အချစ်စစ်နဲ့ တွေ့ရှိသွားသူတိုင်း ရရှိလာမယ့် ခံစားမှု (၅) မျိုး လူတစ်ယောက်အကြောင်းက အကြောင်းမရှိဘဲ ခေါင်းထဲရောက်ရောက်လာရင် ၊ ဆုံမိရင် ရင်ခုန်နေတာမျိုးဆိုရင် ဒါဟာအချစ်ပါ။ အချစ်စစ်ဆိုတာ ဖန်တီးယူလို့ရတဲ့အရာ မဟုတ်သလို အတင်းလုပ်ယူလို့ရတဲ့အရာမျိုးလည်း မဟုတ်ပါဘူး။ သင့်ကိုယ့်သင်ထက် ချစ်ရမယ့် သူမျိုးကို တွေ့နေပြီးဆိုရင် သင်ဟာ အချစ်ကို တွေ့နေပါပြီ။ သင်အချစ်ကို တွေ့ပြီဆိုရင်တော့ ဒီလိုမျိုးပြောင်းလဲလာမှာပါ။ (၁) ခံစားချက်တွေနားလည်လာမယ် စုံတွဲတိုင်းမှာတေ့ာ နားလည်မှုရှိမှ ပျော်ရွှင်ရတဲ့ချစ်သူဘ၀ကို ပိုင်ဆိုင်ရမှာပါ။ တစ်ယောက်ဘက်က ချည်းနားလည်ပေးနေလို့ မရပါဘူး။တစ်ယောက်က နားလည်ပေးတဲ့အချိန် တစ်ယောက်က အလိုက်သိနေပေးရမှာပါ။ တကယ်ကို အချစ်စစ်နဲ့တွေ့ရှိသွားတဲ့ စုံတွဲတွေကတော့ ချစ်သူက စိတ်တွေညစ် ၊ စိတ်ပင်ပန်းနေတဲ့ အချိန်တွေဆို ဘေးကနေ အားပေးပြီး နားလည်ပေးလာတတ်ကြတယ်။ ချစ်သူရဲ့အလုပ်ကိစ္စ ၊ ဝါသနာတွေကို နားလည်ပေးလာကြတယ်။ […]
အခ်စ္ေရး
တစ်ချို့ မိန်းကလေးတွေကျ အရမ်း ကံကောင်းတယ်
တစ်ချို့ မိန်းကလေးတွေကျ အရမ်း ကံကောင်းတယ် သိပ်မချောလည်း သူ့ကောင်လေးက ကြင်ကြင်နာနာချစ်တယ် ဝေးနေတဲ့ အချိန်မှာလည်း သစ္စာမပျက်ဘူး အသည်းကွဲတယ်ဆိုတဲ့ ဝေဒနာလည်း မခံစားဖူးဘူး။ အရင်ဆုံး ချစ်မိတဲ့သူနဲ့ပဲ လက်ထပ်ပြီး ဘဝကို ရိုးမြေကျ အတူဖြတ်သန်းခွင့် ရတယ် …။ ကိုယ့်ကောင်မလေး ကိုယ့်ကြောင့်ပျော်နေရတာကိုပဲ တစိမ့်စိမ့်ကြည့်ပြီး ကျေနပ် နေတတ်တာ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေပြီး ကိုယ့်ချစ်သူကို စိတ်မပူစေတာ … သံသယ မများစေတာ၊ သူ့အတွက်ဆိုတာထက် ကိုယ့်အတွက် ဆိုတာမျိုးပဲ အမြဲဖြည့်ဆည်းပေးချင်တာ မိန်းမတွေ အများကြီးရှိတဲ့အထဲမှာမှ ကိုယ့်ကောင်မလေးကိုပဲ ကိုယ့်ရဲ့လက်တွဲဖော်လို့ သတ်မှတ်ထားတာ၊ အဲ့လိုယောကျ်ားမျိုးကို ပိုင်ဆိုင်ခွင့်ရတဲ့ မိန်းကလေးက သိပ် ကံကောင်းတာပဲ …။ လောကမှာ ပိုက်ဆံတွေ အများကြီးရှိပြီး အသည်းကွဲလို့ ထင်ရာစိုင်းနေတဲ့ မိန်းမတွေလည်း မြင်ဖူးတယ် […]
တကယ့်စစ်မှန်တဲ့ မေတ္တာဆိုတာ နှောင်ကြိုးတွေမပါဘူး
တကယ့်စစ်မှန်တဲ့ မေတ္တာဆိုတာ နှောင်ကြိုးတွေမပါဘူး ကိုယ်က သူ့ကိုချစ်တယ်ဆိုပြီးတော့ အကျိုးရှိအောင် လုပ်ပြီးတော့ သူ့ဆီက တစ်စုံတစ်ခု ပြန်ရဖို့အရေးကို လုံး၀ မျှော်လင့်ချက်မထားဘူး။ တချို့ကတော့လည်း သူတစ်ပါးအတွက် အနစ်နာခံပါတယ် ဆိုပြီးတော့ သူတပါးရဲ့ဘဝကို အပိုင်စီးထားတာတွေ ရှိတယ်။ သတိထားကြည့်ရင် တွေ့လိမ့်မယ်။ ” ငါ နင်တို့အတွက် အနစ်နာခံရတာ၊ နင်တို့ကို ကယ်တင်ထားရတာ၊ နင်တို့အတွက် အနစ်နာခံထားရတာမို့လို့ ငါပြောတဲ့စကားကို နင်တို့ တသွေမတိမ်းလိုက်နာရမယ်။ နင်တို့ဉာဏ်နဲ့နင်တို့ မစဉ်းစားနဲ့တော့၊ ငါပြောတာ၊ ငါလုပ်ပေးတာကို လက်ခံလိုက်၊ ခေါင်းငြိမ့်လိုက်၊ ငါက ကောင်းတယ်ဆိုရင် ကောင်းတယ်လို့ပဲ ယူဆတော့၊ ငါက မကောင်းဘူးဆိုရင် မကောင်းဘူးလို့ဘဲ ယူဆလိုက်တော့။ ငါက နင်တို့ကို ကယ်တင်ထားရသည့်အတွက်ကြောင့် နင်တို့ဘဝနဲ့ ပတ်သက်ပြီး အစစအရာရာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။” လို့ သဘောထားမိတတ်တယ်။ […]
အရွယ်ရောက်လို့ ရည်းစားထားတာမင်းအပြစ်မဟုတ်ဘူး လူရွေးမှားရင်တော့မင်းအပြစ်ပဲ …
အရွယ်ရောက်လို့ ရည်းစားထားတာမင်းအပြစ်မဟုတ်ဘူး လူရွေးမှားရင်တော့မင်းအပြစ်ပဲ ဒီမှာ…ညီမလေး ကိုယ့်ကို တစ်ကယ် မချစ်တဲ့လူအတွက် ပေးဆပ်နေရတာ တန်ရဲ့လား ကိုယ့်ကို ဥပေက္ခာပြုထားတဲ့ လူတစ်ယောက်ကို ဆက်ချစ်နေရင်ရော…အဆင်ပြေနိုင်ပါ့မလား… … ကိုယ့်အချစ်တွေကို တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်အတွက်…နာကျင်ခံစားနေရတာတွေ ကိုယ်ပေးသလို ပြန်ရလာနိုးနိုးနဲ့ မျော်လင့်နေရတာတွေက ဖြစ်သင့်သလား သေချာစဉ်းစားပါအုံး… ညီမလေး သိထားပါ… …တစ်ကယ့်အချစ်စစ်က << 50000 ကျပ်ဝန်းကျင်နဲ့ 360 ဒီဂရီလှည့်ကြည့်လို့ရတဲ့ CCTV ရှာနေပါသလား? >> ကိုယ်က ပေးမှပြန်ရတာ မဟုတ်ဘူး…ကိုယ်က မပေးရင်တောင် သူ့ဘက်က ပေးချင်နေတာမျိုး ညီမလေး…တန်ဖိုးထားပြီးကိုးကွယ်နေတဲ့…အချစ်ဆိုတာ… သူ့အတွက်…ပျံကျဈေးတန်းမှာ ရောင်းနေတဲ့… မုန့်ဟင်းခါးတစ်ပွဲလောက်တောင် တန်ဖိုး ရှိချင်မှရှိမှာပါ… … ဒီမှာ ညီမလေး…တန်ဖိုးဆိုတာ ထားတတ်တဲ့သူဆီရောက်မှ တက်တာပါ ညီမလေးရဲ့ ရွှေလို အဖိုးတန်တဲ့ အချစ်စစ်က သူ့လိုနွားအတွက် […]
ပါးစပ်ကနေ ဖွင့်မပြောပေမဲ့ လမ်းခွဲချင်နေမှန်းသိသာစေတဲ့ ယောကျာ်းတွေရဲ့ အပြုအမူများ
ပါးစပ်ကနေ ဖွင့်မပြောပေမဲ့ လမ်းခွဲချင်နေမှန်းသိသာစေတဲ့ ယောကျာ်းတွေရဲ့ အပြုအမူများ သမီးရည်းစား Relationship တစ်ခုမှာ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ကုန် လာပြီလားဆိုတဲ့ စိုးရိမ်စိတ်က မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။ စစ်တ မ်းတွေအရဆိုရင် Relationship တွေမှာ မိန်းကလေးတွေဘက်ကနေ အရင် စပြီး လမ်းခွဲတာများပါတယ်။ ယောက်ျားအများစုက လမ်းခွဲရအောင်ဆိုတဲ့ စကားကို သူတို့ဘက်ကနေ အရင်စပြီး ပါးစပ်ကနေ ဖွင့်မပြောပေမယ့် တစ်ဖက် မိန်းကလေး သူ့အပေါ် စိတ်ပျက်ပြီး လမ်းခွဲချင်လာအောင် လုပ်ပြ၊ နေပြတတ်ကြပါတယ်။ နှုတ်ကနေ၊ ပါးစပ်ကနေ ထုတ်မပြောပေမယ့် သူကိုယ့်ကို လမ်းခွဲချင်နေပြီဆိုတာကို ဘယ်လိုသိနိုင်လဲ..? ချစ်သူကောင်လေးကို လမ်းခွဲချင်လာပြီဆိုရင် ယောက်ျားတွေ (ပါးစပ်ကနေ လမ်းခွဲရအောင်လို့တော့ ဖွင့်မပြောပေမယ့်) လုပ်ပြတတ်တဲ့ အပြုအမူတွေကို ဖော်ပြပေးချင်ပါတယ်။ အဲ့ဒါတွေကတော့… (၁)အေးစက်လာတာ.. ဒါကတော့ […]
ဒီအပြုအမူတွေက အချစ်ရေးတစ်ခုကို ပြိုလဲစေတယ်တဲ့
ခိုင်မာတဲ့ အချစ်ရေးတစ်ခုကိုတောင် ဒီအချက်တွေကြောင့် ပြိုလဲသွားစေနိုင်တာတဲ့လေ။ အရမ်းပျော်စရာကောင်းတဲ့ RS တစ်ခုကို ပိုင်ဆိုင်ချင်ပါသလား။ ဒီလို အချက်တွေကို ရှောင်လိုက်ပါနော်။ ၁။ မတိုင္ပင္ဘူး ကိုယ်လုပ်လိုက်တဲ့ အရာတစ်ခုကို ကိုယ့်ချစ်သူ နောက်မှ သိလိုက်ရတယ်ဆိုတော့ သူ ဘယ်လိုခံစားသွားရမလဲနော်။ ဒါကြောင့် သူများပြောမှ သိလိုက်ရတယ် မဖြစ်အောင် တိုင်တိုင်ပင်ပင် လုပ်ကြပါနော်။ RS တည်မြဲဖို့ ဒီအချက်က အရေးကြီးပါတယ်။ ၂။ နောက်ကျတယ် စောင့်ရတယ်ဆိုတဲ့ ခံစားချက်ကို ကြုံဖူးသူမှ သိတာပါ။ တခါတလေ နောက်ကျတာ ကိစ္စမရှိပေမယ့် အမြဲနောက်ကျတာကတော့ လုံးဝမကောင်းပါဘူး။ RS တခုမှာ အပြန်အလှန် လေးစားမှုကလည်း မပါမဖြစ်စမြဲဆိုတော့ ကိုယ်နောက်ကျလို့ စောင့်နေရသူရဲ့ အဖြစ်ကိုလည်း လေးစား အားနာသင့်ပါတယ်။ ၃။ အော်ငေါက်တယ် လူတစ်ယောက်အတွက် ဂုဏ်သိက္ခာဆိုတာ […]
သူ့ကို သိပ်ချစ်လွန်းလို့ကျွန်မ ရူးမိုက်နေမိတာတော့ ဝန်ခံပါတယ်
သူ့ကို ချစ်တယ်ဆိုတာထက်ပိုတဲ့ ချစ်ခြင်းမျိုးနဲ့ချစ်ခဲ့တာပါ .. ဘယ်လောက်ထိချစ်လဲလို့မေးရင် ဘာနဲ့မှတော့ နှိုင်းပြလို့မရဘူး သိပ်ချစ်တာပေါ့လို့ပဲဖြေတတ်တယ် … ဘာကြောင့်ချစ်မိခဲ့လဲဆိုတဲ့ အဖြေတွေမရှိဘူး ဘယ်လောက်ထိ ချစ်မှာလဲဆိုတာတွေ မသိဘူး .. ကျွန်မသိတာ သူ့ကို သိပ်ချစ်လွန်းခဲ့တာတော့သိတယ် ။ လိမ်နေမှန်းမသိအောင် ကျွန်မ မတုံးအခဲ့ပါဘူး .. ဒါပေမယ့် သူလိမ်နေတဲ့အခါ ကျွန်မ ငြိမ်ငြိမ်လေးပဲ နားထောင်ဖြစ်တယ် .. ဘာကြောင့်လဲလို့မေးရင် ကျွန်မမှာ အဖြေမရှိဘူး လိမ်နေမှန်းသိသိရဲ့နဲ့တောင် ငြိမ်ပြီးခံနေတဲ့အထိ ကျွန်မ ကန်းနေမိတယ် ထင်တယ် ။ သူ့နေရာမှာ တခြားတစ်ယောက်သာဆိုရင် ကျွန်မ ဒီလိုနားထောင်ဖြစ်မှာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ် အမှားတွေရှိလာတဲ့အခါ ခွင့်လွှတ်နေမိတုန်းပဲ ။ လူပဲလေ အမှားနဲ့မကင်းပါဘူးဆိုတဲ့အတွေးနဲ့ အမှားတွေကို တစ်ကြိမ်မက နှစ်ကြိမ်မက ကျွန်မ ခွင့်လွှတ်နေခဲ့မိတာ အဲ့ဒီအရာက […]
အမျိုးသမီးတို့ရယ် ကိုယ်ဆွဲထားမှ မြဲမယ့်လက်များ ဖြုတ်ချလိုက်ပါကွယ်
အမျိုးသမီးတို့ရယ် ကိုယ်ဆွဲထားမှ မြဲမယ့်လက်များ ဖြုတ်ချလိုက်ပါကွယ် “မိန်းမသားတို့အတွက်” ချစ်သူချင်းလမ်းခွဲခွဲအိမ်ထောင်တစ်ခု ပြိုကွဲကွဲ မျက်ရည်လည်ရွဲငိုပွဲဆင်တာ မိခင်စိတ်ရှင်နူးညံ့ငြင်သာ အားနွဲ့ပါတဲ့ မိန်းမသားတွေပါ ချစ်သူအဖြစ် ဆန်းစစ်ရွေးချယ် ဘဝတစ်သက် ရွှေလက်တွဲဖို့ စိတ်ကူးနဲ့ရူး ပျော်မြူးမဆုံးခင် မထင်မှတ်ဘဲ ငင်လာကြမ္မာ ခြံခုန်သူက ပေးရက်ပါတဲ့ အသည်းကွဲဝေဒနာ အိမ်ထောင်တစ်ခု အစပြုတော့ ရိုးမြေကျပဲ ထင်ကြတယ် နေ့တွေလပြောင်း ကာလညောင်းတော့ ခြံခုန်စနိုက် ဇာတ်တွေရှုပ်လာ မျက်ရည်ဖြာပေါ့ ဇနီးသည်ရယ် မိန်းမသားတစ်ယောက်အတွက် သောကကြီးစွာ ဗေဒင်ယတြာ မျိုးစုံစွာလေ လုပ်တတ်ကြတဲ့ အမျိုးသမီးတို့ရယ် ကိုယ်ဆွဲထားမှ မြဲမယ့်လက်များ ဖြုတ်ချလိုက်ပါကွယ် ရဲဝံ့စိတ်ထား ကြံ့ခိုင်အားနဲ့ လောကဓံက တွန်းဖြိုလှဲလည်း ပစ်တိုင်းထောင်ထုံး နှလုံးမူထားရင်း အလုပ်တွင်စိတ်နစ်ဝင်ငွေတိုးလာ နှစ်ကာလကြာ ကိုယ်ပိုင်အနေအထား အဆင့်အတန်းများ မြင့်သထက်မြင့်လာ အတိတ်ကအသည်းကွဲအရိပ်ဝေဒနာထဲ အပြီးသတ်နှုတ်ဆက် […]
အချစ်မှာ မျက်စိ မရှိရခြင်းရဲ့ အကြောင်းအရင်း
လူတိုင်း ဘယ်သူမဆို အနာဂတ်မှာ ကြုံလာမယ့် ပြသနာကိုကြိုမြင်မယ်ဆိုရင် အဲဒီ ပြသနာဖြစ်လာစေမယ့် လမ်းကိုလွဲဖယ်ကြမှာပါပဲ။ ထိုနည်းတူပဲ ချစ်သူနှစ်ဦး ပေါင်းသင်းပြီး ငါးနှစ် အတွင်းကြုံလာမယ့် ပြသနာတွေကို ချစ်နေကြိုက်နေတဲ့ အချိန်ကတည်းက ကြိုတင် မြင်တွေ့ သိရှိနိုင်မယ် ဆိုရင်။ ။အရမ်းချစ်လှပြီ ဆိုတဲ့ ချစ်သူနှစ်ဦးဟာ ပေါင်းသင်းနေထိုင်ဖို့ဆိုတာ ၁၀ %တောင် မသေချာတော့ပါဘူး။ ကမ္ဘာမှာ ၅နှစ်အောက်(များသောအားဖြင့်) အိမ်ထောင်ရှင်တွေ ၄၀% လောက်က ကွာရှင်းပျက်စဲကြတယ်။ စိတ်ဓာတ်ရင့်ကျက်ပြီး ကလေးမျက်နှာ ငှဲ့နိုင်တဲ့သူတွေမှ အိမ်ထောင်ထိန်းသိမ်းနိုင်ကြတာပါ။ ဆင်းရဲ ချမ်းသာ ဘယ်အသိုင်းဝိုင်းမဆို အိမ်ထောင်ပြုတဲ့သူတိုင်း အခက်ခဲ ပြသနာတွေ အနည်းအများကြုံရကြပါတယ်။ မေတ္တာကြီးတဲ့သူဘက်က သို့မဟုတ် ဉာဏ်ကြီးတဲ့သူဘက်ကထိန်းသိမ်းနိုင်လို့သာ အိမ်ထောင်သက် ကြာမြင့်စွာ အိုမင်းမစွမ်းတဲ့ အထိ လက်တွဲနိုင်ကြတာပါ။ ဘာအခက်ခဲ ပြသနာမှမကြုံလို့ လက်တွဲနိုင်တာ […]
သူတောင်မခေါ်ပဲ နေနိုင်သေးတာ ကိုယ်လဲ မခေါ်ပဲနေမယ်ဆိုတဲ့မာနလေး ရှိချင်တယ်
သူတောင်မခေါ်ပဲ နေနိုင်သေးတာ ကိုယ်လဲ မခေါ်ပဲနေမယ်ဆိုတဲ့မာနလေး ရှိချင်တယ် သူတောင်မခေါ်ပဲ နေနိုင်သေးတာ ကိုယ်လဲ မခေါ်ပဲနေမယ်ဆိုတဲ့မာနလေး ရှိချင်တယ် သို့သော် . . . ကျွန်မ မထားနိုင်ခဲ့ဘူး လူတချို့ပြောသလိုပါပဲ ကျွန်မလဲ စျေးပေါပါတယ် . . . မခေါ်ပဲ မပြောပဲ ဘယ်လောက်ပဲ ရက်တွေကြာကြာ ပြန်ခေါ်လိုက်တာနဲ့ ကျွန်မမှာ ပျော်ပြီးပြေးသွားတာပဲလေ ဘယ်လောက်ပဲ စိတ်နာစရာတွေ ကြုံကြုံ လူတွေက မှားတတ်ပဲလေဆိုပြီး ဖြည့်တွေးပြီး ခွင့်လွှတ်လိုက်တာပါပဲ တစ်ခါတစ်ရံ အလိုက်မသိတတ်တာလေးလဲပါပါသေးတယ် မခေါ်ချင် မပြောချင်မှန်း ရိပ်လဲ မရိပ်မိခဲ့သလို သိလဲ မသိတတ်ခဲ့ဘူး လိုက်မလားလို့ ၀တ်ကျေတမ်းကျေခေါ်လဲ ကျွန်မ မှာ ခပ်တည်တည်နဲ့ ကောက်လိုက်မိသွားတာပါပဲ နေခဲ့လို့ ပြောတဲ့အခါ ကျွန်မ ကျန်ခဲ့တယ် ပြန်ခေါ်တဲ့အခါ […]









