Author: Achawlaymyar
အောင်လအန်ဆန်ကို foodpanda ၏ မြန်မာနိုင်ငံ သံတမန်အဖြစ် ခန့်အပ် . . .
ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ရဲ့လိုက်ဟဲဗီးဝိတ်တန်းနဲ့ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခုပိုင်ရှင် “မြန်မာ့စပါးအုံး” အောင်လအန်ဆန်ကို foodpanda ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံတမန်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့စာချုပ်ချုပ်ဆိုကာ သံတမန်တဦးအဖြစ် ဆောင်ရွက်နေတဲ့ အောင်လဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အာရှတိုက်ရဲ့ ဈေးကွက်အကြီးမားဆုံး ရရှိထားတဲ့ အွန်လိုင်းအစားအသောက် ပို့ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ foodpanda နဲ့ လက်တွဲခဲ့တာပါ။ အောင်လအန်ဆန်က “foodpanda မိသားစုဝင် တစ်ယောက်ဖြစ်ရတာ ကျနော် အရမ်းကျေနပ်မိပါတယ်။ အစားအစာဖြန့်ဖြူးရေးလုပ်ငန်းဆိုတာ လူတွေက ကိုယ်စားချင်တာကို ကလစ်ကလေးတစ်ချက်နှိပ်ရုံနဲ့ အိမ်တိုင်ရာရောက် လာရောက်ပို့ဆောင်ပေးတာဖြစ်ပါတယ်။ အထူးသဖြင့် အခုလို ကပ်ဆိုးကာလအတွင်း အစားအသောက်ကောင်းကောင်းစားသောက်ဖို့က အရေးကြီးသလို အစားအစာတွေကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့ ဝန်ထမ်းတွေရဲ့ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုရပါမယ်။ မြန်မာအစားအစာတွေက ကျနော့်ဘဝရဲ့ကြီး မားတဲ့ အစိတ်အပိုင်းတခုပါပဲ။ […]
အမျိုးသားစာပေဆုကို ဆွတ်ခူးသွားနိုင်ပြီဖြစ်တဲ့ စာရေးဆရာမ ဂျူး
ဆရာမဂျူး ဆိုရင် လူကြီးတွေသာမက ယနေ့ခေတ်လူငယ်တွေကပါ ကြိုက်နှစ်သက်အားပေးကြတဲ့ နာမည်ကျော်စာရေးဆရာမတစ်ဦးပဲ ဖြစ်ပါတယ် ငယ်စဉ်ကတည်းက စာတွေရေးခဲ့တဲ့ ဆရာမဂျူးဟာ ရေနံချောင်းဒေသကောလိပ် နှစ်လည်မဂ္ဂဇင်းမှာ “ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့” ဝတ္ထုတိုတစ်ပုဒ် စတင်ရေးသားဖော်ပြခံရတာကစလို့ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါး ပေါင်းများစွာ ရေးသားခဲ့ပြီး ဖြစ်ပါတယ်။ ဆရာမရဲ့ ဝတ္ထုရှည်တွေဟာလည်းပဲ အောင်မြင်ခဲ့တဲ့ ချီးကျူးခံရတဲ့ ဝတ္ထုရှည်တွေဖြစ်ခဲ့ပါတယ် ဥပမာ- “ပင်လယ်နှင့်တူသောမိန်းမ” ဝတ္ထုဆိုရင် အကောင်းဆုံးလက်ရာ (Masterpiece) အဖြစ် ညွှန်းဆိုဖော်ပြခြင်းခံရတာပါ ဒါ့အပြင် ဆရာမရဲ့ လက်ရာတွေကိုလည်းရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးပုံဖော်တာတွေလည်း အများကြီးရှိခဲ့ပါတယ်။ ဒီလို စာဖတ်ပရိသတ်တွေ ကြိုက်နှစ်သက်အားပေးခဲ့တဲ့ ဆရာမဂျူးဟာ အခုဆိုရင် ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေဆု(ဝတ္ထုရှည်)ကို ဂျူးစာပေကထွက်ရှိတဲ့ “သက်တံ့တို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ” ဝတ္ထုနဲ့ ရရှိခဲ့ပါတယ် ဒီသတင်းဟာ ဆရာမဂျူးရဲ့ […]
သင့်ကို တန်ဖိုးမထားတဲ့ချစ်သူကို နောင်တရသွားအောင်လုပ်နိုင်မယ့် နည်းလမ်း(၅)မျိုး
သင့်ကို တန်ဖိုးမထားတဲ့ချစ်သူကို နောင်တရသွားအောင်လုပ်နိုင်မယ့် နည်းလမ်း(၅)မျိုး ကိုယ့်ဘက်က ချစ်နိုင်သလောက်ချစ်ပေးခဲ့ပေမယ့် ကိုယ်ချစ်မှန်းသိလို့ အနိုင်ယူပြီး ကိုယ့်အချစ်တွေကိုတန်ဖိုးမထားဘဲ ပစ်ချခဲ့တဲ့သူမျိုးနဲ့ကြုံရတဲ့အခါ ဒီအတွက် ပြိုလဲခံစားမနေပါနဲ့။ ကိုယ့်အချစ်တွေကိုတန်ဖိုးမထားခဲ့တဲ့သူအတွက် ကိုယ့်ကိုယ်ကိုထိခိုက်မခံဘဲ သူတို့တွေနောင်တရသွားအောင် ဒီလိုနည်းလေးတွေနဲ့ တုံ့ပြန်လိုက်ပါ။ (၁) ဂရုမစိုက်ပါနဲ့ ကိုယ်ချစ်တာတွေကို သူတန်ဖိုးမထားမှန်းသိပြီဆိုတာနဲ့ သူ့ကိုတွယ်ကပ်နေတာထက် ဂရုမစိုက်တာက ပိုကောင်းပါတယ်။ သူ့ရဲ့အပြုအမူတွေ၊ အချိုးတွေနဲ့ပတ်သက်လို့ သင့်ဘက်က လုံးဝဂရုမစိုက်ဘူးဆိုတာ သူသိအောင် ပြသပါ။ ဒါမှ သင့်ရဲ့တန်ဖိုးကိုသူ့ဘက်ကနားလည်လာမှာပါ။ (၂) ဖုန်းခေါ်တာ၊မက်ဆေ့ပို့တာတွေကို reply မလုပ်ပါနဲ့ သင့်အချစ်တွေကိုတန်ဖိုးမထားတဲ့သူ၊ သင့်ကိုဂရုမစိုက်တဲ့သူ၊ သင့်ကိုနာကျင်စေတဲ့သူကို သင့်ဘက်ကလည်း လစ်လျူရှုလိုက်ပါ။ သူဖုန်းခေါ်တာ၊ မက်ဆေ့ပို့တာတွေကို reply မပြန်ပါနဲ့။ သင့်ကိုဆက်သွယ်ဖို့ကြိုးစားတာကို လက်မခံမိပါစေနဲ့။ (၃) သူမပါလည်း အဆင်ပြေတယ်ဆိုတာ သူသိပါစေ သင့်အတွက်သူကမရှိမဖြစ်အရေးပါတဲ့သူလို့ ထင်နေတာတွေရပ်သွားအောင် သူမပါလည်း သင်အဆင်ပြေတယ်ဆိုတာကို […]
နေပူပူကွင်းပြင်မှာ နှမ်းသိမ်းဆည်းနေချိန် တစ်မိသားစုလုံး မိုးကြိုးပစ်ခံရတာတဲ့
မြင်းခြံတွင် တလင်းပြင် နှမ်းသိမ်းနေသည့် မိသားစုဝင် ငါးးဦး မိုးကြိုးပစ်ခံရပြီး သုံးဦးသေဆုံး မြင်းခြံမြို့နယ် မြောက်ကျွန်းကျေးရွာတွင် ရွာအပြင်ဘက် တလင်းပြင်၌ နေလှန်းထားသည့် နှမ်းများ ရုတ်သိမ်းနေသည့် မိသားစုဝင်ငါးဦး မိုးကြိုးပစ်ခံရသဖြင့် သုံးဦးသေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရမှု ဇွန်(၆)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ရွာအပြင်ဘက်ရှိ နှမ်းတလင်းတွင် မိသားစုဝင် ငါးဦး နှမ်းသိမ်းနေစဉ် မိုးမရွာ၊ လေမတိုက်ဘဲ လျှပ်စစ်ကြောင်းကျကာ မိုးကြိုးပစ်ခံရခြင်း ဖြစ်ကြောင်း အဆိုပါ ကျေးရွာမှ ဒေသခံများက ပြောသည်။ မိသားစုဝင် ငါးဦးအနက် တစ်ဦး မိုးကြိုးစက်ကွင်းလွတ်ပြီး လေးဦး မိုးကြိုးထိမှန်ခံရကြောင်း၊ သေဆုံးသူ သုံးဦးမှာ သားအမိနှစ်ဦးနှင့် တူတော်စပ်သူတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူမှာလည်း သားအငယ်ဆုံးဖြစ်ကာ လက်ရှိတွင် မြင်းခြံဆေးရုံသို့ တင်ပို့ထားရသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သလို သေဆုံး၊ ထိခိုက်ဒဏ်ရာရသူများကို […]
စာသားတွေက ကြမ်းထော်နေတာပဲ မိုက်တယ် ရေးချက်ကို ကြိုက်လို့ ကူးပြီးပြန်တင်တာပါ …/
သိန်း၈၀၀၀တန် ကားလက်ဆောင်ပေးတဲ့ ယောက်ျားကိုလိုချင်ရင် …..ကိုယ် ကိုယ်တိုင်၌က ရုပ်ပိုင်းဆိုင်ရာရော …. စိတ်ပိုင်းဆိုင်ရာပါ အနည်းဆုံး တော့သိန်း ၄၀၀၀လောက်တန်အောင်ကြိုးစားကြပါ .. ကိုယ်တိုင်က ၁၀တန်းလည်းမအောင် ဝင်ငွေက တလ ၂သိန်းမပြည့် ၊ ရုပ်ရည်ကရွက်ကြမ်း ရည်ကြို …. မိဘကလည်း လက်လုပ် လက်စား ဘဝသမား အဲ့လိုလူမျိုးတွေက သိန်း ၈၀၀၀ တန် ကားလက်ဆောင်ပေးတဲ့postကို …. သူတို့ရည်းစား ကောင်လေးတွေဝေါမှာ လာလာ Tag ကြတာမြင်တော့ ငါ့တပည့်တွေအစားရင်နာမိတယ် Ro ခွင့်ရှိတယ် Overtine ခွင့်မရှိဘူး။လက်ချင်းချိတ်ပြီး 200 တန် YBS တူတူစီးရဲတဲ့ လက်တွဲဖော် အစစ်ကိုသာရှာကြပါ သားတို့။ မင်းဆီမှာငွေတသောင်းပဲရှိမှန်းသိရက်နဲ့ ငွေ၈၀၀၀သုံးရက်တဲ့မိန်းမဟာ မင်းသိန်း၁၀၀ရှိရင် သူ သိန်း၈၀ဖြုန်းဖို့ ဝန်လေးမှာမဟုတ်ဘူး ….. […]
အသုဘရုပ်အလောင်းကို ဆေးရုံကြီးအအေးတိုက်မှထုတ်ယူလာပြီး သေဆုံးသူရဲ့အိမ်သို့ပို့လိုက်သောအခါ./
အသုဘ ရုပ်အလောင်းကို ဆေးရုံကြီး အအေးတိုက်မှထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့ မောင်းထွက်လာခဲ့တယ်။ အိမ်ရှေ့ကိုနာရေးကားရောက်လာတော့ မိဘကျေးဇူးတွေနဲ့ အယူသီးမှုတွေကို ခွဲခြားသိမြင်နိင်ပြီး သိပ်ချစ်ပါတယ်ဆိုတဲ့ အမှန်တရား။ အသုဘရုပ်အလောင်းကို ဆေးရုံကြီးအအေးတိုက်မှထုတ်ယူလာပြီး နာရေးကားပေါ်တင်၍ သေဆုံးသူရဲ့အိမ်သို့ပို့ဆောင်ဖို့မောင်းထွက်လာခဲ့တယ်… အိမ်ရှေ့ကိုနာရေးကားရောက်လာတော့ အလောင်းကိုအိမ်ထဲသွင်းမယ် လုပ်စရာရှိတာလုပ်မယ်ပေါ့ ကားပေါ်ကနေအလောင်းချမယ်လုပ်တော့ အိမ်ရှင်တွေကအပြေးရောက်လာပြီး မျက်ရည်လေးစမ်းတမ်းတမ်းနဲ့ ဆရာတို့ အိမ်ထဲအလောင်းမပြင်ဘူးနော် အိမ်ရှေ့မှာပဲအလောင်းပြင်ပေးပါနော်တဲ့ ” အမဘာဖြစ်လို့လဲ ” လို့ကျွန်တော်ကမေးလိုက်တော့… ဟိုလေ ” ဆရာ အပြင်မှာသေတဲ့အလောင်းကို အိမ်ထဲမသွင်းကောင်းဘူးတဲ့ အိမ်သားတွေခိုက်တက်တယ် တဲ့ ” ပြီးတော့ ရပ်ကွက်ကလဲမကြိုက်ဘူး ရပ်ကွက်နာတယ်တဲ့… ဟောဗျာ…”ဒါနဲ့အမ အခုသေတဲ့သူက အမနဲ့ဘာတော်လဲ လို့မေးလိုက်တော့ “… ဆရာ အခုဆုံးသွားတဲ့သူက ကျွန်မအဖေ ပါတဲ့. အော်…ဟုတ်ကဲ့ အမအဖေလား ဒါဆိုအိမ်ထဲအလောင်းမပြင်ဘူး အပြင်မှာပဲ အလောင်းပြင်မယ်ပေါ့ […]
လုပ်ရက်ပါပေ့ မေမေရယ် . . . တိုက်ကြီးဈေးထဲတွင် တွေ့ရှိသော ကလေးအား ပိုင်ရှင်တွေထံ ပြန်အပ်လိုက်ပါပြီ..
တိုက်ကြီးဈေးထဲတွင် တွေ့ရှိသော ကလေးအား ပိုင်ရှင်တွေထံပြန်အပ်လိုက်ပါပြီ၊ လုပ်ရက်ပါပေ့ မေမေရယ် ဟု သမီးလေးက ပြန်ပြောလိုက်ခြင်ပေနဲ့ ကလေးက မပြောတတ်၊ တိုက်ကြီးမြို့မဈေးထဲတွင် ၂နစ်ခွဲခန့် ကလေးမလေးတစ်ယောက် ၆.၆.၂၀၂၀ ရက်နေ့ နံနက် ၆း၃၀ နာရီခန့်ကကောက်ရထားကြောင်း မိဘများသိရှိရန် အွန်လိုင်းပေါ်မှာတင်ခဲ့ပါသည်။ ၇.၆.၂၀၂၀ ရက်နေ့တွင် အမျိုးသမီးတစ်ဦး ဈေးရုံးသို့ရောက်ရှိလာပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကလေးနှင့်ဘာတော်သလဲဟုမေးရာ ကလေးမိခင်ဟုပြောပါသည်၊ ကလေးမိခင်မှ ”ကလေးအားနောက်မှာထားပြီး ဈေးဝယ်ရင်းပျောက်သွားသည် “ဟုပြောပါသည်။ ကလေးမလေးစတွေ့စဉ် ဈေးသယ်များမှ ကလေးမလေးအားမေးကြည့်ရာ “အရုပ်သွားဝယ်ပေးမယ် ဒီမှာနေဟု”မိခင်မှပြောခဲ့ကြောင်း ပြောပြသည်။ ထိုအချိန်တွင် ဖုန်းဝင်လာရာ “ကလေးမိခင်ဟာ ကျွန်မတို့ပါ အခုတိုက်ကြီးကိုလာနေပါပြီ” ပြောသဖြင့်စောင့်ဆိုင်းပြီး၊ ရောက်လာသောအခါ မိခင်နှစ်ဦးမျက်နှာချင်းဆိုင် ဖြေရှင်းကြရာပထမရောက်လာသော အမျိုးသမီးမှာ ကလေးမိခင်အရင်းဖြစ်ပြီး မအေးသီတာဖြစ်ပါသည် စပါးကိုင်းကျေးရွာမှဖြစ်ကြောင်း၊မအေးသီတာသည် အိမ်ထောင် နှစ်ဆက်ဖြစ်ပြီး၊ယခုကလေးမလေးမှာ ပထမအိမ်ထောင်နှင့် မွေးသောကလေးဖြစ်ကြောင်း၊ကလေးအား […]
လူရမ်းကားတစ်ယောက်ကြောင့် “မှေးမှိန်သွားတဲ့ အိပ်မက်တွေ “
“မှေးမှိန်သွားတဲ့ အိပ်မက်တွေ ” သူက YBS 40 နဲ့တိုက်မိတဲ့ တက္ကစီယာဉ်မောင်းရဲ့အမျိုးသမီး။ စကားကို ဖွဲ့နွဲ့လည်းမပြောဘူး။ ခံစားချက်ကိုလည်း ဖွင့်ဟမပြောတတ်ဘူး။ သူ့ယောက်ျား ယာဉ်မတော်တဆဖြစ်ပြီးသေတာလည်း အခုချိန်ထိ လက်မခံနိုင်သေးဘူး။ ကျမသူ့အိမ်ရောက်သွားတော့ သားငယ်လေးကို နို့တိုက်နေတယ်။ သားအကြီးက တခြားအိမ်မှာသွားကစားနေတယ်တဲ့။သူ့ကို စိတ်ပြေလက်ပျောက် လွှတ်ပေးထားတယ်တဲ့။ ၆ နှစ်အရွယ်သားကြီးက အဖေမှန်းသိတတ်နေပြီဆိုတော့ ဖုန်းလာတိုင်း အဖေ့ဖုန်းလားမေးနေလို့ အဖြေရခက်ပြီး ညာပြောထားရတယ်တဲ့။ သားအငယ်ကတော့ အဖေမှန်းသိတတ်ကာစ ။ အဖေဖြစ်သူ အိမ်တံခါးဖွင့်ရင် ကြိုနေကျ။ အခုတော့ တံခါးကနေ ဝင်လာသမျှလူကို သူ့အဖေကို လက်ညိုးထိုးသလိုထိုးနေတယ်။ ကျမနဲ့စကားပြောတုန်း သူတရေးနိုးမျက်လုံးဖွင့်ကြည့်ပြီး ကျမကိုလက်ညိုးထိုးပြီးပြန်အိပ်ပျော်သွားတယ်။ ကွယ်လွန်သွားတဲ့ ကိုကျော်ဇောက သူ့သားတွေကို ကိုယ်ပိုင်ကားနဲ့တင်ပြီး ကျောင်းကောင်းကောင်းမှာထားနိုင်ဖို့်၊ သားတွေကို ရှင်ပြုပေးဖို့ပြောနေကျတဲ့။ ကိုကျော်ဇောက ရိုးသား၊ ကြိုးစားတယ်။ အငှားယာဉ်မောင်းတွေထဲမှာ […]
(Unicode) ၇ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း ( 4.6.2020 မှ 10.6.2020 အထိ ) တနင်္ဂနွေ ယခုတစ်ပတ်ကတော့ သင့်အတွက် စီးပွားရေးတိုးတတ် ဖွံ့ဖြိုးရန် အမှီကောင်းတစ်ခုကြုံလျှက် တိုးတတ်ရန် အကြောင်းဖန်လာမည်။ ဝီရိယ၊ ဇွဲနှင့် စွမ်းရည်များကို အသုံးချပါက ဘဝ၏ထိပ်တန်းအခြေအနေသို့ အလွယ်တကူ ရောက်ရှိသွားနိုင်၏။ ရာထူးနေရာပြောင်းရွှေ့ခြင်း၊ တိုးတတ်ခြင်းများ ကြုံတတ်သည်။ ဆုံးရှုံးထားသောငွေကြေးဥစ္စာ များပြန်လည်ရရှိနိုင်သည့်သတင်းစကားများ ကြားရလိမ့်မည်။ စိတ်ဓါတ်ကို မြှင့်တင်ဆောင်ရွက်ကြည့်ပါ။ အောင်မြင်မှု စတင်ရောင်နီသန်းလာမယ့် အချိန်ကာလ ဖြစ်၏။ မယ်မယ်ရရ အခက်အခဲကြုံစရာမရှိ၊ အကယ်၍ အခက်အခဲနှင့် တွေ့ကြုံရလျှင်လည်း ကူညီဖေးမပေးမည့် ဆရာသမားကောင်းတွေ့မည်။ ပီတိသုခနှင့်ပြည့်စုံပြီး ကြွယ်ဝသောအခြေအနေသစ်သို့ရောက်ရှိတတ်သောကာလဖြစ်သည်။ သင်၏ရိုးသားဖြူစင်မှုကိုအရောင်အမျိုးမျိုးဆိုးပေးမည့် မိတ်ဆွေတုတစ်ချို့ကို သတိပြုဆက်ဆံသွားပါ။ ပညာရေးကံအထူးကောင်းနေသောကာလတစ်ခုဖြစ်သည်။ ကျန်းမာရေးပို ကောင်းစေရန် ညအိပ်ခရီးမထွက်ပါနှင့်။ အိမ်ထောင်ရေးမှာတော့အခက်အခဲမရှိ တည်ငြိမ်အေးဆေး […]