အသက် ဘယ်လိုပဲ ကြီးလာလာ အမြဲ အသက်၂၀ ကျော် ရုပ်ရည်လို နုပျိုနေမယ့် နည်းလမ်းများ အသက်တွေ ကြီးလာတာနဲ့ ရုပ်ရည်က ရင့်လာတာမျိုး ဖြစ်လာတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုပ်ရည် နုပျိုနေတယ်ဆိုတာ ကိုယ့်အပေါ်လည်း မူတည်နေပါသေးတယ် တောင်ကိုရီးယား သရုပ်ဆောင်တွေကို ကြည့်လိုက်ရင် အသက်တွေတောင် မေ့တဲ့အထိ နုပျိုနေတာကို တွေ့ရမှာပါ။ ဒါကြောင့် အသက်ကြီးလာရင်တောင်မှ နုပျိုနေနိုင်တာ အသေအချာပဲပေါ့ ဒါကြောင့် အမြဲ အသက် ၂၀ ကျော် ရုပ်ရည်လို နုပျိုနေစေမယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ပါအုံးနော်။ စိတ်ချမ်းသာအောင် နေပါ လှပမှုတွေရဲ့ နောက်ကွယ်မှာ စိတ်ချမ်းသာမှုဆိုတာ ရှိနေတတ်ပါတယ်။ စိတ်ပျိုလို့ ကိုယ်နုတယ်ဆိုတဲ့ စကားတွေလည်း ရှိထားလို့ ကိုယ်က နုပျိုချင်တယ် ဆိုရင်တော့ စိတ်ညစ်စရာတွေ […]
အလှပရေးရာ
ဝက်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင် Hello မလှချင်တို့ရေ ဒီကမလှချင်နဲ့ အတူတူ လိုက်လုပ်ရအောင် သဘာဝနည်းလမ်းလေးတွေနဲ့ ပီးရင် အတူတူလှကြတာပေါ့ It’s skin care time!!! ဒီတစ်ပတ်တော့ အမေးများနေတဲ့ မေးခွန်းတွေ ထဲက တစ်ခုဖြစ်တဲ့ တင်းတိပ်တွေ ထွက်နေတယ် ဝက်ခြံ အမာရွတ်တွေ ရှိနေတယ် အဆီဖုတွေ ဖြစ်နေတယ်… အမဲစက်တွေကြောင့် စိတ်ညစ်နေ ရတယ် ဘာလုပ်ရမလဲ??? အကြံဉာဏ်ပေးပါဦး တင်ပေးပါဦး ဆိုသူတွေအတွက် လွယ်ကူ ရိုးရှင်းပြီး အကုန် အကျသက်သာတဲ့ သဘာဝအိမ်တွင်းနီးလေးကို ယူဆောင်လာပါပြီ…. ဒါကတော့ Potato Mask (အာလူးနဲ့ မျက်နှာပေါင်းခြင်း) ပါပဲ ပါဝင်ပစ္စည်းက အာလူး တစ်မျိုးတည်းလား ? Yes – အာလူး […]
မဲနေတဲ့ချိုင်းကို ခဲဖျက်နဲ့ ဖျက်လိုက်သလို ဖြူစင်သွားစေမယ့် နည်းလမ်း (၈) ခု
ချိုင်းမည်းနေခြင်းက စိုးရိမ်ရတဲ့ ကျန်းမာရေး ပြဿနာတွေ နဲ့လည်း ဆက်စပ်နေ နိုင်ပါတယ်။ တစ်ခါတလေမှာ အသားအရေကြောင့်လည်း ချိုင်းက မည်းတတ်ပါတယ် ချိုင်းတွေ မည်းနေတဲ့ အခါ လက်ပြတ်အင်္ကျီဝတ်ဖို့ ရှက်နေတော့မှာပါ။ ချိုင်းမည်းနေတာတွေကို ခဲဖျက်နဲ့ ဖျက်လိုက်သလို ဖြူစင်သွားစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ် ၁။ ပန်းသီးရှာလကာရည်+မုန့်ဖုတ်ဆိုဒါ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း တို့ကို ရောမွှေပါ။ ပူဖောင်းလေးတွေ တဖြည်းဖြည်း ထလာတဲ့အထိ မွှေပါ။ ပူဖောင်းလေးတွေ ငြိမ်သွားပြီဆိုရင် ချိုင်းမှာလိမ်းပေးပြီး ခြောက်သွေ့သွားအောင် ထားပါ။ မိနစ်အနည်းငယ်ကြာပြီဆိုရင် ရေအေးနဲ့ဆေးချလို့ ရပါပြီ – တစ်ပတ် ၃ ကြိမ်ခန့် ၂။ နှင်းရည်+မုန့်ဖုတ်ဆိုဒါ နှင်းရည်ထဲကို မုန့်ဖုတ်ဆိုဒါ ထည့်ပြီးမွှေပါ။ […]
နှစ်ချို့နေတဲ့ အမာရွတ်ဟောင်းတွေကို လုံးဝပျောက်ကင်းသွားစေမယ့် လျှို့ဝှက်ချက် (၅) မျိုး
နှစ်ချို့နေတဲ့ အမာရွတ်ဟောင်းတွေကို လုံးဝပျောက်ကင်းသွားစေမယ့် လျှို့ဝှက်ချက် (၅) မျိုး အမာရွတ်တွေရှိလို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကင်းမဲ့နေပါသလား။ ဒါဆိုရင်တော့ ဒီနေ့ကစပြီး ပျော်လိုက်ပါတော့။ နှစ်ချို့နေတဲ့အမာရွတ်တွေ၊ ဝက်ခြံအမာရွတ်တွေ၊ ခြေထောက်က အမာရွတ်တွေနဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်မှန်သမျှကို ပျောက်ကင်းသက်သာသွားစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ် အမာရွတ်တွေရှိလို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကင်းမဲ့နေပါသလား။ ဒါဆိုရင်တော့ ဒီနေ့ကစပြီး ပျော်လိုက်ပါတော့။ နှစ်ချို့နေတဲ့အမာရွတ်တွေ၊ ဝက်ခြံအမာရွတ်တွေ၊ ခြေထောက်က အမာရွတ်တွေနဲ့ ခန္ဓာကိုယ်ပေါ်က အမာရွတ်မှန်သမျှကို ပျောက်ကင်းသက်သာသွားစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) သံပုယို သံပုယိုရည်ကို ရေအနည်းငယ်ရောလိုက်ပါ။ ရလာတဲ့သံပုယိုရည်ကို ဂွမ်းစလေးနဲ့တို့ပြီး အမာရွတ်တွေပေါ်မှာလိမ်းပေးလိုက်ပါ။ ခြောက်သွားတဲ့အထိထားပြီးရင် ရေဆေးပေးလိုက်ရုံပါပဲ။ ဒီနည်လမ်းလေးကို လုပ်ပြီးပြီးချင်းနေရောင်အောက်ကို မထွက်ပါနဲ့။ ထွက်မယ်ဆိုလည်း နေရောင်ကာခရင်မ် လိမ်းပေးပါ။ (၂) ပျားရည် ပျားရည်နဲ့မုန့်ဖုတ်ဆိုဒါတို့ကို သေသေချာချာရောမွှေပေးပြီး အမာရွတ်တွေပေါ်ကိုလိမ်းလိုက်ပါ။ ပြီးရင်တော့ […]
အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း ကင်းဝေးစေရန် ဒီနည်းလမ်းလေးတေလုပ်ကြည့်ပါ
အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်း ကင်းဝေးစေရန် ၁။ ခေါင်းလျှော်ရည် တစ်မျိုးထဲကိုသာသုံးပါ။ ဆံပင်ဖြူခြင်း ကာကွယ်ဖို့အတွက် အခြေခံအကျဆုံးကတော့ မိမိဆံသားနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်တစ်မျိုးထဲကိုစွဲသုံးတာပဲ ဖြစ်ပါတယ်။ မိမိဆံသားနဲ့ အဆင်ပြေတဲ့ ခေါင်းလျှော်ရည် ရှိနေရင်တော့ တစ်ခြားဟာတွေပြောင်းပြီး စမ်းသုံးကြည့်တာမျိုး မလုပ်သင့်ပါဘူး။ ခေါင်းလျှော်ရည်တွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းသုံးတာဟာ ဆံသားကို ထိရောက်တဲ့ အကျိုးမရရှိစေတဲ့အပြင် ဆံပင်ဖြူတာကိုလည်းအားပေးပါတယ်။ ၂။ ကုလားဆီးဖြူသီး အသုံးပြုပါ။ ကုလားဆီးဖြူသီးဟာ အရွယ်မတိုင်ခင် ဆံပင်ဖြူပေါက်တာနဲ့ ဆံပင်ကျွတ်တာမှ ကာကွယ်ပေးနိုင်ပါတယ်။ အိန္ဒိယဆီးဖြူသီးကို ပါးပါးလှီးကာ နှစ်ရက်ခန့် နေပူလှန်းပြီးရင် အုန်းဆီထည့်ကာ အပူပေးပါ။ ခေါင်းမလျှော်ခင် တစ်ညလောက်ကြိုတင်ပြီး ဦးရေပြားကို နှံ့စပ်အောင် လိမ်းကာ မနက်ရောက်မှ လျှော်ပါ။ ဒါမှမဟုတ် အိန္ဒိယဆီးဖြူသီး အပိုင်းအစလေးတွေကို ရေနွေးထဲ ထည့်ပြုပ်ပြီး အအေးခံကာ အဲဒီရေနဲ့ […]
နနွင်းမှုန့်နဲ့သံပုရာသီးကိုသုံးပြီးဂျိုင်းဖြူလာအောင်လုပ်နည်း
လက်ပြတ်တွေဝတ်ချင်ပေမယ့် ဂျိုင်းမဲနေလို့ မဝတ်ရဲဘူး၊ ဂျိုင်းမဲလို့ စိတ်ညစ်ရတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးဆိုတဲ့သူတွေအတွက် နနွင်းမှုန့်နဲ့ သံပုရာသီးကိုသုံးပြီး ဂျိုင်းဖြူလာအောင်လုပ်နိုင်မယ့် နည်းလမ်းကောင်းတစ်ခုကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်း အရမ်းလွယ်လွန်း ပါတယ်နော်။ နနွင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ပန်းကန်လုံးလေးထဲထည့်ပြီး သံပုရာသီး တစ်လုံး အရည်ညှစ်ချပါ။ ပြီးရင်တော့ ပျစ်ပျစ်လေးဖြစ်သွားအောင် သေချာသမအောင်မွှေလိုက်ပါ။ သေချာမွှေပြီးရင် ဂျိုင်းသားမှာ ပွတ်လိမ်းပြီး ၁၅ မိနစ် (သို့) ၁၀ မိနစ်ထားပေးပါ။ အချိန်ပြည့်ရင်တော့ ရေဆေးချလိုက်ရုံပါပဲ။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။ မပျက်မကွက် တစ်ပတ် ၂ ကြိမ်လုပ်ပေးမှသာ ၆ ပတ်လောက်ကြာတဲ့အခါမှာ သိသာတဲ့ရလဒ်ကို ရရှိလာပါလိမ့်မယ်။ ချက်ချင်းကြီးဖြူလာတာမျိုးမဟုတ်ပဲ မဲနေတဲ့ဂျိုင်းသားက တစ်ဖြေးဖြေးချင်းစီ ပြန်ဖြူလာပါလိမ့်မယ်။ Source: […]
အသားအရေအရမ်းကောင်းတဲ့လူတွေ မနက်တိုင်းပြုလုပ်နေကြတဲ့အရာ (၅) ခု
အသားအရေအရမ်းကောင်းတဲ့လူတွေ မနက်တိုင်းပြုလုပ်နေကြတဲ့အရာ (၅) ခု သူများတွေများကြည့်လိုက်ရင် မျက်နှာ အသားအရေလေးက နူးညံ့ချောမွတ် ဝင်းပလို့ဆိုပြီး အားကျရတဲ့ အဖြစ်မျိုး ကြုံဖူးကြတယ် မဟုတ်လား။ နဂိုကိုမှ အသားအရေေ ကာင်းတဲ့ လူတွေရှိပေမယ့်လို့ အသားအရေေ ကာင်းအောင် lifestyle တစ်ခုလုံး စည်းစနစ်ကျကျ သွားနေတဲ့လူတွေလည်း ရှိနေပါတယ်။ ဒါဆိုရင် အဲဒီလူတွေ မနက်တိုင်း အသားအရေေ ကာင်းအောင် ဘယ်လိုတွေ လုပ်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ (၁) မျက်နှာသစ်ဆေးရွေးချယ်မှု မနက်ပိုင်းဟာ ညပိုင်းမျက်နှာသစ် တာလောက် သိပ်ပြီး ဂျေးဖုန်တွေ မများတဲ့ အတွက်ကြောင့် မလိုအပ်ဘဲ အားပြင်းတဲ့ မျက်နှာသစ်ဆေးတွေကို မသုံးဘဲ ပျော့တဲ့ မျက်နှာသစ်ဆေးကိုပဲ အသုံးပြုပါတယ်။ (၂) နေရောင်ကိုကြောက်ကြတယ် မနက်မိုးလင်းတာနဲ့ နေရောင်ကာ ခရင်ကို လိမ်းလေ့ရှိကြပါတယ်။ […]
အကုန်အကျနည်းပြီး ကိုယ်တိုင်လုပ်နိုင်တဲ့ ဆန်နဲ့ မျက်နှာပေါင်းတင်နည်း (သို့) မျက်နှာလိမ်းတဲ့ CREAM လုပ်နည်း
သင်သိပါသလား? ဆန်ပြုတ်ဆိုတာ စားဖို့ပဲမဟုတ်ဘူး စကွင်းကဲလို့လည်း ရတယ်ဆိုတာ…ဒီတစ်ပါတ်ရဲ့ topic ကတော့ “ဆန်နဲ့ မျက်နှာပေါင်းတင်နည်း (သို့) မျက်နှာလိမ်းတဲ့ cream လုပ်နည်း”ပါရှင့်…စိတ်ဝင်စားစရာ အိမ်တွင်းနည်းလမ်းလေးမို့ Ireneကိုယ်တိုင်လည်း လုပ်ကြည့်ရင်း အဆင်ပြေတာကြောင့် အခုလို ပြန်လည် sharing လုပ်ပေးရခြင်းဖြစ်ပါတယ်ဆန်ကတော့ အားလုံးသိတဲ့အတိုင်း အသားအရေအတွက် အင်မတန်အာနိသင်ရှိတဲ့ သဘာဝထွက်ကုန်တစ်ခုပါပဲ… ! အဓိကအားဖြင့်…မျက်နှာတင်းရင်းစေခြင်း၊နုပျိုစေခြင်း၊အရေးအကြောင်းများ ပျောက်ကင်းစေခြင်း၊အသားအရေကို ပြန်လည်ကျန်းမာစေခြင်း၊အရေဓာတ်ဖြည့်ပေးခြင်း၊နေလောင်အကွက်များ၊ အမဲစက်များ ကို ပျောက်ကင်းစေနိုင်ခြင်း စသည့် ဂုဏ်သတ္တိများစွာ ပါဝင်ပါတယ် ပြုလုပ်ပုံလေးကို ကြည့်လိုက်ရအောင်နော်ဆန် လက်တစ်ဆုပ်စာကို ရေဖြင့် ၁ နာရီခန့်စိမ်ထားပါ (ဘက်တီးရီးယားနှင့် ဖုန်မှုန့်များ ထွက်သွားစေရန် ရည်ရွယ်ပါတယ်)ဆေးပြီးသောဆန်ကို ရေသန့်ဖြင့် ဆန်ပြုတ်အနေအထားဖြစ်သည်အထိ (ပျော့လာသည်အထိ) ပြုတ်ပါပျော့ပြဲလာသောဆန်ပြုတ်ကို ယူပြီး ဇကာထဲထည့်ကာ အပေါ်မှ ဇွန်းဖြင့် ဖိညှစ်ပေးပါ (အောက်က […]
အိပ်တဲ့အခါမှာ ဆံပင်စည်းပြီး မအိပ်သင့်တဲ့အကြောင်းအရင်းများ..
အိပ်တဲ့အခါမှာ ဆံပင်ချပြီးအိပ်ရင် ဆံပင်တွေရှုပ်တယ်ဆိုပြီး စည်းအိပ်ကြတာမျိုးရှိပါတယ်။ ဒီလိုဆံပင်စည်းအိပ်တာက တစ်ရက်ဆိုတစ်ရက် ဆံပင်ပျက်စီးတာ အရမ်းသိသာပါတယ်။ ဒါကြောင့် အိပ်တဲ့အခါမှာ ဆံပင်စည်းပြီးမအိပ်သင့်တဲ့ အကြောင်းအရင်တွေကို ပြောပြပေးလိုက်ပါတယ် ဆံပင်ကျွတ်စေတယ် ဆံပင်စည်းပြီးအိပ်ရင် ဆံပင်တွေကို အမြစ်ကကနေဆွဲထားသလိုဖြစ်တဲ့အတွက် ဆံပင်တွေကျွတ်လာစေပါတယ်။ ဆံပင်စည်းအိပ်ပြီး အိပ်ယာနိုးလို့ ခေါင်းဖြီးလိုက်ရင် ဆံပင်တွေအများကြီး ကျွတ်ပါလာတာကို တွေ့ရမှာပါ။ ဆံသားပျက်စီးစေတယ် ဆံပင်စည်းပြီးအိပ်ရင် ဆံပင်ကျွတ်တဲ့အတွက် ဆံသားတွေလည်း တဖြေးဖြေးနဲ့ပျက်စီးလာမယ်။ အဓိကကတော့ ဆံပင်အောက်ဖျားတွေဖွာပြီး၊ ကျိုးကြေသလိုတွေ ဖြစ်လာမယ်။ အောက်ဖျားတွေအရမ်းပျက်စီးလာမယ်။ ဆံသားခြောက်သွေ့လာပါမယ်။ ထိပ်ပြောင်စေတယ် ဆံပင်တွေကျွတ်လာတာများရင် ထိပ်တွေကွက်လာတာ၊ ကျွတ်တာများတဲ့နေရာက ကွက်ပြီးပြောင်လာတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် အိပ်တဲ့အချိန်မှာလည်း ဆံပင်စည်းပြီးမအိပ်သင့်သလို၊ ကျန်တဲ့အချိန်တွေမှာလည်း ဆံပင်ကို တင်းကျပ်နေအောင် ခဏခဏစည်းတာမျိုး မလုပ်သင့်ပါဘူး။ ခေါင်းကိုက်စေတယ် ဆံပင်ကိုတင်းကျပ်နေအောင်စည်းထားပြီး အိပ်မယ်ဆိုရင်တော့ ဆံသားတွေကို ဆောင့်ဆွဲထားသလိုဖြစ်စေတဲ့အတွက် ခေါင်းအုံတာ၊ […]
Hello…ဟိုရက်က သီရိသုံးနေတဲ့ အိမ်တွင်းသဘာဝ skincare နည်းလေး တင်ပေးမယ်ဆိုပြောထားတာလေး လာပါပီနော် ၀က်ခြံ တင်းတိတ် အမာရွတ်နဲ့ အဆီဖုတွေကြောင့် စိတ်ညစ်နေရရင် သဘာဝအိမ်တွင်း skincare နည်းလေးပြောပြပေးမယ် အိမ်တွင်းနည်းဆိုပေမယ့် ပိုလှချင်ရင်တော့ ပိုက်ဆံတော့ အကုန်အကျခံပေါ့ ဒါကတော့ တစ်မျိုးပဲလိုတယ် အာလူးသီး အာလူးကို ရေစင်အောင်ဆေး အခွံနွှာ တစ်ဝက်ပဲနွှာ အကုန်နွှာလိုက်ရင် သွေးတဲ့အခါ ချောချောကြီး ဖြစ်ပြီး သွေးမကောင်းတော့ဘူးရယ်☺️ သနပ်ခါးကျောက်ပျဉ်ကို သန့်နေအောင်ဆေးပါ မျက်နှာလိမ်းမှာမို့ သန့်နိုင်သမျှသန့်နေအောင် စင်နေအောင်ဆေး အာလူးသီးလိမ်းဖို့သပ်သပ် ကျောက်ပျဉ်အသေးလေးဝယ်ထားတာ ပိုကောင်းတယ် မျက်နှာကို facial foam နဲ့ စင်အောင်သစ်ပေးပါ အခွံနွှာထားတဲ့ အာလူးကို ရေနည်းနည်းနဲ့ ကျောက်ပျဉ်ပေါ်သွေးရမ် သွေးလို့ရလာတဲ့အရည်လေးတွေကိုမျက်နှာအနှံ့လိမ်းပေးပါ လိမ်းပြီးပြီဆိုရင် မျက်နှာကလုံးဝခြောက်ပြီး တင်းလာတဲ့အထိ ထားပြီးရင်တော့ ရေနွေးနွေးလေးနဲ့မျက်နှာသစ်ချလိုက်ရုံပဲ မျက်နှာသစ်ဆေးတွေ […]









