချစ်သူကို သတိရတဲ့အခါ ဘာလုပ်ရမလဲ ‘ လို့ မိတ်ဆွေတစ်ယောက်က မေးပါတယ်။ ဒီတော့ မေတ္တာပို့ပါ’ လို့ ဖြေပေးလိုက်ပါတယ်။ ကိုယ်ချစ်တဲ့ သူတစ်ယောက် အေးချမ်းပါစေ။ ဘေးအန္တာရယ်တွေက ဝေးပါစေ။ စိတ်မဆင်းရဲပါစေနဲ့။ ခန္ဓာ့ဆင်းရဲကို မခံစားရပါစေနဲ့။ လုပ်ငန်းတွေ အောင်မြင်ပါစေ။ ကြံစည်တိုင်း ဖြစ်ထွန်းပါစေ။ လူမိုက်တွေ ရန်က ဝေးပါစေ။ သူတော်ကောင်းတွေနဲ့သာ ဆုံတွေ့ပါစေ။ စတဲ့ မေတ္တာတွေ ပေးပို့လိုက်ပါ။ ကမ္ဘာပေါ်မှာ အမြန်ဆုံးယာဉ်ဟာ စိတ်ဖြစ်သလို ခွန်အားအကြီးဆုံးကလည်း စိတ်စွမ်းအင်ပဲ ဖြစ်ပါတယ်။ ဒီလို အမြန်ဆုံးနဲ့ စွမ်းအားအကြီးဆုံး စိတ်ကို အသုံးချပြီး မေတ္တာပို့တဲ့အခါ မေတ္တာတရားရဲ့ အကျိုးကို တကယ်ပင် ရရှိပါတယ်။ အချစ်’ ရယ်လိုဆိုကြရင် မနက်လင်းရင် ဖုန်းဆက်ရမယ်။ စာပို့ရမယ်။ ဂရုစိုက်ရမယ်။ […]
မိုင်းကျက် မဟာမုနိဓမ္မဟိန်းဂူမှ မိုင်းဖုန်းဆရာတော် ပေးပို့လာသော မေတ္တာစာပါဘုရား……
၁၃၈၂ ခု ပထမဝါဆိုလပြည့် (၃၊ ၇၊ ၂၀၂၀) မိုင်းကျက် မဟာမုနိဓမ္မဟိန်းဂူမှ မိုင်းဖုန်းဆရာတော် ပေးပို့လာသော မေတ္တာစာပါဘုရား။🙏🙏🙏 (နှာ ၁) ရပ်နီးရပ်ဝေး တပည့်ဒကာ ဒကာမများ သိစေရန်အတွက် ဆရာတော်မှ မေတ္တာစာ ပေးပို့ပါတယ်။ ဒီနှစ် ဝါထပ်လို့ ဒုတိယဝါဆိုလသို့ ရောက်ကာ ဆရာတော်လည်း ဝါဆိုအဓိဋ္ဌာန်ပြုပါပြီ။ (သံလွင်အရှေ့ဖက်ခြမ်း ပြက္ခဒိန်အရ တစ်လစောပါသည်)အချိန်တွေလည်း ရေစီးဆင်းသလို မရပ်မနားဘဲ တသွားထဲသွားနေပြီး သိပ်မကြာခင် ၃ နှစ်ပြည့်ဖို့ နီးလာပါပြီ။ မမြဲတဲ့ သင်္ခါရတရားကြီးဟာ အပျက်ဘက် အသေဘက်ကို ဦးတည်ရွေ့လျားသွားနေလျက်ပါ။ နောက်ထပ် ၂ နှစ်ဆိုရင် ဆရာတော်ရဲ့ သက်တော်လည်း (၆၀) ပြည့်ပါတော့မယ်။ တဖြည်းဖြည်းနဲ့ အိုအိုလာပြီး ဘယ်နှစ်နှစ် အထိ နေရမလဲဆိုတာ ခန့်မှန်းလို့မရပါ။ ကုသိုလ်နေခွင့်ပေးသလောက် […]









