မိုးေလ၀သ

လေတိုက်ပြီး ဒီရေစတင်ဝင်ရောက်လာ (ရုပ်သံ)

ဧရာဝတီတိုင်း ပင်လယ်ဝကျေးရွာများ၌ လေတိုက်ပြီး ဒီရေစတင်ဝင်ရောက်လာ (ရုပ်သံ) DVB မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည်လာတဲ့ မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအတွင်း မြို့နယ်တချို့က ပင်လယ်ဝမှာ တည်ရှိတဲ့ကျေးရွာတွေကို လေတွေတိုက်ပြီး ဒီရေစတင်ဝင်ရောက်လာပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဖျာပုံခရိုင်အတွင်း ဘိုကလေးမြို့နယ်မှာရှိတဲ့ ဧရာကျေးရွာနဲ့ လပွတ္တာမြို့နယ် အောင်လှိုင်ကျေးရွာကို မတ် ၂၂ ရက် မွန်းတည့် ၁၂ နာရီလောက်ကစတင်ကာ ရေဝင်ရောက်လာတာလို့ ဆိုပါတယ်။ လပွတ္တာမြို့နယ်နေ ဒေသခံတဦးက “ဒီနေ့လယ်ပိုင်းမှာ ရေစဝင်လာတာ ဗြုန်းဆိုရောက်လာတာတော့ မဟုတ်ဘူး။ တဖြည်းဖြည်းတက်လာတာ။ တော်တော်များများကတော့ ဆိုင်ကလုန်းရှယ်တာတွေဘက်ကို သွားပြီ။ ဒီဘက်က သွားဖို့မလွယ်လို့ အိမ်အမြင့်ရှိတဲ့ အိမ်မှာပေါင်းနေနေတာ” လို့ ပြောပါတယ်။ ဧရာဝတီတိုင်းအတွင်းက ပင်လယ်နဲ့နီးတဲ့မြို့နယ်တွေမှာ လေတိုက်ပြီး ရေတက်လာတာတွေရှိပြီး လေတအားတိုက်တာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။ တိုင်းအတွင်းက […]

မိုးေလ၀သ

အာစနီမုန်တိုင်း အားပျော့လာပြီဆိုတဲ့ သတင်းအပေါ် ပြည်သူချစ် စုစုစံ ပြောပြီ……seemore

အာစနီမုန်တိုင်း အားပျော့လာပြီဆိုတဲ့ သတင်းအပေါ် ပြည်သူချစ် စုစုစံ ပြောပြီ……seemore 22/03/2022 အာစနီမုန်တိုင်း အားပျော့ပျက်သွားပြီဆိုတဲ့သတင်းသည် မှန်ကန်မှုမရှိပါဘူး မင်ဂွတ်သီးလေးမြန်မာပြည်သူတွေအတွက် စောင့်ကြည့်ထောက်လှမ်းပေးနေပါတယ် ယနေ့ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ် ၊ မကွေးတိုင်း၊ နေပြည်တော် ၊ ကယားပြည်နယ် ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်မယ် အရှေ့ပိုင်းတို့တင် အာစနီမုန်တိုင်းမိုးတွေများစွာရွာသွန်းနိုင်ပါတယ် ၂၀၂၂ မတ်လ ၂၂ရက်နေ့ ၂၃ရက်နေ့ ပုသိမ်ခရိုင် ဟင်္သါတခရိုင် ပြည်ခရိုင်သရက်ခရိုင် မကွေးခရိုင် မင်းဘူးခရိုင် ချောက်ခရိုင် ရေနံချောင်း ကျောက်ပန်းတောင်း ပုပ္ပါး နတ်မောက် ဂွ ကျိန္တလိ ငပလီ သံတွဲ တောင်ကုတ်အမ်း ငဖဲ စေတုတ္တရာ စလင်း ပွင့်ဖြူ ဆင်ဖြူကျွန်း ဆိပ်ဖြူ […]

မိုးေလ၀သ

အားကောင်းသော မုန်တိုင်း သတိပေးချက် အမှတ်စဉ်(၁၄/၂၀၂၂)

အားကောင်းသော မုန်တိုင်း သတိပေးချက် အမှတ်စဉ်(၁၄/၂၀၂၂) (၂၀၂၂ခုနှစ်၊ မတ်လ(၂၂)ရက်နေ့ မြန်မာစံတော်ချိန်(၀၅:၀၀)နာရီအချိန်ထုတ်ပြန်ချက်) (က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ (၁) ယနေ့မြန်မာစံတော်ချိန်(၀၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression)သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အရှေ့မြောက်ဘက် ရေမိုင်(၄၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင်(၉၀)မိုင်ခန့်၊ ပုသိမ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၄၀)မိုင်ခန့်၊ ဂွမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ပလဲယား(Port Blair)၏ မြောက်-အရှေ့‌မြောက်ဘက် ရေမိုင်(၁၈၅)မိုင်ခန့်နှင့် မာယာဘန်ဒါမြို့(Mayabundar)၏ အရှေ့‌မြောက်ဘက် ရေမိုင်(၁၁၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (၂) အားကောင်းသောမုန်တိုင်းငယ်(Deep Depression)၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်းအဝိုင်းသည် မြန်မာနိုင်ငံ၊ […]

မိုးေလ၀သ

ရွှေစက်တော်ဘုရားပွဲ နှင့် ဆိုင်ကလုန်း မုန်တိုင်း အန္တရာယ်

ရွှေစက်တော်ဘုရားပွဲ နှင့် ဆိုင်ကလုန်း မုန်တိုင်း အန္တရာယ် မြန်မာပြည်ကို အာစနီ မုန်တိုင်း ဝင်မယ်လို့ အသေအချာ ပြောနေကြပါတယ်။ မုန်တိုင်းလမ်းကြောင်းထဲမှာ မကွေးတိုင်းပါနေတယ်။ မကွေးတိုင်းထဲမှာ ရွှေစက်တော်ဘုရားပွဲကျင်းပနေတယ်။ ဘုရားဖူးလာသူပြည်သူအများ သတိထားကြပါ။ မုန်တိုင်းနဲ့အတူ တောင်ကျရေပါလာပါမည်။ ဘုရားလည်း ဖူးပါ။ စျေးလည်း ရောင်းပါ။ အာစနီ မုန်တိုင်းသတင်းလည်း နားထောင်ပါ။ ဘန်ကောက်မှာ မိုးအကြီးအကျယ်ချနေပြီတဲ့။ ကမ်းနီးရေလုပ်ငန်းလုပ်ကွက် ပင်လယ်ပြင်မှာ လေစကြမ်းနေပါပြီတဲ့။ တာဝန်ရှိသူတွေက ပြောသံမကြားရလို့ ကြားက ဝင်ပြီးပြောတာ။ (ဆီမီးအိမ်) ချောင်းရေ သတိပြု.. ၂၀၂၂ မတ်လ ၂၃ ရက် ၂၄ ရက်များတွင် မကွေးတိုင်းကြီးမှာ အာစနီမုန်တိုင်း မိုးတွေများစွာ ရွာသွန်းနိုင်သဖြင့် မြစ်ချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာနိုင်ပါတယ်.. ရွှေစက်တော်ပွဲတော် မန်းချောင်းရေ သတိပြုပါ.. ခန့်မှန်းချိန် […]

မိုးေလ၀သ

“ဧရာဝတီတိုင်းကို ဝင်နိုင်သည့်မုန်တိုင်း ၆ နာရီအတွင်း အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ရောက်မည်”

မင်းမြတ်မောင်/ဧရာ၀တီတိုင်းမ် ဧရာဝတီ၊ မတ်လ ၂၁ ရက် ဧရာဝတီတိုင်းကိုဦးတည်ပြီးလာနေတဲ့ အာဆနီအမည်ရ မုန်တိုင်းငယ်ဟာ လာမယ့် ၆ နာရီအတွင်း ဆိုင်ကလုန်း မုန်းတိုင်းအဖြစ်သို့ ရောက်လာမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောဆိုထားပါတယ်။ မြန်မာစံတော်ချိန် နေ့လည် ၁၁ နာရီ ၄၈ မိနစ်တိုင်းတာချက်တွေအရ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိ လာမှာဖြစ်တယ် မိုးလေဝသပညာရှင်တဦးဖြစ်တဲ့ မစုစုစံက သတိပေးပြောဆိုထားပါတယ်။ မုန်တိုင်းဝင်ရောက်နိုင်တာကြောင့် ဧရာဝတီတိုင်းအတွင်းက ကမ်းခြေဒေသတွေက ပြည်သူအချို့ကတော့ ပင် လယ်နဲ့နီးတဲ့ ကမ်းခြေဒေသတွေက မြို့ပေါ်ကို ဒီနေ့မနက်ပိုင်းမှာ ရွှေ့ပြောင်းတာတွေ စတင်ပြုလုပ် လာပါတယ်။ လက်ရှိအချိန်ထိ ကမ်းခြေဒေသတွေမှာ လေနည်းနည်းတိုက်ခက်ပြီး မိုးအုံ့ကာ ရေတက်လာတာကလွဲပြီး ထူးထူးခြားခြားလေပြင်းတိုက်ခတ်တာမျိုးတော့ မရှိသေးဘူးလို့ ရွှေသောင်ယံဒေသခံတဦးက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသဌာနကတော့ ခုချိန်ထိ မုန်တိုင်းဝင်မယ့်လမ်းကြောင်းကို မပြောနိုင်သေး သလို […]

မိုးေလ၀သ

၂၀၂၂ ရဲ့ ပထမဆုံး Cyclone မုန်တိုင်းဟာ မြန်မာနိုင်ငံကိုဘဲ ကံဆိုးစွာ … see more

၂၀၂၂ ရဲ့ ပထမဆုံး Cyclone မုန်တိုင်းဟာ မြန်မာနိုင်ငံကိုဘဲ ကံဆိုးစွာ … see more မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်သန်းနိုင်ပြီး လမ်းကြောင်းသွေဖယ်မည်ဆိုပါကလပွတ္တာ ပြင်စလူဘက်ကနေ ရွေ့လျားနိုင်ပါတယ်ဘယ်လိုဘဲဖြစ်ဖြစ် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသဟာ မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။မုန်တိုင်းအခြေအနေကို တိုက်ရိုက်ကြည့်ရှုလို့ရနိုင်မယ့် Link ဖြစ်ပါတယ် 2008 ခုနှစ် Nargisရဲ့ အတွေ့အကြုံအရ ကျနော်တို့ ပြည်သူတွေ အထူးသဖြင့် ဧရာဝတီကပြည်သူတွေ လက်တွေ့ခံစားပြီးပြီမလို့ အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါ အရင်တစ်ကြိမ် အထိနာတာဟာ self-awareness မရှိလို့ ပေးဆပ်ခဲ့ရတာဖြစ်ပါတယ် ။ Natural Disaster Prevention Plan တွေဟာ ၁၄ နှစ်ကြာခဲ့ပြီမလို့ Cyclone Shelter တွေဟာ အဆင်ပြေမှပြေပါလိမ့်မယ်။ တစ်ကြိမ် ကြုံဖူးထားလို့ အရမ်းစိတ်ပူ စိုးရိမ်နေကြမယ်ဆိုပင်မယ့် […]

မိုးေလ၀သ

အာစနီ ဆိုင်ကလုံးမုန်တိုင်း စတင်ဝင်ရောက် တော့မယ့် ဒေသတွေကို အတိကျ ကြေညာလိုက်တဲ့ မိုးလေဝသ ဆရာမလေး စုစုစံ

အာစနီ ဆိုင်ကလုံးမုန်တိုင်း စတင်ဝင်ရောက် တော့မယ့် ဒေသတွေကို အတိကျ ကြေညာလိုက်တဲ့ မိုးလေဝသ ဆရာမလေး စုစုစံ အာစနီ မုန်တိုင်းဝင်မယ်။ (၂၀၂၂) မတ်လ (၂၁) ရက်နေ့ည (၂၂) ရက်နေ့ မနက်တွင် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်း နှင့်မော်တင်ကြား မုန်တိုင်းစတင်ဝင်ရောက်နိုင်ပါတယ်။ ရေလှိုင်းအမြင့် (၉) ပေ မှ (၁၂) ပေအထိရှိနိုင်ပြီး တစ်နာရီလေတိုက်ခတ်နှုန်း (၅၀) မိုင်ခန့် တိုက်လေပြင်းထန်ချိန် (၆၀) မိုင်အထိ တိုက်ခတ်နိုင်ပါတယ် Asani cyclone ဝင်ရောက်တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်း ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်တို့တွင် မိုးကြီးနိုင်သဖြင့် ရေကြီးနစ်မြုပ်နိုင်မှုတွေ ရှိလာနိုင်ပါတယ်။ (ခန့်မှန်းချိန် 20 3 2022 ရက်နေ့ နေ့လည် ၂ နာရီ ၈မိနစ်) (၂၀၂၂) […]

မိုးေလ၀သ

မြန်မာနိုင်ငံဘက် ဦးတည် တိုက်ခတ်မှာ သေချာသွားတဲ့ မုန်တိုင်းငယ် နောက်ဆုံးရ အခြေအနေ

မြန်မာနိုင်ငံဘက် ဦးတည် တိုက်ခတ်မှာ သေချာသွားတဲ့ မုန်တိုင်းငယ် နောက်ဆုံးရ အခြေအနေ မုန်တိုင်းငယ် (Depression) ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေဖြစ်လို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း မိုးဇလဌာနက မတ်လ ၂၀ ရက် ဒီကနေ့ညမှာ ထုတ်ပြန်ကြေညာပါတယ်။ မုန်တိုင်းငယ်ဟာ နောက် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ လည်းကောင်း၊ နောက် ၃၆ နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဆိုပါမုန်တိုင်းငယ်ဟာ မတ်လ ၂၁ ရက် ညပိုင်းမှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီး သို့လည်းကောင်း ၂၂ ရက် မနက်ပိုင်းမှာ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးသို့ လည်းကောင်း၊ ၂၂ […]

မိုးေလ၀သ

ဆိုင်ကလုန်းမုန်တိုင်း အာစနီရဲ့အရှိန် စနေပါပြီ….ဧရာဝတီတိုင်း မအူပင်မြို့ယနေ့ညနေsee more…

အာစနီမုန်တိုင်း သက်တံလို့ ဘာသာပြန်ရမလား မုန်တိုင်းဦး လို့ပြောရမလား လေစီးတွေ စတင်ရောက်ရှိလာပြီး မိုးတွေစရွာနေတာ ဖြစ်ပါတယ် ဆောင်းမှ နွေမကူးနိုင်ပဲ ဆောင်းကူးမိုး မိုးပြီးမိုးတွေ ရွာကာ နွေရာသီ ပျောက်ဆုံးနိုင်တယ် ပြောခဲ့တာ ဘယ်သူလည်းဝေး အခု Asani cyclone လာနေပါပြီ ၂၀၂၂ မတ်လ ၂၁ရက်နေ့ မြန်မာ့ရေပိုင်နက် ပင်လယ်ပြင် အတွင်းကို ချဥ်းနင်းဝင်ရောက်လာပါမယ် ၂၁ရက်နေ့ည ၂၂ရက်နေ့မနက် ဧရာဝတီတိုင်း အနောက်တောင်ပိုင်းကို ဖြတ်ကျော်ကာ ရခိုင်ကမ်းရိုးတန်း ကနေ ရခိုင် ပြည်နယ်ကြီးကို ဝင်ရောက်ကာ စစ်ကိုင်းတိုင်း အထိ ရောက်ရှိကာ ၂၁ရက်နေ့မှ ၂၅ရက်နေ့ အတွင်း မြန်မာနိုင်ငံမှ ာဒေသအလိုက် မိုးတွေ ရွာနိုင်ပါတယ် ဒီလို long range တွေ ခန့်မှန်းနိုင်လို့ Climatologist […]

မိုးေလ၀သ

အာစနီမုန်တိုင်း နီးကပ်လာပြီဖြစ်၍ ကြိုတင် သတိထားပြင်ဆင်ထားကြရန် သတိပေး လာတဲ့ မိုးလေဝသပညာရှင် စုစုစံ

အာစနီမုန်တိုင်း နီးကပ်လာပြီဖြစ်၍ ကြိုတင် သတိထားပြင်ဆင်ထားကြရန် သတိပေး လာတဲ့ မိုးလေဝသပညာရှင် စုစုစံ မုန်တိုင်းသတင်း ၂၀၂၂ မတ်လ ၂၂ရက်နေ့ မနက်ပိုင်းတွင် ဧရာဝတီတိုင်း အ နောက် တောင်ပိုင်း မော်တင် ဟိုင်းကြီးကျွန်း လပွတ္တာ ငပုတော ဂေါ်ရင်ဂျီကျွန်း ငရုတ်ကောင်း ပုသိမ် ချောင်းသာ ငွေဆောင် ဒေတွေကို အာစနီမုန်တိုင်းဝင်ရောက်တိုက်ခတ်ပါမယ် တစ်နာရီလေတိုက်ခတ်နှုန်း ၅၀မိုင် ဆောက်တိုက်လေ ၆၀ မိုင်အထိတိုက်ခတ်နိုင်ပါသည်။ ရေလှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ပေ ထိရှိနိင်ပါသည်။ မော်တင် ၊ ဟိုင်းကြီးကျွန်း ၊ ပြင်စလူ၊ ကဒုံကနီ၊ ရေကျာ်ကြီး၊ ထောင်ကွင်း၊ ဗြုန်းမွေးကျွန်း၊ မိန်းမလှကျွန်း၊ စက်ဆန်း၊ ကျွန်းညိုကြီးကျွန်း၊ ဘိုကလေး၊ ကမာကလူ၊ ကြက်ဖမွေးဇောင်း၊ ကမ္မန္တာ၊ ဖျာပုံ […]